မြေခွေး နဲ့ ကြက်ဖ

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကြက်ဖတစ်ကောင်ရှိပါတယ်။ မနက်ခင်းမှာ စောစောထပြီး တွန်သံပေးရတဲ့ သူ့ရဲ့တာဝန်ကို သူက ကျေပွန်ပါတယ်။တစ်နေ့မှာတော့ ကြက်ဖက သစ်ပင်ထိပ်ဖျားမှာ နားနေတုန်း မြေခွေးတစ်ကောင်က ထိုအနားကိုရောက်လာပါတယ်။ မြေခွေးက ကြက်ဖကိုမြင်လိုက်တဲ့အခါ ကြက်ဖကို စားဖို့ကြံပါတော့တယ်။ အဲဒါကြောင့် မြေခွေးက ချိုသာတဲ့အသံနဲ့ ကြက်ဖကို စကားပြောပါတော့တယ်။“ အဆွေကြက်ဖ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာ၊ ငှက်တွေအားလုံးနဲ့ တိရိစ္ဆာန်တွေဟာ မိတ်ဆွေဖြစ်ပြီး ငြိမ်းချမ်းစွာအတူနေထိုင်ကြရမယ်တဲ့” လို့ မြေခွေးက ပြောလိုက်ပါတယ်။ ထိုအခါ ကြက်ဖက ပြန်မေးပါတယ်။ “ အဲဒါတကယ်ပဲလား…” “ဟုတ်တာပေါ့…တကယ်ပြောတာပါ။ အဲဒါမှန်မမှန် သိချင်ရင် မင်းအောက်ကိုဆင်းလာခဲ့ပါလား” လို့ ထပ်ပြောပြန်တယ်။ အဲဒီ့မှာ ကြက်ဖက ဉာဏ်ရှိစွာနဲ့ “ကောင်းပြီလေ…ခဏတော့စောင့်နိုင်တယ်မလား။ အခြားသော သူငယ်ချင်းတွေလည်း ထပ်လာကြလိမ့်မယ်” လို့ ပြန်ဖြေလိုက်ပါတယ်။အဲဒီ့အခါ မြေခွေးက အံ့အားသင့်သွားပါတယ် “ဟုတ်လား…ဘယ်သူတွေလာကြအုံးမှာတုန်း” ကြက်ဖက ပြန်ဖြေလိုက်ပါတယ်။

“အမဲလိုက်ခွေးတွေလာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက်စောင့်လိုက်ပါအုံး” အမဲလိုက်ခွေးလို့လည်း ကြားရော မြေခွေးက လန့်သွားပါတော့တယ်။ ကြက်ဖရှိတဲ့အပင်အောက်ကနေ ထွက်ပြေးသွားပါတော့တယ်။ ကြက်ဖက အော်မေးလိုက်ပါသေးတယ်။ “ဟ…ဘာလို့ထွက်ပြေးသွားတာတုန်း… အမဲလိုက်ခွေးတွေနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူးလား…” လို့မေးလိုက်တဲ့အခါ မြေခွေးက ပြန်ဖြေပါတယ်။ “ အဲဒါကိုမေ့လိုက်တော့…” လို့ဖြေပြီး ထိုနေရာကနေ အလျင်အမြန်ပြေးထွက်သွားပါတော့တယ်။ ဉာဏ်ရှိတဲ့ ကြက်ဖကတော့ မြေခွေးစားမယ့်ဘေးကနေ လွတ်မြောက်သွားပါတော့တယ်။ သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ ဉာဏ်ရှိတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားတဲ့ကြက် ဖကို နမူနာပြထားပြီး ဉာဏ်ပညာရှိခြင်းက မရိုးသား၊ ကောက်ကျစ်စဉ်းလဲသူတွေကိုတောင် ကျော်လွှားနိုင်ကြောင်းသင်ခန်းစာပေးထားပါတယ်။ လူတစ်ယောက်မှာလည်း ဉာဏ်ပညာရှိခြင်းက ဘဝတစ်ခုလုံးကို မကောင်းတဲ့သူတွေ၊ ကိုယ့်ကိုဖျက်ဆီးမယ့်သူတွေရဲ့ဘေးကနေ ကယ်ဆယ်ပေးနိုင်ကြောင်း။ ဉာဏ်ပညာရှိခြင်းက ဘဝတစ်ခုလုံးမှာ အရေးကြီးကြောင်း သတိထားသင့်ပါတယ်။

Credit Original

[zawgyi]

တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ ၾကက္ဖတစ္ေကာင္ရွိပါတယ္။ မနက္ခင္းမွာ ေစာေစာထၿပီး တြန္သံေပးရတဲ့ သူ႔ရဲ႕တာဝန္ကို သူက ေက်ပြန္ပါတယ္။တစ္ေန႔မွာေတာ့ ၾကက္ဖက သစ္ပင္ထိပ္ဖ်ားမွာ နားေနတုန္း ေျမေခြးတစ္ေကာင္က ထိုအနားကိုေရာက္လာပါတယ္။ ေျမေခြးက ၾကက္ဖကိုျမင္လိုက္တဲ့အခါ ၾကက္ဖကို စားဖို႔ႀကံပါေတာ့တယ္။ အဲဒါေၾကာင့္ ေျမေခြးက ခ်ိဳသာတဲ့အသံနဲ႔ ၾကက္ဖကို စကားေျပာပါေတာ့တယ္။“ အေဆြၾကက္ဖ မင္းဆီကို ေကာင္းကင္ဘုံက သတင္းတခု လာေျပာျပတာ၊ ငွက္ေတြအားလုံးနဲ႔ တိရိစာၦန္ေတြဟာ မိတ္ေဆြျဖစ္ၿပီး ၿငိမ္းခ်မ္းစြာအတူေနထိုင္ၾကရမယ္တဲ့” လို႔ ေျမေခြးက ေျပာလိုက္ပါတယ္။ ထိုအခါ ၾကက္ဖက ျပန္ေမးပါတယ္။ “ အဲဒါတကယ္ပဲလား…” “ဟုတ္တာေပါ့…တကယ္ေျပာတာပါ။ အဲဒါမွန္မမွန္ သိခ်င္ရင္ မင္းေအာက္ကိုဆင္းလာခဲ့ပါလား” လို႔ ထပ္ေျပာျပန္တယ္။ အဲဒီ့မွာ ၾကက္ဖက ဉာဏ္ရွိစြာနဲ႔ “ေကာင္းၿပီေလ…ခဏေတာ့ေစာင့္ႏိုင္တယ္မလား။ အျခားေသာ သူငယ္ခ်င္းေတြလည္း ထပ္လာၾကလိမ့္မယ္” လို႔ ျပန္ေျဖလိုက္ပါတယ္။အဲဒီ့အခါ ေျမေခြးက အံ့အားသင့္သြားပါတယ္ “ဟုတ္လား…ဘယ္သူေတြလာၾကအုံးမွာတုန္း” ၾကက္ဖက ျပန္ေျဖလိုက္ပါတယ္။“အမဲလိုက္ေခြးေတြလာေနတာ ငါျမင္ေနရတာ။ သူတို႔ကို ခဏေလာက္ေစာင့္လိုက္ပါအုံး” အမဲလိုက္ေခြးလို႔လည္း ၾကားေရာ ေျမေခြးက လန႔္သြားပါေတာ့တယ္။ ၾကက္ဖရွိတဲ့အပင္ေအာက္ကေန ထြက္ေျပးသြားပါေတာ့တယ္။ ၾကက္ဖက ေအာ္ေမးလိုက္ပါေသးတယ္။ “ဟ…ဘာလို႔ထြက္ေျပးသြားတာတုန္း… အမဲလိုက္ေခြးေတြနဲ႔ သူငယ္ခ်င္းမျဖစ္ခ်င္ဘူးလား…” လို႔ေမးလိုက္တဲ့အခါ ေျမေခြးက ျပန္ေျဖပါတယ္။ “ အဲဒါကိုေမ့လိုက္ေတာ့…” လို႔ေျဖၿပီး ထိုေနရာကေန အလ်င္အျမန္ေျပးထြက္သြားပါေတာ့တယ္။ ဉာဏ္ရွိတဲ့ ၾကက္ဖကေတာ့ ေျမေခြးစားမယ့္ေဘးကေန လြတ္ေျမာက္သြားပါေတာ့တယ္။ သင္ခန္းစာ။ ဒီပုံျပင္ေလးကေတာ့ ဉာဏ္ရွိတဲ့အတြက္ အသက္ေဘးက လြတ္ေျမာက္သြားတဲ့ၾကက္ ဖကို နမူနာျပထားၿပီး ဉာဏ္ပညာရွိျခင္းက မ႐ိုးသား၊ ေကာက္က်စ္စဥ္းလဲသူေတြကိုေတာင္ ေက်ာ္လႊားႏိုင္ေၾကာင္းသင္ခန္းစာေပးထားပါတယ္။ လူတစ္ေယာက္မွာလည္း ဉာဏ္ပညာရွိျခင္းက ဘဝတစ္ခုလုံးကို မေကာင္းတဲ့သူေတြ၊ ကိုယ့္ကိုဖ်က္ဆီးမယ့္သူေတြရဲ႕ေဘးကေန ကယ္ဆယ္ေပးႏိုင္ေၾကာင္း။ ဉာဏ္ပညာရွိျခင္းက ဘဝတစ္ခုလုံးမွာ အေရးႀကီးေၾကာင္း သတိထားသင့္ပါတယ္။