သင့်ကားကို ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်း (၁၈) မျိူး
(၁) ခုခေတ်ကားတွေကို ကွန်ပြူတာစနစ်တွေနဲ့ထိန်းထားပါတယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ Ignition စနစ်တွေနဲ့ injection စနစ်တွေလဲ ပါပါတယ်။ တကယ် တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတစ်ယောက်ကို အချိန်ပေးပြီး စစ်ဆေးခိုင်းပါ။(၂) ကား ဆောင့်ထွက်တာဟာ ဖြည်းဖြည်း ထွက်ထားတာထက် ဆီပိုကုန်ပါတယ်။ ကိုယ့်မောင်းတဲ့ စတိုင်ကပြောင်းလဲရုံနဲ့ ဆီချွေတာနိုင်ပါတယ်။ညစ်ပါတ်နေတဲ့ Air filter တစ်ခုဟာ အင်ဂျင်စွမ်းဆောင်ရည် ကျစေပါတယ်။ Air Filter ညစ်ပါတ်နေရင် အလွယ်တကူ သိနိုင်ပြီး လဲရလဲလွယ်ကာ ငွေလဲ သိပ်မကုန်ပါဘူး။(၃) အင်ဂျင်အအေးပေးစနစ် ချို့ယွင်းရင် ယိုနေတဲ့အပိုင်းတွေကို ကြပ်သင့်လျှင်ကြပ်၊ အသစ်လဲသင့် လဲပေးပါ။ ယိုနေတဲ့ နေရာတွေကို သိဖို့ ဖိအားပေးစမ်းသပ်မှု လုပ်နိုင်ပါတယ်။(၄) ကောင်းကောင်းမခုတ်တဲ့ အင်ဂျင်ကို ဆောင်းတွင်းမရောက်ခင် ပြင်ဆင်ပါ။ ဆောင်းရာသီမရောက်ခင် အင်ဂျင်ပြသနာအားလုံး ဖြေရှင်းထားပါ။(၅) Heating Systemကို စစ်ဆေးပါ။ Radiator ကို ယိုနေတာတွေ ရှိမရှိ သေချာစစ်ပါ။ Radiator နဲ့ Heater မူလီခေါင်းတွေ၊ ပိုက်ခေါင်းတွေကိုလဲ လဲသင့်လဲပါ။(၆) Fuse Box ကို တွေ့အောင်ရှာပြီး Fuse တပ်ထားတဲ့ ဆားကစ်တွေနဲ့ ရင်းနှီးမှုရှိအောင် ကြည့်ထားပါ။ အမ်ပီယာတူ ဖြူ့စ်အပိုတွေလဲ ဆောင်ထားပါ။(၇) ဆောင်းတွင်းမှာ ချောဆီ ခဲတတ်ပါတယ်။ ဆီကို သေချာလဲပါ။ ရာသီဥတုနဲ့ သင့်ကားအမျိုးအစားပေါ် မူတည်ပြီး သင့်တော်တဲ့ ဆီကို ထည့်ပါ။ စက်နှိုးရ လွယ်ပါလိမ့်မယ်။(၈) သင့်ရဲ့ လေကာမှန်သုတ်ဆေးရည်ကို သေချာဖြည့်ထားပါ။ ဆောင်းတွင်းနဲ့ မနက်ခင်းစောစောတွေမှာ သင် အများကြီး သုံးရမှာပါ။(၉) သင့်ရဲ့ကားထဲက Transmission,master cylinder, clutch cylinder နဲ့ Washer Solvent Reservoir က အရည်တွေကို အပြည့် ဖြည့်ထားပါ။ ချောဆီလဲပါ။ သင့်ကားထုတ်လုပ်တဲ့ Company မှသတ်မှတ်ထားတဲ့ အချိန်တွေမှာ Filter တွေ လဲပေးပါ။
(၁၀) ဓာတ်ဆီပို့တဲ့စနစ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်တာဟာ သင့်အင်ဂျင်ကို အသစ်တစ်လုံးလို အားပိုကောင်းလာအောင် ပြန်ထည်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဆီစစ် Filter တွေကိုလဲ ဂရုစိုက်ပေးပါ။(၁၁) ဖေဖော်ဝါရီလဟာ သင့်ကားတာယာတွေကို နွေရာသီမရောက်ခင် စစ်ဆေးဖို့ အ ကောင်းဆုံး ရာသီပါ။ တာယာနဲ့ ကားထုတ်လုပ်သူတွေရဲ့ အညွှန်းအတိုင်း လုပ်ဆောင်ပါ။(၁၂) ဘရိတ်တွေဟာ တစ်နှစ်ကို နှစ်ခါ စစ်ဆေးသင့်ပါတယ်။ နွေမရောက်ခင်နဲ့ ဆောင်းမဝင်ခင် ကာ လတွေမှာ စစ်ဆေးသင့်ပါတယ်။(၁၃) သင့်ကား cooling system က coolant အရည်ကို မိုင် သုံးသောင်း၊ ဒါမှမဟုတ် ထုတ်လုပ်သူ သတ်မှတ်ထားတဲ့ ကာလရောက်ရင် ဖြည့်ပါ။(၁၄) ဆီထဲမှာ ထည့်ရတဲ့ Additive တွေဟာ သင့်ကားအင်ဂျင် ကာလရှည် ကြာရှည်ခံဖို့ ကူညီပါတယ်။ ဆီစားနှုန်းလဲ သက်သာစေပြီး အင်ဂျင်စွမ်းဆောင်ရည် တက်စေပါတယ်။(၁၅) အင်ဂျင် coolant ဟာ သင့်အင်ဂျင် Radiator ကို အရမ်းအေးရင် ခဲမသွားဖို့နဲ့ အရမ်းပူရင် အပူလွန်မသွားဖို့ ကူညီပေးပါတယ်။(၁၆) အော်တိုဂီယာဆီ ကို သေချာစစ်ဆေးပါ။ အဲဒါဟာ ဂီယာကြွေခြင်းကို တား ဆီးပေးပြီး ဂျီးမတက်အောင် ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းတွေ ပါပါတယ်။(၁၇) ချောဆီကို သင့်ကားထုတ်လုပ်သူ သတ်မှတ်ထားတဲ့ အမျိုးအစားကို သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း လဲပေးရပါမယ်။(၁၈) ဝိုက်ပါတွေဟာ သုံးချက်ယမ်းတာနဲ့ မှန်တစ်ခုလုံးကို သန့်ရှင်းပေးနိုင်စွမ်း ရှိရပါမယ်။ ဝိုက်ပါတံတွေကို ဆေးလို့ မရရင် အသစ်လဲပါ။
Credit – MoeZac Auto
[zawgyi]