ဝံပုလွေ ကိုစားတဲ့ “သွေး”

အက်စကီးမိုးတွေရဲ့ ဝံပုလွေဖမ်းနည်း က အထူးအဆန်းဗျ။ ဖျံသွေး သုံးပြီးဖမ်းတာ။ ဖျံတွေဆိုတာ အာတိတ်ဒေသမှာ မမြင်ချင်မှ အဆုံးဆိုတော့ ဒီကောင်တွေက ရှာရလွယ်လို့ သုံးတာလဲ ပါမှာပေါ့လေ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဲဒီ ဝံပုလွေ ဖမ်းနည်း။ အရင် ဆုံး သူတို့လုပ်တာက ဖျံရဲ့ သွေးတွေကို ဇလုံတစ်ခုထဲ စစ်ထည့်တယ်။ ပြီးတာနဲ့ အမဲဖျက် ဓါးတွေကို ထက်ပြီးတော့ မြနေအောင်သွေးတယ်။ကျေနပ် အောင် သွေးပြီးချိန်ကျတော့မှ ဒီဓါးကို သွေးဇလုံထဲ နှစ်ပြီး စိမ်လိုက်၊ ပြန်ဆယ်ပြီး အအေးဓာတ်ပေးလိုက်၊ သွေးလေးတွေ ခဲပြီဆိုရင် နောက်တစ်ခါ နှစ်လိုက်နဲ့ အထပ်ထပ် လုပ်တယ်။နာရီဝက် ကျော်လောက် အဲလိုလုပ်လာတာ တဖြည်းဖြည်း နဲ့ ရေခဲချောင်း လိုမျိုး သွေးခဲတုံးကြီး ဖြစ်လာတာပေါ့။ဒါစီမံပြီးတာနဲ့ ဝံပုလွေတွေ ကျက်စားတဲ့ ရေခဲတောင်ပေါ်တက်။ သွေးခဲကို မြဲနေအောင်စိုက်ပြီး အိမ်ပြန်စောင့်နေတယ်။ဝံပုလွေလာပြီးလို့ ဒီကောင် သွေးခဲကို မြင်တာနဲ့ အနံ့ခံကြည့်တယ်။ ညှီနံ့လေး ရပြီဆိုရင် ဘာလဲဆိုပြီး လျက်ကြည့်မိတာပေါ့။ ဒီအခါမှာ လတ်လတ်ဆတ်ဆတ် ဖျံသွေးက ကောင်းတော့ အကြိုက် တွေ့ပြီး တရစပ် လျက်တော့တာပဲ။ဒီလိုလျက်လာရင်း လျှာက ပတ်ဝန်းကျင် အအေးဓာတ် ကြောင့် ထုံ လာတယ်။ သွေးခဲတွေနဲ့ ဖုံးနေတဲ့ ဓါးလေးကလဲ တစ်စ ထက် တစ်စ ပေါ်လာတော့ တစ်ခါ လျက်တိုင်း ဓါးသွားက သူ့လျှာကို တစ်ချက် ချင်းစီ မွှမ်းနေတော့တာပဲ။

ဒါပေမယ့် သနားစရာ ဝံပုလွေ ခမျာ သူ့လျှာကို ဓါးရှနေတယ်ဆိုတာ လုံးဝမသိဘူး။ ထုံနေတာကိုး။နောက်ဆုံး ဖျံသွေးခဲသာ အကုန်ကုန် သွားတယ်။ သူက လျက်နေ တုန်းဗျာ။ ဘာ့ကြောင့်လဲ သိလား။သူ့လျှာက ထွက်လာတဲ့ သွေးတွေက ဓါးသွားမှာ လျက်တိုင်း ပေနေပြီး မကုန်တော့ဘူးကိုး။ ဒီအခါမှာ ဘယ်က သွေးလဲ ဆိုတာ ဝံပုလွေ သတိ မထားနိုင်တော့ဘူး။ သူစလျက်ခဲ့တဲ့ သွေးအထင်နဲ့ ကိုယ့် သွေးကို ကိုယ် အငမ်းမရ စားသုံးနေခဲ့တယ်။သိပ်မကြာခင် ဝံပုလွေဟာ မောလာတယ်။ ခေါင်းထဲ မှာလဲ တရိပ်ရိပ် နဲ့။ သွေးထွက်လွန် လာတာ ကိုးဗျ။ ဒါလဲ ဝံပုလွေခမျာ မသိသေးဘူး။ သာမန် အစာစားချိန် တွေမှာလဲ ဒီလောက် တရစပ် စားနေရင် မောဖူးတော့ ဒါ ဖြစ်ရိုးဖြစ်စဉ် အမောမျိုးပဲ ထင်နေခဲ့တယ်။သနားစရာ ဝံပုလွေဟာ သူ့ခန္ဓာကိုယ်က “တော်ပြီ။ ရပ်တော့” ဆိုသယောင် အထပ်ထပ် သတိပေး နေတဲ့ သွေးစီးချောင်းတွေကို သတိမပြုမိ..တရိပ်ရိပ် ဖြစ်လာတဲ့ ခံစားမှုတွေ အားလုံးကို လစ်လျူရှုလို့ လောဘ အတောမသတ်နိုင်ပဲ..နောက်ဆုံး မှာတော့ သွေးထွက် လွန်ပြီး သေသွားခဲ့ ရရှာတယ်။နောက်တစ်နေ့ ကျတော့မှ အက်စကီးမိုးတွေက ဝံပုလွေ အသေကို လာသယ် သွားတယ်။ဒါပါပဲဗျာ။ ပုံပြင်လေးထဲက ဝံပုလွေကို သင်ခန်းစာယူလို့ မိမိ လောဘ တစ်ခုနောက်ကို လွန်လွန် ကျူးကျူး လိုက်မိလာ တဲ့အခါ ပတ်ဝန်းကျင် က သတိ ပေးတာတွေကို လည်းကောင်း၊ ဒီ့ထက် ဆိုး လာလို့ အသွေး အသားကပါ သတိပေးလာတာကို လည်းကောင်း လက်ခံ ဆန်းစစ်လို့ လမ်းဆိုးကနေ ဉာဏ်ရှိစွာ ရှောင်နိုင် ကြပါစေလို့ သုံးသပ် ဆန္ဒပြု လိုက်ရပါတယ်။

credit – original

[zawgyi]

အက္စကီးမိုးေတြရဲ႕ ဝံပုေလြဖမ္းနည္း က အထူးအဆန္းဗ်။ ဖ်ံေသြး သုံးၿပီးဖမ္းတာ။ ဖ်ံေတြဆိုတာ အာတိတ္ေဒသမွာ မျမင္ခ်င္မွ အဆုံးဆိုေတာ့ ဒီေကာင္ေတြက ရွာရလြယ္လို႔ သုံးတာလဲ ပါမွာေပါ့ေလ။ ထားပါေတာ့။ ကြၽန္ေတာ္ေျပာခ်င္တာ စိတ္ဝင္စားဖို႔ ေကာင္းတဲ့ အဲဒီ ဝံပုေလြ ဖမ္းနည္း။ အရင္ ဆုံး သူတို႔လုပ္တာက ဖ်ံရဲ႕ ေသြးေတြကို ဇလုံတစ္ခုထဲ စစ္ထည့္တယ္။ ၿပီးတာနဲ႔ အမဲဖ်က္ ဓါးေတြကို ထက္ၿပီးေတာ့ ျမေနေအာင္ေသြးတယ္။ေက်နပ္ ေအာင္ ေသြးၿပီးခ်ိန္က်ေတာ့မွ ဒီဓါးကို ေသြးဇလုံထဲ ႏွစ္ၿပီး စိမ္လိုက္၊ ျပန္ဆယ္ၿပီး အေအးဓာတ္ေပးလိုက္၊ ေသြးေလးေတြ ခဲၿပီဆိုရင္ ေနာက္တစ္ခါ ႏွစ္လိုက္နဲ႔ အထပ္ထပ္ လုပ္တယ္။နာရီဝက္ ေက်ာ္ေလာက္ အဲလိုလုပ္လာတာ တျဖည္းျဖည္း နဲ႔ ေရခဲေခ်ာင္း လိုမ်ိဳး ေသြးခဲတုံးႀကီး ျဖစ္လာတာေပါ့။ဒါစီမံၿပီးတာနဲ႔ ဝံပုေလြေတြ က်က္စားတဲ့ ေရခဲေတာင္ေပၚတက္။ ေသြးခဲကို ၿမဲေနေအာင္စိုက္ၿပီး အိမ္ျပန္ေစာင့္ေနတယ္။ဝံပုေလြလာၿပီးလို႔ ဒီေကာင္ ေသြးခဲကို ျမင္တာနဲ႔ အနံ႔ခံၾကည့္တယ္။ ညႇီနံ႔ေလး ရၿပီဆိုရင္ ဘာလဲဆိုၿပီး လ်က္ၾကည့္မိတာေပါ့။ ဒီအခါမွာ လတ္လတ္ဆတ္ဆတ္ ဖ်ံေသြးက ေကာင္းေတာ့ အႀကိဳက္ ေတြ႕ၿပီး တရစပ္ လ်က္ေတာ့တာပဲ။ဒီလိုလ်က္လာရင္း လွ်ာက ပတ္ဝန္းက်င္ အေအးဓာတ္ ေၾကာင့္ ထုံ လာတယ္။ ေသြးခဲေတြနဲ႔ ဖုံးေနတဲ့ ဓါးေလးကလဲ တစ္စ ထက္ တစ္စ ေပၚလာေတာ့ တစ္ခါ လ်က္တိုင္း ဓါးသြားက သူ႔လွ်ာကို တစ္ခ်က္ ခ်င္းစီ မႊမ္းေနေတာ့တာပဲ။ဒါေပမယ့္ သနားစရာ ဝံပုေလြ ခမ်ာ သူ႔လွ်ာကို ဓါးရွေနတယ္ဆိုတာ လုံးဝမသိဘူး။ ထုံေနတာကိုး။ေနာက္ဆုံး ဖ်ံေသြးခဲသာ အကုန္ကုန္ သြားတယ္။ သူက လ်က္ေန တုန္းဗ်ာ။ ဘာ့ေၾကာင့္လဲ သိလား။သူ႔လွ်ာက ထြက္လာတဲ့ ေသြးေတြက ဓါးသြားမွာ လ်က္တိုင္း ေပေနၿပီး မကုန္ေတာ့ဘူးကိုး။ ဒီအခါမွာ ဘယ္က ေသြးလဲ ဆိုတာ ဝံပုေလြ သတိ မထားႏိုင္ေတာ့ဘူး။ သူစလ်က္ခဲ့တဲ့ ေသြးအထင္နဲ႔ ကိုယ့္ ေသြးကို ကိုယ္ အငမ္းမရ စားသုံးေနခဲ့တယ္။သိပ္မၾကာခင္ ဝံပုေလြဟာ ေမာလာတယ္။ ေခါင္းထဲ မွာလဲ တရိပ္ရိပ္ နဲ႔။ ေသြးထြက္လြန္ လာတာ ကိုးဗ်။ ဒါလဲ ဝံပုေလြခမ်ာ မသိေသးဘူး။ သာမန္ အစာစားခ်ိန္ ေတြမွာလဲ ဒီေလာက္ တရစပ္ စားေနရင္ ေမာဖူးေတာ့ ဒါ ျဖစ္႐ိုးျဖစ္စဥ္ အေမာမ်ိဳးပဲ ထင္ေနခဲ့တယ္။သနားစရာ ဝံပုေလြဟာ သူ႔ခႏၶာကိုယ္က “ေတာ္ၿပီ။ ရပ္ေတာ့” ဆိုသေယာင္ အထပ္ထပ္ သတိေပး ေနတဲ့ ေသြးစီးေခ်ာင္းေတြကို သတိမျပဳမိ..တရိပ္ရိပ္ ျဖစ္လာတဲ့ ခံစားမႈေတြ အားလုံးကို လစ္လ်ဴရႈလို႔ ေလာဘ အေတာမသတ္ႏိုင္ပဲ..ေနာက္ဆုံး မွာေတာ့ ေသြးထြက္ လြန္ၿပီး ေသသြားခဲ့ ရရွာတယ္။ေနာက္တစ္ေန႔ က်ေတာ့မွ အက္စကီးမိုးေတြက ဝံပုေလြ အေသကို လာသယ္ သြားတယ္။ဒါပါပဲဗ်ာ။ ပုံျပင္ေလးထဲက ဝံပုေလြကို သင္ခန္းစာယူလို႔ မိမိ ေလာဘ တစ္ခုေနာက္ကို လြန္လြန္ က်ဴးက်ဴး လိုက္မိလာ တဲ့အခါ ပတ္ဝန္းက်င္ က သတိ ေပးတာေတြကို လည္းေကာင္း၊ ဒီ့ထက္ ဆိုး လာလို႔ အေသြး အသားကပါ သတိေပးလာတာကို လည္းေကာင္း လက္ခံ ဆန္းစစ္လို႔ လမ္းဆိုးကေန ဉာဏ္ရွိစြာ ေရွာင္ႏိုင္ ၾကပါေစလို႔ သုံးသပ္ ဆႏၵျပဳ လိုက္ရပါတယ္။