အင်္ကျီချိူင်းအောက်က အစွန်းအထင်းတွေကို အလွယ်တစ်ကူ ဖယ်ရှားနည်း

အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးတွေမှာ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလိမ်းဆေးတို့၊ ဘော်ဒီစပရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ အလိုအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ ပြုလုပ်ပုံကတော့ – ၁။ Win ဆပ်ပြာရည်နဲ့ ရေကို ရောသမမွှေပါ။၂။ ပြီးရင်တော့ အဝါရောင် အစွန်းကွက် ဖြစ်နေတဲ့ အင်္ကျီချိုင်းအောက်မှာသုတ်လိမ်းပြီး ၅ မိနစ် ၁၀ မိနစ်လောက် ထားပါ။၃။ ပြီးရင်တော့ ပုံမှန် လျှော်နည်းအတိုင်း လက်နဲ့ဖြစ်ဖြစ်၊ စက်နဲ့ ဖြစ်ဖြစ်လျှော်နိုင်ပါပြီ။

၄။ လျှော်တဲ့အခါမှာလည်း Fabric Softener (အနော်ကတော့ Fino တံဆိပ် သုံးဖြစ်တယ်။) လေး သုံးဖို့ မမေ့ပါနဲ့။ ဒါမှ အစွန်းအထင်း ပျောက်ပြီး မွှေးပျံ့တဲ့ အနံ့လေးနဲ့ အင်္ကျီအသစ်ကလေး လို ဖြစ်သွားမှာပါ။ မှတ်ချက် : ၁။ အင်္ကျီချိုင်းမှာ အစွန်းအထင်း (အဝါရောင်၊ အမည်းရောင်) ဖြစ်လာတာနဲ့လျှော်ဖို့ လိုအပ်ပါတယ်။ သာမာန်လျှော်ဖွပ်လာရင်း ကြာတော့မှလျှော်မယ်ဆိုရင် အစွန်းကျွတ်သွားအောင်ထိ လျှော်ဖို့ ခက်ပါလိမ့်မယ်။၂။ အင်္ကျီလျှော်တိုင်း ချိုင်းနေရာကို သတိ ထားပြီး လျှော်မယ်ဆိုရင် အစွန်းအထင်း ဖြစ်လာမှာ မဟုတ်ပါဘူး။၃။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေက တစ်နေကုန် ဒီအင်္ကျီပဲ ဝတ်ရတာ ဆိုတော့၊ လျှော်တဲ့အခါမှာလည်း ချိုင်းနေရာကို ဆပ်ပြာနည်းနည်းပိုထည့်ပါ။ ရေနဲ့အရင်စိမ်ပြီးမှ လျှော်မယ်ပိုအဆင်ပြေပါတယ်။

Credit – မူရင်း

[zawgyi]

အက်ႌခ်ိဳင္းမွာ အဝါေရာင္ အစြန္းကြက္ ျဖစ္တာမ်ိဳးေတြမွာ အဓိက ကေတာ့ ခ်ိဳင္းေခြၽးနံ႔ ေပ်ာက္ေအာင္ သုံးတဲ့ ခ်ိဳင္းလိမ္းေဆးတို႔၊ ေဘာ္ဒီစပေရးတို႔ေၾကာင့္ အဓိက ျဖစ္တာပါ။ ေခြၽးထြက္လာတဲ့အခါမွာ ဒီ အလူမီနီယံပါတဲ့ ခ်ိဳင္းေခြၽးနံ႔ေပ်ာက္ေဆးက ေခြၽးနဲ႔ ဓာတ္ျပဳၿပီး အက်ႌမွာ အဝါေရာင္ အစြန္းကြက္ ေပၚလာတာေပါ့။ အလိုအက်ႌခ်ိဳင္းေအာက္က အစြန္းကြက္ကို ေျပာင္သြားေအာင္ ဘယ္လို နည္းနဲ႔ ခြၽတ္ရမလဲ ဆိုတဲ့ အခ်က္ေလးေတြကို မွ်ေဝေပးသြားပါမယ္။ ျပဳလုပ္ပုံကေတာ့ – ၁။ Win ဆပ္ျပာရည္နဲ႔ ေရကို ေရာသမေမႊပါ။၂။ ၿပီးရင္ေတာ့ အဝါေရာင္ အစြန္းကြက္ ျဖစ္ေနတဲ့ အက်ႌခ်ိဳင္းေအာက္မွာသုတ္လိမ္းၿပီး ၅ မိနစ္ ၁၀ မိနစ္ေလာက္ ထားပါ။၃။ ၿပီးရင္ေတာ့ ပုံမွန္ ေလွ်ာ္နည္းအတိုင္း လက္နဲ႔ျဖစ္ျဖစ္၊ စက္နဲ႔ ျဖစ္ျဖစ္ေလွ်ာ္ႏိုင္ပါၿပီ။၄။ ေလွ်ာ္တဲ့အခါမွာလည္း Fabric Softener (အေနာ္ကေတာ့ Fino တံဆိပ္ သုံးျဖစ္တယ္။) ေလး သုံးဖို႔ မေမ့ပါနဲ႔။ ဒါမွ အစြန္းအထင္း ေပ်ာက္ၿပီး ေမႊးပ်ံ႕တဲ့ အနံ႔ေလးနဲ႔ အက်ႌအသစ္ကေလး လို ျဖစ္သြားမွာပါ။ မွတ္ခ်က္ : ၁။ အက်ႌခ်ိဳင္းမွာ အစြန္းအထင္း (အဝါေရာင္၊ အမည္းေရာင္) ျဖစ္လာတာနဲ႔ေလွ်ာ္ဖို႔ လိုအပ္ပါတယ္။ သာမာန္ေလွ်ာ္ဖြပ္လာရင္း ၾကာေတာ့မွေလွ်ာ္မယ္ဆိုရင္ အစြန္းကြၽတ္သြားေအာင္ထိ ေလွ်ာ္ဖို႔ ခက္ပါလိမ့္မယ္။၂။ အက်ႌေလွ်ာ္တိုင္း ခ်ိဳင္းေနရာကို သတိထားၿပီး ေလွ်ာ္မယ္ဆိုရင္ အစြန္းအထင္း ျဖစ္လာမွာ မဟုတ္ပါဘူး။၃။ အထူးသျဖင့္ ေခြၽးထြက္မ်ားတဲ့သူေတြက တစ္ေနကုန္ ဒီအက်ႌပဲ ဝတ္ရတာ ဆိုေတာ့၊ ေလွ်ာ္တဲ့အခါမွာလည္း ခ်ိဳင္းေနရာကို ဆပ္ျပာနည္းနည္းပိုထည့္ပါ။ ေရနဲ႔အရင္စိမ္ၿပီးမွ ေလွ်ာ္မယ္ပိုအဆင္ေျပပါတယ္။