ကားမှာပါတဲ့ အရေးကြီးသော Safety Lock (၃) မျိုး

ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံးကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်းကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော၊ ကားမောင်းသူအတွက်ပါ အန္တရာယ် ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ။ ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တစ်ယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစုဝင် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ်ထည့်သွင်းထားတဲ့ Safety Lock လေး ၃ မျိုးပါ။၁။ Child Lock – Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေဖွင့်မရဘဲ အပြင်ကနေပဲဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတစ်ခုပါ။ ဒီ Lock လေးအကြောင်းမသိတဲ့ သူတော်တော်များများ၊ ကားရေဆေးရင်းဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေဖွင့်မရတော့ဘဲ အပြင်ကနေပဲဖွင့်ရတော့လို့ ကားဝပ်ရှော့တွေသွားပြတာမျိုးကြုံရတတ်ပါတယ်။Child Lock ဆိုတဲ့အရာကို ကားမှာမှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ်။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆထိခိုက်အန္တရာယ်တွေမကြုံရလေအောင် ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့အရာတွေပါ။ ကားမောင်းနေတဲ့အချိန်ဖြစ်ဖြစ်၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကိုမတော်တဆ ဆွဲဖွင့်လိုက်မိရင်၊ ကားတံခါးပွင့်သွားပြီး နောက်ကကားတွေနဲ့ တိုက်မိတာ၊ ကလေးပြုတ်ကျတာ၊ ယာဉ်မတော်တဆမှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ။ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ်ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြပါတယ်။ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ်။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချလို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ (အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည်) ၊ အပေါ်ပြန်တွန်းတင်ရင် Unlock ပါ (အတွင်းရော အပြင်ကနေပါ ဖွင့်ရသည်)။ ပုံမှာ လေ့လာကြည့်လို့ရပါသည်။တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ်ထိန်းချုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ်။ကိုယ်က ကားမောင်းသူတစ်ယောက်ဖြစ်ပြီး၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေအလုပ် လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ကားတံခါးအတွင်းကနေ ဖွင့်မရဘဲအပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Safety Feature လေး တစ်ခုဆိုတာ သတိရပေးစေလိုပါတယ်။၂။ Power Window Lock – အခုရှင်းပြချင်တဲ့နောက်ထပ် Safety Lock တစ်မျိုးက Power Window Lock ပါ။ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဘက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့တံခါးတွေ မှန်အတင်အချ လုပ်မရအောင် ထိန်းချုပ်ထားတဲ့ Safety Lock လေးတစ်ခုပါ။ ကားမောင်းသူဘက်ခြမ်းမှာရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲဒီခလုတ်လေးနှိပ်ထားလိုက်ရင် ကားမောင်းသူဘက်ခြမ်းက မှန်တစ်ချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး။သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ။ ကလေးတွေ ကားထဲမှာစီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို ရပ်မိလို့ မှန်တခါးမတော်တဆပွင့်သွားတာ၊ မှန်ကိုဖွင့်ပြီးခေါင်းတို့၊ လက်တို့ အပြင်ကိုထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ။အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး၊ ကလေးတွေ အန္တရာယ်ကင်းဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ်။ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့တံခါးတွေ မှန်တင်မှန်ချလုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အဖွင့်အပိတ်လုပ် စစ်ဆေးကြည့်သင့်ပါတယ်။

၃။ Shift Lock – Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတစ်ခုပါပဲ။ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတစ်ခုပါ။ ကားကိုစက်စနှိုးလိုက်တယ်၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position (P) ကနေ (D) ကို ထိုးတော့မယ်ဆို ဘရိတ်ကိုနင်းမယ်၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကိုနှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ်။ ကား Shift Lever က P (Parking) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး။
ဘာကြောင့် အဲဒီလိုလုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာပြောခဲ့သလို Safety Feature ကြောင့်ပါပဲ။ ကားပေါ်မှာ ကလေးတစ်ယောက်ယောက် ရှိနေမယ်၊ ကားကလည်း စက်နှိုးထားမယ်၊ ကားမောင်းသူကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးကဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားကဂီယာဝင်ပြီး အကုန်ဝင်တိုက်မိလို့ အန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ်။ Shift Lock Solenoid လေးကဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ်။Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ်။ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ်၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက်နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever (ဂီယာ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ်။ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထားတာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှမရှိပါဘူး။ဒါပေမဲ့ တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေလာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ်)။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ။အဲဒီလို့လုပ်ထားတဲ့ကားမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန်၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာဝင်သွားပြီး ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ၊ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ်။ကားကို Gear Position (P) မှာထားပြီး သော့ဖွင့်၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်ဝင်နေပြီး အန္တရာယ်ကင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တစ်ခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။Shift Lock Release Button – ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ။ ကားမောင်းဖို့စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P (Parking) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ်။ဂီယာသင်္ကေတ P, R, N, D စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ်။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး၊ တချို့ကားတွေမှာတော့သော့တို့၊ ဝက်အူလှည့်တို့နဲ့ ထိုးမှရတဲ့ အချိုင့်လေးတွေထဲမှာ တည်ရှိတတ်ပါတယ်။ ပုံမှာကြည့်နိုင်ပါတယ်။ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့Brake Switch တွေပျက်တာကြိုးလိုင်းတွေပျက်တာ
Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။ကားမောင်းဖို့ စက်နှိုးပြီး စ စထွက်ဖို့ ကားဂီယာထိုးမရတော့ဘူးဆိုတဲ့အချိန် ဘရိတ်နင်းကာ ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို (ဒါမှမဟုတ်) ကားကို တစ်နေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N (Neutral) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ်။ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေခင်ဗျာ။

Credit – LYNN ZA NEE (P.T.U)

[zawgyi]

က်ေနာ္တို႔လက္ရွိအသုံးျပဳေနတဲ့ ကားေတြဟာ ေခတ္မီနည္းပညာသုံးကားေတြျဖစ္ၿပီး ဟိုးအရင္ ေခတ္ေဟာင္းကားေတြနဲ႔မတူ ေမာ္ေတာ္ယာဥ္အတြက္ေရာ၊ ကားေမာင္းသူအတြက္ပါ အႏၲရာယ္ကင္းရွင္းေရး နည္းပညာေတြကို တီထြင္အသုံးျပဳေနၾကပါၿပီ။ ဒီေန႔တင္ျပေပးခ်င္တဲ့ ကားမွာပါတဲ့ Safety Lock သုံးမ်ိဳးကေတာ့ ကားေမာင္းသူ တစ္ေယာက္တည္း အတြက္မဟုတ္ဘဲ ကားမွာလိုက္ပါစီးနင္းႏိုင္တဲ့ ကားေမာင္းသူရဲ႕ မိသားစုဝင္ (အဓိက အားျဖင့္ ကေလးေတြ) ေတြအတြက္ အထူးျပဳလုပ္ထည့္သြင္းထားတဲ့ Safety Lock ေလး ၃ မ်ိဳးပါ။၁။ Child Lock – Child Lock ဆိုတာကေတာ့ ကားတံခါးကို အတြင္းကေနဖြင့္မရဘဲ အျပင္ကေနပဲဖြင့္ရေအာင္ လုပ္ထားတဲ့ Lock ေလးတစ္ခုပါ။ ဒီ Lock ေလးအေၾကာင္းမသိတဲ့ သူေတာ္ေတာ္မ်ားမ်ား၊ ကားေရေဆးရင္းျဖစ္ျဖစ္ သန႔္ရွင္းေရးလုပ္ရင္းျဖစ္ျဖစ္ ဒီ Lock ေလး မေတာ္တဆႏွိပ္မိလို႔ Lock က်သြားတဲ့အခါမွာ ကားတံခါးကို အတြင္းကေနဖြင့္မရေတာ့ဘဲ အျပင္ကေနပဲဖြင့္ရေတာ့လို႔ ကားဝပ္ေရွာ့ေတြသြားျပတာမ်ိဳးႀကဳံရတတ္ပါတယ္။Child Lock ဆိုတဲ့အရာကို ကားမွာမွ မဟုတ္ဘဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳၾကပါတယ္။ အဓိက ကေတာ့ ကေလးသူငယ္ေတြရဲ႕ စူးစမ္းစိတ္ေၾကာင့္ မေတာ္တဆထိခိုက္အႏၲရာယ္ေတြမႀကဳံရေလေအာင္ ကာကြယ္ဖို႔အတြက္ တီထြင္ဖန္တီးထားတဲ့အရာေတြပါ။ ကားေမာင္းေနတဲ့အခ်ိန္ျဖစ္ျဖစ္၊ ကားလမ္းေဘးမွာ ရပ္ထားတဲ့အခ်ိန္ျဖစ္ျဖစ္ ကေလးသူငယ္ေတြ ကားေနာက္ခန္းထဲမွာရွိေနတဲ့အခ်ိန္ ကားတံခါးကိုမေတာ္တဆ ဆြဲဖြင့္လိုက္မိရင္၊ ကားတံခါးပြင့္သြားၿပီး ေနာက္ကကားေတြနဲ႔ တိုက္မိတာ၊ ကေလးျပဳတ္က်တာ၊ ယာဥ္မေတာ္တဆမႈေတြျဖစ္တာ အစရွိတဲ့ အႏၲရာယ္ အမ်ိဳးမ်ိဳး ႀကဳံရႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီ Child Lock ဆိုတာေလးကို တီထြင္အသုံးျပဳခဲ့ၾကတာပါ။ဒီ Child Lock ဆိုတာေလးကို 1949 ခုႏွစ္မွာ Joseph M. Schumann ဆိုတဲ့ လူက စတင္တီထြင္ခဲ့တာပါ။ 1985 ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံမွာထုတ္လုပ္တဲ့ ကားေတြကို Child Lock မျဖစ္မေန ထည့္သြင္းတပ္ဆင္ရမယ္ဆိုတဲ့ ဥပေဒထုတ္ျပန္ၿပီး စတင္အသုံးျပဳခဲ့ၾကပါတယ္။ဒီ Child Lock ေလးအသုံးျပဳပုံက ႐ိုးရွင္းပါတယ္။ တခ်ိဳ႕ Child Lock ေတြက အေပၚေအာက္ တြန္းတင္ တြန္းခ်လို႔ရတဲ့ ခလုတ္ေလးနဲ႔ ျပဳလုပ္ထားၿပီး၊ ေအာက္ကို တြန္းခ်ထားရင္ Child Lock လုပ္ထားတာ (အတြင္းကေန ဖြင့္မရ အျပင္ကဖြင့္ရသည္) ၊ အေပၚျပန္တြန္းတင္ရင္ Unlock ပါ (အတြင္းေရာ အျပင္ကေနပါ ဖြင့္ရသည္)။ ပုံမွာ ေလ့လာၾကည့္လို႔ရပါသည္။တခ်ိဳ႕ကားအမ်ိဳးအစားေတြရဲ႕ Child Lock ေတြကေတာ့ ကားေသာ့နဲ႔လွည့္ၿပီး အဖြင့္အပိတ္လုပ္ရတဲ့ အမ်ိဳးအစား Child Lock ေတြျဖစ္ၿပီး Driver ကေန အဖြင့္အပိတ္ထိန္းခ်ဳပ္ႏိုင္တဲ့ Electronic စနစ္သုံး Child Lock ေတြလည္းရွိပါတယ္။ကိုယ္က ကားေမာင္းသူတစ္ေယာက္ျဖစ္ၿပီး၊ ကိုယ့္ကားမွာ ကေလးေတြလိုက္ပါစီးနင္းတတ္တယ္ဆိုရင္ ကားမွာရွိတဲ့ Child Lock ေလးေတြအလုပ္ လုပ္မလုပ္ စမ္းသပ္စစ္ေဆးထားသင့္ပါတယ္။ဘာပဲျဖစ္ျဖစ္ ကားတံခါးအတြင္းကေန ဖြင့္မရဘဲအျပင္ကေနပဲ ဖြင့္ရတာမ်ိဳးႀကဳံေနတယ္ဆိုရင္ ဒါကားမွာပါတဲ့ Child Lock ဆိုတဲ့ Safety Feature ေလး တစ္ခုဆိုတာ သတိရေပးေစလိုပါတယ္။၂။ Power Window Lock – အခုရွင္းျပခ်င္တဲ့ေနာက္ထပ္ Safety Lock တစ္မ်ိဳးက Power Window Lock ပါ။ ဒီ Power Window Lock ဆိုတာကေတာ့ ကားေမာင္းသူဘက္ျခမ္းက Power Window ကလြဲလို႔ က်န္တဲ့တံခါးေတြ မွန္အတင္အခ် လုပ္မရေအာင္ ထိန္းခ်ဳပ္ထားတဲ့ Safety Lock ေလးတစ္ခုပါ။ ကားေမာင္းသူဘက္ျခမ္းမွာရွိတဲ့ မွန္တင္မွန္ခ် Main Switch မွာပါၿပီး အဲဒီခလုတ္ေလးႏွိပ္ထားလိုက္ရင္ ကားေမာင္းသူဘက္ျခမ္းက မွန္တစ္ခ်ပ္ကလြဲလို႔ က်န္တဲ့တခါးေပါက္ေတြက မွန္ေတြအကုန္ အတင္အခ် လုပ္မရေတာ့ပါဘူး။သူ႔ရဲ႕အဓိက ရည္႐ြယ္ခ်က္ကေတာ့ အေပၚက Child Lock လိုပါပဲ။ ကေလးေတြ ကားထဲမွာစီးေနတဲ့အခ်ိန္ မွန္အတင္အခ် ခလုတ္ေတြကို ကစားတာ၊ မွန္ပိတ္ထားတဲ့အခ်ိန္ မွန္တင္မွန္ခ် ခလုတ္ေပၚကို ရပ္မိလို႔ မွန္တခါးမေတာ္တဆပြင့္သြားတာ၊ မွန္ကိုဖြင့္ၿပီးေခါင္းတို႔၊ လက္တို႔ အျပင္ကိုထုတ္တာ အစရွိတဲ့ အႏၲရာယ္ရွိတဲ့ အျပဳအမူေတြကို ကာကြယ္ဖို႔တီထြင္ဖန္တီးထားတာပါ။အေပၚမွာေျပာခဲ့တဲ့ Child Lock လိုပါပဲ ကိုယ့္ကားရဲ႕ ေနာက္ခန္းထဲမွာကေလးေတြ အၿမဲလိုက္ပါ စီးနင္းတတ္တယ္ဆိုရင္ အဲဒီ Power Window Lock ေလးေတြ ေကာင္းမေကာင္း အၿမဲစစ္ေဆးၿပီး၊ ကေလးေတြ အႏၲရာယ္ကင္းေဘးရွင္းဖို႔ ဒီ Safety Feature ေလးကို သုံးစြဲသင့္ပါတယ္။ကားမွန္တင္မွန္ခ်ေတြ Driver Side ကလြဲလို႔ က်န္တဲ့တံခါးေတြ မွန္တင္မွန္ခ်လုပ္မရဘူးဆိုရင္ ဒီ Power Window Lock ေလးကို သတိရၿပီး အဖြင့္အပိတ္လုပ္ စစ္ေဆးၾကည့္သင့္ပါတယ္။၃။ Shift Lock – Shift Lock ဆိုတာကလည္း ကားအတြက္ အေရးႀကီးတဲ့ Safety Lock ေလးတစ္ခုပါပဲ။ ေသခ်ာရွင္းျပရရင္ေတာ့ ကားေမာင္းသူတိုင္း ေန႔စဥ္အသုံးျပဳေနၿပီး သတိမမူမိတဲ့ Lock ေလးတစ္ခုပါ။ ကားကိုစက္စႏႈိးလိုက္တယ္၊ ကားစက္ႏိုးသြားတယ္ဆိုရင္ ေရွ႕သြားဖို႔ Gear Position (P) ကေန (D) ကို ထိုးေတာ့မယ္ဆို ဘရိတ္ကိုနင္းမယ္၊ ၿပီးရင္ Shift Lever ( ဂီယာတံက ) ဘု ေလးကိုႏွိပ္ၿပီး ထိုးမွ ဂီယာထိုးရပါတယ္။ ကား Shift Lever က P (Parking) မွာရွိေနတဲ့အခ်ိန္ ဘရိတ္မနင္းဘဲ ဂီယာဘုပဲ ႏွိပ္ ဂီယာထိုးၾကည့္ရင္ ဂီယာထိုးမရပါဘူး။ဘာေၾကာင့္ အဲဒီလိုလုပ္ထားရတာလဲဆိုရင္ေတာ့ အေပၚမွာေျပာခဲ့သလို Safety Feature ေၾကာင့္ပါပဲ။ ကားေပၚမွာ ကေလးတစ္ေယာက္ေယာက္ ရွိေနမယ္၊ ကားကလည္း စက္ႏႈိးထားမယ္၊ ကားေမာင္းသူကလည္း အျပင္ကိုထြက္ေနတဲ့အခ်ိန္ ကေလးကေဆာ့ကစားၿပီး Shift Lever က ဘုကိုႏွိပ္ၿပီး Gear Position ေတြ လိုက္ကစားလိုက္ရင္ ကားကဂီယာဝင္ၿပီး အကုန္ဝင္တိုက္မိလို႔ အႏၲရာယ္ေတြ ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ ကား Shift Lever (ဂီယာတံ) ကို P (Praking) ေနရာကေန အလြယ္တကူ ေ႐ႊ႕မရေအာင္ Shift Lock Solenoid ေလးနဲ႔ထိန္းေပးထားပါတယ္။ Shift Lock Solenoid ေလးကဖြင့္ေပးမွ ဂီယာတံက P (Parking) ေနရာကေန အျခားဂီယာေတြကို ထိုးလို႔ရပါတယ္။Shift Lock Solenoid ေလးကိုေတာ့ ေသာ့ဖြင့္လိုက္တာနဲ႔ (IG) အေပါင္း (+) Voltage ေရာက္ေအာင္ လုပ္ထားၿပီး ေနာက္ထပ္ လိုအပ္တဲ့ အႏႈတ္စ (-) ကိုေတာ့ ECU ကေန ေပးပို႔ပါတယ္။ECU ကေနလည္း ဒီအတိုင္းပို႔မေပးဘဲ Gear Position က (P) မွာရွိရမယ္၊ ေနာက္ထပ္ Brake လည္း နင္းထားရမယ္ဆိုတဲ့ အခ်က္ႏွစ္ခ်က္ညီမွ ECU ကေန အႏႈတ္ Signal ထုတ္ေပးၿပီး Shift Lock Solenoid ကိုဆြဲေစကာ Shift Lever (ဂီယာ) ဘုကိုႏွိပ္ ဂီယာထိုးရေစပါတယ္။ဒါက Shift Lock ဆိုတဲ့ ဂီယာလက္တံ ေ႐ႊ႕ေျပာင္းတဲ့ စနစ္ပါ။ Shift Lock စနစ္က ဒီလို ထိန္းခ်ဳပ္ထားတာမို႔ သူ႔ပုံမွန္အတိုင္းဆို ဘရိတ္နင္းမွ ဂီယာလက္တံေ႐ႊ႕ရတာမို႔ ဘာအႏၲရာယ္မွမရွိပါဘူး။ဒါေပမဲ့ တခ်ိဳ႕ခ်ိဳ႕ေသာ ကားေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ECU ကေနလာမယ့္ အႏႈတ္ (-) Signal ႀကိဳးကို Ground Direct ခ်ထားတာေတြ ရွိတတ္ပါတယ္ (ဒါမ်ိဳး Ground တိုက္႐ိုက္ ခ်ထားတဲ့ ကားေတြ က်ေနာ္ကိုယ္တိုင္ မၾကာမၾကာေတြ႕ရပါတယ္)။ ဒီလို Ground တိုက္႐ိုက္ခ်ထားတဲ့အတြက္ Shift Lock Solenoid က ေသာ့ဖြင့္တာနဲ႔ဆြဲေနၿပီး ဘရိတ္နင္းစရာမလိုဘဲ ဂီယာဘုႏွိပ္ ဂီယာထိုးရေနပါၿပီ။အဲဒီလို႔လုပ္ထားတဲ့ကားမ်ိဳးနဲ႔ ေဆာ့တတ္ကစားတတ္တဲ့ ကေလးနဲ႔သြားေတြ႕ရင္ ကားစက္ေလးႏႈိး (Idle) ေလးနဲ႔ လုပ္ထားခ်ိန္၊ ကေလးက ဂီယာလက္ကိုင္ဘုႏွိပ္ ဂီယာထိုးလိုက္ရင္ ဂီယာဝင္သြားၿပီး ျပႆနာအႀကီးႀကီး တက္သြားႏိုင္ပါတယ္။ဒါေၾကာင့္ ကေလးေတြအၿမဲစီးတတ္တဲ့ ကားေမာင္းသူေတြ၊ ကားပိုင္ရွင္ေတြအေနနဲ႔ ကိုယ့္ကားမွာရွိတဲ့ Shift Lock စနစ္ေကာင္းလားဆိုတာ ကိုယ္တိုင္စစ္ေဆးၾကည့္သင့္ပါတယ္။ကားကို Gear Position (P) မွာထားၿပီး ေသာ့ဖြင့္၊ Brake မနင္းဘဲ ဂီယာလက္ကိုင္ဘုကို ႏွိပ္ၿပီး ဂီယာထိုးၾကည့္ပါ၊ ဂီယာထိုးမရဘူးဆိုရင္ Shift Lock စနစ္အသက္ဝင္ေနၿပီး အႏၲရာယ္ကင္းပါတယ္။ အဲဒီလိုမဟုတ္ဘဲ ဘရိတ္နင္းစရာမလိုဘဲ ဂီယာထိုးရေနတယ္ဆိုရင္ေတာ့ တစ္ခုခုခ်ိဳ႕ယြင္းေနၿပီမို႔ ကြၽမ္းက်င္ဝပ္ေရွာ့ေတြမွာ အျမန္သြားေရာက္စစ္ေဆးရမွာျဖစ္ပါတယ္။Shift Lock Release Button – ဒါကေတာ့ ဂီယာလက္တံ ေ႐ႊ႕မရျဖစ္တတ္တဲ့အခါ Emergency အေနနဲ႔ ဂီယာလက္တံေ႐ႊ႕ရေအာင္ လုပ္ထားတဲ့ ခလုတ္ေလးပါ။ ကားေမာင္းဖို႔စက္ႏႈိးၿပီး ဂီယာလည္းထိုးေရာ ဂီယာလက္တံက ေ႐ႊ႕မရေတာ့ဘူး P (Parking) ေနရာမွာပဲ ရွိေနတယ္ဆိုရင္ ဒီ Shift Lock Release Button ေလးကို Emergency အေနနဲ႔ အသုံးျပဳၿပီး Gear Position ေတြေျပာင္းလဲရႏိုင္ပါတယ္။ဂီယာသေကၤတ P, R, N, D စတဲ့ဂဏန္းေတြရဲ႕ အေပၚမွာ ေဘးမွာရွိတတ္ပါတယ္။ တခ်ိဳ႕အမ်ိဳးအစား ကားေတြမွာ ဘုေလးေတြအျဖစ္ရွိေနၿပီး၊ တခ်ိဳ႕ကားေတြမွာေတာ့ေသာ့တို႔၊ ဝက္အူလွည့္တို႔နဲ႔ ထိုးမွရတဲ့ အခ်ိဳင့္ေလးေတြထဲမွာ တည္ရွိတတ္ပါတယ္။ ပုံမွာၾကည့္ႏိုင္ပါတယ္။ဂီယာလက္တံ ေ႐ႊ႕မရတာမ်ိဳးေတြကေတာ့Brake Switch ေတြပ်က္တာႀကိဳးလိုင္းေတြပ်က္တာ
Shift Solenoid ပ်က္တာ အစရွိသျဖင့္ အမ်ိဳးမ်ိဳးရွိတတ္ပါတယ္။ကားေမာင္းဖို႔ စက္ႏႈိးၿပီး စ စထြက္ဖို႔ ကားဂီယာထိုးမရေတာ့ဘူးဆိုတဲ့အခ်ိန္ ဘရိတ္နင္းကာ ဒီခလုတ္ေလးကို ဖိထားၿပီး ဂီယာကို D ေ႐ႊ႕ရသလို (ဒါမွမဟုတ္) ကားကို တစ္ေနရာရာမွာ ရပ္ထားၿပီး ေသာ့ဖြင့္မရ စက္ႏႈိး မရေတာ့တဲ့အခ်ိန္ ကားကိုေနရာေ႐ႊ႕ဖို႔ လိုလာတယ္ဆိုရင္ ဒီ Shift Lock Release Button ေလးကို ႏွိပ္ၿပီး ကားကို N (Neutral) မွာထားၿပီး ကားကိုတြန္း ေ႐ႊ႕လို႔ရပါတယ္။ဒါေလးေတြကလည္း ကားမွာပါတဲ့ Safety Lock ေလးနဲ႔ ဆက္စပ္ၿပီး သိသင့္သိထိုက္တဲ့ အေရးႀကီး အခ်က္ေလးေတြပါ။ ဒီအခ်က္ေလးေတြကို သိထားျခင္းျဖင့္ မေတာ္တဆ ႀကဳံေတြ႕လာရရင္ ကိုယ္တိုင္ ေျဖရွင္းႏိုင္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းမွာျဖစ္ပါတယ္။စာဖတ္သူ မိတ္ေဆြညီကိုေမာင္ႏွမ မ်ားအားလုံးနည္းပညာ ဗဟုသုတ ႂကြယ္ဝၾကပါေစခင္ဗ်ာ။