မပေါင်းသင်းအပ်တဲ့ ဂဏန်းနဲ့တူသော လူသုံးမျိုး

(၁) အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ။ (၂) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ။(၃) တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။တစ်ခါက လူငယ်တစ်ယောက် ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကိုတအံံ့တသြံ ဖြစ်ခဲ့ဘူးတယ်။ဒီကောင်းလေးက “အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။လူကြီးက “ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။

ဂဏန်းတွေ ဆိုတာ ထွက်ပေါက် တစ်ခုရလို့ တစ်ကောင်ကစတက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် လိုက်တက်တယ်။ လုတက်တယ် ဆိုကတည်းကအောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ်ယူ ပစ်တယ် ဆွဲချပစ်တယ်။တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင်က ဆွဲချနေကြ ပါရော။ဒါကြောင့် တစ်ကောင်မှ ထွက်မလာနိုင်ဘူး။ ပလိုင်းဖုံးကို အေးဆေး ဖွင့်ထားနိုင်တယ် ငါ့ညီ။ ဂဏန်း ဆိုတဲ့ အမျိုးဟာသူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် –“ဆွဲချ” နေရာမှာ အင်မတန် သန်ကြတယ်။”စာဖတ်မိတ်ဆွေတွေအားလုံးကိုလည်း မိမိကိုယ်ရော တစ်ပါးသူကိုရော ကောင်းကျိုးမပေးတဲ့ ဂဏန်းလို မဖြစ်ကြဖို့၊ထိုလူမျိုး မတွေ့ဆုံကြဖို့ကိုပါ ဆုတောင်းပေး လိုက်ပါ တယ်။

Credit to – Internet [Lily]

[zawgyi]

(၁) အလိုက္သင့္ေပါင္းၿပီး အတြင္းက်ိတ္ မေကာင္းႀကံေလသူ။ (၂) ရလွ်င္တစ္မ်ိဳး မရလွ်င္တစ္မ်ိဳး ေျပာင္းလဲဆက္ဆံတတ္သူ။(၃) တစ္ဖက္သားကို ေခ်ာက္တြန္းၿပီးမွ မိမိေကာင္းစားေရးကို လုပ္ေဆာင္တတ္သူ ထိုသူေတြက ဂဏန္းနဲတူတဲ့ လူေတြျဖစ္တယ္။ဂဏန္းေတြဟာ သူတို႔ကိုယ္တိုင္သာ အေပၚမေရာက္ဘဲရွိမယ္ “ဆြဲခ်” တဲ့ေနရာမွာ အင္မတန္ အားသန္ၾကပါတယ္။တစ္ခါက လူငယ္တစ္ေယာက္ ကမ္းေျခတစ္ခုကို သြားရင္ အဖုံးမပါတဲ့ ပလိုင္းနဲ႔ ဂဏန္းေကာက္ေနတဲ့လူႀကီး တစ္ေယာက္ကိုတအံံ့တႀသံ ျဖစ္ခဲ့ဘူးတယ္။ဒီေကာင္းေလးက “အကိုႀကီး၊ ခင္ဗ်ား ပလိုင္းေပါက္နဲ႔ဖားေကာက္တယ္ ဆိုတဲ့ စကားပုံလို၊အဖုံးမပါ ဟာလာဟင္းလင္း ပလိုင္းႀကီးနဲ႔ ဂဏန္းေတြ လိုက္ေကာက္ေနရသလား၊ ထြက္ မက် ကုန္ဘူးလား”လို႔ ေျပာတယ္။လူႀကီးက “ညီ။ မင္း ဂဏန္းေတြ အေၾကာင္း မသိပဲကိုးကြ။ဂဏန္းေတြ ဆိုတာ ထြက္ေပါက္ တစ္ခုရလို႔ တစ္ေကာင္ကစတက္ရင္ ေနာက္ တစ္ေကာင္ ကလည္း လိုက္ၿပီး အလုအယက္ လိုက္တက္တယ္။ လုတက္တယ္ ဆိုကတည္းကေအာက္တစ္ေကာင္က အေပၚ တစ္ေကာင္ကို သူ႔လက္ေတြနဲ႔ ခ်ိတ္ယူ ပစ္တယ္ ဆြဲခ်ပစ္တယ္။တစ္ေကာင္နဲ႔ တစ္ေကာင္ တက္ရင္း၊ ခ်ိတ္ရင္း ႀကိဳးပမ္းရင္းက တစ္ေကာင္ ကို တစ္ေကာင္က ဆြဲခ်ေနၾက ပါေရာ။ဒါေၾကာင့္ တစ္ေကာင္မွ ထြက္မလာႏိုင္ဘူး။ ပလိုင္းဖုံးကို ေအးေဆး ဖြင့္ထားႏိုင္တယ္ ငါ့ညီ။ ဂဏန္း ဆိုတဲ့ အမ်ိဳးဟာသူတို႔ ကိုယ္တိုင္သာ အေပၚမေရာက္ဘဲ ရွိမယ္ –“ဆြဲခ်” ေနရာမွာ အင္မတန္ သန္ၾကတယ္။”စာဖတ္မိတ္ေဆြေတြအားလုံးကိုလည္း မိမိကိုယ္ေရာ တစ္ပါးသူကိုေရာ ေကာင္းက်ိဳးမေပးတဲ့ ဂဏန္းလို မျဖစ္ၾကဖို႔၊ထိုလူမ်ိဳး မေတြ႕ဆုံၾကဖို႔ကိုပါ ဆုေတာင္းေပး လိုက္ပါ တယ္။