တောင်ငူရာဇဝင်တွေထဲက ထူးဆန်းသော တပင်ရွှေထီး

တပင်ရွှေထီးကိုမွေးဖွားတုန်းကလျှာပေါ်မှာ မဲနက်တဲ့ အစက်လက္ခဏာများ ပါလာတဲ့အတွက် လျှာနက်မင်းလို့လဲခေါ်တွင်မှတ်တမ်းပြုခဲ့ကြပါတယ်။ဦးထိပ်မှာ ခမည်းတော် မင်းကြီးညိုလိုပဲ ရွှေရောင်တောက်တဲ့ ဆံမျှင်တစ်ချောင်း ပါလာတဲ့အတွက် တပင်ရွှေထီးလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်။အိမ်ထောင်ရေးမှာတော့တပင်ရွှေထီးဟာရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့်ရှင်နီတာ၏ သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူပြီး လက်ဝဲလက်ယာမြှောက်စားပေမဲ့ မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲတစ်သက်လုံးနေသွားတာဟာ တစ်ပင်ရွှေထီးရဲ့ ထူးခြားချက်ဖြစ်ပါတယ်။မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့တဲ့တပင်ရွှေထီးဟာဟံသာဝတီမှာတော့အသက် ၈ နှစ်သာရှိသေးတဲ့မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခဲ့ပြန်ပါတယ်။

တပင်ရွှေထီးသူရဲကောင်းရွေးပုံဟာအင်မတန်ထူးခြားပါတယ်။ လက်မကို ထောင်စေပြီး လက် သည်းကြားမှာ အပ်စိုက်ပြီး တူနှင့်ထုစေတာဖြစ်ပါတယ်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူဟာသူရဲကောင်းလို့သတ်မှတ်ပြီး ရွေးချယ်ခဲ့ပါတယ်။တပင်ရွှေထီးဟာအသက် ၁၄ နှစ်အရွယ်မှာ နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အဝင်မှာလုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ပါတယ်။လုပ်ကြံခံရပြီးသေတဲ့အချိန်ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးတယ်လို့လဲဆိုရိုးရှိခဲ့ဖူးပါတယ်။တပင်ရွှေထီးဟာယိုးဒယားကိုတိုက်ခိုက်တဲ့ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သူဖြစ်ပါတယ်။တပင်ရွှေထီးဟာ မြန်မာ့သမိုင်းမှာ အင်မတန်ထင်ရှားတဲ့ဘုရင်တပါးဖြစ်ပြီးတောင်ငူရာဇဝင်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိတဲ့သမိုင်းကြောင်းတွေမှာ အမြဲပါဝင်နေသူဖြစ်ပါတယ်။တပင်ရွှေထီးအကြောင်းရေးသားသောစာအုပ်များမှကောက်နှုတ်ထားပါသည်။

credit – မူရင်း

[zawgyi]

တပင္ေ႐ႊထီးကိုေမြးဖြားတုန္းကလွ်ာေပၚမွာ မဲနက္တဲ့ အစက္လကၡဏာမ်ား ပါလာတဲ့အတြက္ လွ်ာနက္မင္းလို႔လဲေခၚတြင္မွတ္တမ္းျပဳခဲ့ၾကပါတယ္။ဦးထိပ္မွာ ခမည္းေတာ္ မင္းႀကီးညိဳလိုပဲ ေ႐ႊေရာင္ေတာက္တဲ့ ဆံမွ်င္တစ္ေခ်ာင္း ပါလာတဲ့အတြက္ တပင္ေ႐ႊထီးလို႔အမည္တြင္ခဲ့တာျဖစ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့တပင္ေ႐ႊထီးဟာရွင္ရဲထြတ္၏ညီမ ခင္ဘုန္းစိုး ႏွင့္ရွင္နီတာ၏သမီး ခင္ျမတ္တို႔ကို မိဖုရားအျဖစ္ ေကာက္ယူၿပီး လက္ဝဲလက္ယာေျမႇာက္စားေပမဲ့ မည္သူ႔ကိုမွ် မိဖုရားႀကီးအရာ မေျမႇာက္ဘဲတစ္သက္လုံးေနသြားတာဟာ တစ္ပင္ေ႐ႊထီးရဲ႕ ထူးျခားခ်က္ျဖစ္ပါတယ္။မည္သည့္ မိဖုရားကိုမွ တရားဝင္ မိဖုရားႀကီးအျဖစ္ မထားခဲ့တဲ့တပင္ေ႐ႊထီးဟာဟံသာဝတီမွာေတာ့အသက္ ၈ ႏွစ္သာရွိေသးတဲ့မြန္မိန္းမပ်ိဳ ေခမေနာကိုမိဖုရားအျဖစ္သိမ္းယူခဲ့ျပန္ပါတယ္။တပင္ေ႐ႊထီးသူရဲေကာင္းေ႐ြးပုံဟာအင္မတန္ထူးျခားပါတယ္။ လက္မကို ေထာင္ေစၿပီး လက္သည္းၾကားမွာ အပ္စိုက္ၿပီး တူႏွင့္ထုေစတာျဖစ္ပါတယ္။ လက္မတြန႔္သူ၊ မ်က္ႏွာမပ်က္သူဟာသူရဲေကာင္းလို႔သတ္မွတ္ၿပီး ေ႐ြးခ်ယ္ခဲ့ပါတယ္။တပင္ေ႐ႊထီးဟာအသက္ ၁၄ ႏွစ္အ႐ြယ္မွာ နန္းတက္ၿပီး အသက္ ၃၅ ႏွစ္၊ နန္းသက္ ၂၀ အဝင္မွာလုပ္ႀကံခံရၿပီး ကြယ္လြန္ခဲ့ပါတယ္။လုပ္ႀကံခံရၿပီးေသတဲ့အခ်ိန္ေခါင္းျပတ္မွာ မ်က္ေတာင္ခတ္လ်က္ပင္ရွိေနေသးတယ္လို႔လဲဆို႐ိုးရွိခဲ့ဖူးပါတယ္။တပင္ေ႐ႊထီးဟာယိုးဒယားကိုတိုက္ခိုက္တဲ့ပထမဆုံးျမန္မာမင္းအျဖစ္လည္း သမိုင္းတြင္သူျဖစ္ပါတယ္။တပင္ေ႐ႊထီးဟာ ျမန္မာ့သမိုင္းမွာ အင္မတန္ထင္ရွားတဲ့ဘုရင္တပါးျဖစ္ၿပီးေတာင္ငူရာဇဝင္၊ဒုတိယျပည္ေထာင္စုျမန္မာႏိုင္ငံ အစရွိတဲ့သမိုင္းေၾကာင္းေတြမွာ အၿမဲပါဝင္ေနသူျဖစ္ပါတယ္။တပင္ေ႐ႊထီးအေၾကာင္းေရးသားေသာစာအုပ္မ်ားမွေကာက္ႏႈတ္ထားပါသည္။