ကျွန်တော်တို့ နောက်ဆို အကြံမပေးတော့ပါ…

တစ်ခါက ကုန်ပစ္စည်းတွေကို အထမ်းနဲ့ထမ်းပြီး လှည့်လည်ရောင်းချတဲ့ ကုန်သည်တစ်ယောက်ရှိသတဲ့။ထမ်းပိုးရဲ့ အရှေ့ဘက်မှာရှိတဲ့တောင်း ထဲမှာကုန်တချို့ကိုထည့် အနောက်ဘက်တောင်းထဲမှာတချို့ထည့်ပြီး ရွာစဉ် ရွာတန်းတလျောက် လှည့်လည်ရောင်းချရတာပေါ့။ အဲဒီလိုလှည့်လည်ရောင်းချရင်းနွေနေ့လည်တရက်မှာ ရွာနှစ်ရွာကြားမှာရှိတဲ့ ဇရပ်အိုတစ်ဆောင်နားရောက်တော့ ခရီးတစ်ထောက်နားဖို့ ဇရပ်ပေါ်တက်လာတာပေါ့။ ပါလာတဲ့ ကုန်တွေရဲ့ တစ်ဝက်ကျော်ကျော်လောက် ရောင်းခဲ့ပြီးပြီဆိုတော့ အေးအေးဆေးဆေး နားလိုက်ဦးမယ်ဆိုတဲ့ အကြံနဲ့ပေါ့။ ကုန်ကသာတစ်ဝက်လောက်ရောင်းခဲ့ရတာထမ်းလာတဲ့ဝန်ကတော့ ထူးပြီးရော့မလာခဲ့တော့ပင်ပန်းတာပေါ့။ ဇရပ်ပေါ်တက် အထမ်းလေးချ ချွေးလေးသုတ်ဇရပ်ပေါ်ကရေအိုးထဲက ရေလေးသောက်ပြီးတော့ ခံတွင်းကချဉ်လာ၊ ဆေးပေါ့လိပ်ကလေးကိုထုတ် ဖင်စီခံကလေးကိုကြမ်းနဲ့ခေါက် မီးညှိဖို့လုပ်တော့ မီးခြစ်ကပါမလာ။ အဲဒီအချိန်ကြမှ မီးတို့ဖို့ ပတ်ဝန်းကျင်ကိုလေ့လာလိုက်တော့ ဇရပ်ထောင့်တစ်ဖက်မှာ အေးအေးလူလူနဲ့ ဆေးလိပ်ဖွာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ဒီလိုနဲ့ ဆေးလိပ်မီးညှိရင်း စကားစမည်ပြောဖြစ်ကြတာပေါ့။ ဇရပ်မှာအရင်ရောက်နေသူက “မိတ်ဆွေရယ်..ခင်ဗျား ဝင်လာကတည်းက ကျုပ် ကြည့်နေတာ၊ နားမလည်တာလေးတစ်ခုရှိလို့ မေးခွင့်ပြုပါဗျာ” ဆိုတော့အထမ်းသည်ကလည်း “မေးပါဗျာ။ ဘာများသိချင်လို့ပါလဲ” လို့ခွင့်ပေးတော့ “ခင်ဗျားအထမ်းရဲ့ တောင်းတွေထဲမှာမရောင်းရသေးတဲ့ကုန်တွေကြားထဲမှာ ကျောက်တုံးကျောက်ခဲတွေ ရောထည့်ထားတာကို နားမလည်လို့ပါ” လို့ဇဝေဇဝါနဲ့မေးလိုက်တယ်။ အဲဒီတော့ အထမ်းသည်က “ဪ ဒါလား၊ ကျုပ်က ရွာစဉ်တလျောက် ရောင်းလာပြီးတော့ ကုန်တချို့ ကုန်သွားတယ်လေ။ ကုန်တွေကုန်သွားတော့ ထမ်းပိုးရှေ့နောက်က အလေးချိန်မတူတော့ဘူးလေ။ ခင်ဗျားသိတဲ့အတိုင်းပဲ..ထမ်းပိုးဆိုတာ ရှေ့နောက်အလေးချိန်ညီမှထမ်းရတာသက်သာတာလေ။

အဲလိုအလေးချိန်ညီအောင်လို့ ကုန်ပစ္စည်းတစ်ခု ရောင်းရတိုင်းအလေးချိန်တူတဲ့ ကျောက်ခဲတစ်လုံးကို တောင်းထဲပြန်ထည့်ထားတာလေ။ တောင်းနှစ်တောင်း အလေးချိန်ညီနေတော့ ထမ်းရသက်သာတာပေါ့ဗျာ။ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေပေါ့။”ဟဲ ဟဲ ဟဲ ဟဲ” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ဖြေလိုက်တယ်။ အရင်ရောက်နေသူက အနည်းငယ်စဉ်းစားပြီး ”မိတ်ဆွေရယ်..ရှေ့နောက်အလေးချိန်ညီဖို့ဆိုရင် ကျောက်တုံးကျောက်ခဲတွေ ထည့်စရာမလိုပါဘူး၊မကုန်သေးတဲ့ ကုန်တွေကိုပဲ ရှေ့တောင်းနဲ့ နောက်တောင်းထဲမှာ အလေးချိန်မျှအောင် ခွဲထည့်လိုက်ရင်အလေးချိန်လည်းမျှ ခင်ဗျားထမ်းရတဲ့ဝန်လည်းပေါ့တာပေါ့ဗျာ။” လို့ အကြံပြုသတဲ့။ အထမ်းသမားလည်း အကြံ ပေးတဲ့အတိုင်း လုပ်ကြည့်တော့ အတော်လေး အဆင်ပြေတာကိုတွေ့ရတာပေါ့။ ” ဟာ ဟုတ်လိုက်လေ မိတ်ဆွေရယ်..တော်တော်အဆင် ပြေတာပဲ..ကျုပ်တော့ တစ်ခါမှ မစဉ်းစားမိဖူးဗျာ။ ကျေးဇူးတင်လိုက်တာဗျာ..” လို့ ဝမ်းသာအားရပြောပြီး ထမ်းပိုးကိုကောက်ထမ်း ခရီးဆက်မယ်လုပ်ရင်း ” ခင်ဗျားတော်တော်ဉာဏ်ကောင်းတဲ့လူပဲဗျာ..”တော်ရုံလူတော့ မဟုတ်နိုင်ဘူး။ အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့သူဖြစ်မယ်ထင်တယ်။ခင်ဗျားရဲ့ အလုပ်အကိုင်လေး ပြောပါဦး” လို့မေးလိုက်တယ်။ “မခက်ခဲပါဘူးဗျာ။ခင်ဗျားကအတွေ့အကြုံသာရှိပြီး စဉ်းစားဆင်ခြင်သုံးသပ်မှုအားနည်းလို့ မမြင်တာပါ။ဪ ဒါနဲ့ … ကျုပ်က ဒီအနီးနားတဝိုက်မှာ တောင်းရမ်းစားသောက်နေတဲ့ သူဖုန်းစားတစ်ယောက် ပါ” လို့ ပြန်ဖြေသံကြားလိုက်ချိန်မှာတော့ ကုန်သည်ကြီးက“ဘာ.. ဘာ .. ဘာကြ၊ မင်းက သူတောင်းစား ဟုတ်လား.? ပင်ပန်းရင် ပင်ပန်းပါလေ့စေ.. ငါလိုလူမျိုးက မင်းလို သူတောင်းစားပေးတဲ့အကြံတော့လက်မခံနိုင်ဘူး၊” ဆိုပြီး အရင်ဖယ်ထားတဲ့ ကျောက်တုံးတွေတောင်းထဲပြန်ကောက်ထည့် ထမ်းပိုးကိုထမ်းပြီး ထွက်သွားပါတော့တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့လည်း အတွေ့အကြုံ များပြီး စဉ်း စားဆင်ခြင်ဉာဏ်နည်းသူများကိုမည်သည့်အကြံမှ မပေးတော့ပါ…(ကိုယ်မသိမတတ်တာတွေဆိုသူဖုန်းစားပဲဖြစ်နေပါစေ သင်ယူပါလေ့လာပါ)

မူရင်း Credit

[zawgyi]

တစ္ခါက ကုန္ပစၥည္းေတြကို အထမ္းနဲ႔ထမ္းၿပီး လွည့္လည္ေရာင္းခ်တဲ့ ကုန္သည္တစ္ေယာက္ရွိသတဲ့။ထမ္းပိုးရဲ႕ အေရွ႕ဘက္မွာရွိတဲ့ေတာင္း ထဲမွာကုန္တခ်ိဳ႕ကိုထည့္ အေနာက္ဘက္ေတာင္းထဲမွာတခ်ိဳ႕ထည့္ၿပီး ႐ြာစဥ္ ႐ြာတန္းတေလ်ာက္ လွည့္လည္ေရာင္းခ်ရတာေပါ့။ အဲဒီလိုလွည့္လည္ေရာင္းခ်ရင္းေႏြေန႔လည္တရက္မွာ ႐ြာႏွစ္႐ြာၾကားမွာရွိတဲ့ ဇရပ္အိုတစ္ေဆာင္နားေရာက္ေတာ့ ခရီးတစ္ေထာက္နားဖို႔ ဇရပ္ေပၚတက္လာတာေပါ့။ ပါလာတဲ့ ကုန္ေတြရဲ႕ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ ေရာင္းခဲ့ၿပီးၿပီဆိုေတာ့ ေအးေအးေဆးေဆး နားလိုက္ဦးမယ္ဆိုတဲ့ အႀကံနဲ႔ေပါ့။ ကုန္ကသာတစ္ဝက္ေလာက္ေရာင္းခဲ့ရတာထမ္းလာတဲ့ဝန္ကေတာ့ ထူးၿပီးေရာ့မလာခဲ့ေတာ့ပင္ပန္းတာေပါ့။ ဇရပ္ေပၚတက္ အထမ္းေလးခ် ေခြၽးေလးသုတ္ဇရပ္ေပၚကေရအိုးထဲက ေရေလးေသာက္ၿပီးေတာ့ ခံတြင္းကခ်ဥ္လာ၊ ေဆးေပါ့လိပ္ကေလးကိုထုတ္ ဖင္စီခံကေလးကိုၾကမ္းနဲ႔ေခါက္ မီးညႇိဖို႔လုပ္ေတာ့ မီးျခစ္ကပါမလာ။ အဲဒီအခ်ိန္ၾကမွ မီးတို႔ဖို႔ ပတ္ဝန္းက်င္ကိုေလ့လာလိုက္ေတာ့ ဇရပ္ေထာင့္တစ္ဖက္မွာ ေအးေအးလူလူနဲ႔ ေဆးလိပ္ဖြာေနတဲ့ လူတစ္ေယာက္ကိုေတြ႕ရတယ္။ဒီလိုနဲ႔ ေဆးလိပ္မီးညႇိရင္း စကားစမည္ေျပာျဖစ္ၾကတာေပါ့။ ဇရပ္မွာအရင္ေရာက္ေနသူက “မိတ္ေဆြရယ္..ခင္ဗ်ား ဝင္လာကတည္းက က်ဳပ္ ၾကည့္ေနတာ၊ နားမလည္တာေလးတစ္ခုရွိလို႔ ေမးခြင့္ျပဳပါဗ်ာ” ဆိုေတာ့အထမ္းသည္ကလည္း “ေမးပါဗ်ာ။ ဘာမ်ားသိခ်င္လို႔ပါလဲ” လို႔ခြင့္ေပးေတာ့ “ခင္ဗ်ားအထမ္းရဲ႕ ေတာင္းေတြထဲမွာမေရာင္းရေသးတဲ့ကုန္ေတြၾကားထဲမွာ ေက်ာက္တုံးေက်ာက္ခဲေတြ ေရာထည့္ထားတာကို နားမလည္လို႔ပါ” လို႔ဇေဝဇဝါနဲ႔ေမးလိုက္တယ္။ အဲဒီေတာ့ အထမ္းသည္က “ဪ ဒါလား၊ က်ဳပ္က ႐ြာစဥ္တေလ်ာက္ ေရာင္းလာၿပီးေတာ့ ကုန္တခ်ိဳ႕ ကုန္သြားတယ္ေလ။ ကုန္ေတြကုန္သြားေတာ့ ထမ္းပိုးေရွ႕ေနာက္က အေလးခ်ိန္မတူေတာ့ဘူးေလ။ ခင္ဗ်ားသိတဲ့အတိုင္းပဲ..ထမ္းပိုးဆိုတာ ေရွ႕ေနာက္အေလးခ်ိန္ညီမွထမ္းရတာသက္သာတာေလ။အဲလိုအေလးခ်ိန္ညီေအာင္လို႔ ကုန္ပစၥည္းတစ္ခု ေရာင္းရတိုင္းအေလးခ်ိန္တူတဲ့ ေက်ာက္ခဲတစ္လုံးကို ေတာင္းထဲျပန္ထည့္ထားတာေလ။ ေတာင္းႏွစ္ေတာင္း အေလးခ်ိန္ညီေနေတာ့ ထမ္းရသက္သာတာေပါ့ဗ်ာ။ ႏွစ္ေပါင္းမ်ားစြာ လုပ္လာခဲ့တဲ့ အေတြ႕အႀကဳံေတြေပါ့။”ဟဲ ဟဲ ဟဲ ဟဲ” ဆိုၿပီး ဂုဏ္ယူဝင့္ႂကြားစြာနဲ႔ ျပန္ေျဖလိုက္တယ္။ အရင္ေရာက္ေနသူက အနည္းငယ္စဥ္းစားၿပီး ”မိတ္ေဆြရယ္..ေရွ႕ေနာက္အေလးခ်ိန္ညီဖို႔ဆိုရင္ ေက်ာက္တုံးေက်ာက္ခဲေတြ ထည့္စရာမလိုပါဘူး၊မကုန္ေသးတဲ့ ကုန္ေတြကိုပဲ ေရွ႕ေတာင္းနဲ႔ ေနာက္ေတာင္းထဲမွာ အေလးခ်ိန္မွ်ေအာင္ ခြဲထည့္လိုက္ရင္အေလးခ်ိန္လည္းမွ် ခင္ဗ်ားထမ္းရတဲ့ဝန္လည္းေပါ့တာေပါ့ဗ်ာ။” လို႔ အႀကံျပဳသတဲ့။ အထမ္းသမားလည္း အႀကံ ေပးတဲ့အတိုင္း လုပ္ၾကည့္ေတာ့ အေတာ္ေလး အဆင္ေျပတာကိုေတြ႕ရတာေပါ့။ ” ဟာ ဟုတ္လိုက္ေလ မိတ္ေဆြရယ္..ေတာ္ေတာ္အဆင္ ေျပတာပဲ..က်ဳပ္ေတာ့ တစ္ခါမွ မစဥ္းစားမိဖူးဗ်ာ။ ေက်းဇူးတင္လိုက္တာဗ်ာ..” လို႔ ဝမ္းသာအားရေျပာၿပီး ထမ္းပိုးကိုေကာက္ထမ္း ခရီးဆက္မယ္လုပ္ရင္း ” ခင္ဗ်ားေတာ္ေတာ္ဉာဏ္ေကာင္းတဲ့လူပဲဗ်ာ..”ေတာ္႐ုံလူေတာ့ မဟုတ္ႏိုင္ဘူး။ အလုပ္ႀကီးအကိုင္ႀကီး လုပ္တဲ့သူျဖစ္မယ္ထင္တယ္။ခင္ဗ်ားရဲ႕ အလုပ္အကိုင္ေလး ေျပာပါဦး” လို႔ေမးလိုက္တယ္။ “မခက္ခဲပါဘူးဗ်ာ။ခင္ဗ်ားကအေတြ႕အႀကဳံသာရွိၿပီး စဥ္းစားဆင္ျခင္သုံးသပ္မႈအားနည္းလို႔ မျမင္တာပါ။ဪ ဒါနဲ႔ … က်ဳပ္က ဒီအနီးနားတဝိုက္မွာ ေတာင္းရမ္းစားေသာက္ေနတဲ့ သူဖုန္းစားတစ္ေယာက္ ပါ” လို႔ ျပန္ေျဖသံၾကားလိုက္ခ်ိန္မွာေတာ့ ကုန္သည္ႀကီးက“ဘာ.. ဘာ .. ဘာၾက၊ မင္းက သူေတာင္းစား ဟုတ္လား.? ပင္ပန္းရင္ ပင္ပန္းပါေလ့ေစ.. ငါလိုလူမ်ိဳးက မင္းလို သူေတာင္းစားေပးတဲ့အႀကံေတာ့လက္မခံႏိုင္ဘူး၊” ဆိုၿပီး အရင္ဖယ္ထားတဲ့ ေက်ာက္တုံးေတြေတာင္းထဲျပန္ေကာက္ထည့္ ထမ္းပိုးကိုထမ္းၿပီး ထြက္သြားပါေတာ့တယ္။ အဲဒီအခ်ိန္ကစၿပီး ကြၽန္ေတာ္တို႔လည္း အေတြ႕အႀကဳံ မ်ားၿပီး စဥ္း စားဆင္ျခင္ဉာဏ္နည္းသူမ်ားကိုမည္သည့္အႀကံမွ မေပးေတာ့ပါ…(ကိုယ္မသိမတတ္တာေတြဆိုသူဖုန္းစားပဲျဖစ္ေနပါေစ သင္ယူပါေလ့လာပါ)