သူ့တန်ဖိုးနဲ့ သူ

တခါတုန်းက ရွာတစ်ရွာမှာ ခပ်ပေပေ၊ ခပ်တေတေ နေတတ်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်..။ ဆံပင်တွေလည်း မသပ်မရပ်၊ အဝတ် အစားလည်း ပိုသီဖတ်သီနဲ့ စည်းမရှိ ကမ်းမရှိ နေသူလေးပေါ့..။အဲ့ဒီ့ရွာလေးမှာ ဓလေ့ထုံးစံလေးတစ်ခုရှိတယ်..။ အဲ့ဒီ့ရွာက မိန်းကလေးတွေကို အမျိုးသားများက လက်ထပ်ချင်တယ်ဆိုရင် နွားအကောင်ရေအတွက်နဲ့ တင်တောင်းရပါတယ်တဲ့..။ မိန်းကလေးတွေရဲ့ တန်ဖိုးကို နွားတစ်ကောင်မှ ဆယ်ကောင်အထိ သတ်မှတ်ကြတယ်။ စောစောက မိန်းကလေးရဲ့ တန်ဖိုးကိုတော့ နွား ၁ ကောင်သာ သတ်မှတ်ထားပါတယ်တဲ့..။ သူမ ကလည်း သူ့ကိုယ်သူ တန်ဖိုးသိပ်မရှိတဲ့သူ လို့ သတ်မှတ်ထားပါတယ်။ဒါပေမယ့်.. တစ်နေ့တော့ အဲ့ဒီ့ရွာလေးကို ကုန်သည်လေးတစ်ယောက် ရောက်လာပါတယ်။ အဲ့ဒီ့မိန်းကလေးကို မြင်တော့.. မြင်မြင်ချင်းနှစ်သက်မိခဲ့တယ်။ ကုန်သည်လေးက မိန်းကလေးကို နွား ၁၂ ကောင်နဲ့ တင်တောင်းလိုက်ပါတယ်..။

ရွာက လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်..။ ဒီမိန်းကလေးက နွား ၁၂ ကောင်တောင် တန်သလားပေါ့..။ မိန်းကလေးကလည်း မိမိကို တန်ဖိုးထားတဲ့သူ ရှိတဲ့အတွက်.. အဲ့ဒီ့တန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင်ဆင်ဆင်နေလိုက်ပါတယ်။ သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်လိုက်တဲ့အတွက် မိန်းကလေးဟာ အဲ့ဒီ့ရွာမှာ တကယ်ကို တန်ဖိုးအရှိဆုံး၊ အလှပဆုံး မိန်းကလေးတစ်ယောက် ဖြစ်သွားပါတော့တယ်..။တကယ်တော့ လူတွေအားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ တန်ဖိုးထားတတ်ဖို့ပဲ လိုပါတယ်..။ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့သူဟာ သူတပါးကိုလည်း တန်ဖိုးထားတတ်လာပါလိမ့်မယ်..။ လူတစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားဆက်ဆံခြင်းဟာ လောကကြီးကို အလှဆင်ခြင်းတစ်မျိုးပါပဲ..။ အဓိက ကတော့.. တန်ဖိုးထားတတ်ခြင်းပါပဲ..။အနာဂတ် လူငယ်များအတွက်..။

Credit:သန့်ဦး

[zawgyi]

တခါတုန္းက ႐ြာတစ္႐ြာမွာ ခပ္ေပေပ၊ ခပ္ေတေတ ေနတတ္တဲ့ မိန္းကေလးတစ္ေယာက္ရွိတယ္..။ ဆံပင္ေတြလည္း မသပ္မရပ္၊ အဝတ္ အစားလည္း ပိုသီဖတ္သီနဲ႔ စည္းမရွိ ကမ္းမရွိ ေနသူေလးေပါ့..။အဲ့ဒီ့႐ြာေလးမွာ ဓေလ့ထုံးစံေလးတစ္ခုရွိတယ္..။ အဲ့ဒီ့႐ြာက မိန္းကေလးေတြကို အမ်ိဳးသားမ်ားက လက္ထပ္ခ်င္တယ္ဆိုရင္ ႏြားအေကာင္ေရအတြက္နဲ႔ တင္ေတာင္းရပါတယ္တဲ့..။ မိန္းကေလးေတြရဲ႕ တန္ဖိုးကို ႏြားတစ္ေကာင္မွ ဆယ္ေကာင္အထိ သတ္မွတ္ၾကတယ္။ ေစာေစာက မိန္းကေလးရဲ႕ တန္ဖိုးကိုေတာ့ ႏြား ၁ ေကာင္သာ သတ္မွတ္ထားပါတယ္တဲ့..။ သူမ ကလည္း သူ႔ကိုယ္သူ တန္ဖိုးသိပ္မရွိတဲ့သူ လို႔ သတ္မွတ္ထားပါတယ္။ဒါေပမယ့္.. တစ္ေန႔ေတာ့ အဲ့ဒီ့႐ြာေလးကို ကုန္သည္ေလးတစ္ေယာက္ ေရာက္လာပါတယ္။ အဲ့ဒီ့မိန္းကေလးကို ျမင္ေတာ့.. ျမင္ျမင္ခ်င္းႏွစ္သက္မိခဲ့တယ္။ ကုန္သည္ေလးက မိန္းကေလးကို ႏြား ၁၂ ေကာင္နဲ႔ တင္ေတာင္းလိုက္ပါတယ္..။႐ြာက လူေတြ လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကတယ္..။ ဒီမိန္းကေလးက ႏြား ၁၂ ေကာင္ေတာင္ တန္သလားေပါ့..။ မိန္းကေလးကလည္း မိမိကို တန္ဖိုးထားတဲ့သူ ရွိတဲ့အတြက္.. အဲ့ဒီ့တန္ဖိုးနဲ႔ ကိုက္ညီေအာင္ ျပင္ျပင္ဆင္ဆင္ေနလိုက္ပါတယ္။ သပ္သပ္ရပ္ရပ္ လွလွပပ ဝတ္ဆင္လိုက္တဲ့အတြက္ မိန္းကေလးဟာ အဲ့ဒီ့႐ြာမွာ တကယ္ကို တန္ဖိုးအရွိဆုံး၊ အလွပဆုံး မိန္းကေလးတစ္ေယာက္ ျဖစ္သြားပါေတာ့တယ္..။တကယ္ေတာ့ လူေတြအားလုံးဟာ သူ႔တန္ဖိုးနဲ႔သူ ရွိၾကပါတယ္။ တန္ဖိုးထားတတ္ဖို႔ပဲ လိုပါတယ္..။ မိမိကိုယ္ကို တန္ဖိုးထားတတ္တဲ့သူဟာ သူတပါးကိုလည္း တန္ဖိုးထားတတ္လာပါလိမ့္မယ္..။ လူတစ္ဦးနဲ႔ တစ္ဦး တန္ဖိုးထားဆက္ဆံျခင္းဟာ ေလာကႀကီးကို အလွဆင္ျခင္းတစ္မ်ိဳးပါပဲ..။ အဓိက ကေတာ့.. တန္ဖိုးထားတတ္ျခင္းပါပဲ..။အနာဂတ္ လူငယ္မ်ားအတြက္..။