ကညနကိုသွားပြီး ကားလိုင်စင်သက်တမ်းတိုးမည့်သူများ ကြိုတင်သိရှိထားရမည့်အချက်အလက်များ
ကညန ရုံးတွေ ပြန်ဖွင့်တဲ့အခါ ကားလိုင်စင်သက်တမ်းတိုးအတွက် အချိန်ပိုင်း ၄ ခု သတ်မှတ်ဆောင်ရွက်မည်။ အဲဒီအချိန်ပိုင်း (၄)ခုကတော့ – နံနက် ၈း၃၀-၁၀း၃၀။ နံနက် ၁၀း၃၀-၁၂းဝဝ။ နေ့လယ် ၁းဝဝ – ၃းဝဝ။ နေ့လယ် ၃းဝဝ – ၄း၃၀။လိုအပ်လျှင် စနေနေ့ကို ပါ ဆောင်ရွက်ပေးမည် လိုအပ်လျှင် စနေနေ့ကိုပါ ဆောင်ရွက်ပေးမည်ဟု သိရသည်။ရက်လွန်ဒဏ်ကြေး – မတ်၊ ဧပြီ၊ မေလ သက်တမ်းကုန်နေတဲ့ကားများ အတွက် ရက်လွန်ဒဏ်ကြေး လုံးဝ မကောက်ပါ။နောက် ၂ လ – ၃လ ခန့်အထိလည်း (ဇွန်၊ ဇူလိုင်၊ သြဂုတ်လမှာ သက်တမ်းကုန်မည့် ကားများကိုလည်း) ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်းမပြုသေးပါ။
၀င်ခွင့်ပြုဦးရေ – စုစုပေါင်း ၂ ဦးသာ ဝင်ခွင့်ပြုမည်။ကားတစ်စီးလျှင် ကားနေရာရွှေ့ရန် ယာဉ်မောင်း ၁ ဦး ရုံးကိစ္စ ကူညီဆောင်ရွက်ရန်အဖော် ၁ ဦး စုစုပေါင်း ၂ ဦးတည်းကိုသာ ဝင်ခွင့် ရမည်။ရုံးဝင်းအတွင်းသို့ မဝင်မီ လိုအပ်သော စာရွက်စာတမ်းများ စုံလင်အောင် ယူဆောင်လာရန်လိုအပ်ပါသည်။(ရက်ချိန်းစာရွက်၊ ကားလိုင်စင်စာအုပ်၊ အာမခံစာအုပ်၊ ဝှီးတက်၊ အခွန်စိမ်း (အခွန်ဆောင်ထားတဲ့စာရွက်)၊ နိုင်ငံသားကတ် မူရင်းနှင့် မိတ္တူ ၊ သန်းခေါင်စာရင်း မူရင်းနှင့် မိတ္တူ စသည်တို့ စုံလင်အောင် ယူလာပါ) ရုံးဝင်းအတွင်း ဝင်မည့်သူများ – Mask တပ်လာရမည်။ ကိုယ်အပူချိန်တိုင်းမည်။ လက်ဆေးရမည်။ယာဉ်မှန်/မမှန် စစ်ဆေးခြင်း။တစ်နေ့လျှင် ၂၅ စီး စစ်ဆေးပေးမည်။ နေ့လည် ၁ နာရီနောက်ပိုင်း စစ်ဆေးပေးမည်။ ကားတစ်စီးလျှင် ကားနေရာရွှေ့ရန် ယာဉ်မောင်း ၁ ဦး ရုံးကိစ္စ ကူညီဆောင်ရွက်ရန်အဖော် ၁ ဦး စုစုပေါင်း ၂ ဦးတည်းကိုသာ ဝင်ခွင့် ရမည်။
Credit – RTAD
[zawgyi]