ဖိုလ်ဝင်တောင် သမိုင်း

ဖိုးဝန်းတောင် (ခေါ်) ဖိုလ်ဝင်တောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား စေတီများအပါအဝင် ဘုရားစေတီ (၁၈၅) ဆူ တည်ရှိပါသည်။ဖိုလ်ဝင်းတောင်ဘုရား စေတီများ – အ တွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သားတံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင်မြို့နှင့် (၇) မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပါသည်။ဘုရားစေတီ အရေအတွက်မှာ ယခု မှတ်တမ်းတင်ထားသော အချက်အလက်များနှင့် ရှေးမှတ်တမ်းများပါ အချက်အလက်များ ကွဲပြားနေပါသည်။ နှစ်ကာလ တိုက်စားမှု ကြောင့် ပျက်ဆီးဆုံးရှုံးမှု များစွာရှိခဲ့ပါသည်။ဘုရားစေတီများ အပါအဝင် ဖိုးဝန်းတောင် သစ်တောကြိုးဝိုင်း အတွင်း နေထိုင်ကြသော တိရစ္ဆာန်များ၏ ပျက်ဆီးဆုံးရှုံးမှု သည် အများဆုံးဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာအနှံ့ လက်ညှိုးထိုးမလွဲ တွေ့ရသော်လည်း ယခု နောက်ပိုင်းတွင် အတော်ကလေး နည်းပါးသွားသည်ကို တွေ့ရပါသည်။ လူများနှင့် ယဉ်ပါးလွန်းနေပြီး ဖိုးဝန်းတောင် ဘုရား စေတီများ ကြားတွင် လှည့်လည် ကျက်စားနေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှုသည် အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလအတွင်း မျောက်များ လုံးဝ ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်။ “ဖိုလ်ဝင်းတောင်ရှင်မ” က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။”ဖိုးဝန်းတောင်” ဟု ခေါ်ကြသော်လည်း အမှန်တကယ်မှာ ဖိုးဝန်းတောင် ဟူ ၍ မရှိပါ။ တောင်များ အားလုံးကို စုပေါင်းပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်ဝင်းတောင် တွင်ရှိနေသော တောင်များ၏ ပုံသဏ္ဌာန်မှာ ဘု ရားရှင် ကိုယ်တော်မြတ်ကြီး လျောင်းတော်မူ နေသည့် ပုံသဏ္ဌာန်ရှိနေ၍ ထိုအချက်ကလည်း အနည်းငယ် ထူးခြားသည်ဟု ပြောနိုင်ပါသည်။ဘုရားပေါင်း (၄၄၆,၄၄၄) ဆူ ရှိသည်ကို စွဲ၍ “ရွှေလသာ ဝါဝါဝင်း” ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုးဝန်းတောင်သည် အောက် ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာတွင် တည်ရှိသည်။ ပထဝီဝင် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃’ အရှေ့လောင်ဂျီတွဒ် ၉၄ံ ၅၈’ ၌တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅ဝ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင် ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။တောင်၏ ပတ်ပတ်လည် ၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်းပြင်မြင့် သဏ္ဌာန်ရှိသည်။ ဖိုးဝန်းတောင်သည် ယင်းတောင်၏ အနောက်ဘက် တောင်ကမ်းပါးပြတ်တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများကြောင့် ကျော် ကြားခြင်း ဖြစ်သည်။ရသေ့ရဟန်း သူတော်စင်တို့၏ တရားအားထုတ်ရာ နိဗ္ဗာန်ဖိုလ်ဝင်ရာ တောင်ဖြစ်သဖြင့် ဖိုလ်ဝင်တောင်ဟူ၍၎င်း၊ ဝိဇ္ဇာဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖိုဝင်ရာဖြစ်၍ ဖိုဝင်တောင်ဟူ၍၎င်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်းတို့ ဝိုင်းဝန်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်ဝန်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ “ဖိုးဝန်းတောင်” ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။

ဖိုးဝန်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓဝမင်းသည် တိုင်းခန်းလှည့်လည်ယင်း ဤဖိုးဝန်းတောင်တန်း တည်ရာ အရပ်ဝန်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု “မင်းစုကြီးရွာ” နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုးဝန်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓဝမင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦးလျှင် ဘုရားတစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆,၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ – ဆုတောင်းပြည့်။ဆု တောင်းရ။တတိုင်းပြည့်။တင်းတင်းပြည့်။သက်တော်ရှည်။သက်တော်ရ ဟူ၍ ဖြစ်သည်။ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကြက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာဝ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူးဖွယ် ဖြစ်သည်။ဖိုးဝန်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄) ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော “မိဖုရားကြီး လိုဏ်ဂူ”၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော “လွမ်းစေတီ”၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အင်္ဂတေ သရိုးကိုင်၍ တည်ထားသော “နံ့သာစေတီ” စသည်တို့ ဖြစ်သည်။ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် “နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်၊ ဖန်ခါးတောင်နှင့် ရွှေဘတောင်” စသည်ဖြင့် တောင်များစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုးတောင်တွင် ဗန္ဓဝမင်းကြီး၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်း ဥစ္စာများကို ရန်သူမျိုးငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ် တစ်ခု ထု ထားသည်။ယင်းကို အစွဲပြု၍ “နွားသိုးတောင်” ဟုတွင်သည်။ ဗန္ဓဝမင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို “ရွှေဘတောင်”ဟု ခေါ်လျက် ရှိကြသည်။ ဖိုးဝန်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော “ဖန်ခါးတောင်” သည် အမြင့်ဆုံး ဖြစ်သည်။ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္က ရာဇ် ၁၀၀ဝ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သ ဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်ကားလှသည်။ ဖိုးဝန်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။ ကိုးကား – မြန်မာစွယ်စုံကျမ်း

Credit – သမိုင်းအကြောင်း

[zawgyi]

ဖိုးဝန္းေတာင္ (ေခၚ) ဖိုလ္ဝင္ေတာင္သည္ စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္တြင္ သမိုင္းဝင္ ဖိုလ္ဝင္ေတာင္ႏွင့္ အင္ၾကင္းေတာင္ တို႔၌ သမိုင္းအရ ထင္ရွားေသာ ဘုရား ေစတီမ်ားအပါအဝင္ ဘုရားေစတီ (၁၈၅) ဆူ တည္ရွိပါသည္။ဖိုလ္ဝင္းေတာင္ဘုရား ေစတီမ်ား – အ တြင္းတြင္ ေရွးလက္ရာ နံရံေဆးေရး ပန္းခ်ီမ်ား၊ ပန္းပု လက္ရာမ်ားအျပင္ သစ္သားတံခါးမ်ား တြင္လည္း ေရွးလက္ရာ ပန္းပုမ်ားကို အလွဆင္၍ ခ်ယ္မႈန္း ထုလုပ္ ထားသည္ကို ေတြ႕ရွိ ႏိုင္ပါသည္။ ယင္းမာပင္ၿမိဳ႕ႏွင့္ (၇) မိုင္ခန႔္အကြာတြင္ တည္ရွိပါသည္။ ဖိုလ္ဝင္ေတာင္ ဘုရား ပြဲေတာ္ကို ႏွစ္စဥ္ တန္ေဆာင္မုန္းလဆန္း (၈)ရက္မွ လျပည့္ေန႔အထိ စည္ကား သိုက္ၿမိဳက္စြာ က်င္းပပါသည္။ဘုရားေစတီ အေရအတြက္မွာ ယခု မွတ္တမ္းတင္ထားေသာ အခ်က္အလက္မ်ားႏွင့္ ေရွးမွတ္တမ္းမ်ားပါ အခ်က္အလက္မ်ား ကြဲျပားေနပါသည္။ ႏွစ္ကာလ တိုက္စားမႈ ေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈ မ်ားစြာရွိခဲ့ပါသည္။ဘုရားေစတီမ်ား အပါအဝင္ ဖိုးဝန္းေတာင္ သစ္ေတာႀကိဳးဝိုင္း အတြင္း ေနထိုင္ၾကေသာ တိရစာၦန္မ်ား၏ ပ်က္ဆီးဆုံးရႈံးမႈ သည္ အမ်ားဆုံးျဖစ္ခဲ့သည္။ အထူးသျဖင့္ ယခင္က ေမ်ာက္မ်ားကို ေနရာအႏွံ႔ လက္ညႇိဳးထိုးမလြဲ ေတြ႕ရေသာ္လည္း ယခု ေနာက္ပိုင္းတြင္ အေတာ္ကေလး နည္းပါးသြားသည္ကို ေတြ႕ရပါသည္။ လူမ်ားႏွင့္ ယဥ္ပါးလြန္းေနၿပီး ဖိုးဝန္းေတာင္ ဘုရား ေစတီမ်ား ၾကားတြင္ လွည့္လည္ က်က္စားေနၾကေသာ ေမ်ာက္မ်ားအတြက္ လွ်ပ္စစ္မီးမ်ား တပ္ဆင္လိုက္စဥ္က ဆုံးရႈံးမႈသည္ အမ်ားဆုံး ျဖစ္ခဲ့ၿပီး ေနာက္ပိုင္းတြင္လည္း တစ္တိတိ က်ဆင္းလ်က္ ရွိသည္။ဖိုးဝန္းေတာင္၏ ထူးျခားခ်က္မွာ ဖိုလ္ဝင္ေတာင္ ဘုရားပြဲကာလအတြင္း ေမ်ာက္မ်ား လုံးဝ ေပ်ာက္ကြယ္ သြားတတ္ျခင္း ျဖစ္ၿပီး ဘုရားပြဲ ၿပီးလွ်င္ ျပန္ေပၚလာ တတ္ျခင္း ျဖစ္ပါသည္။ “ဖိုလ္ဝင္းေတာင္ရွင္မ” က ဖြက္ထားသည္ ဟု ေဒသခံ မ်ားက ယူဆ ယုံၾကည္ ၾကပါသည္။”ဖိုးဝန္းေတာင္” ဟု ေခၚၾကေသာ္လည္း အမွန္တကယ္မွာ ဖိုးဝန္းေတာင္ ဟူ ၍ မရွိပါ။ ေတာင္မ်ား အားလုံးကို စုေပါင္းၿပီး ေခၚလိုက္ျခင္း ျဖစ္ပါသည္။ ဖိုလ္ဝင္းေတာင္ တြင္ရွိေနေသာ ေတာင္မ်ား၏ ပုံသဏၭာန္မွာ ဘု ရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး ေလ်ာင္းေတာ္မူ ေနသည့္ ပုံသဏၭာန္ရွိေန၍ ထိုအခ်က္ကလည္း အနည္းငယ္ ထူးျခားသည္ဟု ေျပာႏိုင္ပါသည္။ဘုရားေပါင္း (၄၄၆,၄၄၄) ဆူ ရွိသည္ကို စြဲ၍ “ေ႐ႊလသာ ဝါဝါဝင္း” ဟု ထင္ရွားစြာ အမွတ္အသား ျပဳရေသာ ဖိုးဝန္းေတာင္သည္ ေအာက္ ခ်င္းတြင္းခ႐ိုင္ မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္း ေညာင္ပင္ႀကီးဆိပ္မွ ၁၄ မိုင္အကြာတြင္ တည္ရွိသည္။ ပထဝီဝင္ သေဘာအရ ေျမာက္လတ္တီတြဒ္ ၂၂ံ ၁၃’ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄ံ ၅၈’ ၌တည္ရွိသည္။ ေတာင္တန္းသည္ ေပ ၉၅ဝ ေက်ာ္ အျမင့္ရွိေသာ ေတာင္စဥ္ေတာင္တန္း ျဖစ္၍ ေတာင္ ႐ိုး၏ ေဘးတစ္ဖက္တစ္ခ်က္တို႔တြင္လည္း မနက္လြန္းေသာ ေခ်ာက္ကမ္းပါးမ်ား ေက်ာက္တုံး ႀကီးမ်ား ရွိသည္။ေတာင္၏ ပတ္ပတ္လည္ ၌ ေခ်ာက္ကမ္းပါးမ်ား ျဖစ္၍ ေတာင္ထိပ္တြင္ ညီညာ၍ ကုန္းျပင္ျမင့္ သဏၭာန္ရွိသည္။ ဖိုးဝန္းေတာင္သည္ ယင္းေတာင္၏ အေနာက္ဘက္ ေတာင္ကမ္းပါးျပတ္တို႔၌ တည္ထားေသာ ဘုရားမ်ားႏွင့္ ထုထြင္း ျပဳလုပ္ ထားေသာ ေရွးျမန္မာ ေက်ာက္ဆစ္လက္ရာမ်ားေၾကာင့္ ေက်ာ္ ၾကားျခင္း ျဖစ္သည္။ရေသ့ရဟန္း သူေတာ္စင္တို႔၏ တရားအားထုတ္ရာ နိဗၺာန္ဖိုလ္ဝင္ရာ ေတာင္ျဖစ္သျဖင့္ ဖိုလ္ဝင္ေတာင္ဟူ၍၎၊ ဝိဇၨာေဇာ္ဂ်ီတို႔ ထြက္ရပ္အတြက္ ဖိုထိုးရာ ဖိုဝင္ရာျဖစ္၍ ဖိုဝင္ေတာင္ဟူ၍၎၊ ေတာင္ေပၚမွ ဘုရားမ်ားကို ဘုရင္ႏွင့္တကြ စစ္သည္ဗိုလ္ပါ အလုံးအရင္းတို႔ ဝိုင္းဝန္းတည္ထြင္ ကုသိုလ္ျပဳခဲ့ၾကျခင္းကို အေၾကာင္းျပဳ၍ ဗိုလ္ဝန္းေတာင္ဟူ၍ လည္းေကာင္း အသီးသီးတြင္ရာမွ “ဖိုးဝန္းေတာင္” ျဖစ္လာ သည္ဟူ၍ ဆိုၾကေလသည္။ဖိုးဝန္းေတာင္ သမိုင္းအဆိုရမူ သကၠရာဇ္ ၂၀၉ ခုႏွစ္တြင္ ဟလၤဂပူရတိုင္း ျပဴမင္းၿပဳံးမင္းေခၚ ဗႏၶဝမင္းသည္ တိုင္းခန္းလွည့္လည္ယင္း ဤဖိုးဝန္းေတာင္တန္း တည္ရာ အရပ္ဝန္းက်င္သို႔ ေရာက္ရွိလာရာ၊ ေတာင္ႏွင့္ ၃ မိုင္ခန႔္ ကြာေသာ ယခု “မင္းစုႀကီး႐ြာ” ေနရာတြင္ ေခြၽးတပ္စြဲ ေနေလသည္။ ဖိုးဝန္းေတာင္ ေဒသ၏ အေနအထားႏွင့္ ေက်ာက္ေဆာင္ ေက်ာက္တုံးမ်ားကို ဘုရားထြင္းထု ပူေဇာ္ရန္ ဗႏၶဝမင္းသည္ ဆႏၵျပင္းျပသည့္အေလ်ာက္ ဘုရင္မွအစ မိဖုရား မႉးမတ္ စစ္ဗိုလ္ စစ္သားအထိ တစ္ဦးလွ်င္ ဘုရားတစ္ဆူစီ ထြင္းထုလႉဒါန္း ၾကရာမွ ဘုရားအဆူေပါင္း ၄၄၆,၄၄၄ တည္ရွိ ေနျခင္း ျဖစ္ေလသည္။ စတင္ထုထြင္း လႉဒါန္းေသာ ဘုရားႏွင့္ လိုဏ္ဂူႀကီး (၆) ခုမွာ – ဆုေတာင္းျပည့္။ဆု ေတာင္းရ။တတိုင္းျပည့္။တင္းတင္းျပည့္။သက္ေတာ္ရွည္။သက္ေတာ္ရ ဟူ၍ ျဖစ္သည္။ဘုရားလိုဏ္ဂူအတြင္း၌ မ်က္ႏွာၾကက္ နံရံတို႔တြင္ ျမန္မာ ေရွးပန္းခ်ီမ်ားႏွင့္ စကားစိမ္းသားစုတ္တံ တမာေစးႏွင့္ ေဖ်ာ္ရေသာ သဘာဝ တြင္းထြက္ေက်ာက္ေဆးအိုးမွ ေဆးေရာင္စုံမ်ားကို ေတြ႕ရွိ ႏိုင္သည္။ မာေက်ာေသာ ေက်ာက္သားကို ႏုႏု႐ြ႐ြ ပန္းခက္ ပန္းႂကြ နဖူးစည္းမ်ား ထုထြင္းထားပုံမွာ အိႏၵိယႏိုင္ငံရွိ အဇႏၲာလိုဏ္ဂူမွ လက္ရာမ်ားထက္ပင္ ခ်ီးက်ဴးဖြယ္ ျဖစ္သည္။ဖိုးဝန္းေတာင္ေပၚရွိ အျခားထင္ရွားေသာ ဂူလိုဏ္ဘုရား စသည္တို႔မွာ (၄) ခန္းတြဲ အိမ္ႀကီး (၄) လုံးစာခန႔္ရွိ ေက်ာက္တုံးႀကီးကို နန္းေတာ္ဟန္ ထုလုပ္ ထားေသာ “မိဖုရားႀကီး လိုဏ္ဂူ”၊ တိုက္တန္းလ်ားႀကီး သဖြယ္ ဥမင္ေက်ာက္ဂူ အရွည္ႀကီး ထြင္း၍ ယင္း အေပၚ၌ တည္ထားေသာ “လြမ္းေစတီ”၊ ကရမက္နံ႔သာျဖဴ တို႔ကို အမႈန႔္ ျပဳလုပ္ အဂၤေတ သ႐ိုးကိုင္၍ တည္ထားေသာ “နံ႔သာေစတီ” စသည္တို႔ ျဖစ္သည္။ဖိုးဝန္းေတာင္မႀကီးႏွင့္ တစ္ဆက္တည္းတြင္ “ႏြားသိုးေတာင္၊ လင္းႏို႔ေတာင္၊ ေက်ာက္တစ္လုံးေတာင္၊ ဖန္ခါးေတာင္ႏွင့္ ေ႐ႊဘေတာင္” စသည္ျဖင့္ ေတာင္မ်ားစြာရွိသည္။ ေတာင္တိုင္းတြင္ ဘုရားႏွင့္ လိုဏ္ဂူမ်ား ရွိသည္။ ႏြားသိုးေတာင္တြင္ ဗႏၶဝမင္းႀကီး၏ မိဖုရားႀကီးက အရိေမတၱယ် ဘုရားသခင္ ပြင့္သည့္အခါ ေက်ာင္းေတာ္ ေဆာက္ရန္ ရည္စူး၍ ျမဳပ္ႏွံထားေသာ ပစၥည္း ဥစၥာမ်ားကို ရန္သူမ်ိဳးငါးပါး ေဘးမွ ကာကြယ္ ေစာင့္ေရွာက္ရန္ ေက်ာက္ႏြားသိုး႐ုပ္ တစ္ခု ထု ထားသည္။ယင္းကို အစြဲျပဳ၍ “ႏြားသိုးေတာင္” ဟုတြင္သည္။ ဗႏၶဝမင္း အသုံးေတာ္ခံ သူႂကြယ္ႀကီး ဘိုးေ႐ႊဘသည္ မူလ လိုဏ္ဂူမ်ား အျပင္ ေနာက္ဆက္တြဲ ထြင္းထု လႉဒါန္းခဲ့ရာ ေတာင္ကို “ေ႐ႊဘေတာင္”ဟု ေခၚလ်က္ ရွိၾကသည္။ ဖိုးဝန္းေတာင္ ႏွင့္ ဆက္လ်က္ ေတာင္တန္း မ်ားအနက္ ဖန္ခါးပင္မ်ား အလြန္ေပါသည္ကို စြဲ၍ တြင္ေနေသာ “ဖန္ခါးေတာင္” သည္ အျမင့္ဆုံး ျဖစ္သည္။ဖိုးဝန္းေတာင္တြင္ ပုဂံေခတ္ ေရွးက်ေသာ လက္ေရးပါသည့္ အုတ္ခြက္မ်ားကို ေတြ႕ရွိ ရသျဖင့္ ပုဂံေခတ္ကပင္ ဤေတာင္၌ သာသနာေရး အေဆာက္အအုံမ်ား ရွိမည္ဟု ခန႔္မွန္း ႏိုင္သည္။ ေတာင္ေပၚတြင္ သကၠ ရာဇ္ ၁၀၀ဝ ေက်ာ္ ထိုးစာပါသည့္ ေခါင္းေလာင္း ၈ ခုရွိသည္။ ေရွးက ဖိုးဝန္းေတာင္မွာ တ႐ုတ္ျပည္မွ အိႏၵိယသို႔ သြားရာ ကုန္းလမ္းက် သ ျဖင့္ သာသနာ ျပန႔္ပြားခဲ့ဟန္ တူ၏။ ယခုေတြ႕ရေသာ လက္ရာမ်ားကား ေနာက္က်ေသာ ေခတ္မ်ားမွ လက္ရာမ်ား ျဖစ္ၾကေလသည္။ဖိုးဝန္းေတာင္ ဘုရားပြဲကို ယခုအခါ ႏွစ္စဥ္ တန္ေဆာင္မုန္း လတိုင္း က်င္းပလ်က္ရွိရာ ပြဲေတာ္လာ ပရိသတ္ အထူး စည္ကားလွသည္။ ဖိုးဝန္းေတာင္သို႔ မုံ႐ြာၿမိဳ႕ တစ္ဖက္ကမ္းမွ ကားလမ္း ခရီးေပါက္သည္။ ကိုးကား – ျမန္မာစြယ္စုံက်မ္း