သူ့နေရာနဲ့ သူ

တစ်ခါတုန်းက မြို့တစ်မြို့မှာသူတောင်းစားလေးတစ်ယောက်ရှိတယ်။သူတောင်းလို့ရတဲ့ မုန့်ပဲသရေစာကို မြို့စျေးရဲ့ ပလက်ဖောင်း လေးမှာ စားလေ့ရှိတယ်။ဒါကို စျေးသူ စျေးသား စျေးဝယ်လာသူတွေအားလုံးသိတယ်။ ဘယ်သူကမှ ဂရုတစိုက်ရှိမနေဘူး။တစ်နေ့ကြတော့ ပိုက်ဆံချမ်းသာတဲ့ မိသားစုတစ္စုက သူ့တို့ကလေးနဲ့ မတော်တော့တဲ့အဝတ်တချို့ကို သူတောင်းစားလေးဝတ်ဖို့ပေးလိုက်တယ်။သူတောင်းစား လေးကလည်း နေ့စဉ်ရက်မျှ နဂိုအတိုင်း ဝတ်မြဲ အစုတ်အပြဲတွေနဲ့ပဲတောင်းစားတယ်။အရင်နေရာမှာသာ ထမင်း အမြဲစားတယ်။ဒါကို သတိထားမိတဲ့တစ်ရက်မှာ အဝတ်တွေစွန့်ကြဲလိုက်တဲ့ သူဌေးကခေါ်မေးတယ်။မင်းကိုဝတ်စေချင်လို့ ပေးလိုက်တဲ့အဝတ်တွေ ဘာလို့ မဝတ်တာလဲ ကလေး..?မင်းရောင်းစားလိုက်တာလား..?မင်းကိုပေးလိုက်တာမင်း ပိုင်တယ်ဆိုပေမယ့်မင်းကို နွေးထွေးစေချင်လို့ဝတ်စေချင်လို့..မင်း အဲ့လို တစ်ခါသုံးစိတ်ဓာတ်ရှိရင်..မင်းကို တကူးတက ပေးနေစရာမလိုဘူးလေ “ဟုတ်ကဲ့ ဦး.. ပေးကမ်းတာကိုလည်းကျေးဇူးတင်ပါတယ်။ဦးပေးတဲ့ အဝတ်တွေကိုလည်းသားမရောင်းစားပါဘူး။ညဆို ဝတ်အိပ်ပါတယ်။

ညဘက်တွေ အေးစိမ့်လာတိုင်း ကျွန်တော့်ကို နွေးထွေးစေတဲ့အဝတ်အကောင်းတွေကိုဝတ်တိုင်း ဦးတို့ကို ဆုတောင်းပေးနေမိတယ်..။”ဒါဆို ဘာလို့ နေ့တိုင်းအစုတ်ကိုဝတ်နေတာလဲ..? “ဦးရယ်သားက သူတောင်းစားလေ “လယ်သာဂျာကင်ကိုဝတ် ဂျင်းဘောင်းဘီလှလှလေးနဲ့ သနားကြပါဆိုပြီးတောင်းနေရင် ဘယ်သူကယုံကြည်စွာ..ပေးကမ်းမှာလဲ..? “ကျွန်တော်လို သူတောင်းစားလမ်းဘေးမှာ ထမင်းထုတ်ဖြေစားတာမထူးဆန်းပါဘူး..သူဌေးသားတစ်ယောက်လမ်းဘေးမှာ ထမင်းထုတ်ဖြေစားရင် ထူးဆန်းသွားကြတယ် “ဦးရဲ့ စေတနာ ကိုနားလည်ခံစားမိပေမယ့်..ကျွန်တော့်ရပ်တည်မှုဘဝကံတရားကို မတွန်းလှန်နိုင်ချိန်မှာ အဝတ်စုတ်က ထမင်းရှင်ဖြစ်နေတာမို့ဦးရဲ့ ကျေးဇူးကို ရင်ထဲကသာဆပ်နေခွင့်ပြုပါ ဦးရယ်.. “ဘဝဆိုတာ သူ့နေရာနဲ့သူဖြတ်သန်းနေကြရတာ..ကိုယ့်ရဲ့အမှန်တရားကလည်း ဆန့်ကျင်ဖက်ဖြတ်သန်းနေရသူအတွက်အမှန်တရားမဖြစ်နိုင်ဘူး။တစ်ခါတစ်လေ ကိုယ်ကပေးအပ်ပြီးကိုယ်ကရှုံးနိမ့်တာတွေရှိတယ်။တစ်ခါတလေ ကိုယ့်ကရယူလိုက်ပြီး ရှုံးနိမ့်တာတွေရှိတယ်။တကယ်တော့ အနိုင်အရှုံးဆိုတာကိုယ်က သတ်မှတ်တာ..ရယူခြင်း ၊ ပေးအပ်ခြင်းဆိုတာနှလုံးသားက သတ်မှတ်တာပါ ။ အတွေးတစ်ခုခုရကြပါစေ..။

Credit..phoo myat chal

[zawgyi]

တစ္ခါတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာသူေတာင္းစားေလးတစ္ေယာက္ရွိတယ္။သူေတာင္းလို႔ရတဲ့ မုန႔္ပဲသေရစာကို ၿမိဳ႕ေစ်းရဲ႕ ပလက္ေဖာင္း ေလးမွာ စားေလ့ရွိတယ္။ဒါကို ေစ်းသူ ေစ်းသား ေစ်းဝယ္လာသူေတြအားလုံးသိတယ္။ ဘယ္သူကမွ ဂ႐ုတစိုက္ရွိမေနဘူး။တစ္ေန႔ၾကေတာ့ ပိုက္ဆံခ်မ္းသာတဲ့ မိသားစုတစၥဳက သူ႔တို႔ကေလးနဲ႔ မေတာ္ေတာ့တဲ့အဝတ္တခ်ိဳ႕ကို သူေတာင္းစားေလးဝတ္ဖို႔ေပးလိုက္တယ္။သူေတာင္းစား ေလးကလည္း ေန႔စဥ္ရက္မွ် နဂိုအတိုင္း ဝတ္ၿမဲ အစုတ္အၿပဲေတြနဲ႔ပဲေတာင္းစားတယ္။အရင္ေနရာမွာသာ ထမင္း အၿမဲစားတယ္။ဒါကို သတိထားမိတဲ့တစ္ရက္မွာ အဝတ္ေတြစြန႔္ႀကဲလိုက္တဲ့ သူေဌးကေခၚေမးတယ္။မင္းကိုဝတ္ေစခ်င္လို႔ ေပးလိုက္တဲ့အဝတ္ေတြ ဘာလို႔ မဝတ္တာလဲ ကေလး..?မင္းေရာင္းစားလိုက္တာလား..?မင္းကိုေပးလိုက္တာမင္း ပိုင္တယ္ဆိုေပမယ့္မင္းကို ေႏြးေထြးေစခ်င္လို႔ဝတ္ေစခ်င္လို႔..မင္း အဲ့လို တစ္ခါသုံးစိတ္ဓာတ္ရွိရင္..မင္းကို တကူးတက ေပးေနစရာမလိုဘူးေလ “ဟုတ္ကဲ့ ဦး.. ေပးကမ္းတာကိုလည္းေက်းဇူးတင္ပါတယ္။ဦးေပးတဲ့ အဝတ္ေတြကိုလည္းသားမေရာင္းစားပါဘူး။ညဆို ဝတ္အိပ္ပါတယ္။ညဘက္ေတြ ေအးစိမ့္လာတိုင္း ကြၽန္ေတာ့္ကို ေႏြးေထြးေစတဲ့အဝတ္အေကာင္းေတြကိုဝတ္တိုင္း ဦးတို႔ကို ဆုေတာင္းေပးေနမိတယ္..။”ဒါဆို ဘာလို႔ ေန႔တိုင္းအစုတ္ကိုဝတ္ေနတာလဲ..? “ဦးရယ္သားက သူေတာင္းစားေလ “လယ္သာဂ်ာကင္ကိုဝတ္ ဂ်င္းေဘာင္းဘီလွလွေလးနဲ႔ သနားၾကပါဆိုၿပီးေတာင္းေနရင္ ဘယ္သူကယုံၾကည္စြာ..ေပးကမ္းမွာလဲ..? “ကြၽန္ေတာ္လို သူေတာင္းစားလမ္းေဘးမွာ ထမင္းထုတ္ေျဖစားတာမထူးဆန္းပါဘူး..သူေဌးသားတစ္ေယာက္လမ္းေဘးမွာ ထမင္းထုတ္ေျဖစားရင္ ထူးဆန္းသြားၾကတယ္ “ဦးရဲ႕ ေစတနာ ကိုနားလည္ခံစားမိေပမယ့္..ကြၽန္ေတာ့္ရပ္တည္မႈဘဝကံတရားကို မတြန္းလွန္ႏိုင္ခ်ိန္မွာ အဝတ္စုတ္က ထမင္းရွင္ျဖစ္ေနတာမို႔ဦးရဲ႕ ေက်းဇူးကို ရင္ထဲကသာဆပ္ေနခြင့္ျပဳပါ ဦးရယ္.. “ဘဝဆိုတာ သူ႔ေနရာနဲ႔သူျဖတ္သန္းေနၾကရတာ..ကိုယ့္ရဲ႕အမွန္တရားကလည္း ဆန႔္က်င္ဖက္ျဖတ္သန္းေနရသူအတြက္အမွန္တရားမျဖစ္ႏိုင္ဘူး။တစ္ခါတစ္ေလ ကိုယ္ကေပးအပ္ၿပီးကိုယ္ကရႈံးနိမ့္တာေတြရွိတယ္။တစ္ခါတေလ ကိုယ့္ကရယူလိုက္ၿပီး ရႈံးနိမ့္တာေတြရွိတယ္။တကယ္ေတာ့ အႏိုင္အရႈံးဆိုတာကိုယ္က သတ္မွတ္တာ..ရယူျခင္း ၊ ေပးအပ္ျခင္းဆိုတာႏွလုံးသားက သတ္မွတ္တာပါ ။ အေတြးတစ္ခုခုရၾကပါေစ..။