ကားမောင်းနေရင်း ကလပ်ညှော်နံ့တွေရတယ်ဆိုရင်

ကားမောင်းနေရင်း တာယာကို မီးရှို့တဲ့အနံ့လို ညှော်နံ့တွေရတာမျိုးကို ကားမောင်းတဲ့ သူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ အဲ့အနံ့ဘယ်ကလာသလဲ ၊ ဘာအနံ့လဲ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ကျနော်ရှင်းပြချင်ပါတယ်။ ကားမောင်းနေရင်းဖြစ်ဖြစ် ၊ ကားစီးနေရင်းဖြစ်ဖြစ် လမ်းပေါ်မှာ တာယာမီးရှို့ထားတဲ့ အနံ့လို စူးစူးဝါးဝါးအနံ့တွေ နံ့တဲ့အခါမျိုးမှာ ဝါရင့်ကားမောင်းသူတွေကတော့ ၊ ကလပ်ပလိတ်ညှော်တာလို့ပြောလေ့ရှိပါတယ် ။ ကြားဖူးနားဝရှိတဲ့သူတွေသိမှာဖြစ်ပေမယ့် တချို့လည်း ကလပ်ဘရိတ်လား ၊ ကလပ်ပလိတ်လား ဆိုပြီး မသဲကွဲတတ်ကြပါဘူး။ တကယ်အမှန်က ကလပ်ပလိတ် (Clutch Plate) ကနေ ညှော်နံ့ထွက်တာပါ ။ ကျနော်တို့ကသာ လူအများနားလည်အောင် ခေါ်နေကြ ကလပ်ပလိတ်လို့ ခေါ်လိုက်တာပါ ၊ တကယ့်သူ့နာမည်အရင်းက Clutch Disc လို့ခေါ်ပါတယ် ။ မြန်မာလိုဆိုရင်တော့ ကလပ်ပြားပေါ့ ။ ဒီဆောင်းပါးမှာတော့ အများခေါ်ဝေါ်နေကြ ရင်းနီးပြီးသားဖြစ်နေကြနာမည်ဖြစ်တဲ့ ကလပ်ပလိတ်လို့ပဲ ခေါ်ဝေါ်သုံးစွဲပါမယ်။ ကလပ်ပလိတ် (Clutch Plate or Clutch Disc) ဆိုတာဘာလဲ ? ကလပ်ပလိတ်ဆိုတာ တကယ်တော့ Manual Gear ကားတွေမှာ အဓိကသုံးတဲ့ ပစ္စည်းတခုဖြစ်ပြီး ကျနော်တို့ကားတွေရွေ့လျားသွားလာနိုင်ဖို့ အဓိကလိုအပ်တဲ့ အင်ဂျင်နဲ့ဂီယာဘောက်ကို ဆက်သွယ် ချိတ်ဆက်ပေးတဲ့ ကြားခံပစ္စည်းတခုပါ။ ဘာကြောင့်ဒီလိုချိတ်ဆက်ပေးရတာလဲဆိုရင်တော့ ကျနော်တို့ ကားတွေမှာ အသုံးပြုနေတဲ့ အင်ဂျင်တွေကနေ ထုတ်လုပ်လိုက်တဲ့ လည် ပတ်နိုင်တဲ့ စွမ်းအား ( Torque ) က ကန့်သတ်ချက်တွေရှိနေပြီး ကားဘီးတွေကို တိုက်ရိုက်ချိတ်ဆက် မမောင်းနှင်နိုင်ပါဘူး။ ဒီလိုနဲ့ ကားမှာပါတဲ့ အင်ဂျင်ကနေ ထုတ်လုပ်ပေးတဲ့ လည်ပတ်တဲ့ စွမ်းအားကို ဂီယာဘောက်တွေဆီကိုပို့ ၊ ဂီယာဘောက်တွေက ကနေတဆင့် ကားဘီးတွေကို အနှေးအမြန်လိုအပ်သလို လည်ပတ်စေတာပါ။ ဒီလိုအင်ဂျင်နဲ့ ဂီယာဘောက် နှစ်ခုပေါင်းမှ ကားက ရှေ့ဒါမှမဟုတ် နောက်ကို သွားမှာဖြစ်တဲ့အတွက် ၊ အင်ဂျင်နဲ့ ဂီယာဘောက်နှစ်ခုက အဆက် အသွယ်အချိတ် အဆက်လုပ်ပေးမယ့် အရာ၀တ္တုလိုအပ်ပါတယ် ။ အဲ့ဒီအရာ ဝတ္တုကတော့ ကျနော်အခုပြောမယ့် ကလပ်ပလိတ် ဆိုတဲ့အရာပဲဖြစ်ပါတယ် ။ ကလပ်ပလိတ်တွေကို များသောအားဖြင့် Heavy Duty Organic, Ceramic, Kevlar, Feramic အစရှိတဲ့ ပွတ်တိုက်ပွန်းစားမှု ခံနိုင်ရည်မြင့်တဲ့ ဓာတ်ပေါင်းမျိုးစုံဖြင့်ပြုလုပ်ထားပါတယ် ။ ကားမောင်းတဲ့သူက Clutch Pedal ကိုနင်းလိုက်တာနဲ့ ကလပ်အပေါ်ဆုံမှာရှိတဲ့ Hydraulic Oil တွေက အပေါ်ဆုံကနေတဆင့် ကလပ်အောက်ဆုံမှာရှိတဲ့ Piston ကိုရောက်ရှိပြီး ကလပ်ပြားနဲ့ ဆက်စပ်တွဲဖက်လုပ် ဆောင်နေတဲ့ ကလပ်ဖောက်တွေ ၊ ကလပ်ဘောတွေကို တွန်းကန်ခြင်းအားဖြင့် ကလပ်ပြားနဲ့ အင်ဂျင်မှာတပ်ဆင်ထားတဲ့ Fly Wheel ကို အဆက်အသွယ်ဖြတ်တောက်ပေးပါတယ် ။ ကလပ်နဲ့ အင်ဂျင်အဆက်အသွယ် ပြတ်တောက်နေတဲ့အချိန်မှာ ကားမောင်းသူက လိုအပ်တဲ့ ဂီယာအမျိုးအစားကို ထိုးပြီး Clutch Pedal ကို ပြန်လည်လွှတ်ခြင်းအားဖြင့် ကလပ်ပလိတ်နဲ့ Fly wheel ကိုပြန်လည်ချိတ်ဆက်မိစေပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို ချိတ်ဆက်မိစေကာ ကားကိုရှေ့သို့ ၊ နောက်သို့ အနှေး အမြန်လိုအပ်သလို ရွေ့လျားသွားစေပါတယ် ။ ဒါကတော့ အင်ဂျင်နဲ့ ဂီယာဘောက်ကြားထဲမှာ ကြားခံအချိတ်အဆက်ဖြစ်တဲ့ ကလပ်ပလိတ် အလုပ်လုပ်ပုံလေးကို အကျဉ်းချုံ့ရှင်းပြထားတာပါ ။ ဒါဆိုဘာလို့ ကလပ်ပလိတ်တွေက ညှော်နံ့တွေ ထွက်ရတာလဲဆိုရင်တော့ အဖြစ်များဆုံး ကလပ်ညှော်နံ့ထွက်ရတဲ့ အကြောင်းက ကားမောင်းတဲ့သူတွေက Clutch Pedal ဆိုတဲ့ ကလပ်ခြေနင်းပြားပေါ်မှာ မလိုအပ်ဘဲ ခြေထောက်တင်တဲ့အလေအထကြောင့်ပါ ။ ဒါကြောင့်အများဆုံး ကလပ်ညှော်နံ့ထွက်ရတာပါ ။ အပေါ်မှာရှင်းပြခဲ့သလိုပဲ ၊ ကလပ်ခြေနင်းပြားဆိုတာ ကားမောင်းတဲ့သူက ဂီယာတခုကနေ တခုအရွေ့အပြောင်းမှာ အင်ဂျင်နဲ့ ဂီယာဘောက်ကို အချိတ်အဆက် ခေတ္တခဏဖြတ်တောက်ပေးဖို့ အတွက်ပဲနင်းရတာပါ ။ ကားမောင်းသူက လိုအပ်တဲ့ ဂီယာထိုးပြီးလို့ ကလပ်ခြေနင်းကို လွှတ်လိုက်တဲ့အခါ ကလပ်ပလိတ်နဲ့ Fly Wheel တို့ချိတ်ဆက်မိသွားပြီးရင် ကလပ်ခြေနင်းကို နောက်ထပ်ဂီယာမပြောင်းမချင်းလွှတ်ထားရမှာပါ ။ ဂီယာအရွှေ့အပြောင်းလုပ်စရာမလိုဘဲ ကလပ်ခြေနင်းကို ခဏခဏနင်းနေဖို့မလိုပါဘူး။ တချို့ကားမောင်းသူတွေက ဒါကို သတိမမူဘဲ ကလပ်ခြေနင်းပေါ်ကို ခြေထောက်မှေးတင်ထားတတ်ပါတယ် ။ ဒီလိုမှေးတင်ထားတဲ့အတွက် ကားမောင်းနှင်နေတဲ့အချိန် ကလပ်ပြားဟာ Fly Wheel နဲ့ ကပ်လိုက် ကွာလိုက် မထိတထိ ခဏခဏ ဖြစ်ပြီး ကလပ်ပလိတ်ပြားမှာရှိတဲ့ နံရံတွေပွန်းစားကုန်တာပါပဲ။ လမ်းပေါ်မှာ ကားမောင်းနေရင်း ၊ ကားစီးနေရင်း မကြာမကြာရတဲ့ တာယာမီးရှို့တဲ့ အနံ့လို ညှော်နံ့ဟာ ဒီလိုကလပ်ပလိတ် ထိလိုက်လွတ်လိုက်ဖြစ်တဲ့နေရာကနေ ကလပ်ပလိတ်ပြားနဲ့ Fly Wheel ပွတ်တိုက် ပွန်းစားမှုကနေ ထွက်ပေါ်ပါတယ်။ ဒါကအဖြစ်များဆုံး ကလပ်ပလိတ်ပြားညှော်နံ့ထွက်စေတဲ့ အချက်ပါ ။ နောက်တချက်က ကားနဲ့၀န်ရုန်းအား မမျှရင်လည်း ဒီလို ကလပ်ပလိတ်ပြား ညှော်နံ့တွေထွက်စေပါတယ် ။ ကားရဲ့အင်ဂျင်နဲ့ ဂီယာဘောက်ရဲ့ ရုန်းနိုင်တဲ့ ၀န်တွေထက်ပိုများရင် ၊ ကားအင်ဂျင်ရဲ့ လည်ပတ်မှုစွမ်းအားတွေကို ဂီယာဘောက်ဆီကို ပို့ဆောင်ပေးတဲ့ အခရာဖြစ်တဲ့ ကလပ်ပလိတ်ပြားဟာ လိုအပ်တာထက် ၀န်တွေကို ညစ်ရုန်းရတဲ့အတွက် ကလပ်ပလိတ်ပြားလောင်ပြီး ညှော်နံ့ထွက်စေပါတယ် ။ ဒီအချက်တွေက ကလပ်ပလိတ်ပြား ညှော်နံ့ထွက်စေတဲ့ အဓိကအချက်လေးတွေပါ ။ နောက်ဖော်ပြချင်တဲ့ အကြောင်းအရာလေးတွေကတော့ ကလပ်ပလိတ်ပြား သက်တမ်းကုန်လို့ဖြစ်စေ ၊ အကြောင်း ကြောင်းကြောင့် ကလပ်ပလိတ်ပြား ချို့ယွင်းလို့ဖြစ်စေ ကားမှာဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလ က္ခဏာလေးတွေပါပဲ ။ ဒါလေးတွေကို သိထားမယ်ဆိုရင် ကားကလပ်ပလိတ်ပြား လုံး၀မကုန်ခင် နီးစပ်ရာ၀ပ်ရှော့မှာ အမြန်ဆုံးပြုပြင်နိုင်မှာဖြစ်ပါတယ်။

(၁) ကလပ်အရမ်းပျော့သွားတာ – ကားမောင်းတဲ့သူက ဂီယာထိုးလိုက်လို့ ကလပ်ခြေနင်းကို နင်းလိုက်တဲ့အချိန် ကလပ်က လိုအပ်သလောက် မာမနေတော့ဘဲ ကလပ်အရမ်းပျော့သွားတာ ၊ ကလပ်ပျော့ဆင်းသွားတာ တွေကလည်း ကလပ်ပလိတ်ပြားတွေ ကုန်နေပြီဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာတခုပါ ။ ဒီရောဂါလက္ခဏာမျိုးက ကလပ်ဆုံဝါရှာတွေ ယိုစိမ့်တာ ပေါက်တာတွေ ဖြစ်လာတဲ့အခါမျိုးမှာလည်း ဖြစ်တတ်တာမို့ ၊ ဒီလိုကလပ်ပျော့သွားတာမျိုးကြုံလာ ရတယ်ဆိုရင် နီးစပ်ရာကျွမ်းကျင်ဝပ်ရှော့တွေမှာ သွားရောက်စစ်ဆေးရမှာပါ။ (၂) ကလပ်ချော်တာ – ကလပ်ချော်တယ်ဆိုတာကတော့ ကလပ်ခြေနင်းကို နင်းလိုက်တယ်အချိန်မှာ ကလပ်ပလိတ် ပြားဟာ Fly Wheel နဲ့လုံးဝလွတ်နေရမှာဖြစ်ပြီး ၊ ကလပ်ခြေနင်းကို လွှတ်လိုက်တယ်ဆိုတာနဲ့ ကလပ်ပလိတ်ပြားနဲ့ Fly Wheel တို့က သေချာချိတ်ဆက်နေရမှာပါ ။ အဲ့လိုမဖြစ်ဘဲ ကလပ်ခြေနင်းကို လွှတ်လိုက်ပြီးသည်တိုင် ကလပ်ပလိတ်ပြားနဲ့ Fly Wheel တို့ သေချာမထိကပ်ဘဲ လွတ်လိုက်ကပ်လိုက်ဖြစ်နေမယ်ဆိုရင် ကလပ်ချော်တာမျိုးဖြစ်နေပါပြီး ။ ဒါမျိုးကို ဘယ်လိုအချိန်တွေမှာ သေချာမြင်ရသလဲဆိုရင်တော့ ကားရဲ့အင်ဂျင်က RPM တော်တော်လေးကိုတက်နေတဲ့အချိန် ကားကလည်း လိုအပ်တဲ့ ဂီယာထိုးထားရဲ့သားနဲ့ ကားရဲ့အရှိန်က မဆွဲဘူးဆိုတာမျိုးဟာ ကလပ်ပြားတွေချော်နေရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတမျိုးပါ ။ နောက်တချက် ကားက ၀န်နဲ့ရုန်းရတဲ့အချိန် ၊ ကုန်းတက်တွေ တက်ရတဲ့အချိန်မျိုးတွေမှာ ကားအင်ဂျင်အရှိန်ကိုမလိုက်နိုင်ဘဲ အဆွဲအရုန်းကျသွားတယ်ဆိုတာမျိုးကလည်း ကလပ်ပြားတွေ စလစ်ဖြစ်နေတဲ့ လက္ခဏာတရပ်ပါ။ (၃) ဂီယာအရွှေ့အပြောင်း ၊ အကူးအပြောင်းခက်ခဲတာ – နောက်ကလပ်ပြားတွေ ပျက်စီးရင် ဖြစ်တတ်တဲ့ရောဂါတခုက ဂီယာအရွှေ့အပြောင်းတွေ အကူးအပြောင်းတွေမှာ ရုတ်တရက် လိုက်လံမပြောင်းလဲတတ်တာမျိုးဟာလည်း ကလပ်ပလိတ်ပြားတွေ ပျက်စီးရင် ဖြစ်တတ်တဲ့ရောဂါတမျိုးပါ။ (၄) ကလပ်အုံထဲက အသံထွက်တာ – ကလပ်ပြားတွေ ပွန်းစားနေရင် ပျက်စီးနေရင် အဖြစ်များဆုံး အချက်တခုက ဂီယာတခုနဲ့ တခုအရွေ့အပြောင်းတွေမှာ ဆူညံသံထွက်တာ ၊ ပွတ်တိုက်တဲ့အသံတွေ ထွက်လာတာမျိုးကလည်း ကလပ်ပြားတွေ ကုန်သွားရင် ၊ ပွန်းစားသွားရင် ဖြစ်တတ်တဲ့ ရောဂါတမျိုးပါ ။ ဒီအချက်တွေက ကလပ်ပလိတ်ပြားတွေ မကောင်းတော့တာ ၊ ဒါမှမဟုတ် ကလပ်ပြားနဲ့ပတ်သတ်ဆက်စပ်တဲ့ အခြားပစ္စည်းတွေ ချို့ယွင်းသွားရင် ဖြစ်တတ်တဲ့ အဖြစ်များဆုံး ရောဂါအခြေနေတွေပါ။ ကလပ်ပလိတ်ပြားတွေ ပွန်းစားမှုသက်သာအောင် ဘယ်လိုမောင်းနှင်ထိန်းသိမ်းနိုင်မလဲ? (၁) ကလပ်ခြေနင်းပေါ် ခြေမှေးတင်တာ ရှောင်ကျဉ်ပါ-ကလပ်တွေကို သက်တမ်းကြာရှည်အောင် အသုံးပြုဖို့အတွက် အရေးကြီးဆုံး အ ခြေခံအချက်က ကလပ်ခြေနင်းပေါ် ခြေထောက်မှေးတင်တဲ့ အကျင့်တွေရှိရင် လုံးဝဖျောက်ဖို့လိုအပ်တာပါ။ ကလပ်ခြေနင်းဆိုတာ ဂီယာတခုနဲ့ တခုပြောင်းဖို့လိုအပ်တဲ့ အချိန်မျိုးမှသာ နင်းရမှာဖြစ်ပြီး ဂီယာထိုးပြီးတဲ့အချိန် ကလပ်ခြေနင်းပေါ်ခြေထောက်မှေးတင်ထားတာမျိုး လုံးဝရှောင် ကျဉ်ရမှာပါ ။ အဲ့လိုမဟုတ်ဘဲ ကလပ်ခြေနင်းအပေါ် ခြေထောက်မှေးတင်ထားပါက အ ပေါ်မှာရှင်းပြခဲ့သလို ကလပ်ပလိပ်ပြားတွေ ပွန်းစားပြီး ကလပ်ပလိပ် လောင်တာတွေ ဖြစ်လာမှာပါ။ (၂) ဂီယာအရွှေ့အပြောင်း သတိပြုပါ -ကလပ်ပလိတ်ပြားတွေရဲ့သက်တမ်းက ဂီယာအရွှေ့အပြောင်း ဘယ်လောက်များများပြုလုပ်သလဲ ၊ ဘယ်လိုပြုလုပ်သလဲ ဆိုတာအပေါ်မှီခိုနေတာပါ ။ ဂီယာတခုနဲ့ တခုအရွှေ့အပြောင်းကို မလိုအပ်ဘဲ ကစားတာ ၊ နောက် ဂီယာတခုနဲ့ တခုအရွေ့အပြောင်းမှာ ညင်ညင်သာသာ မပြုလုပ်တာ တွေကြောင့် ကလပ်ပလိပ်ပြားတွေရဲ့ သက်တမ်းကို တိုစေပါတယ် ။ ဒါကြောင့် ဂီယာအရွေ့အပြောင်းကို သေချာဆုံးဖြတ်ပြီးမှ မြန်မြန်ဆန်ဆန်နဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ ပြောင်းလဲရမှာဖြစ်ပါတယ်။ (၃) ကားရပ်တဲ့အခါ Parking Brake သုံးရပ်ပါ – ကားရပ်တဲ့ အခါမျိုးတွေမှာ Parking Brake (ဟန်းဘရိတ်) ကိုဆွဲပြီးရပ်တာ ၊ လိုအပ်ပါက ဂျမ်းတုံးခုတာမျိုးတွေကလည်း ကလပ်ပလိတ်တွေရဲ့သက်တမ်းကို ကြာရှည်စေပါတယ် ။ အထူးသဖြင့် ယာဉ်နဲ့ ကုန်တန်ချိန်မြင့်တဲ့ ကားတွေမှာ ကားရပ်တဲ့အခါ Parking Brake မသုံးဘဲ ရပ်တန့်ထားပါက လမ်း အတိမ်းအစောင်း အခြေအနေတွေကြောင့် ယာဉ်နဲ့ကုန် ဝိတ်တွေဟာ ကားရဲ့ ကလပ်ပလိတ်ပြားပေါ်ကို သွားသက်ရောက်စေပါတယ်။ ဒါကြောင့် ကလပ်ပလိတ် သက်တမ်းကို ကြာရှည်စေချင်တယ်ဆိုရင် ကားရပ်တဲ့ အခါ Parking Brake သုံးပါ ၊ လိုအပ်ပါက ဂျမ်းတုံးခုပေးပါ။ ဒီအချက်တွေက ကလပ်ပလိတ်ညှော်နံ့ထွက်တာက စလို့ ၊ Manual ကားမောင်းသူတွေ သိထားသင့်တဲ့ အခြေခံကျတဲ့ ကလပ်ပလိတ်နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေပါ။ အခုမြန်မာနိုင်ငံမှာလည်း ကုန်တင်ယာဉ်ကားကြီးတိုင်းလိုလို Manual Gear အမျိုးအစားကားတွေဖြစ်တာမို့ ကလပ်ပလိတ်နဲ့ ပတ်သတ်တဲ့ အခြေခံလေးတွေကိုသိထားခြင်းအားဖြင့် ကလပ်ပလိတ်မတော်တဆ ပျက်စီးမှုကြောင့် လမ်းခရီးအနှောက်အယှက်ဖြစ်ခြင်းမှ ကာကွယ်ထိန်းသိမ်းနိုင်မယ်လို့ ယူဆမိပါတယ်။ စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမများ အားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေ။

Crd to original

[zawgyi]

ကားေမာင္းေနရင္း တာယာကို မီးရႈိ႕တဲ့အနံ႔လို ေညႇာ္နံ႔ေတြရတာမ်ိဳးကို ကားေမာင္းတဲ့ သူေတာ္ေတာ္မ်ားမ်ား ႀကဳံဖူးၾကပါလိမ့္မယ္။ အဲ့အနံ႔ဘယ္ကလာသလဲ ၊ ဘာအနံ႔လဲ ဘာေၾကာင့္ျဖစ္တာလဲဆိုတာကို က်ေနာ္ရွင္းျပခ်င္ပါတယ္။ ကားေမာင္းေနရင္းျဖစ္ျဖစ္ ၊ ကားစီးေနရင္းျဖစ္ျဖစ္ လမ္းေပၚမွာ တာယာမီးရႈိ႕ထားတဲ့ အနံ႔လို စူးစူးဝါးဝါးအနံ႔ေတြ နံ႔တဲ့အခါမ်ိဳးမွာ ဝါရင့္ကားေမာင္းသူေတြကေတာ့ ၊ ကလပ္ပလိတ္ေညႇာ္တာလို႔ေျပာေလ့ရွိပါတယ္ ။ ၾကားဖူးနားဝရွိတဲ့သူေတြသိမွာျဖစ္ေပမယ့္ တခ်ိဳ႕လည္း ကလပ္ဘရိတ္လား ၊ ကလပ္ပလိတ္လား ဆိုၿပီး မသဲကြဲတတ္ၾကပါဘူး။ တကယ္အမွန္က ကလပ္ပလိတ္ (Clutch Plate) ကေန ေညႇာ္နံ႔ထြက္တာပါ ။ က်ေနာ္တို႔ကသာ လူအမ်ားနားလည္ေအာင္ ေခၚေနၾက ကလပ္ပလိတ္လို႔ ေခၚလိုက္တာပါ ၊ တကယ့္သူ႔နာမည္အရင္းက Clutch Disc လို႔ေခၚပါတယ္ ။ ျမန္မာလိုဆိုရင္ေတာ့ ကလပ္ျပားေပါ့ ။ ဒီေဆာင္းပါးမွာေတာ့ အမ်ားေခၚေဝၚေနၾက ရင္းနီးၿပီးသားျဖစ္ေနၾကနာမည္ျဖစ္တဲ့ ကလပ္ပလိတ္လို႔ပဲ ေခၚေဝၚသုံးစြဲပါမယ္။ ကလပ္ပလိတ္ (Clutch Plate or Clutch Disc) ဆိုတာဘာလဲ ? ကလပ္ပလိတ္ဆိုတာ တကယ္ေတာ့ Manual Gear ကားေတြမွာ အဓိကသုံးတဲ့ ပစၥည္းတခုျဖစ္ၿပီး က်ေနာ္တို႔ကားေတြေ႐ြ႕လ်ားသြားလာႏိုင္ဖို႔ အဓိကလိုအပ္တဲ့ အင္ဂ်င္နဲ႔ဂီယာေဘာက္ကို ဆက္သြယ္ ခ်ိတ္ဆက္ေပးတဲ့ ၾကားခံပစၥည္းတခုပါ။ ဘာေၾကာင့္ဒီလိုခ်ိတ္ဆက္ေပးရတာလဲဆိုရင္ေတာ့ က်ေနာ္တို႔ ကားေတြမွာ အသုံးျပဳေနတဲ့ အင္ဂ်င္ေတြကေန ထုတ္လုပ္လိုက္တဲ့ လည္ပတ္ႏိုင္တဲ့ စြမ္းအား ( Torque ) က ကန္႔သတ္ခ်က္ေတြရွိေနၿပီး ကားဘီးေတြကို တိုက္႐ိုက္ခ်ိတ္ဆက္ မေမာင္းႏွင္ႏိုင္ပါဘူး။ ဒီလိုနဲ႔ ကားမွာပါတဲ့ အင္ဂ်င္ကေန ထုတ္လုပ္ေပးတဲ့ လည္ပတ္တဲ့ စြမ္းအားကို ဂီယာေဘာက္ေတြဆီကိုပို႔ ၊ ဂီယာေဘာက္ေတြက ကေနတဆင့္ ကားဘီးေတြကို အေႏွးအျမန္လိုအပ္သလို လည္ပတ္ေစတာပါ။ ဒီလိုအင္ဂ်င္နဲ႔ ဂီယာေဘာက္ ႏွစ္ခုေပါင္းမွ ကားက ေရွ႕ဒါမွမဟုတ္ ေနာက္ကို သြားမွာျဖစ္တဲ့အတြက္ ၊ အင္ဂ်င္နဲ႔ ဂီယာေဘာက္ႏွစ္ခုက အဆက္အသြယ္အခ်ိတ္ အဆက္လုပ္ေပးမယ့္ အရာ၀တၱဳလိုအပ္ပါတယ္ ။ အဲ့ဒီအရာ ဝတၱဳကေတာ့ က်ေနာ္အခုေျပာမယ့္ ကလပ္ပလိတ္ ဆိုတဲ့အရာပဲျဖစ္ပါတယ္ ။ ကလပ္ပလိတ္ေတြကို မ်ားေသာအားျဖင့္ Heavy Duty Organic, Ceramic, Kevlar, Feramic အစရွိတဲ့ ပြတ္တိုက္ပြန္းစားမႈ ခံႏိုင္ရည္ျမင့္တဲ့ ဓာတ္ေပါင္းမ်ိဳးစုံျဖင့္ျပဳလုပ္ထားပါတယ္ ။ ကားေမာင္းတဲ့သူက Clutch Pedal ကိုနင္းလိုက္တာနဲ႔ ကလပ္အေပၚဆုံမွာရွိတဲ့ Hydraulic Oil ေတြက အေပၚဆုံကေနတဆင့္ ကလပ္ေအာက္ဆုံမွာရွိတဲ့ Piston ကိုေရာက္ရွိၿပီး ကလပ္ျပားနဲ႔ ဆက္စပ္တြဲဖက္လုပ္ေဆာင္ေနတဲ့ ကလပ္ေဖာက္ေတြ ၊ ကလပ္ေဘာေတြကို တြန္းကန္ျခင္းအားျဖင့္ ကလပ္ျပားနဲ႔ အင္ဂ်င္မွာတပ္ဆင္ထားတဲ့ Fly Wheel ကို အဆက္အသြယ္ျဖတ္ေတာက္ေပးပါတယ္ ။ ကလပ္နဲ႔ အင္ဂ်င္အဆက္အသြယ္ ျပတ္ေတာက္ေနတဲ့အခ်ိန္မွာ ကားေမာင္းသူက လိုအပ္တဲ့ ဂီယာအမ်ိဳးအစားကို ထိုးၿပီး Clutch Pedal ကို ျပန္လည္လႊတ္ျခင္းအားျဖင့္ ကလပ္ပလိတ္နဲ႔ Fly wheel ကိုျပန္လည္ခ်ိတ္ဆက္မိေစၿပီး အင္ဂ်င္နဲ႔ ဂီယာေဘာက္ကို ခ်ိတ္ဆက္မိေစကာ ကားကိုေရွ႕သို႔ ၊ ေနာက္သို႔ အေႏွး အျမန္လိုအပ္သလို ေ႐ြ႕လ်ားသြားေစပါတယ္ ။ ဒါကေတာ့ အင္ဂ်င္နဲ႔ ဂီယာေဘာက္ၾကားထဲမွာ ၾကားခံအခ်ိတ္အဆက္ျဖစ္တဲ့ ကလပ္ပလိတ္ အလုပ္လုပ္ပုံေလးကို အက်ဥ္းခ်ဳံ႕ရွင္းျပထားတာပါ ။ ဒါဆိုဘာလို႔ ကလပ္ပလိတ္ေတြက ေညႇာ္နံ႔ေတြ ထြက္ရတာလဲဆိုရင္ေတာ့ အျဖစ္မ်ားဆုံး ကလပ္ေညႇာ္နံ႔ထြက္ရတဲ့ အေၾကာင္းက ကားေမာင္းတဲ့သူေတြက Clutch Pedal ဆိုတဲ့ ကလပ္ေျခနင္းျပားေပၚမွာ မလိုအပ္ဘဲ ေျခေထာက္တင္တဲ့အေလအထေၾကာင့္ပါ ။ ဒါေၾကာင့္အမ်ားဆုံး ကလပ္ေညႇာ္နံ႔ထြက္ရတာပါ ။ အေပၚမွာရွင္းျပခဲ့သလိုပဲ ၊ ကလပ္ေျခနင္းျပားဆိုတာ ကားေမာင္းတဲ့သူက ဂီယာတခုကေန တခုအေ႐ြ႕အေျပာင္းမွာ အင္ဂ်င္နဲ႔ ဂီယာေဘာက္ကို အခ်ိတ္အဆက္ ေခတၱခဏျဖတ္ေတာက္ေပးဖို႔ အတြက္ပဲနင္းရတာပါ ။ ကားေမာင္းသူက လိုအပ္တဲ့ ဂီယာထိုးၿပီးလို႔ ကလပ္ေျခနင္းကို လႊတ္လိုက္တဲ့အခါ ကလပ္ပလိတ္နဲ႔ Fly Wheel တို႔ခ်ိတ္ဆက္မိသြားၿပီးရင္ ကလပ္ေျခနင္းကို ေနာက္ထပ္ဂီယာမေျပာင္းမခ်င္းလႊတ္ထားရမွာပါ ။ ဂီယာအေ႐ႊ႕အေျပာင္းလုပ္စရာမလိုဘဲ ကလပ္ေျခနင္းကို ခဏခဏနင္းေနဖို႔မလိုပါဘူး။ တခ်ိဳ႕ကားေမာင္းသူေတြက ဒါကို သတိမမူဘဲ ကလပ္ေျခနင္းေပၚကို ေျခေထာက္ေမွးတင္ထားတတ္ပါတယ္ ။ ဒီလိုေမွးတင္ထားတဲ့အတြက္ ကားေမာင္းႏွင္ေနတဲ့အခ်ိန္ ကလပ္ျပားဟာ Fly Wheel နဲ႔ ကပ္လိုက္ ကြာလိုက္ မထိတထိ ခဏခဏ ျဖစ္ၿပီး ကလပ္ပလိတ္ျပားမွာရွိတဲ့ နံရံေတြပြန္းစားကုန္တာပါပဲ။ လမ္းေပၚမွာ ကားေမာင္းေနရင္း ၊ ကားစီးေနရင္း မၾကာမၾကာရတဲ့ တာယာမီးရႈိ႕တဲ့ အနံ႔လို ေညႇာ္နံ႔ဟာ ဒီလိုကလပ္ပလိတ္ ထိလိုက္လြတ္လိုက္ျဖစ္တဲ့ေနရာကေန ကလပ္ပလိတ္ျပားနဲ႔ Fly Wheel ပြတ္တိုက္ ပြန္းစားမႈကေန ထြက္ေပၚပါတယ္။ ဒါကအျဖစ္မ်ားဆုံး ကလပ္ပလိတ္ျပားေညႇာ္နံ႔ထြက္ေစတဲ့ အခ်က္ပါ ။ ေနာက္တခ်က္က ကားနဲ႔၀န္႐ုန္းအား မမွ်ရင္လည္း ဒီလို ကလပ္ပလိတ္ျပား ေညႇာ္နံ႔ေတြထြက္ေစပါတယ္ ။ ကားရဲ႕အင္ဂ်င္နဲ႔ ဂီယာေဘာက္ရဲ႕ ႐ုန္းႏိုင္တဲ့ ၀န္ေတြထက္ပိုမ်ားရင္ ၊ ကားအင္ဂ်င္ရဲ႕ လည္ပတ္မႈစြမ္းအားေတြကို ဂီယာေဘာက္ဆီကို ပို႔ေဆာင္ေပးတဲ့ အခရာျဖစ္တဲ့ ကလပ္ပလိတ္ျပားဟာ လိုအပ္တာထက္ ၀န္ေတြကို ညစ္႐ုန္းရတဲ့အတြက္ ကလပ္ပလိတ္ျပားေလာင္ၿပီး ေညႇာ္နံ႔ထြက္ေစပါတယ္ ။ ဒီအခ်က္ေတြက ကလပ္ပလိတ္ျပား ေညႇာ္နံ႔ထြက္ေစတဲ့ အဓိကအခ်က္ေလးေတြပါ ။ ေနာက္ေဖာ္ျပခ်င္တဲ့ အေၾကာင္းအရာေလးေတြကေတာ့ ကလပ္ပလိတ္ျပား သက္တမ္းကုန္လို႔ျဖစ္ေစ ၊ အေၾကာင္းေၾကာင္းေၾကာင့္ ကလပ္ပလိတ္ျပား ခ်ိဳ႕ယြင္းလို႔ျဖစ္ေစ ကားမွာျဖစ္ေပၚလာႏိုင္တဲ့ ေရာဂါလကၡဏာေလးေတြပါပဲ ။ ဒါေလးေတြကို သိထားမယ္ဆိုရင္ ကားကလပ္ပလိတ္ျပား လုံး၀မကုန္ခင္ နီးစပ္ရာ၀ပ္ေရွာ့မွာ အျမန္ဆုံးျပဳျပင္ႏိုင္မွာျဖစ္ပါတယ္။(၁) ကလပ္အရမ္းေပ်ာ့သြားတာ – ကားေမာင္းတဲ့သူက ဂီယာထိုးလိုက္လို႔ ကလပ္ေျခနင္းကို နင္းလိုက္တဲ့အခ်ိန္ ကလပ္က လိုအပ္သေလာက္ မာမေနေတာ့ဘဲ ကလပ္အရမ္းေပ်ာ့သြားတာ ၊ ကလပ္ေပ်ာ့ဆင္းသြားတာ ေတြကလည္း ကလပ္ပလိတ္ျပားေတြ ကုန္ေနၿပီဆိုရင္ ျဖစ္လာတတ္တဲ့ ေရာဂါလကၡဏာတခုပါ ။ ဒီေရာဂါလကၡဏာမ်ိဳးက ကလပ္ဆုံဝါရွာေတြ ယိုစိမ့္တာ ေပါက္တာေတြ ျဖစ္လာတဲ့အခါမ်ိဳးမွာလည္း ျဖစ္တတ္တာမို႔ ၊ ဒီလိုကလပ္ေပ်ာ့သြားတာမ်ိဳးႀကဳံလာ ရတယ္ဆိုရင္ နီးစပ္ရာကြၽမ္းက်င္ဝပ္ေရွာ့ေတြမွာ သြားေရာက္စစ္ေဆးရမွာပါ။ (၂) ကလပ္ေခ်ာ္တာ – ကလပ္ေခ်ာ္တယ္ဆိုတာကေတာ့ ကလပ္ေျခနင္းကို နင္းလိုက္တယ္အခ်ိန္မွာ ကလပ္ပလိတ္ျပားဟာ Fly Wheel နဲ႔လုံးဝလြတ္ေနရမွာျဖစ္ၿပီး ၊ ကလပ္ေျခနင္းကို လႊတ္လိုက္တယ္ဆိုတာနဲ႔ ကလပ္ပလိတ္ျပားနဲ႔ Fly Wheel တို႔က ေသခ်ာခ်ိတ္ဆက္ေနရမွာပါ ။ အဲ့လိုမျဖစ္ဘဲ ကလပ္ေျခနင္းကို လႊတ္လိုက္ၿပီးသည္တိုင္ ကလပ္ပလိတ္ျပားနဲ႔ Fly Wheel တို႔ ေသခ်ာမထိကပ္ဘဲ လြတ္လိုက္ကပ္လိုက္ျဖစ္ေနမယ္ဆိုရင္ ကလပ္ေခ်ာ္တာမ်ိဳးျဖစ္ေနပါၿပီး ။ ဒါမ်ိဳးကို ဘယ္လိုအခ်ိန္ေတြမွာ ေသခ်ာျမင္ရသလဲဆိုရင္ေတာ့ ကားရဲ႕အင္ဂ်င္က RPM ေတာ္ေတာ္ေလးကိုတက္ေနတဲ့အခ်ိန္ ကားကလည္း လိုအပ္တဲ့ ဂီယာထိုးထားရဲ႕သားနဲ႔ ကားရဲ႕အရွိန္က မဆြဲဘူးဆိုတာမ်ိဳးဟာ ကလပ္ျပားေတြေခ်ာ္ေနရင္ ျဖစ္တတ္တဲ့ေရာဂါလကၡဏာတမ်ိဳးပါ ။ ေနာက္တခ်က္ ကားက ၀န္နဲ႔႐ုန္းရတဲ့အခ်ိန္ ၊ ကုန္းတက္ေတြ တက္ရတဲ့အခ်ိန္မ်ိဳးေတြမွာ ကားအင္ဂ်င္အရွိန္ကိုမလိုက္ႏိုင္ဘဲ အဆြဲအ႐ုန္းက်သြားတယ္ဆိုတာမ်ိဳးကလည္း ကလပ္ျပားေတြ စလစ္ျဖစ္ေနတဲ့ လကၡဏာတရပ္ပါ။ (၃) ဂီယာအေ႐ႊ႕အေျပာင္း ၊ အကူးအေျပာင္းခက္ခဲတာ – ေနာက္ကလပ္ျပားေတြ ပ်က္စီးရင္ ျဖစ္တတ္တဲ့ေရာဂါတခုက ဂီယာအေ႐ႊ႕အေျပာင္းေတြ အကူးအေျပာင္းေတြမွာ ႐ုတ္တရက္ လိုက္လံမေျပာင္းလဲတတ္တာမ်ိဳးဟာလည္း ကလပ္ပလိတ္ျပားေတြ ပ်က္စီးရင္ ျဖစ္တတ္တဲ့ေရာဂါတမ်ိဳးပါ။ (၄) ကလပ္အုံထဲက အသံထြက္တာ – ကလပ္ျပားေတြ ပြန္းစားေနရင္ ပ်က္စီးေနရင္ အျဖစ္မ်ားဆုံး အခ်က္တခုက ဂီယာတခုနဲ႔ တခုအေ႐ြ႕အေျပာင္းေတြမွာ ဆူညံသံထြက္တာ ၊ ပြတ္တိုက္တဲ့အသံေတြ ထြက္လာတာမ်ိဳးကလည္း ကလပ္ျပားေတြ ကုန္သြားရင္ ၊ ပြန္းစားသြားရင္ ျဖစ္တတ္တဲ့ ေရာဂါတမ်ိဳးပါ ။ ဒီအခ်က္ေတြက ကလပ္ပလိတ္ျပားေတြ မေကာင္းေတာ့တာ ၊ ဒါမွမဟုတ္ ကလပ္ျပားနဲ႔ပတ္သတ္ဆက္စပ္တဲ့ အျခားပစၥည္းေတြ ခ်ိဳ႕ယြင္းသြားရင္ ျဖစ္တတ္တဲ့ အျဖစ္မ်ားဆုံး ေရာဂါအေျခေနေတြပါ။ ကလပ္ပလိတ္ျပားေတြ ပြန္းစားမႈသက္သာေအာင္ ဘယ္လိုေမာင္းႏွင္ထိန္းသိမ္းႏိုင္မလဲ? (၁) ကလပ္ေျခနင္းေပၚ ေျခေမွးတင္တာ ေရွာင္က်ဥ္ပါ-ကလပ္ေတြကို သက္တမ္းၾကာရွည္ေအာင္ အသုံးျပဳဖို႔အတြက္ အေရးႀကီးဆုံး အေျခခံအခ်က္က ကလပ္ေျခနင္းေပၚ ေျခေထာက္ေမွးတင္တဲ့ အက်င့္ေတြရွိရင္ လုံးဝေဖ်ာက္ဖို႔လိုအပ္တာပါ။ ကလပ္ေျခနင္းဆိုတာ ဂီယာတခုနဲ႔ တခုေျပာင္းဖို႔လိုအပ္တဲ့ အခ်ိန္မ်ိဳးမွသာ နင္းရမွာျဖစ္ၿပီး ဂီယာထိုးၿပီးတဲ့အခ်ိန္ ကလပ္ေျခနင္းေပၚေျခေထာက္ေမွးတင္ထားတာမ်ိဳး လုံးဝေရွာင္က်ဥ္ရမွာပါ ။ အဲ့လိုမဟုတ္ဘဲ ကလပ္ေျခနင္းအေပၚ ေျခေထာက္ေမွးတင္ထားပါက အေပၚမွာရွင္းျပခဲ့သလို ကလပ္ပလိပ္ျပားေတြ ပြန္းစားၿပီး ကလပ္ပလိပ္ ေလာင္တာေတြ ျဖစ္လာမွာပါ။ (၂) ဂီယာအေ႐ႊ႕အေျပာင္း သတိျပဳပါ -ကလပ္ပလိတ္ျပားေတြရဲ႕သက္တမ္းက ဂီယာအေ႐ႊ႕အေျပာင္း ဘယ္ေလာက္မ်ားမ်ားျပဳလုပ္သလဲ ၊ ဘယ္လိုျပဳလုပ္သလဲ ဆိုတာအေပၚမွီခိုေနတာပါ ။ ဂီယာတခုနဲ႔ တခုအေ႐ႊ႕အေျပာင္းကို မလိုအပ္ဘဲ ကစားတာ ၊ ေနာက္ ဂီယာတခုနဲ႔ တခုအေ႐ြ႕အေျပာင္းမွာ ညင္ညင္သာသာ မျပဳလုပ္တာ ေတြေၾကာင့္ ကလပ္ပလိပ္ျပားေတြရဲ႕ သက္တမ္းကို တိုေစပါတယ္ ။ ဒါေၾကာင့္ ဂီယာအေ႐ြ႕အေျပာင္းကို ေသခ်ာဆုံးျဖတ္ၿပီးမွ ျမန္ျမန္ဆန္ဆန္နဲ႔ အတတ္ႏိုင္ဆုံး ညင္ညင္သာသာ ေျပာင္းလဲရမွာျဖစ္ပါတယ္။ (၃) ကားရပ္တဲ့အခါ Parking Brake သုံးရပ္ပါ – ကားရပ္တဲ့ အခါမ်ိဳးေတြမွာ Parking Brake (ဟန္းဘရိတ္) ကိုဆြဲၿပီးရပ္တာ ၊ လိုအပ္ပါက ဂ်မ္းတုံးခုတာမ်ိဳးေတြကလည္း ကလပ္ပလိတ္ေတြရဲ႕သက္တမ္းကို ၾကာရွည္ေစပါတယ္ ။ အထူးသျဖင့္ ယာဥ္နဲ႔ ကုန္တန္ခ်ိန္ျမင့္တဲ့ ကားေတြမွာ ကားရပ္တဲ့အခါ Parking Brake မသုံးဘဲ ရပ္တန္႔ထားပါက လမ္း အတိမ္းအေစာင္း အေျခအေနေတြေၾကာင့္ ယာဥ္နဲ႔ကုန္ ဝိတ္ေတြဟာ ကားရဲ႕ ကလပ္ပလိတ္ျပားေပၚကို သြားသက္ေရာက္ေစပါတယ္။ ဒါေၾကာင့္ ကလပ္ပလိတ္ သက္တမ္းကို ၾကာရွည္ေစခ်င္တယ္ဆိုရင္ ကားရပ္တဲ့ အခါ Parking Brake သုံးပါ ၊ လိုအပ္ပါက ဂ်မ္းတုံးခုေပးပါ။ ဒီအခ်က္ေတြက ကလပ္ပလိတ္ေညႇာ္နံ႔ထြက္တာက စလို႔ ၊ Manual ကားေမာင္းသူေတြ သိထားသင့္တဲ့ အေျခခံက်တဲ့ ကလပ္ပလိတ္နဲ႔ ပတ္သတ္တဲ့အေၾကာင္းအရာေတြပါ။ အခုျမန္မာႏိုင္ငံမွာလည္း ကုန္တင္ယာဥ္ကားႀကီးတိုင္းလိုလို Manual Gear အမ်ိဳးအစားကားေတြျဖစ္တာမို႔ ကလပ္ပလိတ္နဲ႔ ပတ္သတ္တဲ့ အေျခခံေလးေတြကိုသိထားျခင္းအားျဖင့္ ကလပ္ပလိတ္မေတာ္တဆ ပ်က္စီးမႈေၾကာင့္ လမ္းခရီးအေႏွာက္အယွက္ျဖစ္ျခင္းမွ ကာကြယ္ထိန္းသိမ္းႏိုင္မယ္လို႔ ယူဆမိပါတယ္။ စာဖတ္သူ မိတ္ေဆြညီကိုေမာင္ႏွမမ်ား အားလုံးနည္းပညာ ဗဟုသုတ ႂကြယ္ဝၾကပါေစ။