အလူမီနီယံသတ္တုပြားရဲ့ လူသိနည်းသော အသုံးဝင်မှုများ

အစားအစာတွေ လတ်ဆတ်နေအောင်ထုတ်ပိုးတဲ့အခါ၊ ဆံပင်ပုံကျအောင်လုပ်တဲ့အခါ အလူမီနီယံသတ္တုပြားကို သုံးဖြစ်ကြပါတယ်။ အဲဒါတွေအပြင် အလူမီနီယံသတ္တုပြားက ကျွန်တော်တို့ မထင်ထားလောက်အောင် အခြားအရာတွေအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ အလူမီနီယံသတ္တုပြားက နောက်ထပ်ဘယ်လိုနေရာတွေမှာ အသုံးဝင်သေးလည်းဆိုတာကို လူသိပ်မသိကြတာများပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ သိရှိသွားအောင် ဗဟုသုတအဖြစ် ဖော်ပြပေးချင်ပါတယ်။(၁) ခြေထောက်ကိုက်ခဲတာ၊ နာကျင်တာတွေကို ကုသဖို့အတွက် သင့်ခြေထောက်ကို အလူမီနီယံသတ္တုပြားနဲ့ ထွေးပတ်ထားလို့ရပါတယ်။

အဲဒါရဲ့ဓာတုအစိတ်အပိုင်းတွေက သင့်ခန္ဓာကိုယ်ရဲ့စွမ်းအားကို ထိန်းညှိပေးဖို့ကူညီပေးသလို နာကျင်မှုကို အလျင်အမြန်ပျောက်ကင်းအောင်လည်း ကူညီပေးပါတယ်။(၂) သံချေးတတ်တာကိုလည်း အလူမီနီယံသတ္တုပြားကို သုံးပြီး ဖယ်ရှားလိုက်မယ်ဆိုရင် သန့်စင်သွားအောင် ကူညီပေးနိုင်ပါတယ်။(၃) အခန်းအနွေးပေး ရေနွေးပိုက်စနစ်နောက်မှာ သတ္တုပြားကို ထားမယ်ဆိုရင် သင့်အိမ်ကို အနွေးဓာတ်ရစေပါတယ်။(၄) ကော်ဖီဗူးကို အလူမီနီယံသတ္တုပြားနဲ့ ပတ်ထားမယ်ဆိုရင် ကော်ဖီကို နွေးနွေးလေးဖြစ်နေစေပါတယ်။(၅) ကတ်ကြေးအဟောင်းတွေ အသွားထက်ဖို့အတွက် အလူမီနီယံသတ္တုပြားကို အသုံးပြုလို့ရပါတယ်။(၆) သတ္တုပြားကို အလုံးလေးတွေဖြစ်အောင်လိပ်ပြီး အဝတ်အခြောက်ခံစက်ထဲကို ထည့်ထားလိုက်ပါ။ အလူမီနီယံသတ္တုလုံးတွေက အဝတ်အစားတွေကို မြန်မြန်ခြောက်သွေ့သွားအောင် ကူညီပေးပါတယ်။

WL (ရိုးရာလေး) အား Credit ပေးပါတယ်

[zawgyi]

အစားအစာေတြ လတ္ဆတ္ေနေအာင္ထုတ္ပိုးတဲ့အခါ၊ ဆံပင္ပုံက်ေအာင္လုပ္တဲ့အခါ အလူမီနီယံသတၱဳျပားကို သုံးျဖစ္ၾကပါတယ္။ အဲဒါေတြအျပင္ အလူမီနီယံသတၱဳျပားက ကြၽန္ေတာ္တို႔ မထင္ထားေလာက္ေအာင္ အျခားအရာေတြအတြက္လည္း အေတာ္ေလးအသုံးဝင္ပါတယ္။ အလူမီနီယံသတၱဳျပားက ေနာက္ထပ္ဘယ္လိုေနရာေတြမွာ အသုံးဝင္ေသးလည္းဆိုတာကို လူသိပ္မသိၾကတာမ်ားပါတယ္။ ဒါေၾကာင့္ စာဖတ္ပရိသတ္ေတြ သိရွိသြားေအာင္ ဗဟုသုတအျဖစ္ ေဖာ္ျပေပးခ်င္ပါတယ္။(၁) ေျခေထာက္ကိုက္ခဲတာ၊ နာက်င္တာေတြကို ကုသဖို႔အတြက္ သင့္ေျခေထာက္ကို အလူမီနီယံသတၱဳျပားနဲ႔ ေထြးပတ္ထားလို႔ရပါတယ္။အဲဒါရဲ႕ဓာတုအစိတ္အပိုင္းေတြက သင့္ခႏၶာကိုယ္ရဲ႕စြမ္းအားကို ထိန္းညႇိေပးဖို႔ကူညီေပးသလို နာက်င္မႈကို အလ်င္အျမန္ေပ်ာက္ကင္းေအာင္လည္း ကူညီေပးပါတယ္။(၂) သံေခ်းတတ္တာကိုလည္း အလူမီနီယံသတၱဳျပားကို သုံးၿပီး ဖယ္ရွားလိုက္မယ္ဆိုရင္ သန႔္စင္သြားေအာင္ ကူညီေပးႏိုင္ပါတယ္။(၃) အခန္းအေႏြးေပး ေရေႏြးပိုက္စနစ္ေနာက္မွာ သတၱဳျပားကို ထားမယ္ဆိုရင္ သင့္အိမ္ကို အေႏြးဓာတ္ရေစပါတယ္။(၄) ေကာ္ဖီဗူးကို အလူမီနီယံသတၱဳျပားနဲ႔ ပတ္ထားမယ္ဆိုရင္ ေကာ္ဖီကို ေႏြးေႏြးေလးျဖစ္ေနေစပါတယ္။(၅) ကတ္ေၾကးအေဟာင္းေတြ အသြားထက္ဖို႔အတြက္ အလူမီနီယံသတၱဳျပားကို အသုံးျပဳလို႔ရပါတယ္။(၆) သတၱဳျပားကို အလုံးေလးေတြျဖစ္ေအာင္လိပ္ၿပီး အဝတ္အေျခာက္ခံစက္ထဲကို ထည့္ထားလိုက္ပါ။ အလူမီနီယံသတၱဳလုံးေတြက အဝတ္အစားေတြကို ျမန္ျမန္ေျခာက္ေသြ႕သြားေအာင္ ကူညီေပးပါတယ္။