Power Steering System ချို့ယွင်းလျှင် လုပ်ဆောင်သင့်သည့် အချက် (၇) ချက်

ကားမောင်းနှင်သည့်အခါတွင် မိမိကား၏ Steering ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက် (၇) ချက်ကို ရှိပါသည်။(၁) လှည့်လိုက်တိုင်း နားစွင့်ထားရန် – ယာဉ်မောင်းသူက Steering ကို လှည့်လိုက်သည့် အချိန်တွင် စူးရှရှည်လျားသော မြည်သံ ၊ ညည်းတွားသံမျိုး နှင့် စီခနဲ ကျယ်ကျယ်လောင်လောင် အသံမြည်လာပါက ကား၏ Steering Systemတွင် ပြသနာရှိနေပြီဖြစ် သည်။ထိုသို့ဖြစ်ခြင်းမှာ System အတွင်း၌ရှိသော ပန့်(Pump)သည် အရည်အပေါ်သို့ သက် ရောက်သော ဖိအားသည် ကျဆင်းနေခြင်းကြောင့် ဖြစ်သည်။(၂)အလွတ်လှည့်ကြည့်ပါ -Steering ဘီးကို အလွတ်လှည့်ကြည့်သည့်အချိန်တိုင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် Steeringကို အားမစိုက်ဘဲ အနည်းငယ်လှည့်လိုက်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီးလှည့်နိုင်ပါသည်။Steering ကို လိုသည်ထက်ပိုပြီး အားစိုက်လှည့်နေရပါက ကား၏ Power Steering System ချွတ်ယွင်းနေ ပြီးဖြစ်သည်။(၃)ယိုစိမ့်နေမှုရှိ ၊ မရှိ – ပါဝါဆီယိုစိမ့်ခြင်း ရှိ/မရှိ အမြဲစစ်ဆေးသင့်ပါသည်။ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏ အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုး ရှိ/မရှိ စစ်ဆေးရမည်ဖြစ်သည်။ယိုစိမ့်သည့် အစက် အပေါက်မှာ ပန်းရောင် (သို့မဟုတ်) အနီရောင်ဖြစ်နေပါက Power Steering System အ တွင်း တွင် ပါဝါဆီယိုစိမ့်ခြင်းဖြစ်နေသည်။ထိုသို့ဖြစ်မဖြစ် အလွယ်တကူသိရှိလိုပါက ထိုနေရာတွင် စက္ကူဖြူ (သို့မဟုတ်) အဖြူရောင် ကတ်ထူပြားတစ်ချပ်ကို ထားရှိရမည်ဖြစ်သည်။အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏ အရောင်ကို အလွယ်တကူ သိရှိစေမည်ဖြစ်သည်။(၄) သတိပေးပါ – မိမိကား၏ Power Steering System ချွတ်ယွင်း နေပါက အခြားယာဉ် မောင်းသူကို သတိပေး ရပါမည်။ မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ မိမိကား၏ Power Steering System ချွတ်ယွင်းနေပါက ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။

ဖြစ်ပေါ်နေသည့် ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများ သိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေး ရမည်ဖြစ်သည်။ထို့မှသာ မိမိကားတွင် ပြဿနာတစ်ခု ခုဖြစ်နေပြီကို သိရှိနိုင်မည်ဖြစ်သည်။(၅) လမ်းဘေးကို ရွေ့လျားစေပါ – ကားကိုလမ်းဘေး သို့ရွေ့လျားစေရပါမည်။Power မပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။Steering ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင် အတတ်နိုင်ဆုံးကြိုးစား မောင်းနှင်းရရပါမည်။(၆) အမြန်နှုန်းဖြည်းဖြည်းချင်းလျှော့ချ – ကား၏ အမြန်နှုန်းကို ဖြည်းဖြည်းချင်း လျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့် နိုင်ရန်ကြိုးစား ရမည်ဖြစ်သည်။Brake ကိုဆောင့်နင်းခြင်းမျိုးကို ရှောင်ရှားရပါမည်။သို့မှသာကား၏ ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုး ဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အတွက် အထူး သတိပြုသင့်ပါသည်။မောင်းနှင်နေစဉ်တွင် Power Steering အလုပ်မလုပ်တော့ပါက ကားမှာ PowerBrske ရှိပါက ထို Brake အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေ တတ်ပါသည်။အနည်းငယ်သာဖိအားထည့်ပြီး ခြေနင်းကို ဖိအားပေးရပ်တန့်ရန်ကြိုးစားရပါမည်။ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်အသုံးပြုပြီး ကားကို ဖြည်းညှင်းစွာရပ်တန့်စေရပါမည်။(၇)ရပ်တန့်ပြီး စက်ပြန်နှိုးပါ – ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးနိုင်ပါမည်။ပုံမှန်အတိုင်းမောင်းနှင်ပြီး ကားလမ်းနှင့် ဝေးရာကို ကားကိုရွေ့ခြင်း (သို့မဟုတ်) အနီးဆုံး Car Workshopသို့ ဖြည်းဖြည်းချင်း မောင်းနှင်နိုင်ပါသည်။

Credit : car knowledge

[zawgyi]

ကားေမာင္းႏွင္သည့္အခါတြင္ မိမိကား၏ Steering ခ်ိဳ႕ယြင္းေနပါက လုပ္ေဆာင္ရမည့္ အခ်က္ (၇) ခ်က္ကို ရွိပါသည္။(၁) လွည့္လိုက္တိုင္း နားစြင့္ထားရန္ – ယာဥ္ေမာင္းသူက Steering ကို လွည့္လိုက္သည့္ အခ်ိန္တြင္ စူးရွရွည္လ်ားေသာ ျမည္သံ ၊ ညည္းတြားသံမ်ိဳး ႏွင့္ စီခနဲ က်ယ္က်ယ္ေလာင္ေလာင္ အသံျမည္လာပါက ကား၏ Steering Systemတြင္ ျပသနာရွိေနၿပီျဖစ္ သည္။ထိုသို႔ျဖစ္ျခင္းမွာ System အတြင္း၌ရွိေသာ ပန႔္(Pump)သည္ အရည္အေပၚသို႔ သက္ေရာက္ေသာ ဖိအားသည္ က်ဆင္းေနျခင္းေၾကာင့္ ျဖစ္သည္။(၂)အလြတ္လွည့္ၾကည့္ပါ -Steering ဘီးကို အလြတ္လွည့္ၾကည့္သည့္အခ်ိန္တိုင္း သတိထားၾကည့္ရမည္ျဖစ္ၿပီး ပုံမွန္ဆိုလွ်င္ Steeringကို အားမစိုက္ဘဲ အနည္းငယ္လွည့္လိုက္သည္ႏွင့္ ကားကိုလိုခ်င္သည့္ဘက္ကို ေကြ႕ပတ္ၿပီးလွည့္ႏိုင္ပါသည္။Steering ကို လိုသည္ထက္ပိုၿပီး အားစိုက္လွည့္ေနရပါက ကား၏ Power Steering System ခြၽတ္ယြင္းေန ၿပီးျဖစ္သည္။(၃)ယိုစိမ့္ေနမႈရွိ ၊ မရွိ – ပါဝါဆီယိုစိမ့္ျခင္း ရွိ/မရွိ အၿမဲစစ္ေဆးသင့္ပါသည္။ကားကိုအခ်ိန္အေတာ္ၾကာရပ္ထားၿပီးတိုင္း ယာဥ္၏ ေအာက္ဘက္တြင္ အရည္ယိုစိမ့္တာမ်ိဳး ရွိ/မရွိ စစ္ေဆးရမည္ျဖစ္သည္။ယိုစိမ့္သည့္ အစက္အေပါက္မွာ ပန္းေရာင္ (သို႔မဟုတ္) အနီေရာင္ျဖစ္ေနပါက Power Steering System အတြင္းတြင္ ပါဝါဆီယိုစိမ့္ျခင္းျဖစ္ေနသည္။ထိုသို႔ျဖစ္မျဖစ္ အလြယ္တကူသိရွိလိုပါက ထိုေနရာတြင္ စကၠဴျဖဴ (သို႔မဟုတ္) အျဖဴေရာင္ ကတ္ထူျပားတစ္ခ်ပ္ကို ထားရွိရမည္ျဖစ္သည္။အျဖဴေရာင္ကတ္ထူျပားမွ က်လာသည့္အရည္၏ အေရာင္ကို အလြယ္တကူ သိရွိေစမည္ျဖစ္သည္။(၄) သတိေပးပါ – မိမိကား၏ Power Steering System ခြၽတ္ယြင္း ေနပါက အျခားယာဥ္ေမာင္းသူကို သတိေပး ရပါမည္။ ျမန္ႏႈန္းျမင့္ေမာင္းႏွင္သည့္အခါ မိမိကား၏ Power Steering System ခြၽတ္ယြင္းေနပါက ယာဥ္အႏၲရာယ္ႏွင့္ ႀကဳံေတြ႕ႏိုင္ပါသည္။ျဖစ္ေပၚေနသည့္ ေၾကာက္စိတ္အစား အျခားယာဥ္ေမာင္းသူမ်ား သိရွိႏိုင္ေစရန္ ဟြန္းသံႏွင့္ အခ်က္ျပသတိေပး ရမည္ျဖစ္သည္။ထို႔မွသာ မိမိကားတြင္ ျပႆနာတစ္ခု ခုျဖစ္ေနၿပီကို သိရွိႏိုင္မည္ျဖစ္သည္။(၅) လမ္းေဘးကို ေ႐ြ႕လ်ားေစပါ – ကားကိုလမ္းေဘး သို႔ေ႐ြ႕လ်ားေစရပါမည္။Power မပါဘဲ ေမာင္းႏွင္းရျခင္းျဖစ္၍ အထူးဂ႐ုျပဳေဆာင္႐ြက္ရမည္ျဖစ္သည္။Steering ကို အားစိုက္ၿပီး လမ္းေဘးကို ေရာက္ေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစား ေမာင္းႏွင္းရရပါမည္။(၆) အျမန္ႏႈန္းျဖည္းျဖည္းခ်င္းေလွ်ာ့ခ် – ကား၏ အျမန္ႏႈန္းကို ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရပ္တန႔္ ႏိုင္ရန္ႀကိဳးစား ရမည္ျဖစ္သည္။Brake ကိုေဆာင့္နင္းျခင္းမ်ိဳးကို ေရွာင္ရွားရပါမည္။သို႔မွသာကား၏ ဦးတည္ရာကို ဆန႔္က်င္ဘက္အရပ္ဆီသို႔ေရာက္သြားႏိုင္ၿပီး ဘီးေခ်ာ္ထြက္ျခင္းမ်ိဳး ျဖစ္ႏိုင္ကာ မလိုလားအပ္သည့္ ယာဥ္အႏၲရာယ္ျဖစ္ႏိုင္သည့္ အတြက္ အထူး သတိျပဳသင့္ပါသည္။ေမာင္းႏွင္ေနစဥ္တြင္ Power Steering အလုပ္မလုပ္ေတာ့ပါက ကားမွာ PowerBrske ရွိပါက ထို Brake အသုံးျပဳသည့္အခါတြင္ မာေခါက္ေခါက္ျဖစ္ေန တတ္ပါသည္။အနည္းငယ္သာဖိအားထည့္ၿပီး ေျခနင္းကို ဖိအားေပးရပ္တန႔္ရန္ႀကိဳးစားရပါမည္။ဂီယာကို အနိမ့္ဆုံးထားၿပီး ဂီယာႏွင့္ ဘရိတ္ကို ညီၫြတ္ေအာင္အသုံးျပဳၿပီး ကားကို ျဖည္းညႇင္းစြာရပ္တန႔္ေစရပါမည္။(၇)ရပ္တန႔္ၿပီး စက္ျပန္ႏႈိးပါ – ကားကို တည္ၿငိမ္ေအာင္ရပ္တန႔္ၿပီး စက္ျပန္ႏႈိးႏိုင္ပါမည္။ပုံမွန္အတိုင္းေမာင္းႏွင္ၿပီး ကားလမ္းႏွင့္ ေဝးရာကို ကားကိုေ႐ြ႕ျခင္း (သို႔မဟုတ္) အနီးဆုံး Car Workshopသို႔ ျဖည္းျဖည္းခ်င္း ေမာင္းႏွင္ႏိုင္ပါသည္။