သမ္ဗုဒ္ဓေဂါထာ‌ ပါဠိတော်နှင့် မြန်မာပြန်

ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။ သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။ အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။ နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။ မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။ ၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။ အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။အဋ္ဌ ဆိုတာ ၈။ ဝီသဉ္စ ဆိုတာ ၂၀။ အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈။ ဒွါဒဿ ဆိုတာ ၁၂။ သဟႆ ဆိုတာ ၁၀၀၀။ ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀။ ပၪၥ ဆိုတာ ၅။ တသ ဆိုတာ ၁၀၀။ ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀။ သဟႆ ဆိုတာ ၁၀၀၀။ ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကိုနမာမိ – ရှိခိုးခြင်း။ သိရသာ – ဦးခေါင်းဖြင့်။ အဟံ – ကျွန်ုပ်သည်။ နမာမိ သိရသာ မဟံ – ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။ အပ္ပကာ – နည်းသေး၏။ ဝါဠုကာ – သဲ။ ဂင်္ဂါ – ဂင်္ဂါမြစ်။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ – ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏။ အနန္တာ – မရေမတွက်နိုင်အောင်များသော။ နိဗ္ဗူတာ – နိဗ္ဗာန်ဝင်ခြင်း.ဇိနာ – မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်။အနန္တာ နိဗ္ဗူတာ ဇိနာ – မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ တေသံ – ထိုဘုရားရှင်တို့၏။ဓမ္မဉ္စ – တရားဓမ္မတို့ကို။ သံဃဉ္စ – သံဃာတော်တို့ကို။ အာဒရေန – ရိုသေစွာ။ နမာမိ – ရှိခိုးပါ၏။အဟံ – ကျွန်ုပ်သည်။အာဒရေန နမာမဟံ – ကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏။ နမက္ကာရာ – ဤသို့ရှိခိုးရသော။ နုဘာဝေန – အကျိုးအားကြောင့်။ ဟိတွာ – ပယ်ပျောက်ခြင်း။သဗ္ဗေ – ခပ်သိမ်းသော။ ဥပဒ္ဒဝေ – ဘေးရန်တို့သည်။ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ – ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ။ အနေကာ အန္တရာယာပိ – တစ်ခုမကသော အန္တရာယ်တို့သည်။ ဝိနဿန္တု – ပျောက်ကွယ်ပါစေ။ အသေသတော – အကြွင်းမရှိ။ အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော – တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ။ သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။ အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။ ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကျွန်ုပ်သည် ရိုသေစွာရှိခိုးပါ၏။နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။ (ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

Credit ပြည့်စုံ(တောင်ငူ)

[zawgyi]

ဒီဘဒၵကမာၻကေန ေနာက္ျပန္ေရတြက္ရင္ ၂၀ သေခ်ၤနဲ႔ ကမာၻတစ္သိန္းမွာ ဒီပကၤရာျမတ္စြာဘုရား ပြင့္ေတာ္မူတယ္။ ဒီပကၤရာ ၂ ဆူရွိတယ္၊ လြန္ခဲ့တဲ့ ၂၀သေခ်ၤနဲ႔ ကမာၻတစ္သိန္းကပြင့္ခဲ့တဲ့ ဒီပကၤရာက အရင္ပြင့္လို႔ ေပါရာဏဒီပကၤရာလို႔ေခၚၾကတယ္။ အဲဒီေပါရာဏဒီပကၤရာဘုရားရွင္လက္ထက္မွာ ရဟန္းငယ္တပါးက ဘုရားရွင္ရဲ႕ေက်ာင္းေဆာင္ေတာ္မွာ ညဖက္ဆီမီးပူေဇာ္ဖို႔အတြက္ ၿမိဳ႕ေတာ္ထဲမွာ ဆီအလႉခံတယ္။ အဲဒါကို ေပါရာဏဒီပကၤရာဘုရားရဲ႕ ညီမေတာ္လည္းျဖစ္၊ ဘုရင့္သမီးေတာ္လည္းျဖစ္တဲ့ မင္းသမီးက ျမင္သြားေတာ့ ရဟန္းငယ္ကို လွမ္းပင့္ၿပီး လိုအပ္တဲ့ မုန္ညႇင္းဆီေတြကို သပိတ္အျပည့္လႉလိုက္တယ္။ လႉလည္းၿပီးေရာ မင္းသမီးက ဘုရားျဖစ္ခ်င္တယ္ဆိုၿပီး ဆုပန္တယ္။ သပိတ္အျပည့္အလႉခံရထားေတာ့ ညဖက္ဆီမီးပူေဇာ္တဲ့အခါ ေက်ာင္းေဆာင္ေတာ္ႀကီးက ဆီမီးေတြနဲ႔ၿမိဳင္ေနေရာ။ ဒီေတာ့ ဘုရားရွင္က ဆီမီးထြန္းတဲ့ ရဟန္းငယ္ကိုေခၚေမးတယ္။ ရဟန္းငယ္ကလည္း အရွင္ဘုရားရဲ႕ညီမေတာ္က လႉလိုက္တာျဖစ္ေၾကာင္း၊ ဘုရားျဖစ္ခ်င္တယ္လို႔ ဆုေတာင္းေၾကာင္း ေလွ်ာက္တင္တယ္။ အဲဒီအခါ ဘုရားရွင္က မိန္းကေလးဘဝနဲ႔ ဘုရားဆုပန္လို႔မရဘူး၊ ေယာက္်ားဘဝရမွ ဘုရားဆုပန္လို႔ရမယ္၊ ဒီေတာ့ ေယာက္်ားဘဝရဖို႔ အရင္ဆုပန္ခိုင္းပါလို႔ မိန္႔ေတာ္မူတယ္။ တဆက္တည္းမွာပဲ ရဟန္းငယ္က သူလည္းဘုရားျဖစ္ခ်င္ပါတယ္ဆိုၿပီး ဘုရားဆုပန္တယ္။ ဒီပကၤရာဘုရားရွင္ကို အားက်တာကတစ္ေၾကာင္း၊ သူက ဆီမီးပူေဇာ္တဲ့ရဟန္းျဖစ္လို႔ (ဒီပင္ ဆိုတာ ဆီမီး၊ ကေရာတိ ဆိုတာ ပူေဇာ္ျခင္း) တိုက္ဆိုင္တာကတစ္ေၾကာင္းေၾကာင့္ ဒီပကၤရာဆိုတဲ့ ဘြဲ႕ေတာ္နဲ႔ပဲ ဘုရားျဖစ္ခ်င္ေၾကာင္း ဆုပန္တယ္။ ဒီေတာ့ ပါရာဏဒီပကၤရာဘုရားရွင္က အဘိဉာဥ္တန္ခိုးနဲ႔ ၾကည့္ေတာ္မူၿပီး ရဟန္းငယ္ကို ေနာင္ ၁၆ သေခ်ၤၾကာတဲ့အခါ ဒီပကၤရာဘြဲ႕ေတာ္နဲ႔ပဲ ဘုရားျဖစ္မယ္လို႔ ဗ်ာဒိတ္ေတာ္ေပးတယ္။ ေနာက္တစ္ေန႔ ရဟန္းငယ္က ထုံးစံအတိုင္း ဆီအလႉခံထြက္ရင္း မင္းသမီးဆီေရာက္တဲ့အခါ ျမတ္စြာဘုရားမွာလိုက္တဲ့အတိုင္း မိန္းမဘဝနဲ႔ ဘုရားဆုပန္လို႔မရေၾကာင္း၊ ေယာက္်ားဘဝရေအာင္ အရင္ဆုပန္ခိုင္းေၾကာင္း ျပန္မိန္႔တယ္။ မင္းသမီးကလည္း မုန္ညႇင္းဆီေတြ သပိတ္အျပည့္လႉတယ္၊ ေနာက္ေန႔ေတြမွာလည္း ေန႔စဥ္သပိတ္အျပည့္လႉဖို႔ ကတိခံၿပီး ဒီလိုလႉရတဲ့အက်ိဳးအားေၾကာင့္ ေနာက္ဘဝမွာ ေယာက္်ားဘဝရပါလို၏ ဆိုၿပီး ဆုေတာင္းတယ္။ ဆုလည္းေတာင္းတယ္ ေယာက္်ားဘဝရေစမယ့္ အက်င့္အႀကံေတြကိုလည္း တကယ္က်င့္ႀကံအားထုတ္ေတာ့ ေနာက္ဘဝမွာ ေယာက်ာ္းျဖစ္သြားတယ္။ အဲဒီေယာက္်ားဘဝကေနစၿပီး ေနာက္ပိုင္း ဘုရားျဖစ္ခ်င္စိတ္အထုံေၾကာင့္ ပါးစပ္ကထုတ္မေျပာေပမယ့္ စိတ္ထဲကေန ဘုရားဆုပန္တာ ၇ သေခ်ၤၾကာတယ္။ အဲဒီ ၇ သေခ်ၤအတြင္းမွာ ဘုရားေပါင္း ၁၂၅၀၀၀ ဆူ ပြင့္ေတာ္မူခဲ့တယ္။ ေနာက္ပိုင္းဘဝေတြက်ေတာ့ ဘုရားျဖစ္ခ်င္တဲ့ အထုံအစြဲႀကီးလြန္းလာတာရယ္ေၾကာင့္ စိတ္ထဲကတင္မကေတာ့ပဲ ႏႈတ္ကပါ ဘုရားဆုပန္တယ္။ အဲဒီလို ႏႈတ္ကေန ဘုရားဆုပန္တာ ၉ သေခ်ၤရွိတယ္။ အဲဒီ ၉ သေခ်ၤကာလအတြင္း ဘုရားေပါင္း ၃၈၇၀၀၀ ဆူ ပြင့္ခဲ့တယ္။ မိန္းမဘဝအၿပီး ေယာက်ာ္းဘဝကို စရတဲ့ အခ်ိန္ကေန စိတ္နဲ႔ဘုရားဆုပန္တဲ့ ၇ သေခ်ၤရယ္ ႏႈတ္နဲ႔ဘုရားဆုပန္တဲ့ ၉ သေခ်ၤရယ္ ေပါင္း ၁၆ သေခ်ၤအတြင္းမွာ ဘုရားေပါင္း ၅၁၂၀၀၀ ပြင့္ေတာ္မူတယ္။ ၁၆ သေခ်ၤၾကာတဲ့အခါဆိုေတာ့ ေပါရာဏဒီပကၤရာျမတ္စြာဘုရားဆီက ဗ်ာဒိတ္ေတာ္ရထားတဲ့ရဟန္းငယ္ေလးက ဒီပကၤရာဆိုတဲ့ဘြဲ႕ေတာ္နဲ႔ ဘုရားျဖစ္ေတာ္မူတယ္။ဒီပကၤရာျမတ္စြာဘုရားႂကြလာတဲ့လမ္းမွာ တံတားခင္းတာ အခ်ိန္မမီတဲ့အတြက္ သုေမဓာရေသ့က ကိုယ္ကိုတံတားခင္းၿပီးလႉတယ္။ ဒီပကၤရာဘုရားရွင္က ၾကည့္ေတာ္မူတဲ့အခါ သုေမဓာရေသ့က ေပါရာဏဒီပကၤရာဘုရားလက္ထက္ သူရဟန္းငယ္ဘဝနဲ႔ ဗ်ာဒိတ္ေတာ္ရတဲ့ဘဝတုန္းက သူ႔ကို မုန္ညႇင္းဆီလႉတဲ့ မင္းသမီးျဖစ္ေနတာကိုျမင္တယ္။ အဲဒီမွာ ဘုရားရွင္က မင္းသမီးေလးဘဝျဖစ္စဥ္ကို ျပန္ေျပာင္းေဟာျပတယ္။ ၿပီးေတာ့ ေနာင္ ၄ သေခ်ၤနဲ႔ ကမာၻတစ္သိန္း ၾကာတဲ့အခါ ဘုရားျဖစ္မယ္လို႔ ဗ်ာဒိတ္ေတာ္ေပးတယ္။ မုန္ညႇင္းဆီလႉခဲ့တဲ့အက်ိဳးေၾကာင့္ လူျဖစ္တဲ့ ေနာက္ဆုံးဘဝနာမည္က သိဒၶတၳမင္းသားျဖစ္လိမ့္မယ္လို႔ ေဟာေတာ္မူတယ္။ (သိဒၶတၳ ဆိုတာ မုန္ညႇင္း၊ ေတလ ဆိုတာ ဆီ၊ သိဒၶတၳေတလ ဆိုတာ မုန္ညႇင္းဆီ)သုေမဓာရေသ့ဘဝနဲ႔ ဒီပကၤရာဘုရားဆီက ဗ်ာဒိတ္ေတာ္ရတဲ့အခ်ိန္ကေန ကိုယ္ေတာ္တိုင္ပြင့္ေတာ္မူတဲ့အခ်ိန္အထိ ၾကားကာလ ၄ သေခ်ၤနဲ႔ ကမာၻတစ္သိန္းအတြင္းမွာ ပြင့္ခဲ့တဲ့ ဘုရားေပါင္းက ၂၈ ဆူရွိတယ္။ အဲဒီေတာ့ စိတ္နဲ႔ဆုပန္တဲ့ကာလရယ္၊ ႏႈတ္နဲ႔ဆုပန္တဲ့ကာလရယ္၊ ဗ်ာဒိတ္ေတာ္ရတဲ့အခ်ိန္ကေန ကိုယ္ေတာ္တိုင္ပြင့္ေတာ္မူတဲ့ အခ်ိန္အထိရယ္ အတြင္းမွာ ဘုရားေပါင္း ၅၁၂၀၂၈ ဆူ ပြင့္ေတာ္မူတယ္။ သမၺဳေဒၶ အ႒ဝီသၪၥ၊ ဒြါဒသၪၥ သဟႆေက၊ ပၪၥသတ သဟႆာနိ၊ နမာမိ သိရသာ မဟံ။ အပၸကာ ဝါဠဳကာ ဂဂၤါ၊ အနႏၲာ နိဗၺဴတာ ဇိနာ၊ ေတသံ ဓမၼၪၥ သံဃၪၥ၊ အာဒေရန နမာမဟံ။ နမကၠာရာ ႏုဘာေဝန၊ ဟိတြာ သေဗၺ ဥပဒၵေဝ၊ အေနက အႏၲရာယာပိ၊ ဝိနာႆႏၲဳ အေသသေတာ။အ႒ ဆိုတာ ၈။ ဝီသၪၥ ဆိုတာ ၂၀။ အ႒ဝီသၪၥ ဆိုေတာ့ ၂၈။ ဒြါဒႆ ဆိုတာ ၁၂။ သဟႆ ဆိုတာ ၁၀၀၀။ ဒြါဒသၪၥ သဟႆေက ဆိုေတာ့ ၁၂x၁၀၀၀ = ၁၂၀၀၀။ ပၪၥ ဆိုတာ ၅။ တသ ဆိုတာ ၁၀၀။ ပၪၥတသ ဆိုေတာ့ ၅x၁၀၀ = ၅၀၀။ သဟႆ ဆိုတာ ၁၀၀၀။ ပၪၥတသ သဟႆနိ ဆိုေတာ့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀။ သမၺဳေဒၶ အ႒ဝီသၪၥ၊ ဒြါဒသၪၥ သဟႆေက၊ ပၪၥႆတ သဟႆာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူေသာ သမၼာသဗုဒၶဘုရားရွင္တို႔ကိုနမာမိ – ရွိခိုးျခင္း။ သိရသာ – ဦးေခါင္းျဖင့္။ အဟံ – ကြၽႏ္ုပ္သည္။ နမာမိ သိရသာ မဟံ – ကြၽႏ္ုပ္သည္ ဦးေခါင္းျဖင့္ ရွိခိုးပါ၏။ဦးေခါင္းျဖင့္ရွိခိုးတယ္ဆိုတာ လက္အုပ္ခ်ီၿပီး ေခါင္းေပၚတင္ထားတာကိုေခၚတယ္။ နတ္ေတြ ျဗဟၼာေတြက အဲဒီလိုပဲ ရွိခိုးၾကတယ္။ သာမန္ရွိခိုးတာက ကိုယ္ေရွ႕မွာ လက္အုပ္ခ်ီၿပီး ဦးၫြတ္ထားတာမ်ိဳး။ အပၸကာ – နည္းေသး၏။ ဝါဠဳကာ – သဲ။ ဂဂၤါ – ဂဂၤါျမစ္။ အပၸကာ ဝါဠဳကာ ဂဂၤါ – ဂဂၤါျမစ္အတြင္းရွိ သဲတို႔သည္ပင္ နည္းေသး၏။ အနႏၲာ – မေရမတြက္ႏိုင္ေအာင္မ်ားေသာ။ နိဗၺဴတာ – နိဗၺာန္ဝင္ျခင္း.ဇိနာ – မာန္ငါးပါးကို ေအာင္ျမင္ေသာ ဘုရားရွင္။အနႏၲာ နိဗၺဴတာ ဇိနာ – မာန္ငါးပါးကို ေအာင္ျမင္၍ နိဗၺာန္စံဝင္ေတာ္မူၿပီးေသာ ဘုရားရွင္တို႔သည္ မေရမတြက္ႏိုင္ေအာင္ မ်ားလွၿပီ ေတသံ – ထိုဘုရားရွင္တို႔၏။ဓမၼၪၥ – တရားဓမၼတို႔ကို။ သံဃၪၥ – သံဃာေတာ္တို႔ကို။ အာဒေရန – ႐ိုေသစြာ။ နမာမိ – ရွိခိုးပါ၏။အဟံ – ကြၽႏ္ုပ္သည္။အာဒေရန နမာမဟံ – ကြၽႏ္ုပ္သည္ ႐ိုေသစြာ ရွိခိုးပါ၏။ နမကၠာရာ – ဤသို႔ရွိခိုးရေသာ။ ႏုဘာေဝန – အက်ိဳးအားေၾကာင့္။ ဟိတြာ – ပယ္ေပ်ာက္ျခင္း။သေဗၺ – ခပ္သိမ္းေသာ။ ဥပဒၵေဝ – ေဘးရန္တို႔သည္။ ဟိတြာ သေဗၺ ဥပဒၵေဝ – ခပ္သိမ္းေသာေဘးရန္တို႔ ပယ္ေပ်ာက္ပါေစ။ အေနကာ အႏၲရာယာပိ – တစ္ခုမကေသာ အႏၲရာယ္တို႔သည္။ ဝိနႆႏၲဳ – ေပ်ာက္ကြယ္ပါေစ။ အေသသေတာ – အႂကြင္းမရွိ။ အေနကာ အႏၲရာယာပိ ဝိနႆႏၲဳ အေသသေတာ – တစ္ခုမကေသာအႏၲရာယ္တို႔သည္ အႂကြင္းမရွိ ေပ်ာက္ကြယ္ပါေစ။ သမ္ဗုဒ္ေဓ အဋ္ဌဝီသဥ္စ၊ ဒွါဒသဥ္စ သဟႆေက၊ ပဥ္စသတ သဟႆာနိ၊ နမာမိ သိရသာ မဟံ။ ၅၁၂၀၂၈ ဆူေသာ သမၼာသဗုဒၶဘုရားရွင္တို႔ကို ကြၽႏ္ုပ္သည္ ဦးေခါင္းျဖင့္ ရွိခိုးပါ၏။ အပ္ပကာ ဝါဠဳကာ ဂင္်ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဥ္စ သံဃဥ္စ၊ အာဒရေန နမာမဟံ။ ဂဂၤါျမစ္အတြင္းရွိသဲတို႔သည္ပင္ နည္းေသး၏၊ မာန္ငါးပါးကိုေအာင္ျမင္ၿပီး နိဗၺာန္စံဝင္ေတာ္မူၿပီးေသာ ဘုရားရွင္တို႔သည္ မေရမတြက္ႏိုင္ေအာင္မ်ားလွၿပီ။ ထိုဘုရားရွင္တို႔ႏွင့္ ထိုဘုရားတို႔၏ တရားဓမၼတို႔ကိုလည္းေကာင္း၊ သံဃာေတာ္တို႔ကိုလည္းေကာင္း ကြၽႏ္ုပ္သည္ ႐ိုေသစြာရွိခိုးပါ၏။နမကၠာရာ ႏုဘာေဝန၊ ဟိတြာ သေဗၺ ဥပဒၵေဝ၊ အေနက အႏၲရာယာပိ၊ ဝိနာႆႏၲဳ အေသသေတာ။ဤသို႔ရွိခိုးရေသာ အက်ိဳးအားေၾကာင့္ ခပ္သိမ္းေသာေဘးရန္တို႔ ပယ္ေပ်ာက္ပါေစ၊ တစ္ခုမကေသာအႏၲရာယ္တို႔သည္လည္း အႂကြင္းမရွိေပ်ာက္ကြယ္ပါေစ။ (ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး၏ တရားေတာ္ႏွင့္ သာသနာေရးဦးစီးဌာနထုတ္ ဗုဒၶဘာသာဝင္ေကာင္းတစ္ေယာက္စာအုပ္တို႔မွ ထုတ္ႏႈတ္၍ ျပန္ေရးထားျခင္းျဖစ္ပါသည္)