ကလေးရဲ့ မေးခွန်း အဖိုးမဖြေနိုင်

အခုခေတ် ကလေးတွေဟာ လူကြီးတွေထက် ဦးနှောက်ဥာဏ်ထက်မြက်ကြတယ်ဆိုတာကို ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။တစ်ညမှာ ကျွန်တော်ဟာ သူငယ်ချင်းအိမ်ကို သွားလည်ပါတယ်။ ကံဆိုးချင်တော့ သူနေတဲ့ ရပ်ကွက်မှာ မီးပျက်နေလို့ သူ့အိမ်မှာလည်း မီးပျက်နေပါတယ်။ သူငယ်ချင်းက အိမ်နောက်ဖက်မှာ ထမင်းစားနေလို့ ကျွန်တော့်ကို အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်စောင့်ခိုင်းထားတယ်။ သူ့မြေးလေးကို ကျွန်တော်ထိုင်နေတဲ့ စားပွဲမှာ ဖယောင်းတိုင်ထွန်းခိုင်းလိုက်တာကို ကြားလိုက်ရတယ်။သူ့မြေးလေးဟာ ကျွန်တော့်စားပွဲမှာ မီးခြစ်နဲ့ ဖယောင်းတိုင် ထွန်းပေးလိုက်လို့ စားပွဲနေရာမှာ အတန်ငယ် လင်းသွားပါတယ်။ ကလေးလေးဟာ အသက် ၆ နှစ်လောက်ရှိပြီး ချစ်စရာကောင်းပါတယ်။ကျွန်တော်က သူ့ကို စနောက်ချင်လို့ ခုလို ပြောလိုက်ပါတယ်။“မြေးလေး၊ အခု ဒီဖယောင်းတိုင်က မီးဟာ ဘယ်က လာတာလဲ”ကလေးဟာ ရုတ်တရက် စဉ်းစားနေလိုက်တယ်။

သူ မဖြေနိုင်ဘဲ စဉ်းစားနေတာကို ကြည့်ပြီး ကျွန်တော် သဘောကျနေမိတယ်။ ရုတ်တရက် သူဟာ ဖယောင်းတိုင်မီးကို ပါးစပ်နဲ့ မှုတ်လိုက်တယ်။ အခန်းဟာ ပြန်မှောင်သွားတယ်။ကလေးက ကျွန်တော့်ကို ခုလို ပြန်ပြောပါတယ်။“ဖိုးလေး၊ အခု မီးဟာ ဘယ်ကို ပြန်သွားသလဲ။ မီးဟာ လာတဲ့ နေရာကို ပြန်သွားတာမို့ ပြန်သွားတဲ့ နေရာကို သိရင် လာတဲ့နေရာကို သိနိုင်ပါတယ်”ကျွန်တော် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားပါတယ်။ပညာတွေ တတ်တယ်၊ အတွေ့အကြုံတွေ အများကြီး ရှိတယ်ဆိုပြီး ဆရာကြီးလုပ်နေတဲ့ ကျွန်တော်ဟာ ၆ နှစ်သားက လေးရဲ့ တန်ပြန်မေးခွန်းကို ဖြေနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့်မို့ လူငယ်တွေဟာ လူကြီးတွေလောက် မတော်ဘူး၊ မသာဘူးလို့ ပြောကြတာ မှန်ပါ့မလား။ကဲ မိတ်ဆွေတို့လည်း သူ့မေးခွန်းကို ဖြေနိုင်ရဲ့လား။

Credit – ဗန်းမော်သိန်းဖေ

[zawgyi]

အခုေခတ္ ကေလးေတြဟာ လူႀကီးေတြထက္ ဦးေႏွာက္ဥာဏ္ထက္ျမက္ၾကတယ္ဆိုတာကို ကိုယ္ေတြ႕အျဖစ္အပ်က္ေလးတစ္ခုနဲ႔ ေျပာျပခ်င္ပါတယ္။တစ္ညမွာ ကြၽန္ေတာ္ဟာ သူငယ္ခ်င္းအိမ္ကို သြားလည္ပါတယ္။ ကံဆိုးခ်င္ေတာ့ သူေနတဲ့ ရပ္ကြက္မွာ မီးပ်က္ေနလို႔ သူ႔အိမ္မွာလည္း မီးပ်က္ေနပါတယ္။ သူငယ္ခ်င္းက အိမ္ေနာက္ဖက္မွာ ထမင္းစားေနလို႔ ကြၽန္ေတာ့္ကို အိမ္ေရွ႕ဧည့္ခန္းမွာ ထိုင္ေစာင့္ခိုင္းထားတယ္။ သူ႔ေျမးေလးကို ကြၽန္ေတာ္ထိုင္ေနတဲ့ စားပြဲမွာ ဖေယာင္းတိုင္ထြန္းခိုင္းလိုက္တာကို ၾကားလိုက္ရတယ္။သူ႔ေျမးေလးဟာ ကြၽန္ေတာ့္စားပြဲမွာ မီးျခစ္နဲ႔ ဖေယာင္းတိုင္ ထြန္းေပးလိုက္လို႔ စားပြဲေနရာမွာ အတန္ငယ္ လင္းသြားပါတယ္။ ကေလးေလးဟာ အသက္ ၆ ႏွစ္ေလာက္ရွိၿပီး ခ်စ္စရာေကာင္းပါတယ္။ကြၽန္ေတာ္က သူ႔ကို စေနာက္ခ်င္လို႔ ခုလို ေျပာလိုက္ပါတယ္။“ေျမးေလး၊ အခု ဒီဖေယာင္းတိုင္က မီးဟာ ဘယ္က လာတာလဲ”ကေလးဟာ ႐ုတ္တရက္ စဥ္းစားေနလိုက္တယ္။သူ မေျဖႏိုင္ဘဲ စဥ္းစားေနတာကို ၾကည့္ၿပီး ကြၽန္ေတာ္ သေဘာက်ေနမိတယ္။ ႐ုတ္တရက္ သူဟာ ဖေယာင္းတိုင္မီးကို ပါးစပ္နဲ႔ မႈတ္လိုက္တယ္။ အခန္းဟာ ျပန္ေမွာင္သြားတယ္။ကေလးက ကြၽန္ေတာ့္ကို ခုလို ျပန္ေျပာပါတယ္။“ဖိုးေလး၊ အခု မီးဟာ ဘယ္ကို ျပန္သြားသလဲ။ မီးဟာ လာတဲ့ ေနရာကို ျပန္သြားတာမို႔ ျပန္သြားတဲ့ ေနရာကို သိရင္ လာတဲ့ေနရာကို သိႏိုင္ပါတယ္”ကြၽန္ေတာ္ ဘာျပန္ေျပာရမွန္းမသိေအာင္ ျဖစ္သြားပါတယ္။ပညာေတြ တတ္တယ္၊ အေတြ႕အႀကဳံေတြ အမ်ားႀကီး ရွိတယ္ဆိုၿပီး ဆရာႀကီးလုပ္ေနတဲ့ ကြၽန္ေတာ္ဟာ ၆ ႏွစ္သားက ေလးရဲ႕ တန္ျပန္ေမးခြန္းကို ေျဖႏိုင္စြမ္း မရွိပါဘူး။ ဒါေၾကာင့္မို႔ လူငယ္ေတြဟာ လူႀကီးေတြေလာက္ မေတာ္ဘူး၊ မသာဘူးလို႔ ေျပာၾကတာ မွန္ပါ့မလား။ကဲ မိတ္ေဆြတို႔လည္း သူ႔ေမးခြန္းကို ေျဖႏိုင္ရဲ႕လား။