ယောက္ခမကြီး နဲ့ ကြိမ်ဒဏ်

ထီပေါက်လို့ လင်မယားနှစ်ယောက်ဟာ ကမ္ဘာပတ်ကြတယ်။ ဒါပေမဲ့ မိန်းမရဲ့အမေက သူပါ လိုက်မယ်ဆိုပြီး ပါလာတယ်။ ယောက်ျားလုပ်သူက မခေါ်ချင်ပေမဲ့ မိန်းမကို လွန်ဆန်မရတာ့ ခေါ်ခဲ့ရတယ်။ ယောက္ခမကြီးက အင်မတန် ဇီဇာကြောင်ပြီး သူများအပြစ် တအားပြောတယ်။ ရောက်တဲ့နိုင်ငံတိုင်းမှာ အဲဒီနိုင်ငံရဲ့ အပြစ်တွေ လိုက်ပြောတယ်။ အစားအသောက် မကောင်းဘူး။ ရာသီဥတုမသာယာဘူး။ လူတွေက ရိုင်းတယ် စသဖြင့်ပေါ့။ နိုင်ငံတနိုင်ငံရောက်တော့ အဲဒီနိုင်ငံရဲ့ ဘုရင်ကို သွားဝေဖန်မိတော့ ကြားတဲ့လူတွေက ရဲသွားတိုင်တယ်။ ဒါနဲ့ သုံးယောက်လုံး အချုပ်ခံရတယ်။အဲဒီနိုင်ငံဥပဒေအရ ဘုရင်ကို စော်ကားရင် ကြိမ်ဒဏ် အချက်ငါးဆယ် ပေးရမယ်လို့ ရှိတယ်။ ဒါပေမဲ့ ဘုရင်လုပ်သူက ခရီးသွားဧည့်သည်ကို ညှာတဲ့အနေနဲ့ ကြိမ်ဒဏ်သက်သာအောင် ခန္ဓာကိုယ်မှာ တခုခု ချည်ခွင့်ပေးတယ်။

မိန်းမ လုပ်သူက သူ့ရဲ့တင်ပါးမှာ ခေါင်းအုံးတလုံး ချည်ခွင့်ပြုဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ရိုက်တဲ့သူက ကျောရော၊ တင်ပါးရော ရိုက်တာ ဆိုတော့ တချို့ ရိုက်ချက်တွေ အတော်ခံရတယ်။ ယောက္ခမကြီးက သူ့သမီးကို ကြည့်ပြီး ခေါင်းအုံးနှစ်လုံးတောင်းတယ်။ တလုံးက ကျောမှာ၊ တလုံးက တင်ပါးမှာ ချည်ပေးဖို့ တောင်းဆိုတယ်။ သူကတော့ သက်သာသွားတယ်။ ယောက်ျားအလှည့်ရောက်တော့ ယောက်ျားက ဘုရင်ကြီးကို ” ကျနော်ကို အပိုဆုတဆု တောင်းခွင့်ပြုပါ” လို့ပြောတယ်။ “ခွင့်ပြုနိုင်ရင် ပြုပါ့မယ်။ တောင်းပါ။” ဆိုတော့ “ကျနော်က ကျနော့်ယောက္ခမကို ဒီနိုင်ငံကို ခေါ်ခဲ့တဲ့အတွက် အပြစ်ပိုကြီးပါတယ်။ ဒါကြောင့် ကြိမ်ဒဏ် ငါးဆယ်အစား အချက်တရာ ပေးပါ” လို့ တောင်းတယ်။ ဘုရင်က အံသြပြီး “အေးလေ။ လိုချင်ရင်တော့ ပေးပါတယ်။ သေချာရဲ့လား” လို့မေးတယ်။ ယောက်ျားက “သေချာပါတယ်” လို့ ဖြေတယ်။ “ဒါနဲ့ မောင်ရင့် ခန္ဓာကိုယ် မှာကော ဘာချည်ချင်သေးလဲ” လို့ ဘုရင်ကမေးတော့ ယောက်ျားက ပြုံးပြီး ဒီလိုဖြေလိုက်တယ်။ “ကျနော့်ယောက္ခမကြီးပါ”

credit – original

[zawgyi]

ထီေပါက္လို႔ လင္မယားႏွစ္ေယာက္ဟာ ကမာၻပတ္ၾကတယ္။ ဒါေပမဲ့ မိန္းမရဲ႕အေမက သူပါ လိုက္မယ္ဆိုၿပီး ပါလာတယ္။ ေယာက္်ားလုပ္သူက မေခၚခ်င္ေပမဲ့ မိန္းမကို လြန္ဆန္မရတာ့ ေခၚခဲ့ရတယ္။ ေယာကၡမႀကီးက အင္မတန္ ဇီဇာေၾကာင္ၿပီး သူမ်ားအျပစ္ တအားေျပာတယ္။ ေရာက္တဲ့ႏိုင္ငံတိုင္းမွာ အဲဒီႏိုင္ငံရဲ႕ အျပစ္ေတြ လိုက္ေျပာတယ္။ အစားအေသာက္ မေကာင္းဘူး။ ရာသီဥတုမသာယာဘူး။ လူေတြက ႐ိုင္းတယ္ စသျဖင့္ေပါ့။ ႏိုင္ငံတႏိုင္ငံေရာက္ေတာ့ အဲဒီႏိုင္ငံရဲ႕ ဘုရင္ကို သြားေဝဖန္မိေတာ့ ၾကားတဲ့လူေတြက ရဲသြားတိုင္တယ္။ ဒါနဲ႔ သုံးေယာက္လုံး အခ်ဳပ္ခံရတယ္။အဲဒီႏိုင္ငံဥပေဒအရ ဘုရင္ကို ေစာ္ကားရင္ ႀကိမ္ဒဏ္ အခ်က္ငါးဆယ္ ေပးရမယ္လို႔ ရွိတယ္။ ဒါေပမဲ့ ဘုရင္လုပ္သူက ခရီးသြားဧည့္သည္ကို ညႇာတဲ့အေနနဲ႔ ႀကိမ္ဒဏ္သက္သာေအာင္ ခႏၶာကိုယ္မွာ တခုခု ခ်ည္ခြင့္ေပးတယ္။မိန္းမ လုပ္သူက သူ႔ရဲ႕တင္ပါးမွာ ေခါင္းအုံးတလုံး ခ်ည္ခြင့္ျပဳဖို႔ ေတာင္းဆိုတယ္။ ဒါေပမဲ့ ႐ိုက္တဲ့သူက ေက်ာေရာ၊ တင္ပါးေရာ ႐ိုက္တာ ဆိုေတာ့ တခ်ိဳ႕ ႐ိုက္ခ်က္ေတြ အေတာ္ခံရတယ္။ ေယာကၡမႀကီးက သူ႔သမီးကို ၾကည့္ၿပီး ေခါင္းအုံးႏွစ္လုံးေတာင္းတယ္။ တလုံးက ေက်ာမွာ၊ တလုံးက တင္ပါးမွာ ခ်ည္ေပးဖို႔ ေတာင္းဆိုတယ္။ သူကေတာ့ သက္သာသြားတယ္။ ေယာက္်ားအလွည့္ေရာက္ေတာ့ ေယာက္်ားက ဘုရင္ႀကီးကို ” က်ေနာ္ကို အပိုဆုတဆု ေတာင္းခြင့္ျပဳပါ” လို႔ေျပာတယ္။ “ခြင့္ျပဳႏိုင္ရင္ ျပဳပါ့မယ္။ ေတာင္းပါ။” ဆိုေတာ့ “က်ေနာ္က က်ေနာ့္ေယာကၡမကို ဒီႏိုင္ငံကို ေခၚခဲ့တဲ့အတြက္ အျပစ္ပိုႀကီးပါတယ္။ ဒါေၾကာင့္ ႀကိမ္ဒဏ္ ငါးဆယ္အစား အခ်က္တရာ ေပးပါ” လို႔ ေတာင္းတယ္။ ဘုရင္က အံၾသၿပီး “ေအးေလ။ လိုခ်င္ရင္ေတာ့ ေပးပါတယ္။ ေသခ်ာရဲ႕လား” လို႔ေမးတယ္။ ေယာက္်ားက “ေသခ်ာပါတယ္” လို႔ ေျဖတယ္။ “ဒါနဲ႔ ေမာင္ရင့္ ခႏၶာကိုယ္ မွာေကာ ဘာခ်ည္ခ်င္ေသးလဲ” လို႔ ဘုရင္ကေမးေတာ့ ေယာက္်ားက ၿပဳံးၿပီး ဒီလိုေျဖလိုက္တယ္။ “က်ေနာ့္ေယာကၡမႀကီးပါ”