ကျားကြီးလိုလည်း အယုံမလွယ်လေနှင့် ..

တခါတုန်းက ရွှေယုန်နဲ့ရွှေကျားဆိုတာရှိပါသတဲ့..တစ်နေ့မှာ ရွှေယုန်ဟာ ရွှေကျားဆီကိုသွားပြီးပြောပါတယ်..။” ဗျို့..ကိုရွှေကျား ကျုပ်တို့ မနက်ဖြန်မနက် သက်ငယ်သွားရိတ်ကြရအောင်…”(သက်ငယ်(သက်ကယ်လို့အသံထွက်ပါတယ်) ဆိုတာ မြက်ရိုင်းခြောက်တွေကို ဝါးသီတံနဲ့သီပြီး အညာတောရွာတွေမှာ အိမ်အမိုးလုပ်ကြပါတယ်)ရိုးအ,ပြီး သဘောကောင်းတဲ့ ရွှေကျားဟာ ရွှေယုန်က သူ့ဆီတကူးတကလာပြီး မိတ် ဆွေဖွဲ့တော့ ကျေနပ်စွာနဲ့ပဲ လက်ခံလိုက်ပါတယ်… ဒီလိုနဲ့ နောက်နေ့မနက်ခင်းစောစောမှာ ရွှေကျားဟာ ထမင်းနဲ့အသားဟင်းကောင်း ကောင်း ထုတ်ပြီး ရွှေယုန်ဆီကိုသွားပါတယ်…နောက်ပြီးအတူတကွ သက်ငယ်ရိတ်ဖို့ထွက်ခွာလာခဲ့ကြတယ်..။ရွှေယုန်ကလည်း ထမင်းထုတ်ပါပါတယ်။ ဒါပေမယ့် အထဲမှာ ထမင်းဟင်းမဟုတ်ဘဲ နောက်ချီးနဲ့သဲတွေထည့်လာတာပါ..။သက်ငယ်တောကိုရောက်တာနဲ့ ရွှေကျားကသက် ငယ်စရိတ်ပါတော့တယ်.. ရွှေယုန်ကတော့ အပျင်းထူတာနဲ့ မရိတ်ချင်သေးတော့..” ရွှေကျားရေ..တို့ထမင်းအရင်စားရအောင်ကွာ “ဒါပေမယ့် ရွှေကျားကသဘောကောင်းပြီး ဝီရိယရှိသူဆိုတော့ သက်ငယ်အရင်ရိတ်လိုကြောင်း နောက်မှစားမယ်လို့ ပြန်ပြောလိုက်တယ်…ဒီတော့ ရွှေယုန်က..” အေး..မင့်သဘောပဲလေ..ငါတော့စားနှင့်ပြီ..ရှေးပညာရှိကြီးတွေပြောတဲ့ ‘ အရင်စားရင် ကောင်းကောင်းစားရမယ်၊ နောက် ကျရင် နောက်ချီးနဲ့သဲပဲစားရမယ်..’ ဆိုတာမင်းကြားဖူးတယ်မလား..”လို့ပြောပြီး ထမင်းထုတ်တွေရှိရာကိုအမြန်ပြေးသွားပါတော့တယ်။ အနားရောက်တော့ ရွှေကျားရဲ့ထမင်းထုတ်ကိုဖြေစားလိုက်ပါတယ်။ ပြီးတာနဲ့ အရိပ်ကောင်းတဲ့ ခြုံပုတ်တစ်ခုအောက်မှာ သွားအိပ်နေပါတော့သတဲ့..နေမွန်းတည့်ချိန်ရောက်တော့ ရွှေကျားဟာသက်ငယ်ရိတ်နားပြီး ထမင်းစားဖို့ ရောက်လာပါတယ်။ ထမင်းထုပ်ကိုမြင်တော့ သူ့ထမင်းထုတ်နဲ့မတူတာကြောင့် ရွှေယုန်ကိုလှမ်းမေးပါတယ်” ရွှေယုန်… မင်းငါ့ထမင်းထုပ်ကိုစားပစ်လိုက်သလား””ဟ… ငါမစားပါဘူးကွ”လို့လိမ်ပြောပါတယ်။” ငါ့အထင်တော့ ရှေးပညာရှိတွေပြောခဲ့တာမှန်ပြီနဲ့တူတယ်.. မင်းနောက်ကျလို့ မင့်ထမင်းတွေ နောက်ချီးနဲ့သဲဖြစ်သွားပြီထင်တယ်..”လို့ ပြောတယ်။ ရွှေကျားကလည်း အူတူတူဆိုတော့ ရွှေယုန်ရှင်းပြတာကို လက်ခံလိုက်တယ်။ ဒါနဲ့ထမင်းမစားတော့ဘဲ သက်ငယ်ထပ်ရိတ်နေခဲ့တယ်..ရွှေယုန်ကလည်း ခြုံထဲမှာပဲဆက်အိပ်နေခဲ့တယ်..။ညနေစောင်းချိန်မှာတော့ ရွှေကျားကသက်ငယ်တွေအ တော်များရပေမယ့် ရွှေယုန်ကတော့ ဘာမှမရိတ်ရသေးပါဘူး..ရွှေကျားက သက်ငယ်ထုံးကို ကျောပေါ်တင်ပြီးပြန်မယ်အလုပ်မှာတော့ ရွှေယုန်ကပြောတယ်..” ရွှေကျားရာ..ငါဖျားချင်သလိုလိုဖြစ်ပြီးလမ်းမလျှောက်ချင်တော့ဘူး.. ငါကိုကလည်းမှားတာပါကွာ..နေပူကြီးထဲ တစ်နေ့လုံးအိပ်နေမိခဲ့တာကိုး..”ရွှေကျားဟာလည်း ရိုးအပြီး သဘောကောင်းသူဆိုတော့” အေးကွာ..ဒါဆိုလည်း ငါ့ကျော်ပေါ်တက် သက်ငယ်ထုံးပေါ်ကထိုင်လိုက်ခဲ့ပေတော့..”လို့ ခေါ်ပါသတဲ့..။ ရွှေကျားလမ်းလျှောက်လာရင်း ခရီးတစ်ဝက်လောက်ရောက်တော့ ရွှေယုန်ဟာ မီးခြစ်ကိုထုတ်ပြီး မီးခြစ်ပါတယ်။ ရွှေယုန်ကို သံသယဝင်လာတဲ့ ရွှေကျားကမေးတယ်..” ဘာသံလဲဟ..””ငါ ငှက်ဖျားဖြစ်ပြီထင်တယ်…တကိုယ်လုံးတုန်ပြီး သွားတွေကျိတ်တဲ့အသံပါ..”လို့ပြန်ပြောတယ်။ နောက်တော့ သက်ငယ်ထုံးကိုမီးရှို့ပြီး ရွှေကျားကျောပေါ်က ခုန်ချ ထွက်ပြေးသွားပါတော့တယ်..ရွှေကျားကျောမှာ မီးလောင်ဒဏ်ရာကြီးရသွားတာပေါ့..။ဒီလိုနဲ့ ရွှေကျားဟာ ခရီးဆက်ထွက်လာရင်း ရှေ့ရောက်တော့ လမ်းဘေးမှာ ဘာမှမသိသလို ထိုင်နေတဲ့ ရွှေယုန်ကို တွေ့လိုက်တယ်။ ရွှေကျားက” ဟား မင်း ငါ့ကိုပညာပြသွားတဲ့ကောင် မပြေးနဲ့ ..ငါ့ကျောကိုမီးနဲ့ရှို့တဲ့ကောင် သေပေတော့..”

လို့ပြောရင်း အသံဝါကြီးနဲ့ဟိန်းလိုက်ပါတယ်..ဒီတော့ ရွှေကျားက ကျုပ်ခင်များကို တခါမှမတွေ့ဖူးဘူး လို့ခုခံပြောဆိုတယ်..အယုံလွယ်တဲ့ ရွှေကျားက ဒါတခြားယုန်တစ်ကောင်ပဲလို့ထင်သွားပြီး ပြန်တောင်းပန်လိုက်တယ်..ရွှေယုန်က ပြန်ပြီး..” ရပါတယ် ကျုပ်ခင်များကိုအပြစ်မတင်ပါဘူး..ဘာလို့လဲဆိုတော့ ကျုပ်မှာ ကျုပ်နဲ့တူတဲ့ ညီကိုမောင်နှစ်မတွေ ဝမ်းကွဲတွေအများကြီးရှိတာကိုး..ဗျ..ဒါနဲ့ကိုရွှေကျား ခင်များကျောမှာ ဒီလောက်ဒဏ်ရာတွေရလာအောင် ဘာတွေများလုပ်လာခဲ့တုန်း..”ရွှေကျားကလည်း ဖြစ်ကြောင်းကုန်စင်ရှင်းပြတာပေါ့..။ ဒီတော့ ရွှေယုန်က” ဒါဆို ခင်များဒဏ်ရာတွေပျောက်အောင် အကြံပေးမယ်.. ခင်များကျောက ဒဏ်ရာတွေပျောက်ချင်ရင် အနာကို သစ်ပင်အခေါက်နဲ့ပွတ်တိုက်ပေးရင် ပျောက်တယ်..”အယုံလွယ်တဲ့ အူတူတူရွှေကျားကလည်း သစ်ပင်တစ်ပင်နားသွားပြီး ကျောနဲ့ပွတ်တိုက်လိုက်တယ်။ အနာတွေဟာ ပဲ့ရွဲ့ပြီး သွေးတွေပါထွက်လာတော့တာပေါ့..။ထုံးစံအတိုင်း ရွှေယုန်ကတော့ ထွက်ပြေးသွားပြန်တာပေါ့..ဒဏ်ရာတွေထပ်ရသွားတဲ့ ရွှေကျားဟာ ခရီးဆက်လာရင်း လမ်းဘေးမှာ ဘာမှမသိသလိုထိုင်နေတဲ့ ရွှေယုန်ကို တွေ့ပြန်တယ်..။” ငါ့ကို ဒုက္ခပေးတဲ့ ယုန်စုတ် မပြေးနဲ့ “လို့ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်..။ ရွှေယုန်ကလည်း..” ကိုရွှေကျား လူမှားတာ..အဲလေ ယုန်မှားတာဖြစ်မယ်ဗျ..ကျနော့မှာ ကျနော်နဲ့တူတဲ့ ညီကိုမောင်နှမတွေ အများကြီး..”လို့လိမ်ပြန်ပါတယ်.. ရွှေကျားကလည်း အယုံလွယ်ပြီး ပြန်တောင်းတောင်းပန်လိုက်သေးတယ်။” ဒါနဲ့ နောင်ကြီး ကျောမှာဒဏ်ရာတွေ မနည်းပါလား..ဘယ်လိုဖြစ်လာတာတုန်း..”ရွှေကျားကလည်း ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြတာပေါ့..ဒီတော့ရွှေယုန်က ကရုဏာသက်စွာနဲ့ပြန်ပြောတယ်..” ဟာဗျာ..စိတ်မကောင်းစရာ ဒီလိုဒဏ်ရာမျိုးက သဲထဲမှာ လှိမ့်လိုက်ရင် ချက်ချင်းပျောက်တာ..”လို့ပြောပြန်တယ် အူတူတူရွှေကျားကလည်း အယုံလွယ်တော့ သဲပေါတဲ့မြစ်ကမ်းနံဘေးကိုသွားပြီး သဲပြင်ထဲလူးလှိမ့်လိုက်ပြန်တယ်..အနာထဲသဲတွေဝင်တော့ စပ်ဖျင်းဖျင်းနဲ့ အတော်ဒုက္ခရောက်သွားတာပေါ့..ဒီလိုနဲ့ ဝေဒနာတွေကိုခံစားရင်း ခရီးဆက်ထွက်လာခဲ့တယ်..ရှေ့နားအတော်လေးရောက်တော့ လမ်းဘေးမှာ ဘာမှမသိသလိုနဲ့ထိုင်နေတဲ့ ရွှေယုန်ကိုတွေ့ပြန်တယ်.. ဒေါသအမျက်ချောင်း ချောင်းထွက်နေတဲ့ ရွှေကျားဟာ” ငါ့ကို ဒုက္ခပေးတဲ့ ယုန်စုတ် ဒီတခါငါ့လက်ကမလွတ်စေရဘူး လာခဲ့..”ဆိုပြီးဟိန်းဟောက်လိုက်တော့ ရွှေယုန်က”နေပါဦး ငါမင်းကိုမသိပါဘူး..ကြည့်ရတာ မင့်ငါ့အမျိူးတွေထဲက တစ်ကောင်ကောင်နဲ့ မှားနေတာဖြစ်မယ်..”လို့ ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တယ်..ဒီတော့ အူတူတူရွှေကျားဟာ ယုံသွားပြီးပြန်တောင်းပန်ပါသတဲ့…ဒီတော့ရွှေယုန်က ကရုဏာသံနဲ့ပြောပြန်တယ်..”ဟာ.. ဘယ်လိုဖြစ်ရတာလဲ ရွှေကျားရယ်..မင့်ကျောမှာလဲ ဒဏ်ရာတွေဗလပွပါလား..ဒါပေသိ ဘာမှမပူနဲ့ကွ.. မင်းကံကောင်းတယ်.. ငါမင်းကို ဆုတောင်းပြည့်ရေကန်ကိုခေါ်သွားမယ်.. အဲ့ဒီမှာသာ မင်းဆုတောင်းလိုက်ရင် ဒဏ်ရာတွေ ယူပစ်သလိုပျောက်သွားလိမ့်မယ်..” ဆိုတော့ ရွှေကျားက” အေး လုပ်စမ်းပါကွာ ငါ့ကို အဲ့ရေကန်ဆီအမြန်ခေါ်သွားစမ်းပါ..”” အေး.. ငါနောက်ကလိုက်ခဲ့”ဒီလိုနဲ့ ရွှေယုန်ဟာ ရွှေကျားကိုရေတွင်းတစ်တွင်းဆီခေါ်သွားတာပေါ့..ရေတွင်းနားရောက်တော့” ကဲ ရေတွင် နုတ်ခမ်းပေါ်တက် အောက်ကိုကြည့်ပြီး ဆုတောင်းပေတော့” ရွှေကျားကလည်း အယုံလွယ်သူဆိုတော့ တွင်းနုတ်ခမ်းပေါ်တက်ပြီး ဆုတောင်းမယ်အလုပ်မှာ ရွှေယုန်ကနောက်ကနေ တွန်းချလိုက်တာ သေပါလေရောတဲ့..။ Moral – ဘယ်ရာမဆို အကျိူးအကြောင်းဆီလျော်မှုရှိမရှိ ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားဆင်ခြင်နိုင်ဖို့လိုပါတယ်။

credit – original

[zawgyi]

တခါတုန္းက ေ႐ႊယုန္နဲ႔ေ႐ႊက်ားဆိုတာရွိပါသတဲ့..တစ္ေန႔မွာ ေ႐ႊယုန္ဟာ ေ႐ႊက်ားဆီကိုသြားၿပီးေျပာပါတယ္..။” ဗ်ိဳ႕..ကိုေ႐ႊက်ား က်ဳပ္တို႔ မနက္ျဖန္မနက္ သက္ငယ္သြားရိတ္ၾကရေအာင္…”(သက္ငယ္(သက္ကယ္လို႔အသံထြက္ပါတယ္) ဆိုတာ ျမက္႐ိုင္းေျခာက္ေတြကို ဝါးသီတံနဲ႔သီၿပီး အညာေတာ႐ြာေတြမွာ အိမ္အမိုးလုပ္ၾကပါတယ္)႐ိုးအ,ၿပီး သေဘာေကာင္းတဲ့ ေ႐ႊက်ားဟာ ေ႐ႊယုန္က သူ႔ဆီတကူးတကလာၿပီး မိတ္ ေဆြဖြဲ႕ေတာ့ ေက်နပ္စြာနဲ႔ပဲ လက္ခံလိုက္ပါတယ္… ဒီလိုနဲ႔ ေနာက္ေန႔မနက္ခင္းေစာေစာမွာ ေ႐ႊက်ားဟာ ထမင္းနဲ႔အသားဟင္းေကာင္း ေကာင္း ထုတ္ၿပီး ေ႐ႊယုန္ဆီကိုသြားပါတယ္…ေနာက္ၿပီးအတူတကြ သက္ငယ္ရိတ္ဖို႔ထြက္ခြာလာခဲ့ၾကတယ္..။ေ႐ႊယုန္ကလည္း ထမင္းထုတ္ပါပါတယ္။ ဒါေပမယ့္ အထဲမွာ ထမင္းဟင္းမဟုတ္ဘဲ ေနာက္ခ်ီးနဲ႔သဲေတြထည့္လာတာပါ..။သက္ငယ္ေတာကိုေရာက္တာနဲ႔ ေ႐ႊက်ားကသက္ ငယ္စရိတ္ပါေတာ့တယ္.. ေ႐ႊယုန္ကေတာ့ အပ်င္းထူတာနဲ႔ မရိတ္ခ်င္ေသးေတာ့..” ေ႐ႊက်ားေရ..တို႔ထမင္းအရင္စားရေအာင္ကြာ “ဒါေပမယ့္ ေ႐ႊက်ားကသေဘာေကာင္းၿပီး ဝီရိယရွိသူဆိုေတာ့ သက္ငယ္အရင္ရိတ္လိုေၾကာင္း ေနာက္မွစားမယ္လို႔ ျပန္ေျပာလိုက္တယ္…ဒီေတာ့ ေ႐ႊယုန္က..” ေအး..မင့္သေဘာပဲေလ..ငါေတာ့စားႏွင့္ၿပီ..ေရွးပညာရွိႀကီးေတြေျပာတဲ့ ‘ အရင္စားရင္ ေကာင္းေကာင္းစားရမယ္၊ ေနာက္ က်ရင္ ေနာက္ခ်ီးနဲ႔သဲပဲစားရမယ္..’ ဆိုတာမင္းၾကားဖူးတယ္မလား..”လို႔ေျပာၿပီး ထမင္းထုတ္ေတြရွိရာကိုအျမန္ေျပးသြားပါေတာ့တယ္။ အနားေရာက္ေတာ့ ေ႐ႊက်ားရဲ႕ထမင္းထုတ္ကိုေျဖစားလိုက္ပါတယ္။ ၿပီးတာနဲ႔ အရိပ္ေကာင္းတဲ့ ၿခဳံပုတ္တစ္ခုေအာက္မွာ သြားအိပ္ေနပါေတာ့သတဲ့..ေနမြန္းတည့္ခ်ိန္ေရာက္ေတာ့ ေ႐ႊက်ားဟာသက္ငယ္ရိတ္နားၿပီး ထမင္းစားဖို႔ ေရာက္လာပါတယ္။ ထမင္းထုပ္ကိုျမင္ေတာ့ သူ႔ထမင္းထုတ္နဲ႔မတူတာေၾကာင့္ ေ႐ႊယုန္ကိုလွမ္းေမးပါတယ္” ေ႐ႊယုန္… မင္းငါ့ထမင္းထုပ္ကိုစားပစ္လိုက္သလား””ဟ… ငါမစားပါဘူးကြ”လို႔လိမ္ေျပာပါတယ္။” ငါ့အထင္ေတာ့ ေရွးပညာရွိေတြေျပာခဲ့တာမွန္ၿပီနဲ႔တူတယ္.. မင္းေနာက္က်လို႔ မင့္ထမင္းေတြ ေနာက္ခ်ီးနဲ႔သဲျဖစ္သြားၿပီထင္တယ္..”လို႔ ေျပာတယ္။ ေ႐ႊက်ားကလည္း အူတူတူဆိုေတာ့ ေ႐ႊယုန္ရွင္းျပတာကို လက္ခံလိုက္တယ္။ ဒါနဲ႔ထမင္းမစားေတာ့ဘဲ သက္ငယ္ထပ္ရိတ္ေနခဲ့တယ္..ေ႐ႊယုန္ကလည္း ၿခဳံထဲမွာပဲဆက္အိပ္ေနခဲ့တယ္..။ညေနေစာင္းခ်ိန္မွာေတာ့ ေ႐ႊက်ားကသက္ငယ္ေတြအ ေတာ္မ်ားရေပမယ့္ ေ႐ႊယုန္ကေတာ့ ဘာမွမရိတ္ရေသးပါဘူး..ေ႐ႊက်ားက သက္ငယ္ထုံးကို ေက်ာေပၚတင္ၿပီးျပန္မယ္အလုပ္မွာေတာ့ ေ႐ႊယုန္ကေျပာတယ္..” ေ႐ႊက်ားရာ..ငါဖ်ားခ်င္သလိုလိုျဖစ္ၿပီးလမ္းမေလွ်ာက္ခ်င္ေတာ့ဘူး.. ငါကိုကလည္းမွားတာပါကြာ..ေနပူႀကီးထဲ တစ္ေန႔လုံးအိပ္ေနမိခဲ့တာကိုး..”ေ႐ႊက်ားဟာလည္း ႐ိုးအၿပီး သေဘာေကာင္းသူဆိုေတာ့” ေအးကြာ..ဒါဆိုလည္း ငါ့ေက်ာ္ေပၚတက္ သက္ငယ္ထုံးေပၚကထိုင္လိုက္ခဲ့ေပေတာ့..”လို႔ ေခၚပါသတဲ့..။ ေ႐ႊက်ားလမ္းေလွ်ာက္လာရင္း ခရီးတစ္ဝက္ေလာက္ေရာက္ေတာ့ ေ႐ႊယုန္ဟာ မီးျခစ္ကိုထုတ္ၿပီး မီးျခစ္ပါတယ္။ ေ႐ႊယုန္ကို သံသယဝင္လာတဲ့ ေ႐ႊက်ားကေမးတယ္..” ဘာသံလဲဟ..””ငါ ငွက္ဖ်ားျဖစ္ၿပီထင္တယ္…တကိုယ္လုံးတုန္ၿပီး သြားေတြက်ိတ္တဲ့အသံပါ..”လို႔ျပန္ေျပာတယ္။ ေနာက္ေတာ့ သက္ငယ္ထုံးကိုမီးရႈိ႕ၿပီး ေ႐ႊက်ားေက်ာေပၚက ခုန္ခ် ထြက္ေျပးသြားပါေတာ့တယ္..ေ႐ႊက်ားေက်ာမွာ မီးေလာင္ဒဏ္ရာႀကီးရသြားတာေပါ့..။ဒီလိုနဲ႔ ေ႐ႊက်ားဟာ ခရီးဆက္ထြက္လာရင္း ေရွ႕ေရာက္ေတာ့ လမ္းေဘးမွာ ဘာမွမသိသလို ထိုင္ေနတဲ့ ေ႐ႊယုန္ကို ေတြ႕လိုက္တယ္။ ေ႐ႊက်ားက” ဟား မင္း ငါ့ကိုပညာျပသြားတဲ့ေကာင္ မေျပးနဲ႔ ..ငါ့ေက်ာကိုမီးနဲ႔ရႈိ႕တဲ့ေကာင္ ေသေပေတာ့..”လို႔ေျပာရင္း အသံဝါႀကီးနဲ႔ဟိန္းလိုက္ပါတယ္..ဒီေတာ့ ေ႐ႊက်ားက က်ဳပ္ခင္မ်ားကို တခါမွမေတြ႕ဖူးဘူး လို႔ခုခံေျပာဆိုတယ္..အယုံလြယ္တဲ့ ေ႐ႊက်ားက ဒါတျခားယုန္တစ္ေကာင္ပဲလို႔ထင္သြားၿပီး ျပန္ေတာင္းပန္လိုက္တယ္..ေ႐ႊယုန္က ျပန္ၿပီး..” ရပါတယ္ က်ဳပ္ခင္မ်ားကိုအျပစ္မတင္ပါဘူး..ဘာလို႔လဲဆိုေတာ့ က်ဳပ္မွာ က်ဳပ္နဲ႔တူတဲ့ ညီကိုေမာင္ႏွစ္မေတြ ဝမ္းကြဲေတြအမ်ားႀကီးရွိတာကိုး..ဗ်..ဒါနဲ႔ကိုေ႐ႊက်ား ခင္မ်ားေက်ာမွာ ဒီေလာက္ဒဏ္ရာေတြရလာေအာင္ ဘာေတြမ်ားလုပ္လာခဲ့တုန္း..”ေ႐ႊက်ားကလည္း ျဖစ္ေၾကာင္းကုန္စင္ရွင္းျပတာေပါ့..။ ဒီေတာ့ ေ႐ႊယုန္က” ဒါဆို ခင္မ်ားဒဏ္ရာေတြေပ်ာက္ေအာင္ အႀကံေပးမယ္.. ခင္မ်ားေက်ာက ဒဏ္ရာေတြေပ်ာက္ခ်င္ရင္ အနာကို သစ္ပင္အေခါက္နဲ႔ပြတ္တိုက္ေပးရင္ ေပ်ာက္တယ္..”အယုံလြယ္တဲ့ အူတူတူေ႐ႊက်ားကလည္း သစ္ပင္တစ္ပင္နားသြားၿပီး ေက်ာနဲ႔ပြတ္တိုက္လိုက္တယ္။ အနာေတြဟာ ပဲ့႐ြဲ႕ၿပီး ေသြးေတြပါထြက္လာေတာ့တာေပါ့..။ထုံးစံအတိုင္း ေ႐ႊယုန္ကေတာ့ ထြက္ေျပးသြားျပန္တာေပါ့..ဒဏ္ရာေတြထပ္ရသြားတဲ့ ေ႐ႊက်ားဟာ ခရီးဆက္လာရင္း လမ္းေဘးမွာ ဘာမွမသိသလိုထိုင္ေနတဲ့ ေ႐ႊယုန္ကို ေတြ႕ျပန္တယ္..။” ငါ့ကို ဒုကၡေပးတဲ့ ယုန္စုတ္ မေျပးနဲ႔ “လို႔ေဒါသတႀကီး ဟိန္းေဟာက္လိုက္တယ္..။ ေ႐ႊယုန္ကလည္း..” ကိုေ႐ႊက်ား လူမွားတာ..အဲေလ ယုန္မွားတာျဖစ္မယ္ဗ်..က်ေနာ့မွာ က်ေနာ္နဲ႔တူတဲ့ ညီကိုေမာင္ႏွမေတြ အမ်ားႀကီး..”လို႔လိမ္ျပန္ပါတယ္.. ေ႐ႊက်ားကလည္း အယုံလြယ္ၿပီး ျပန္ေတာင္းေတာင္းပန္လိုက္ေသးတယ္။” ဒါနဲ႔ ေနာင္ႀကီး ေက်ာမွာဒဏ္ရာေတြ မနည္းပါလား..ဘယ္လိုျဖစ္လာတာတုန္း..”ေ႐ႊက်ားကလည္း ျဖစ္ေၾကာင္းကုန္စင္ျပန္ေျပာျပတာေပါ့..ဒီေတာ့ေ႐ႊယုန္က က႐ုဏာသက္စြာနဲ႔ျပန္ေျပာတယ္..” ဟာဗ်ာ..စိတ္မေကာင္းစရာ ဒီလိုဒဏ္ရာမ်ိဳးက သဲထဲမွာ လွိမ့္လိုက္ရင္ ခ်က္ခ်င္းေပ်ာက္တာ..”လို႔ေျပာျပန္တယ္ အူတူတူေ႐ႊက်ားကလည္း အယုံလြယ္ေတာ့ သဲေပါတဲ့ျမစ္ကမ္းနံေဘးကိုသြားၿပီး သဲျပင္ထဲလူးလွိမ့္လိုက္ျပန္တယ္..အနာထဲသဲေတြဝင္ေတာ့ စပ္ဖ်င္းဖ်င္းနဲ႔ အေတာ္ဒုကၡေရာက္သြားတာေပါ့..ဒီလိုနဲ႔ ေဝဒနာေတြကိုခံစားရင္း ခရီးဆက္ထြက္လာခဲ့တယ္..ေရွ႕နားအေတာ္ေလးေရာက္ေတာ့ လမ္းေဘးမွာ ဘာမွမသိသလိုနဲ႔ထိုင္ေနတဲ့ ေ႐ႊယုန္ကိုေတြ႕ျပန္တယ္.. ေဒါသအမ်က္ေခ်ာင္း ေခ်ာင္းထြက္ေနတဲ့ ေ႐ႊက်ားဟာ” ငါ့ကို ဒုကၡေပးတဲ့ ယုန္စုတ္ ဒီတခါငါ့လက္ကမလြတ္ေစရဘူး လာခဲ့..”ဆိုၿပီးဟိန္းေဟာက္လိုက္ေတာ့ ေ႐ႊယုန္က”ေနပါဦး ငါမင္းကိုမသိပါဘူး..ၾကည့္ရတာ မင့္ငါ့အမ်ိဴးေတြထဲက တစ္ေကာင္ေကာင္နဲ႔ မွားေနတာျဖစ္မယ္..”လို႔ ခပ္တည္တည္နဲ႔ ျပန္ေျပာလိုက္တယ္..ဒီေတာ့ အူတူတူေ႐ႊက်ားဟာ ယုံသြားၿပီးျပန္ေတာင္းပန္ပါသတဲ့…ဒီေတာ့ေ႐ႊယုန္က က႐ုဏာသံနဲ႔ေျပာျပန္တယ္..”ဟာ.. ဘယ္လိုျဖစ္ရတာလဲ ေ႐ႊက်ားရယ္..မင့္ေက်ာမွာလဲ ဒဏ္ရာေတြဗလပြပါလား..ဒါေပသိ ဘာမွမပူနဲ႔ကြ.. မင္းကံေကာင္းတယ္.. ငါမင္းကို ဆုေတာင္းျပည့္ေရကန္ကိုေခၚသြားမယ္.. အဲ့ဒီမွာသာ မင္းဆုေတာင္းလိုက္ရင္ ဒဏ္ရာေတြ ယူပစ္သလိုေပ်ာက္သြားလိမ့္မယ္..” ဆိုေတာ့ ေ႐ႊက်ားက” ေအး လုပ္စမ္းပါကြာ ငါ့ကို အဲ့ေရကန္ဆီအျမန္ေခၚသြားစမ္းပါ..”” ေအး.. ငါေနာက္ကလိုက္ခဲ့”ဒီလိုနဲ႔ ေ႐ႊယုန္ဟာ ေ႐ႊက်ားကိုေရတြင္းတစ္တြင္းဆီေခၚသြားတာေပါ့..ေရတြင္းနားေရာက္ေတာ့” ကဲ ေရတြင္ ႏုတ္ခမ္းေပၚတက္ ေအာက္ကိုၾကည့္ၿပီး ဆုေတာင္းေပေတာ့” ေ႐ႊက်ားကလည္း အယုံလြယ္သူဆိုေတာ့ တြင္းႏုတ္ခမ္းေပၚတက္ၿပီး ဆုေတာင္းမယ္အလုပ္မွာ ေ႐ႊယုန္ကေနာက္ကေန တြန္းခ်လိုက္တာ ေသပါေလေရာတဲ့..။ Moral – ဘယ္ရာမဆို အက်ိဴးအေၾကာင္းဆီေလ်ာ္မႈရွိမရွိ ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏ စဥ္းစားဆင္ျခင္ႏိုင္ဖို႔လိုပါတယ္။