စွယ်စုံ ဆင်လား ဟိုင်း ဆင်လား

“အားနည်းချက်က မင်းကို အင်အားကိုမချိနဲ့စေဘူး..။ အားငယ်စိတ်ကသာ မင်းကို အားနည်းစေတာပါ” ဆင်တွေထဲမှာ အစွယ်နှစ်ချောင်းပါတဲ့ ဆင်ကိုစွယ်စုံဆင်လို့ခေါ်တယ်။ အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်..။ ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့နှာမောင်းကိုသန်အောင်လုပ်ရတယ်..။ သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး..။ တောထဲမှာစွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင် စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို နှာမောင်းနဲ့လိမ်ချိူးပစ်လိုက်တယ်လို့ သစ်လုပ်သားတွေကပြောဖူးတယ်..။

တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့..ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရိုးတောင်ထင်တယ်တဲ့..ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်..။ ပြောချင်တာကမင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့..။ တစ်ဖက်မှာအားနည်းရင် တစ်ဖက်ဖက်မှာအားသာလာအောင်ကြိုးစားကြ။ အထက်ပါစကားသည် ဆရာကြီးဦးအောင်သင်း၏ သြဝါဒပင်ဖြစ်သည်။

Credit – မူရင်း

[zawgyi]

“အားနည္းခ်က္က မင္းကို အင္အားကိုမခ်ိနဲ႔ေစဘူး..။ အားငယ္စိတ္ကသာ မင္းကို အားနည္းေစတာပါ” ဆင္ေတြထဲမွာ အစြယ္ႏွစ္ေခ်ာင္းပါတဲ့ ဆင္ကိုစြယ္စုံဆင္လို႔ေခၚတယ္။ အစြယ္မပါတဲ့ဆင္ကို ဟိုင္းဆင္လို႔ေခၚတယ္..။ ဟိုင္းဆင္ကအစြယ္မပါေတာ့ဘာလုပ္ရလဲဆိုေတာ့ႏွာေမာင္းကိုသန္ေအာင္လုပ္ရတယ္..။ သူ႔မွာႏွာေမာင္းပဲ အားကိုစရာရွိေတာ့တာကိုး..။ ေတာထဲမွာစြယ္စုံဆင္နဲ႔ဟိုင္းဆင္နဲ႔ေတြ႕ရင္ စြယ္စုံဆင္က ဟိုင္းဆင္ကိုအစြယ္နဲ႔ေျပးထိုးတယ္အဲ့ဒီမွာ ဟိုင္းဆင္က စြယ္စုံဆင္ရဲ႕အစြယ္ကို ႏွာေမာင္းနဲ႔လိမ္ခ်ိဴးပစ္လိုက္တယ္လို႔ သစ္လုပ္သားေတြကေျပာဖူးတယ္..။ေတာထဲမွာ အဲ့ဒီဟိုင္းဆင္ေတြနဲ႔ေတြ႕ရင္ကြၽန္ေတာ္တို႔ဆင္ေတြကေျပးတာေပါ့..ေျပးတာမလြတ္လို႔ အ႐ိုက္ခံရရင္ အ႐ိုးေတာင္ထင္တယ္တဲ့..ဆင္ကိုအ႐ိုးထင္ေအာင္႐ိုက္ႏိုင္တယ္ဆိုမွေတာ့သူ႔ရဲ႕ႏွာေမာင္းအားကို ခန႔္မွန္းသာၾကည့္..။ ေျပာခ်င္တာကမင္းတို႔မွာ ဘာခ်ိဴ႕ယြင္းခ်က္ပဲရွိရွိ အားမငယ္နဲ႔..။ တစ္ဖက္မွာအားနည္းရင္ တစ္ဖက္ဖက္မွာအားသာလာေအာင္ႀကိဳးစားၾက။ အထက္ပါစကားသည္ ဆရာႀကီးဦးေအာင္သင္း၏ ၾသဝါဒပင္ျဖစ္သည္။