ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ရှေးဟောင်းနယ်မြေတစ်ခု

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထား တဲ့ရွှေဘတောင်၊ နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ရွှေဘတောင်နောင်တချိန် သွားရောက် လေ့ လာလည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့်ရွှေဘတောင်ရွှေဘတောင်မုံရွာတစ်ဘက် ကမ်းဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေးတော်တော်သွားရတယ်။အံသြရပါပေတယ်။ကျွန် တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။ဖိုလ်ဝင်တောင်နဲ့တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသောနွားသိုးတောင်၊ ဖန် ခါးတောင်၊ လင်းနို့တောင်၊ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။ရှေး ဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။မြန်မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်းရွှေဘတောင်မှာရှိတဲ့ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲမြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။ရွှေဘတောင်မှာ နာမည်ကြီး ကျောက် လှေ ကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီးအတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။နောက်ထပ် အထင် ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။

ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီးဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင်ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင်အကြီးကြီးတွင်ကျောက်နံရံများ၊ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီးကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်းမည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင်ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီးအေးသောဓာတ်ရှိပါတယ်။လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသော ကျောက် ဖြစ်ပါတယ်။လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ရှေးဟောင်းလက်ရာကျောင်းဆောင်များအားခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီးမြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။

Credit – မူရင်း

[zawgyi]

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထား တဲ့ရွှေဘတောင်၊ နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေ နှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ရွှေဘတောင်နောင်တချိန် သွားရောက် လေ့လာလည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့်ရွှေဘတောင်ရွှေဘတောင်မုံရွာတစ်ဘက် ကမ်းဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေးတော်တော်သွားရတယ်။အံသြရပါပေတယ်။ကျွန် တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီးအခြားသောနွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။ရှေး ဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။မြန် မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော် လည်းရွှေဘတောင်မှာရှိတဲ့ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။ကျောက် သားနံရံများကို အင်္ဂတေ လုံးဝမပါပဲမြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။ရွှေဘတောင်မှာ နာမည်ကြီး ကျောက် လှေ ကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီးအတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။နောက်ထပ် အထင် ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီးဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင်ကျောက်ထွင်း အနုပညာဆရာ ကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင်အကြီးကြီးတွင်ကျောက်နံရံများ၊ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီးကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်းမည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင်ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီးအေးသောဓာတ်ရှိပါတယ်။လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသော ကျောက် ဖြစ်ပါတယ်။လူသွားလမ်းများ၊ သာသနာ ကျောင်း ဆောင်များ၊ ဘုရားများစေတီများ၊ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ရှေးဟောင်းလက်ရာကျောင်းဆောင်များအားခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီးမြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။