အခက်အခဲရှိတိုင်း သူတစ်ပါး ဖွင့်ပြောစရာမလို

မျောက်တစ်ကောင်ဟာ သူ့ဗိုက်ကို သစ်ကိုင်းနဲ့ခြစ်မိလို့ဒဏ်ရာရသွားခဲ့တယ်။ မျောက်ကသွေးထွက်နေတဲ့ဒဏ်ရာကို တွေ့သမျှမျောက်တိုင်း လိုက်လိုက်ပြတယ်။တစ်ခြားမျောက်တွေက သူ့ကိုနှစ်သိမ့်ပြီး ဒဏ်ရာပျောက်ဖို့ကုသနည်းတွေ အမျိုးမျိုးပေးကြတယ်။ မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင်မကုသဘဲ တွေ့တဲ့မျောက်တိုင်းကိုလှစ်လှစ်ပြပြီးသူတို့ရဲ့အကြံဉာဏ်ကို နားထောင်ခဲ့တယ်။နောက်ဆုံးမှာ ဒဏ်ရာကရောဂါပိုးဝင်ပြီးမျောက်သေသွားခဲ့ရတယ်။ဒါကို မျောက်အိုတစ်ကောင်က..သူက သူ့ကိုယ်သူလုပ်လို့ သေသွားတာလို့ ဆိုတယ်။ဒဏ်ရာက တစ်ခါပြောရင် တစ်ခါနာရတယ်။အခြားလူကို လိုက်ပြောပြနေမယ့်အစား ကိုယ်တိုင်ဆိတ်ဆိတ်လေး ကုသနေတာက ပိုကောင်းတယ်။

သင်မသန်စွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ပြဖို့လဲ..သစ်ပင်ပေါ်မှာနားနေတဲ့ ငှက်တစ်ကောင်ဟာ သစ်ကိုင်းကျိုးကျမှာကို ဘယ်တော့မှ မကြောက်ဘူး။သစ်ကိုင်းကို သူယုံလို့မဟုတ်ဘူး။သူ့အတောင်ပံကို သူယုံလို့ဖြစ်တယ်။အနာဂတ်ကို နေ့တိုင်းပူပန်သောကရောက်နေမယ့်အစား ယခုလက်ရှိမှာ ပိုကြိုးစားသင့်တယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရုန်းကန်ကြိုးစားခြင်းကသာ သင့်ကို လုံခြုံစိတ်ချမှုနဲ့ အကျိုးရလဒ်ကို ဖြစ်ထွန်းစေတယ်။ ကိုယ့်စိတ်ကူးအိပ်မက်ကိုတစ်ခြားလူအပေါ် မမှီခိုအားထားပါနဲ့။ ဘေးပတ်တ်ဝန်းကျင်က ကဲ့ရဲ့လှောင်ပြောသံကို နားမဝင်ပါနဲ့။သင်လျှောက်လှမ်းနေတာက သင့်အနာဂတ်ပါ..သူတို့ အနာဂတ်မဟုတ်ပါဘူး။ငါ လုပ်နိုင်လား..မလုပ်နိုင်ဘူးလားဆိုတာ မရှိဘူး..ငါ အရယူမလား..မယူဘူးလားဆိုတာပဲရှိတယ်။ သင်သာ မရဲဝံ့ရင် ဘယ်သူက သင့်အစားလာတောင့်ခံပေးမလဲ..။

Credit မူရင်း

[zawgyi]

ေမ်ာက္တစ္ေကာင္ဟာ သူ႔ဗိုက္ကို သစ္ကိုင္းနဲ႔ျခစ္မိလို႔ဒဏ္ရာရသြားခဲ့တယ္။ ေမ်ာက္ကေသြးထြက္ေနတဲ့ဒဏ္ရာကို ေတြ႕သမွ်ေမ်ာက္တိုင္း လိုက္လိုက္ျပတယ္။တစ္ျခားေမ်ာက္ေတြက သူ႔ကိုႏွစ္သိမ့္ၿပီး ဒဏ္ရာေပ်ာက္ဖို႔ကုသနည္းေတြ အမ်ိဳးမ်ိဳးေပးၾကတယ္။ ေမ်ာက္က သူ႔ဒဏ္ရာကို ကိုယ္တိုင္မကုသဘဲ ေတြ႕တဲ့ေမ်ာက္တိုင္းကိုလွစ္လွစ္ျပၿပီးသူတို႔ရဲ႕အႀကံဉာဏ္ကို နားေထာင္ခဲ့တယ္။ေနာက္ဆုံးမွာ ဒဏ္ရာကေရာဂါပိုးဝင္ၿပီးေမ်ာက္ေသသြားခဲ့ရတယ္။ဒါကို ေမ်ာက္အိုတစ္ေကာင္က..သူက သူ႔ကိုယ္သူလုပ္လို႔ ေသသြားတာလို႔ ဆိုတယ္။ဒဏ္ရာက တစ္ခါေျပာရင္ တစ္ခါနာရတယ္။အျခားလူကို လိုက္ေျပာျပေနမယ့္အစား ကိုယ္တိုင္ဆိတ္ဆိတ္ေလး ကုသေနတာက ပိုေကာင္းတယ္။သင္မသန္စြမ္းတာဟာ ဘယ္သူ႔ကို ေပ်ာ့ညံ့ျပဖို႔လဲ..သစ္ပင္ေပၚမွာနားေနတဲ့ ငွက္တစ္ေကာင္ဟာ သစ္ကိုင္းက်ိဳးက်မွာကို ဘယ္ေတာ့မွ မေၾကာက္ဘူး။သစ္ကိုင္းကို သူယုံလို႔မဟုတ္ဘူး။သူ႔အေတာင္ပံကို သူယုံလို႔ျဖစ္တယ္။အနာဂတ္ကို ေန႔တိုင္းပူပန္ေသာကေရာက္ေနမယ့္အစား ယခုလက္ရွိမွာ ပိုႀကိဳးစားသင့္တယ္။ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာ ႐ုန္းကန္ႀကိဳးစားျခင္းကသာ သင့္ကို လုံၿခဳံစိတ္ခ်မႈနဲ႔ အက်ိဳးရလဒ္ကို ျဖစ္ထြန္းေစတယ္။ ကိုယ့္စိတ္ကူးအိပ္မက္ကိုတစ္ျခားလူအေပၚ မမွီခိုအားထားပါနဲ႔။ ေဘးပတ္တ္ဝန္းက်င္က ကဲ့ရဲ႕ေလွာင္ေျပာသံကို နားမဝင္ပါနဲ႔။သင္ေလွ်ာက္လွမ္းေနတာက သင့္အနာဂတ္ပါ..သူတို႔ အနာဂတ္မဟုတ္ပါဘူး။ငါ လုပ္ႏိုင္လား..မလုပ္ႏိုင္ဘူးလားဆိုတာ မရွိဘူး..ငါ အရယူမလား..မယူဘူးလားဆိုတာပဲရွိတယ္။ သင္သာ မရဲဝံ့ရင္ ဘယ္သူက သင့္အစားလာေတာင့္ခံေပးမလဲ..။