ရေစစ် သုံးခု

တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့တပည့်တစ်ယောက်ကသတင်းတစ်ခုကြားလို့သူ့ကို လာပြောသတဲ့ ။လာပြောတဲ့ သူ့တပည့်ကိုဆိုကရေးတီး(စ်)ကပြန်ပြောလိုက်တာလေးကိုမှတ်သားသင့်လို့ပါ ။”ဆရာ..ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကိုကျွန်တော်အခုပဲ ကြားလာတယ်”” နေဦး ငါ့ကိုမပြောခင် မင်းစကားဟာရေစစ်သုံးခုကို ဖြတ်နိုင်မဖြတ်နိုင်အရင်စစ်ရမယ်””ဘယ်လို ရေစစ်သုံးခုလည်းဆရာ””ပထမ ရေစစ်နာ မည်က အမှန်တရားတဲ့။မင်းပြောတဲ့ စကားလုံးကလုံးဝရာခိုင်နှုန်းပြည့်အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲ ထည့်ရမယ်။မင်းပြောတဲ့ စ ကားလုံးဟာ လုံးဝအမှန်ဖြစ်တယ်လို့ မင်း ရာနှုန်းပြည့်တာဝန်ယူနိုင်လား””ကျွန်တော်လည်းသူများဆီက ကြားလာတာဖြစ်လို့ ရာနှုန်းပြည့် မသေချာပါဘူးဆရာ””အေး ကောင်းပြီ ။ဒုတိယရေစစ်နဲ့ စစ်ရအောင်””ဒုတိယေရစစ်ဆိုတာ ဘာလဲဆရာ””ဒုတိယ ရေစစ်နာမည်က ကောင်း ကျိုးတဲ့။

မင်း အခုပြောမဲ့စကားကကောင်းကျိုးကိုဖြစ်စေမှာလား “”မကောင်းတာဘဲဖြစ်ဖို့ များပါတယ်ဆရာ””ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်း မမှန်ဘူး မကောင်းတာလည်းဖြစ်ဖို့များတယ်ပေါ့ “”ဟုတ်ပါတယ်ဆရာ”” အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် “”ဘာရေစစ်လည်း ဆရာ”” အဲဒီရေစစ်နံမည်က”အသုံးဝင်မှု”တဲ့။မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား” အမ်… သိပ်မသေ ချာဘူးဆရာ “” ဒါဆို မင်းငါ့ကိုလာပြောမယ့်ဟာကမှန်လည်းမမှန်ဘူး။မကောင်းတာလည် းဖြစ်ဖို့များတယ်။ပြီးတော့ အသုံးဝင်ဖို့လည်း သိပ်မသေချာဘူးဆိုရင် ငါ့ကိုဘာဖြစ်လို့ လာပြောချင် ရတာလဲ ” တဲ့။မီးခိုးဆိုတာ မီးရှို့သူ ရှိမှထွက်ပါတယ် ။မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။အတင်းအဖျင်းစကား တောင်စဉ် ရေမရအဓိပ္ပါယ်မရှိတဲ့စကားတွေကိုနားလည်း မထောင်ပါနဲ့ ။လက် ဆင့်ကမ်းတဲ့သူလည်းမဖြစ်ပါစေနဲ့တဲ့။

Credit – မူရင်း

[zawgyi]

တေန႔မွာေတာ့ ဆိုကေရးတီး(စ္)ရဲ႕တပည့္တစ္ေယာက္ကသတင္းတစ္ခုၾကားလို႔သူ႔ကို လာေျပာသတဲ့ ။လာေျပာတဲ့ သူ႔တပည့္ကိုဆိုကေရးတီး(စ္)ကျပန္ေျပာလိုက္တာေလးကိုမွတ္သားသင့္လို႔ပါ ။”ဆရာ..ဆရာ့သူငယ္ခ်င္းရဲ႕သတင္းတစ္ခုကိုကြၽန္ေတာ္အခုပဲ ၾကားလာတယ္”” ေနဦး ငါ့ကိုမေျပာခင္ မင္းစကားဟာေရစစ္သုံးခုကို ျဖတ္ႏိုင္မျဖတ္ႏိုင္အရင္စစ္ရမယ္””ဘယ္လို ေရစစ္သုံးခုလည္းဆရာ””ပထမ ေရစစ္နာ မည္က အမွန္တရားတဲ့။မင္းေျပာတဲ့ စကားလုံးကလုံးဝရာခိုင္ႏႈန္းျပည့္အမွန္ျဖစ္မျဖစ္ဆိုတာ ပထမေရစစ္ထဲ ထည့္ရမယ္။မင္းေျပာတဲ့ စ ကားလုံးဟာ လုံးဝအမွန္ျဖစ္တယ္လို႔ မင္း ရာႏႈန္းျပည့္တာဝန္ယူႏိုင္လား””ကြၽန္ေတာ္လည္းသူမ်ားဆီက ၾကားလာတာျဖစ္လို႔ ရာႏႈန္းျပည့္ မေသခ်ာပါဘူးဆရာ””ေအး ေကာင္းၿပီ ။ဒုတိယေရစစ္နဲ႔ စစ္ရေအာင္””ဒုတိေယရစစ္ဆိုတာ ဘာလဲဆရာ””ဒုတိယ ေရစစ္နာမည္က ေကာင္း က်ိဳးတဲ့။မင္း အခုေျပာမဲ့စကားကေကာင္းက်ိဳးကိုျဖစ္ေစမွာလား “”မေကာင္းတာဘဲျဖစ္ဖို႔ မ်ားပါတယ္ဆရာ””ဒါဆို မင္းေျပာတဲ့စကားလုံးက မွန္လည္း မမွန္ဘူး မေကာင္းတာလည္းျဖစ္ဖို႔မ်ားတယ္ေပါ့ “”ဟုတ္ပါတယ္ဆရာ”” ေအး ေနာက္ဆုံးက်န္တဲ့ေရစစ္ထဲ ထည့္ၾကည့္ရေအာင္ “”ဘာေရစစ္လည္း ဆရာ”” အဲဒီေရစစ္နံမည္က”အသုံးဝင္မႈ”တဲ့။မင္း ငါ့ကို ေျပာမဲ့စကားက အသုံးဝင္မႈျဖစ္ေစမွာလား” အမ္… သိပ္မေသ ခ်ာဘူးဆရာ “” ဒါဆို မင္းငါ့ကိုလာေျပာမယ့္ဟာကမွန္လည္းမမွန္ဘူး။မေကာင္းတာလည္ းျဖစ္ဖို႔မ်ားတယ္။ၿပီးေတာ့ အသုံးဝင္ဖို႔လည္း သိပ္မေသခ်ာဘူးဆိုရင္ ငါ့ကိုဘာျဖစ္လို႔ လာေျပာခ်င္ ရတာလဲ ” တဲ့။မီးခိုးဆိုတာ မီးရႈိ႕သူ ရွိမွထြက္ပါတယ္ ။မီးေမႊးတဲ့လူ မျဖစ္ၾကပါေစနဲ႔။မီးျငႇိမ္းတဲ့သူပဲ ျဖစ္ၾကပါေစ။အတင္းအဖ်င္းစကား ေတာင္စဥ္ ေရမရအဓိပၸါယ္မရွိတဲ့စကားေတြကိုနားလည္း မေထာင္ပါနဲ႔ ။လက္ ဆင့္ကမ္းတဲ့သူလည္းမျဖစ္ပါေစနဲ႔တဲ့။