ရေခွက်လေးလို မဖြစ်စေနဲ့…

တစ်ခါက ကလေးနှစ်ယောက်ဟာမြစ်တစ်ခုမှာ ရေချိုးနေကြသတဲ့..တစ်ယောက်က ရေဖလားနှင့် ခပ်ပြီးချိုးတယ်။ သူက ရေမကူးတက်လို့ပေါ့.. နောက်တစ်ယောက်ကတော့ ရေကူးတက်သဖြင့် မြစ်အလည်သို့သွားချိုးတယ်။ ရေဖလားနဲ့ခက်ချိုးသော ကလေးက” သူငယ်ချင်း… မြစ်အလယ်ကို “” သွားပြီး မချိုးနဲ့ “” ရေစီးသန်တယ် ရေနစ်လိမ့်မယ်ဟ “အလိုပြောလိုက်တော့ ရေကူးတက်တဲ့ ကလေးကခုလိုပြန်ပြောလိုက်တယ်..။ ” ဟား … မင်းသာ ရေမကူးတက်လို့ “” ကမ်းစပ်မှာ ချိုးတာကွ “” ငါက ရေကူးတက်တယ်လေ “” ဒါကြောင့် ငါရေနစ်မှာ မစိုးရိမ်နဲ့ “” ငါ ရေကူးဘယ်လောက်ကျွမ်းလဲဆိုတာ “” မင်းကို လက်တွေ့ပြမယ် “ထိုသို့ဟြေပြီး မြစ်အလယ်သို့ရေကူးသွားသတဲ့မြစ်လယ်ရောက်တော့ ရေစီးသန်လွန်းတဲ့အတွက် ရေစီးကြောင်းအတိုင်းမျောပါသွားတာပေါ့..။ကမ်းစပ်က ကလေးငယ်ဟာဘာလုပ်ရမည်ကို မစဉ်း စားတက်အောင်ဖြစ်သွားတယ်..။သူကိုယ်တိုင် ကယ်ရအောင်လည်း ရေက မကူးတက်ဆိုတော့..ဒါပေမယ့် ကယ်မယ့်သူကလည်းသူတစ်ယောက်သာရှိနေတယ်။ မြစ်ကြောင်းတစ်လျှောက်မှာလည်း လူသားဆိုလို့ သူတို့နှစ်ဦးသာရှိနေလေရဲ့..။ ရေစီးထဲမျောပါနေကလေးက ကယ် ပါ ကယ်ပါဟု တစာစာအော်နေတော့ ကမ်းစပ်က ကလေးကလည်း ရေမကူးတက်တော့ မကယ်နိုင်သူဆုံးဖြတ်ချက်တစ်ခုကို သေချာစွာချလိုက်သည်။ လက်ထဲက ရေချိုးတဲ့ခွက်ကို ရေထဲပစ်ချလိုက်တယ်။ ထို့နောက် ခိုလိုအော်ပြောလိုက်တယ်။ သူငယ်ချင်း “” ရေခွက်ကို သေ ချာ ကြည့် “” သူလည်း မင်းလိုပဲ ရေစီးအတိုင်း “” မျောနေတယ် “” သူ့မှာ ကမ်းစပ်ရောက်ဖို့ “” ရေကူးစရာ ခြေလက်မရှိဘူး “

” မင်းမှာ ခြေလက်တစ်စုံ ရှိတယ် “” စိုးရိမ်စိတ်တွေ မေ့ပစ်ပြီး “” ကမ်းစပ်ရှိရာသို့ အားစိုက်ကူးလိုက် “” ဒီလိုမှ မဟုတ်ရင်တော့ “” မင်းလည်း ရေခွက်နဲ့အတူ “” မကြာခင် နစ်မြုပ်လိမ့်မယ် “ထိုသို့အော်ဟြေရင်း ကမ်းစပ်ကနေပြီးမြစ်ကြောင်းအတိုင်း ပြေးလိုက်သတဲ့ပါးစပ် ကလည်း…( ကမ်းစပ်ကို ကူးခဲ့လေကွာ )( ရေခွက်လိုပဲ ရေစီးကြောင်းအတိုင်း )( လိုက်သွားချင်လို့လား )( မင်းမှာ ခြေလက်တွေရှိတယ်လေကွာ )( ကူးခဲ့စမ်းပါ ဒီဘက်ကို )ထိုသို့ အကြိမ်များစွာအော်ဟြေလိုက်တော့မြစ်ကြောင်းအတိုင်း မျောနေသော ကလေးငယ်ဟာ အားသွန် ခွန်စိုက်နဲ့ ကမ်းစပ်ရှိရာသို့ ကူးသတဲ့..။ဒီလိုနဲ့နောက်ဆုံးတော့ ကမ်းစပ်ရှိရာသို့အရောက်ကူးခက်နိုင်ခဲ့တာပေါ့..။ သူကမ်းစပ်ရောက်နေချိန်မှာတော့ရေမကူးတက်တဲ့ကလေးငယ်ရဲ့ရေခွက်လေးဟာ တဖြည်းဖြည်းနဲ့ရေစီးထဲမှာ မျောရင်းမြင်ကွင်းထဲမှ ပျောက်ကွယ်သွားသတဲ့..။နှစ်ယောက်သား မောမောနှင့် ကမ်းစပ်မှာ ပက်လပ်လှန်ကာ အနားယူလိုက်တယ်။ ထို့နောက်ကောင်းကင်ကြီးကို ကြည့်ပြီးအော်ရယ်လိုက်ကြသတဲ့ သူတို့စိတ် ထဲမှာ အိမ်ပြန်နောက်ကျလို့မေမေရိုက်မည့်အရေးကို တွေးနေရင်းနဲ့နှစ်ယောက်သား ထပ်ပြီးကြုံဦးမည့်ဒုက္ခတစ်ခုအတွက် ရယ်မောရင်း အားမွေးလိုက်သတဲ့..။ ဒီအကြောင်းအရာလေးက မြစ်ကြီးနဲ့တူတဲ့ လူ့လောကမှာရေစီးသန်တဲ့မြစ်အလယ်လိုပဲ အခက်ခဲတွေဆို ရှိတက်ကြပါတယ်။ဒီအခက်ခဲတွေကို ရေကူးကျွမ်းကျင်သောကလေးငယ်ရဲ့ မလိုအပ်ပဲဒုက္ခမြစ်လည်လို့ မိုက်မဲစွာမကူးလိုက်ပါနဲ့..။ ကမ်းစပ်မှာ အေး ဆေးချိုးပါ။ အကယ်၍ ဒုက္ခမြစ်လယ်လို့ ကူးခတ်မိလျှင်လည်း ရေခွက်လေးလို ဒုက္ခရဲ့ခေါ်ဆောင်ရာကို အလိုက်သင့်လိုက်မသွားပါနဲ့..။ခြေ လက်တွေနဲ့တူသော ကြိုးစားမှုဖြင့်အခက်ခဲများကြားက ရုန်းထွက်လိုက်ပါ..။မရုန်းထွက်နိုင်သရွေ့တော့ ရေခွက်လေးလိုပဲ ဦးတည်ရာမဲ့စွာနဲ့ အခက်ခဲတွေကြားမှာ ဒုက္ခတွေရဲ့ခေါ်ဆောင်ရာကို လိုက်သွားရပါလိမ့်မယ်…။

Credit – အမှောင်ထဲက လူသား

[zawgyi]
