ရန်ကုန်-မန္တလေး အမြန်လမ်းမှ ကားမရပ်သင့်သောနေရာ၊ မနားသင့်သောနေရာ၊ မစားသင့်သောနေရာနှင့် အပေါ့မသွားသင့်သောနေရာများ

ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။ ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့် မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။

နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။ မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက်တာ တိုက်တာ ရုတ်တရက်ရပ်သွားတာတွေရှိတတ်ပါတယ် ။လမ်းမကောင်းလို့ ဒရိုင်ဘာအိပ်ငိုက်လို့ စသည်ဖြင့်မဟုတ်ပဲ ဖြစ်နေကြတာတွေအများကြီးပါ ။မေတ္တာပို့ပေးပါ ။ ဘုရားစာတတွတ်တွတ်ရွတ်သွားပါ ။ကားရပ်နားတဲ့အခါလည်းမေတ္တာပို့ပေးပါ ။ထမင်းစားကြမယ်ဆိုရင် ခပ်ဝေးဝေးမှာ စက္ကူလေးခင်းပြီး နည်းနည်းပုံပြီးထည့်ပေးလိုက်ပါ ။ညဘက်တော့မလုပ်ပါနဲ့ ။အမြန်လမ်းအသုံးပြုသူတိုင်းဘေးရန်ကင်ကြပါစေ..။

Credit-Ronald ye lin tun

[zawgyi]

ဒီေနရာေလးကိုသိၾကလား ။ဒီေနရာေလးက အျမန္လမ္း ၁၃၅ မိုင္မွာရွိတဲ့ အလယ္ကြၽန္းမွာေပါက္ေနတဲ့ ထန္းညီေနာင္ပါပဲ အဲ့ဒီနားေရာက္ရင္ ကားရပ္ၿပီးေသးေပါက္ တာမလုပ္ပါနဲ႔ လုပ္ေတာ့ဘာျဖစ္လဲကြာဆိုရင္ စမ္းၾကည့္လိုက္ေလ။ ကားကိုအနားေပးခ်င္လို႔ခဏရပ္မယ္ဆိုရင္လည္း သင့္ကားေပၚမွာ အညႇီအေဟာက္ အစားအေသာက္ေတြမပါပါေစႏွင့္ ။ အထူးသျဖင့္ညဘက္ မရပ္နားသင့္ပါ ။259 မိုင္ သီးကုန္းနားမွာလည္း ေညာင္ပင္ႀကီးတစ္ပင္ရွိတယ္။ အခန႔္မသင့္လ်င္ ႏြားခေလာက္သံ ျခဴသံေတြၾကားရတတ္တယ္။ အဲဒီနားမွာလည္း မနားသင့္ ေသးမေပါက္သင့္ပါဘူး ။ ကိုယ္ေတြ႕ေတြရွိပါတယ္ ။တံတားေဘးနားေတြမွာနားရင္ သတိနဲ႔နားပါ ။တခ်ိဳ႕က အိမ္ကထည့္လာတဲ့ထမင္းဟင္းကို အျမန္လမ္းေဘးကသစ္ပင္ရိပ္ေအာက္ေတြမွာ စားတတ္ၾကပါတယ္ ။ေန႔ေန႔ညည ပရေလာကသားေတြ ဟာ အျမန္လမ္းတေလ်ာက္မွာ ရွိေနၾကပါတယ္ ။လူဟာ သူတို႔ထက္ျမင့္ပါတယ္။ ဒါေပမည့္ အမွားမလုပ္မိေစနဲ႔ေပါ့ ခြင့္လႊတ္ျခင္း ဆိုတာသူတို႔မွာမရွိဘူး ။ မယုံရင္စမ္းၾကည့္လိုက္ သင္ကံနိမ့္ေနၿပီဆိုရင္ေတာ့…ဟုတ္ကဲ့ အျမန္လမ္းမွာ ကားေမွာက္တာ တိုက္တာ ႐ုတ္တရက္ရပ္သြားတာေတြရွိတတ္ပါတယ္ ။လမ္းမေကာင္းလို႔ ဒ႐ိုင္ဘာအိပ္ငိုက္လို႔ စသည္ျဖင့္မဟုတ္ပဲ ျဖစ္ေနၾကတာေတြအမ်ားႀကီးပါ ။ေမတၱာပို႔ေပးပါ ။ ဘုရားစာတတြတ္တြတ္႐ြတ္သြားပါ ။ကားရပ္နားတဲ့အခါလည္းေမတၱာပို႔ေပးပါ ။ထမင္းစားၾကမယ္ဆိုရင္ ခပ္ေဝးေဝးမွာ စကၠဴေလးခင္းၿပီး နည္းနည္းပုံၿပီးထည့္ေပးလိုက္ပါ ။ညဘက္ေတာ့မလုပ္ပါနဲ႔ ။အျမန္လမ္းအသုံးျပဳသူတိုင္းေဘးရန္ကင္ၾကပါေစ..။