Chamber Type ရေခဲသေတ္တာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အချက်များ

ရေခဲသေတ္တာတွေမှာ အမျိူးအစား ၂ မျိုးခွဲ လို့ရပါတယ်။ Chamber Type နဲ့ Fan type ဆိုပြီး၂ မျိုးရှိပါတယ်။ ဒီ ၂ မျိူးထဲက Chamber type ရေခဲသေတ္တာအကြောင်း ရဲ့ ဆောင်ရန်ရှောင်ရန် လေးတွေကို မျှဝေပေးချင်ပါတယ်။Chamber type ဆိုတာကတော့ direct cool system ပါ။ Evaporator ( အအေးကွိုင် ) တည်ဆောက်ပုံပေါ် မူတည်ပြီး အအေးပေးတဲ့ စနစ် ကွဲပြား သွားခြင်း ဖြစ်ပါတယ်။ direct cool ဖြစ်လို့ နံရံ ကြမ်းပြင်နဲ့ ထိစပ်နေမှသာ အအေး အခဲ မြန်ပြီး ကြမ်းပြင် နံရံနဲ့ မထိတဲ့ နေရာက ပစ္စည်း တွေကတော့ အအေး အခဲ နှေးစေပါတယ်။ အေးလာ ခဲလာတာနဲ့ အမျှ Evaporator နံရံတွေမှာ frost ( ရေခဲမှို )တွေ ကပ်လာပါတယ်။ ရေခဲထုက တဖြည်းဖြည်း ထူလာပါတယ်။ အဲ့ ရေခဲထုတွေကို လူက စက်ကိုရပ်ပြီး ဖျော်ချ ပေးရပါတယ်။ စက်မှာ ဖျော်ချတဲ့ ခလုပ် ပါပေမယ့် သူကလဲ စက်ကို ရပ်ပေးရုံပဲ လုပ်ပေးတာပါ။ Heater နဲ့ ဖျော်ချ ပေးတာမျိုး မရှိပါဘူး။ အကယ်၍ ရေခဲမှိုတွေကို ဖျော် မချဘဲ သုံးနေရင်း Chamber ထဲ ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလာလို့ ထုတ်ယူတော့မယ် ဆိုရင် အမြဲ လိုလို ရေခဲမှို တွေနဲ့ ကပ်နေတတ်ပါတယ်။ အတန်အသင့် အားစိုက် ခွာယူ ရတာမျိုးတွေ ရှိပါတယ်။

မလုပ်သင့်သောအချက်များ – တစ်ချို့ ခွာမရလို့ ဓားတွေနဲ့ ထိုးခွာ ဝက်အူလှည့်နဲ့ ထိုးခွာ လုပ်ကြရင်း Chamber နံရံမှာ ကပ်နေတဲ့ Evaporator ပိုက်ကို ထိုးဖောက်မိပြီး Gas တွေ ထွက်သွားလို့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ တစ်ချိူ့ ကြုံဘူးတဲ့သူတွေရှိမှာပါ။ အဲဒါတွေကတော့ Chamber type ရဲ့ အားနည်းချက်တွေပါ။ One door ရေခဲသေတ္တာ တွေမှာ အဖြစ်များပါတယ်။ အချို့ two doors Chamber type တွေလည်း ရှိပါတယ်။ တစ်ချို့ upright freezer တွေလည်း Chamber type တွေပါပဲ။ Deep freezer တွေလည်း Chamber type တွေပါပဲ။ နောက်တစ်ခုက ပိုက်ပေါက်လွယ်တာပါ။ အဲဒါကတော့ direct cool ဖြစ်လို့ သုံးစွဲသူတွေ ထည့်တဲ့ ပစ္စည်းတွေမှာပါတဲ့ chemical တွေက ပိုက်ကို ဓာတ်စားမှု ဖြစ်ပြီး ပေါက်စေတာပါ။ များသောအားဖြင့် အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးလို့ ဖြစ်ရတာပါ။တစ်ခု တည်းသော Chamber type ရဲ့ အားသာချက်ကတော့ အပျက် နည်းတာပါပဲ။ ပိုက်ပေါက်တာက လွဲရင် ပျက်စရာ သိပ်မရှိတော့တာပါ။ အရည်ဖျော်ချလိုက်တဲ့ အခါ ကြမ်း ပြင် မှာ ဓာတ်စီးပြီးဓာတ်လိုက်တာတွေဖြစ်တတ်ပါတယ်။ ပေါက်ကွဲတတ်တာကြောင့်ကိုယ့်ဘာသာကိုယ်မလုပ်ပဲ servicing အပ်သင့်ပါတယ်။

မူရင်း Credit

[zawgyi]

ေရခဲေသတၱာေတြမွာ အမ်ိဴးအစား ၂ မ်ိဳးခြဲ လို႔ရပါတယ္။ Chamber Type နဲ႔ Fan type ဆိုၿပီး၂ မ်ိဳးရွိပါတယ္။ ဒီ ၂ မ်ိဴးထဲက Chamber type ေရခဲေသတၱာအေၾကာင္း ရဲ႕ ေဆာင္ရန္ေရွာင္ရန္ ေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။Chamber type ဆိုတာကေတာ့ direct cool system ပါ။ Evaporator ( အေအးကြိဳင္ ) တည္ေဆာက္ပုံေပၚ မူတည္ၿပီး အေအးေပးတဲ့ စနစ္ ကြဲျပား သြားျခင္း ျဖစ္ပါတယ္။ direct cool ျဖစ္လို႔ နံရံ ၾကမ္းျပင္နဲ႔ ထိစပ္ေနမွသာ အေအး အခဲ ျမန္ၿပီး ၾကမ္းျပင္ နံရံနဲ႔ မထိတဲ့ ေနရာက ပစၥည္း ေတြကေတာ့ အေအး အခဲ ေႏွးေစပါတယ္။ ေအးလာ ခဲလာတာနဲ႔ အမွ် Evaporator နံရံေတြမွာ frost ( ေရခဲမႈိ )ေတြ ကပ္လာပါတယ္။ ေရခဲထုက တျဖည္းျဖည္း ထူလာပါတယ္။ အဲ့ ေရခဲထုေတြကို လူက စက္ကိုရပ္ၿပီး ေဖ်ာ္ခ် ေပးရပါတယ္။ စက္မွာ ေဖ်ာ္ခ်တဲ့ ခလုပ္ ပါေပမယ့္ သူကလဲ စက္ကို ရပ္ေပး႐ုံပဲ လုပ္ေပးတာပါ။ Heater နဲ႔ ေဖ်ာ္ခ် ေပးတာမ်ိဳး မရွိပါဘူး။ အကယ္၍ ေရခဲမႈိေတြကို ေဖ်ာ္ မခ်ဘဲ သုံးေနရင္း Chamber ထဲ ထည့္ထားတဲ့ ပစၥည္းေတြ ခဲလာလို႔ ထုတ္ယူေတာ့မယ္ ဆိုရင္ အၿမဲ လိုလို ေရခဲမႈိ ေတြနဲ႔ ကပ္ေနတတ္ပါတယ္။ အတန္အသင့္ အားစိုက္ ခြာယူ ရတာမ်ိဳးေတြ ရွိပါတယ္။မလုပ္သင့္ေသာအခ်က္မ်ား – တစ္ခ်ိဳ႕ ခြာမရလို႔ ဓားေတြနဲ႔ ထိုးခြာ ဝက္အူလွည့္နဲ႔ ထိုးခြာ လုပ္ၾကရင္း Chamber နံရံမွာ ကပ္ေနတဲ့ Evaporator ပိုက္ကို ထိုးေဖာက္မိၿပီး Gas ေတြ ထြက္သြားလို႔ မလိုလားအပ္တဲ့ ဆုံးရႈံးမႈေတြ ျဖစ္ၾကရပါတယ္။ တစ္ခ်ိဴ႕ ႀကဳံဘူးတဲ့သူေတြရွိမွာပါ။ အဲဒါေတြကေတာ့ Chamber type ရဲ႕ အားနည္းခ်က္ေတြပါ။ One door ေရခဲေသတၱာ ေတြမွာ အျဖစ္မ်ားပါတယ္။ အခ်ိဳ႕ two doors Chamber type ေတြလည္း ရွိပါတယ္။ တစ္ခ်ိဳ႕ upright freezer ေတြလည္း Chamber type ေတြပါပဲ။ Deep freezer ေတြလည္း Chamber type ေတြပါပဲ။ ေနာက္တစ္ခုက ပိုက္ေပါက္လြယ္တာပါ။ အဲဒါကေတာ့ direct cool ျဖစ္လို႔ သုံးစြဲသူေတြ ထည့္တဲ့ ပစၥည္းေတြမွာပါတဲ့ chemical ေတြက ပိုက္ကို ဓာတ္စားမႈ ျဖစ္ၿပီး ေပါက္ေစတာပါ။ မ်ားေသာအားျဖင့္ အလူမီနီယံပိုက္ေတြ သံပိုက္ေတြ သုံးလို႔ ျဖစ္ရတာပါ။တစ္ခု တည္းေသာ Chamber type ရဲ႕ အားသာခ်က္ကေတာ့ အပ်က္ နည္းတာပါပဲ။ ပိုက္ေပါက္တာက လြဲရင္ ပ်က္စရာ သိပ္မရွိေတာ့တာပါ။ အရည္ေဖ်ာ္ခ်လိုက္တဲ့ အခါ ၾကမ္း ျပင္ မွာ ဓာတ္စီးၿပီးဓာတ္လိုက္တာေတြျဖစ္တတ္ပါတယ္။ ေပါက္ကြဲတတ္တာေၾကာင့္ကိုယ့္ဘာသာကိုယ္မလုပ္ပဲ servicing အပ္သင့္ပါတယ္။