လယ်သမားကြီးလိုလည်း ဝက်မမွေးနဲ့..

တခါတုန်းက လယ်သမားကြီး တယောက်ဟာ ဈေးထဲက ဝက်ကလေး တကောင် ဝယ်လာတယ်။ အိမ်ရောက်တော့ အိမ်ခြံဝင်းထဲမှာ လွှတ်ထားလိုက်တယ်။ဝက်ကို စာကြွင်းစားကျန် ကျွေးတယ်။ ပြီးတော့ ဝက်က ထွက်တဲ့ မစင်ကို ခြံထဲက သစ်ပင်တွေ ခြေရင်းမှာ ပုံလိုက်တယ်။ မြေဩဇာ ဖြစ်သွားတယ်။ကုန်ကျစရိတ် မရှိသလောက်နဲ့ ဝက်က ကြီးလာတယ်။ ရောင်းလိုက်တော့ အမြတ်တွေ အများကြီး ရတယ်။ဟုတ်ပြီကွ ဆိုပြီး လယ်သမားကြီးက ဝက်ကလေး ၁၀ ကောင် ဝယ်လိုက်တယ်။ အဲဒီမှာ ဂျွမ်းပစ်တာပဲ။ဝက် ၁၀ ကောင်ကို စားကြွင်း စားကျန် ကျွေးလို့ မရဘူးလေ။ ဝက် ၁၀ ကောင်က ထွက်တဲ့ မစင်က အများကြီး။

ဝက်တွေက ဆူလို့ အိမ်နားနီးချင်းတွေက သူကြီးကို တိုင်။ နောက်ဆုံး ဝက်တကောင် ရောဂါ ဖြစ်ရာကနေ ဝက် ၁၀ ကောင်လုံး ရောဂါ ဖြစ်ပြီး သေကုန်ရော။လုပ်ငန်းတခုကို တနိုင်တပိုင် အောင်မြင်အောင် လုပ်ရတာ လွယ်ပါတယ်။ တနိုင်တပိုင် ကနေ လုပ်ငန်းကြီး ချဲ့တော့မယ် ဆိုရင် စနစ် လိုပါတယ်။ ပုံစံတွေ ပြောင်းရပါမယ်။ လုပ်နည်း လုပ်ဟန်တွေ ပြောင်းရပါမယ်။ဝက်တကောင် မွေးတုန်းက နည်းတွေနဲ့ ဝက် ၁၀ ကောင် မွေးဖို့ မဖြစ်နိုင်ပါဘူး။

Credit – မူရင်း

[zawgyi]

တခါတုန္းက လယ္သမားႀကီး တေယာက္ဟာ ေဈးထဲက ဝက္ကေလး တေကာင္ ဝယ္လာတယ္။ အိမ္ေရာက္ေတာ့ အိမ္ၿခံဝင္းထဲမွာ လႊတ္ထားလိုက္တယ္။ဝက္ကို စာႂကြင္းစားက်န္ ေကြၽးတယ္။ ၿပီးေတာ့ ဝက္က ထြက္တဲ့ မစင္ကို ၿခံထဲက သစ္ပင္ေတြ ေျခရင္းမွာ ပုံလိုက္တယ္။ ေျမဩဇာ ျဖစ္သြားတယ္။ကုန္က်စရိတ္ မရွိသေလာက္နဲ႔ ဝက္က ႀကီးလာတယ္။ ေရာင္းလိုက္ေတာ့ အျမတ္ေတြ အမ်ားႀကီး ရတယ္။ဟုတ္ၿပီကြ ဆိုၿပီး လယ္သမားႀကီးက ဝက္ကေလး ၁၀ ေကာင္ ဝယ္လိုက္တယ္။ အဲဒီမွာ ဂြၽမ္းပစ္တာပဲ။ဝက္ ၁၀ ေကာင္ကို စားႂကြင္း စားက်န္ ေကြၽးလို႔ မရဘူးေလ။ ဝက္ ၁၀ ေကာင္က ထြက္တဲ့ မစင္က အမ်ားႀကီး။ဝက္ေတြက ဆူလို႔ အိမ္နားနီးခ်င္းေတြက သူႀကီးကို တိုင္။ ေနာက္ဆုံး ဝက္တေကာင္ ေရာဂါ ျဖစ္ရာကေန ဝက္ ၁၀ ေကာင္လုံး ေရာဂါ ျဖစ္ၿပီး ေသကုန္ေရာ။လုပ္ငန္းတခုကို တႏိုင္တပိုင္ ေအာင္ျမင္ေအာင္ လုပ္ရတာ လြယ္ပါတယ္။ တႏိုင္တပိုင္ ကေန လုပ္ငန္းႀကီး ခ်ဲ႕ေတာ့မယ္ ဆိုရင္ စနစ္ လိုပါတယ္။ ပုံစံေတြ ေျပာင္းရပါမယ္။ လုပ္နည္း လုပ္ဟန္ေတြ ေျပာင္းရပါမယ္။ဝက္တေကာင္ ေမြးတုန္းက နည္းေတြနဲ႔ ဝက္ ၁၀ ေကာင္ ေမြးဖို႔ မျဖစ္ႏိုင္ပါဘူး။