ယောကျာ်းလေးတွေကြောက်တဲ့ အရာ (၃)မျိူး

လူတိုင်းက ယောကျာ်းလေးဆိုတာနဲ့ပဲ သန်မာရမယ်။ အကာအကွယ်ပေးနိုင်ရမယ်။ စိတ်ဓာတ်မပျော့ညံ့ရဘူး။ အဲဒီလိုပဲတွက်ထားကြပါတယ်။ တကယ်တော့ သူတို့လည်းလူပဲ။ အကြောက်တရားတွေရှိတာပေါ့။ သန်မာတယ်လို့ အသတ်မှတ်ခံထားရတဲ့ ယောကျာ်းလေးတွေရဲ့အ ကြောက် တရားကမှ ပိုပြီးတော့နက်ရှိုင်းပါသေးတယ်။ ဘာတွေဖြစ်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။၁။ အငြင်းပယ်ခံရမှာ – လူ့အဖွဲ့အစည်းက ယောကျာ်းလေးတွေဆို အရမ်းအ ထင်ကြီးကြပါတယ်။ သူတို့လုပ်ရင် ဘာမဆိုဖြစ်နိုင်ရမယ်ဆိုပြီး အပိုင်တွက်ထားကြပါတယ်။ ဆိုတော့ တစ်ဖက်ကကြည့်ရင်ပဲ မဖြစ်မြောက်လာတဲ့ ယောကျာ်းလေးတွေကပဲ အသုံးမကျသလိုကြီးဖြစ်သွားတာပေါ့။ ဥပမာအားဖြင့် မိန်းကလေးတစ်ယောက်ကိုချစ်ခွင့်ပန်တဲ့အခါမျိုးမှာ အဲဒီမိန်းကလေးဘက်က “ရှင်က ကျွန်မပုံစံမဟုတ်ဘူး။ ဒါကြောင့် မချစ်နိုင်တာပါ” အဲဒီလိုမျိုးလေး အကျိုးသင့်အကြောင်းသင့် ပြန်ပြောတာမျိုးဆို တော်ပါသေးတယ်။ မဟုတ်ဘဲ ဆောရီးတစ်ခွန်းတည်းကျတော့ တစ်ဖက်လူအပေါ် အရမ်းအထင်သေးရာကျသွားပါတယ်။ကိုယ်ခံစားချက်တွေနဲ့ ကိုယ့်အားနည်းချက်တွေကို တစ်စုံတစ်ယောက်ဆီမှာ လွယ်လွယ်လေးချပြလိုက်လို့ရတယ်လို့ သင်ထင်ပါသလား။ သူတို့လည်း အားမွေးရပါတယ်။ ယောကျာ်းလေးဖြစ်လို့၊ အငြင်းခံလိုက်ရလို့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ ယောကျာ်းကောင်းတစ်ယောက်အတွက်တော့ မိန်းက လေးတစ်ယောက်ကို ချစ်ခွင့်ပန်တယ်ဆိုတာမှာ သူ့မာနကိုချိုးနှိမ်ပြီး ဖွင့်ဟရခြင်းပါပဲ။ ဒါကြောင့် အငြင်းခံရတဲ့အခါမျိုးမှာ ရှက်တယ်ဆိုတာထက် သူတို့လည်း အနည်းနဲ့အများတော့ စိတ်ဓာတ်ကျရပါတယ်။

၂။ စိတ်ထိခိုက်ရမှာ – အပေါ်မှာပြောခဲ့သလိုဘဲ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် တာဝန်ယူရမှုပိုများပါတယ်။ အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက် ငွေရေးကြေးရေး မထောက်ပံ့နိုင်လို့ ဘယ်သူမှအပြစ်မပြောပါဘူး။ အကယ်၍ ယောကျာ်းလေးတစ်ယောက်သာဆိုရင်တော့ ပတ်ဝန်းကျင်က ဒီအမျိုးသားကို အရည်အချင်းမရှိတဲ့ အမျိုးသားဆိုပြီး ဝေဖန်ကြပါလိမ့်မယ်။မိသားစုကိုလည်း လုံခြုံအောင်အကာအကွယ်ပေးရ၊ ငွေလည်းရှာရနဲ့ သူတို့တွေဘဝကလည်း ထင်သလောက်မလွယ်ကူပါဘူး။ ဒါကြောင့်နောက်တစ်ခါ နေရာချင်းသာလဲလိုက်ချင်တယ်လို့တွေးမိရင် ယောကျာ်းဘဝရောက်လို့ ကျရှူံးမှုတစ်ခုခုနဲ့ ကြုံရတဲ့အခါ အဝေဖန်ခံနိုင်ရဲ့လားလို့ ကြိုတွေးထားစေချင်ပါတယ်။၃။ မပျော်တော့မှာ – အာရုံနောက်မခံနိုင်ကြတဲ့သူတွေမို့ စိတ်မပျော်ရွှင်တော့မှာကို အရမ်းကြောက်ကြပါတယ်။ ထပ်ပြောပါမယ်။ ဒီနေရာမျိုးမှာ သူတို့ဦးနှောက်က သိပ်အလုပ်မလုပ်နိုင်ဘူးလို့ပဲပြောပြော အာရုံနောက်တာကိုတော့ လုံးဝမခံနိုင်ကြပါဘူး။ အိမ်မှာအဆင်မပြေရင် သူငယ်ချင်းတွေဆီမှာ၊ အလုပ်မှာ ဒါမှမဟုတ်လည်း တခြားနေရာတွေဆီကနေ ပျော်ရွှင်မှုကို ရှာတတ်ကြပါတယ်။ဒါကြောင့်မို့လို့ မိန်းကလေးတွေဘက်ကလည်း နားလည်ပေးဖို့ လိုပါမယ်။ မိန်းကလေးဖြစ်တာမို့ အမြဲတစေ ကိုယ့်ဘက်ကချည်း အခွင့်အရေးယူနေလို့ မရပါဘူး။ သူ့ဘက်ကမှားနေခဲ့မယ်ဆိုရင်တောင် “ရှင့်ကို သည်းမခံနိုင်တော့ဘူး” လို့ ပြောမယ့်အစား အကျိုးသင့်၊ အကြောင်းသင့်နဲ့ ယဉ်ယဉ်ကျေးကျေးလေးရှင်းပြပြီး ကိုယ်သိခဲ့တဲ့ ယောကျာ်းဟာ အခုလိုမြေခွေးတစ်ကောင်မဟုတ်ခဲ့ကြောင်း တစ်ခါလောက်တော့ အခွင့်အရေးပေး ရှင်းပြပြုပြင်ပေးကြည့်ပါ။

Credit – ရိုးရာလေး

[zawgyi]

လူတိုင္းက ေယာက်ာ္းေလးဆိုတာနဲ႔ပဲ သန္မာရမယ္။ အကာအကြယ္ေပးႏိုင္ရမယ္။ စိတ္ဓာတ္မေပ်ာ့ညံ့ရဘူး။ အဲဒီလိုပဲတြက္ထားၾကပါတယ္။ တကယ္ေတာ့ သူတို႔လည္းလူပဲ။ အေၾကာက္တရားေတြရွိတာေပါ့။ သန္မာတယ္လို႔ အသတ္မွတ္ခံထားရတဲ့ ေယာက်ာ္းေလးေတြရဲ႕အေၾကာက္တရားကမွ ပိုၿပီးေတာ့နက္ရႈိင္းပါေသးတယ္။ ဘာေတြျဖစ္ေနမလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။၁။ အျငင္းပယ္ခံရမွာ – လူ႔အဖြဲ႕အစည္းက ေယာက်ာ္းေလးေတြဆို အရမ္းအထင္ႀကီးၾကပါတယ္။ သူတို႔လုပ္ရင္ ဘာမဆိုျဖစ္ႏိုင္ရမယ္ဆိုၿပီး အပိုင္တြက္ထားၾကပါတယ္။ ဆိုေတာ့ တစ္ဖက္ကၾကည့္ရင္ပဲ မျဖစ္ေျမာက္လာတဲ့ ေယာက်ာ္းေလးေတြကပဲ အသုံးမက်သလိုႀကီးျဖစ္သြားတာေပါ့။ ဥပမာအားျဖင့္ မိန္းကေလးတစ္ေယာက္ကိုခ်စ္ခြင့္ပန္တဲ့အခါမ်ိဳးမွာ အဲဒီမိန္းကေလးဘက္က “ရွင္က ကြၽန္မပုံစံမဟုတ္ဘူး။ ဒါေၾကာင့္ မခ်စ္ႏိုင္တာပါ” အဲဒီလိုမ်ိဳးေလး အက်ိဳးသင့္အေၾကာင္းသင့္ ျပန္ေျပာတာမ်ိဳးဆို ေတာ္ပါေသးတယ္။ မဟုတ္ဘဲ ေဆာရီးတစ္ခြန္းတည္းက်ေတာ့ တစ္ဖက္လူအေပၚ အရမ္းအထင္ေသးရာက်သြားပါတယ္။ကိုယ္ခံစားခ်က္ေတြနဲ႔ ကိုယ့္အားနည္းခ်က္ေတြကို တစ္စုံတစ္ေယာက္ဆီမွာ လြယ္လြယ္ေလးခ်ျပလိုက္လို႔ရတယ္လို႔ သင္ထင္ပါသလား။ သူတို႔လည္း အားေမြးရပါတယ္။ ေယာက်ာ္းေလးျဖစ္လို႔၊ အျငင္းခံလိုက္ရလို႔ ဘာမွမျဖစ္ဘူး မထင္ပါနဲ႔။ ေယာက်ာ္းေကာင္းတစ္ေယာက္အတြက္ေတာ့ မိန္းကေလးတစ္ေယာက္ကို ခ်စ္ခြင့္ပန္တယ္ဆိုတာမွာ သူ႔မာနကိုခ်ိဳးႏွိမ္ၿပီး ဖြင့္ဟရျခင္းပါပဲ။ ဒါေၾကာင့္ အျငင္းခံရတဲ့အခါမ်ိဳးမွာ ရွက္တယ္ဆိုတာထက္ သူတို႔လည္း အနည္းနဲ႔အမ်ားေတာ့ စိတ္ဓာတ္က်ရပါတယ္။၂။ စိတ္ထိခိုက္ရမွာ – အေပၚမွာေျပာခဲ့သလိုဘဲ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ တာဝန္ယူရမႈပိုမ်ားပါတယ္။ အိမ္ေထာင္တစ္ခုမွာ မိန္းမတစ္ေယာက္ ေငြေရးေၾကးေရး မေထာက္ပံ့ႏိုင္လို႔ ဘယ္သူမွအျပစ္မေျပာပါဘူး။ အကယ္၍ ေယာက်ာ္းေလးတစ္ေယာက္သာဆိုရင္ေတာ့ ပတ္ဝန္းက်င္က ဒီအမ်ိဳးသားကို အရည္အခ်င္းမရွိတဲ့ အမ်ိဳးသားဆိုၿပီး ေဝဖန္ၾကပါလိမ့္မယ္။မိသားစုကိုလည္း လုံၿခဳံေအာင္အကာအကြယ္ေပးရ၊ ေငြလည္းရွာရနဲ႔ သူတို႔ေတြဘဝကလည္း ထင္သေလာက္မလြယ္ကူပါဘူး။ ဒါေၾကာင့္ေနာက္တစ္ခါ ေနရာခ်င္းသာလဲလိုက္ခ်င္တယ္လို႔ေတြးမိရင္ ေယာက်ာ္းဘဝေရာက္လို႔ က်ရႉံးမႈတစ္ခုခုနဲ႔ ႀကဳံရတဲ့အခါ အေဝဖန္ခံႏိုင္ရဲ႕လားလို႔ ႀကိဳေတြးထားေစခ်င္ပါတယ္။၃။ မေပ်ာ္ေတာ့မွာ – အာ႐ုံေနာက္မခံႏိုင္ၾကတဲ့သူေတြမို႔ စိတ္မေပ်ာ္႐ႊင္ေတာ့မွာကို အရမ္းေၾကာက္ၾကပါတယ္။ ထပ္ေျပာပါမယ္။ ဒီေနရာမ်ိဳးမွာ သူတို႔ဦးေႏွာက္က သိပ္အလုပ္မလုပ္ႏိုင္ဘူးလို႔ပဲေျပာေျပာ အာ႐ုံေနာက္တာကိုေတာ့ လုံးဝမခံႏိုင္ၾကပါဘူး။ အိမ္မွာအဆင္မေျပရင္ သူငယ္ခ်င္းေတြဆီမွာ၊ အလုပ္မွာ ဒါမွမဟုတ္လည္း တျခားေနရာေတြဆီကေန ေပ်ာ္႐ႊင္မႈကို ရွာတတ္ၾကပါတယ္။ဒါေၾကာင့္မို႔လို႔ မိန္းကေလးေတြဘက္ကလည္း နားလည္ေပးဖို႔ လိုပါမယ္။ မိန္းကေလးျဖစ္တာမို႔ အၿမဲတေစ ကိုယ့္ဘက္ကခ်ည္း အခြင့္အေရးယူေနလို႔ မရပါဘူး။ သူ႔ဘက္ကမွားေနခဲ့မယ္ဆိုရင္ေတာင္ “ရွင့္ကို သည္းမခံႏိုင္ေတာ့ဘူး” လို႔ ေျပာမယ့္အစား အက်ိဳးသင့္၊ အေၾကာင္းသင့္နဲ႔ ယဥ္ယဥ္ေက်းေက်းေလးရွင္းျပၿပီး ကိုယ္သိခဲ့တဲ့ ေယာက်ာ္းဟာ အခုလိုေျမေခြးတစ္ေကာင္မဟုတ္ခဲ့ေၾကာင္း တစ္ခါေလာက္ေတာ့ အခြင့္အေရးေပး ရွင္းျပျပဳျပင္ေပးၾကည့္ပါ။