“တချို့တွေကို အဖတ်မလုပ်ပါနဲ့”

အသက်လေးရလာတော့ ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင် ဝမ်းမနည်းမိတော့ဘူး။ သူတို့လိုအပ်တဲ့လူတွေ သူတို့နားမှာမြဲနေပါစေပဲဆုတောင်းတယ်။ကိုယ့်ကိုမကြိုက်တဲ့လူတွေတွေ့ရင်လည်း သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။ သူတို့ကြိုက်တဲ့လူတွေနဲ့သူတို့ ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။ ကိုယ့်ကိုမကောင်းပြောတာပြန်ကြားရင်အစကတော့ဒေါသဖြစ်မိတယ်။ဒါပေမယ့် လူတွေဆိုတာ ဘုရားကိုတောင်သတ်ဖို့ကြိုးစားခဲ့ကြသေးတာပဲ။ပြောရုံသာပြောပြီးကိုယ့်ကိုလာမသတ်တာကိုကြံဖန်ကျေးဇူးတင်လိုက်ပါ။ လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကိုလျှော့လိုက်ပါ၊ နေရတာပေါ့ပါးသွားမယ်။ သူတို့ကကိုယ့်တစ်ယောက်ထဲကို လိုက်ကြည့်နေတာမဟုတ်သလို ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကိုဆက်ကြည့်နေမှာဖြစ်တယ်။ကိုယ့်အကြောင်းပြောစရာမတွေ့လည်းနောက်တစ်ယောက်အကြောင်းကိုထပ်ပြောနေမှာဖြစ်တယ်။သူတို့လိုအင်တွေပြည့်နေစဉ်သူတို့အကြိုက်လိုက်နေပေးစဉ်သင်ကကောင်းနေမှာဖြစ်ပြီး..။သူတို့စိတ်ထဲမတွေ့တော့ရင်သူတို့စိတ်ကြိုက်နေမပေးရင်သင်ဟာသူတို့ရန်သူဖြစ်သွားမှာပါ။

သူတို့ ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက် သူတို့အမြင်မှာသင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်သူတို့အတွေးမှာသင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက်အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာတနေ့တမျိုးမရိုးရအောင်သင်က ကပြနေရတာပါ။တကယ်တော့ လူတွေကိုသိပ်ဖက်တွယ်လွန်းရင်သိပ်အာရုံထဲထည့်ထားရင်အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ်ဆိုတာတွေကိုဆက်လက်လုပ်နေမှာဖြစ်တယ်။ ဒါ့ကြောင့် လူတချို့သင့်ကိုမလိုဘူးဆိုရင်မနှစ်သက်ဘူးဆိုရင်မကောင်းပြောနေတယ်ဆိုရင်ဘာမှ ခံစားမနေဘဲကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။နေတတ်သလိုဆက်သာနေပါ။သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့အမှိုက်လိုလူတွေရဲ့ ပုပ်နေတဲ့စကားတွေလောက်တက်နေတဲ့ အပြုအမူတွေကိုဘာလို့ ဆက်ပြီးခံစားနေမှာလဲ။ သူ့လမ်း ကိုယ့်လမ်းသူ့ဘဝ ကိုယ့်ဘဝသူ့ထမင်း ကိုယ့်ထမင်း တူတာမှမဟုတ်တာ။ဒါကြောင့်သင့်မှာ အခုလိုလူတွေရှိရင်အဖက်လုပ်မနေပါနဲ့ အဖက်မလုပ်ခြင်းဟာအပြင်းထန်ဆုံးတုန့်ပြန်ခြင်းသာဖြစ်ပါတယ်။

Credit မူရင်း

[zawgyi]

အသက္ေလးရလာေတာ့ ကိုယ့္ကိုမလိုအပ္တဲ့လူေတြေတြ႕ရင္ ဝမ္းမနည္းမိေတာ့ဘူး။ သူတို႔လိုအပ္တဲ့လူေတြ သူတို႔နားမွာၿမဲေနပါေစပဲဆုေတာင္းတယ္။ကိုယ့္ကိုမႀကိဳက္တဲ့လူေတြေတြ႕ရင္လည္း သူတို႔ေက်နပ္ေအာင္ လိုက္မေနေပးေတာ့ဘူး။ သူတို႔ႀကိဳက္တဲ့လူေတြနဲ႔သူတို႔ ဆက္ခင္ေနပါေစလို႔သာ ဆုေတာင္းတယ္။ ကိုယ့္ကိုမေကာင္းေျပာတာျပန္ၾကားရင္အစကေတာ့ေဒါသျဖစ္မိတယ္။ဒါေပမယ့္ လူေတြဆိုတာ ဘုရားကိုေတာင္သတ္ဖို႔ႀကိဳးစားခဲ့ၾကေသးတာပဲ။ေျပာ႐ုံသာေျပာၿပီးကိုယ့္ကိုလာမသတ္တာကိုႀကံဖန္ေက်းဇူးတင္လိုက္ပါ။ လူေတြအေပၚသိပ္ဂ႐ုစိုက္လြန္းတာကိုေလွ်ာ့လိုက္ပါ၊ ေနရတာေပါ့ပါးသြားမယ္။ သူတို႔ကကိုယ့္တစ္ေယာက္ထဲကို လိုက္ၾကည့္ေနတာမဟုတ္သလို ကိုယ့္ကိုမေတြ႕လည္း ေနာက္လူေတြကိုဆက္ၾကည့္ေနမွာျဖစ္တယ္။ကိုယ့္အေၾကာင္းေျပာစရာမေတြ႕လည္းေနာက္တစ္ေယာက္အေၾကာင္းကိုထပ္ေျပာေနမွာျဖစ္တယ္။သူတို႔လိုအင္ေတြျပည့္ေနစဥ္သူတို႔အႀကိဳက္လိုက္ေနေပးစဥ္သင္ကေကာင္းေနမွာျဖစ္ၿပီး..။သူတို႔စိတ္ထဲမေတြ႕ေတာ့ရင္သူတို႔စိတ္ႀကိဳက္ေနမေပးရင္သင္ဟာသူတို႔ရန္သူျဖစ္သြားမွာပါ။သူတို႔ ပါးစပ္ထဲမွာ သင္က ေကာင္းလိုက္ မေကာင္းလိုက္ သူတို႔အျမင္မွာသင္က ခင္ဖို႔ေကာင္းလိုက္ မုန္းဖို႔ေကာင္းလိုက္သူတို႔အေတြးမွာသင္က လိုသုံးႀကီးျဖစ္လိုက္ လူပိုႀကီးျဖစ္လိုက္အနိမ့္အျမင့္ မ်ိဳးစုံနဲ႔ သူတို႔စိတ္ထဲမွာတေန႔တမ်ိဳးမ႐ိုးရေအာင္သင္က ကျပေနရတာပါ။တကယ္ေတာ့ လူေတြကိုသိပ္ဖက္တြယ္လြန္းရင္သိပ္အာ႐ုံထဲထည့္ထားရင္အာ႐ုံေနာက္ရမွာက သင္ပဲျဖစ္တယ္။သူတို႔ကေတာ့ သူတို႔အလုပ္ျဖစ္တဲ့ ေျပာမယ္ ဆိုမယ္ ေဝဖန္မယ္ ကဲ့ရဲ႕မယ္ ခ်ီးမြမ္းမယ္ဆိုတာေတြကိုဆက္လက္လုပ္ေနမွာျဖစ္တယ္။ ဒါ့ေၾကာင့္ လူတခ်ိဳ႕သင့္ကိုမလိုဘူးဆိုရင္မႏွစ္သက္ဘူးဆိုရင္မေကာင္းေျပာေနတယ္ဆိုရင္ဘာမွ ခံစားမေနဘဲကိုယ္လုပ္စရာရွိတာ ဆက္သာလုပ္ပါ။ေနတတ္သလိုဆက္သာေနပါ။သင့္တစ္ေန႔တာအတြက္ စိတ္ၾကည္ေနဖို႔အမႈိက္လိုလူေတြရဲ႕ ပုပ္ေနတဲ့စကားေတြေလာက္တက္ေနတဲ့ အျပဳအမူေတြကိုဘာလို႔ ဆက္ၿပီးခံစားေနမွာလဲ။ သူ႔လမ္း ကိုယ့္လမ္းသူ႔ဘဝ ကိုယ့္ဘဝသူ႔ထမင္း ကိုယ့္ထမင္း တူတာမွမဟုတ္တာ။ဒါေၾကာင့္သင့္မွာ အခုလိုလူေတြရွိရင္အဖက္လုပ္မေနပါနဲ႔ အဖက္မလုပ္ျခင္းဟာအျပင္းထန္ဆုံးတုန႔္ျပန္ျခင္းသာျဖစ္ပါတယ္။