စာနာစိတ်ဆိုတာ…
View More စာနာစိတ်ဆိုတာ…
( ဝ )သုံးလုံး ဆောင်ထားပါ
တစ်ခါတုန်းက…မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ကြွတော်မူသောအခါ ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောအသက်( ၈ဝ )ကျော် အဖွားအိုတစ်ဦးကကြုံတုန်းကြုံခိုက်သူမကို ဆုံးမသြဝါဒ ပေးသနားဖို့လျှောက်တင်ပါတယ်။ဆရာတော်ကြီးက…ဒကာမကြီး အ သက်အရွယ် ကြီးရင့်လာပြီဆိုတော့( ဝ )သုံးလုံးကို ဆောင်ထားဗျ။ ၁။ ဝ ဝ စားတဲ့ – အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့ကိုယ် ခန္ဓာက အားအင်တွေတစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။ဝဝစားမှ…
View More ( ဝ )သုံးလုံး ဆောင်ထားပါ
ဘုရင်ကြီး လက်စွပ်ခိုးတာ ဘယ်သူလဲ
တစ်ခါတုန်းက ဘုရင်ကြီးတစ်ဦးရဲ့ လက်စွပ်ဟာ ပျောက်ဆုံးခဲ့တယ်။ ဘုရင်ကြီးဟာ ပညာရှိ တရားသူကြီးကို နန်းတွင်းသို့လာရောက်ဖို့ လှမ်း ခေါ်လိုက်တယ်။ ပညာရှိ နန်းတွင်းသို့ရောက်ရှိလာတဲ့အခါမှာတော့ ဘုရင်ကြီးက “ငါ့အဖေကငါ့ကိုလက်ဆောင်ပေးခဲ့တဲ့ လက်စွပ်ပျောက်သွားတယ်။ ကျေးဇူးပြုပြီးရှာပေးပါ” လို့‌ပြောလိုက်တယ်။ ပညာရှိက “အရှင်မင်းကြီး စိတ်မပူပါနဲ့၊ မင်းကြီးရဲ့ လက်စွပ်ကို ကျွန်တော်မျိုး အခုပဲရှာပေးပါ့မယ်” လို့ပြောပါတယ်။…
View More ဘုရင်ကြီး လက်စွပ်ခိုးတာ ဘယ်သူလဲ
ဖြတ်ထိုးဉာဏ်ကောင်းတဲ့ “အပျိူကြီး”
အခါတစ်ပါး၌ ရွာတစ်ရွာတွင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်ရှိလေ၏။ သူ့တွင်ကူဖော်လောင်ဖက်လည်း မရှိချေ။ထိုအပျိုကြီးမှာ ကိုယ်ပိုင်အိမ်ကြီးတစ်လုံး၌ တစ်ကိုယ်တည်းနေရသောကြောင့် ညအချိန်တွင် အိမ်အနီးနားမှ သူငယ်မလေးများကို ခေါ်၍ အိပ်ရလေသည်။တစ်ည၌ အဖော်မိန်းကလေးများ အိပ်ရန်မလာသေးမီ ထိုအပျိုကြီးအိမ်သို့ လူတစ်ယောက်ကပ်လာလေသည်။ အပျိုကြီးမှာ အသံကြားသဖြင့် တစ်စောင်းက ချောင်းမြောင်းကြည့်ရှုရာ သူခိုးဖြစ်ကြောင်းကို အတပ်သိ၍ တစ်ကိုယ်တည်းဖြစ်နေသောကြောင့်…
View More ဖြတ်ထိုးဉာဏ်ကောင်းတဲ့ “အပျိူကြီး”
ချမ်းသာရုံနဲ့ ဇိမ်ကျပြီလား..?
တစ်ခါတုန်း က အရမ်း ချမ်းသာတဲ့ သူဌေး ကြီး တယောက် က သူ့ပိုင် တဲ့ ဇိမ်ခံ သဘောၤကြီး ကို စီး ပြီးတော့ ခရီး ထွက်လာတယ်…သာ ယာတဲ့ နေရာ မှာ ရပ်ထားတုန်း လူငယ် တယောက် ငါးဖမ်း နေတာ…
View More ချမ်းသာရုံနဲ့ ဇိမ်ကျပြီလား..?
စကားထဲက ဇာတိပြ
တခါတုန်းက ရွာတရွာမှာ ရုပ်ရည်လည်း ချောမောသလို အလွန် လိမ္မာပါးနပ်တဲ့ မိန်းမပျိုလေး တဦးရှိတယ်။ သူမရဲ့ အကျင့်သိက္ခာနဲ့ ဣန္ဒြေရှိတဲ့ သတင်းကြောင့် အနယ်နယ် အရပ်ရပ်ရှိ လူပျိုကာလသား တွေက သူမ အိမ်ကို လာလည်လေ့ရှိတယ်။ဒါပေမယ့် မိန်းကလေး ကတော့ သူ့ဆီ လာလည်တဲ့ လူပျိုလေးတွေကို သူလိုချင်တဲ့…
View More စကားထဲက ဇာတိပြ
မိဘနှစ်ပါးကို ဆွမ်းခံကျွေးသောရဟန်း
ာဝတ္ထိပြည်တွင် တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တစ်ဦးတည်းသောသားတစ်ယောက်ရှိ၏။ ထိုသားသည် မြတ်စွာ ဘုရား၏ တရားတော်ကို နာရ၍ သာသနာတော်၌ ထက် သန်သော သဒ်ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံ ခွင့်ပန်သဖြင့် ခွင့်မပြုလိုသော်လည်း တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။ရဟန်းသစ်သည် တိုင်းစွန်ပြည်ဖျားရှိ ရွာငယ်တစ်ရွာအနီး…
View More မိဘနှစ်ပါးကို ဆွမ်းခံကျွေးသောရဟန်း
စမတ်ကီးနဲ့ ကားသော့အကြောင်း သိကောင်းစရာ
စမတ်ကီး စနစ်သည် သော့တံမလိုဘဲ စမတ်ကီးကို ဆောင်ထားရုံဖြင့် ကားတံခါး သော့ခတ်ခြင်းနဲ့ သော့ဖွင့်ခြင်းတို့ကို အလိုက်တသိ လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ စမတ်ကီး ကားအနားရောက်နေပြီဆိုတာနဲ့ ကွပ်ကဲရေး ကွန်ပျူတာကနေ သိရှိပြီး တံခါး လက်ကိုင် လာကိုင်မဲ့အချိန်ကို အသင့်စောင့်ဆိုင်းနေပါတယ်။ ကားတစ်စီးရဲ့ ကိစ္စအ၀၀ တို့တွင် ချစ်ပ် ကိုသုံးစွဲကြတာဖြစ်ပါတယ်။ ကားသော့တွေထဲမှာလည်း…
View More စမတ်ကီးနဲ့ ကားသော့အကြောင်း သိကောင်းစရာ
စည်းလုံးခြင်းသည် အင်အား
တစ်ခါတုန်းက ချိုးငှက်တွေဟာ စုစည်းနေထိုင်ကြပြီး ဉာဏ်ပညာနဲ့ပြည့်စုံကာ ပေါင်းသင်ဆက်ဆံရေးကောင်းမွန်တဲ့ ငှက်တစ်ကောင်ကို ဘုရင်အဖြစ် တင်မြှောက်ထားတယ်။ ချိုးငှက်တို့ဟာ သူတို့ဘုရင်ရဲ့ ဦးဆောင်မှုနဲ့ အုပ်ဖွဲ့ပျံသန်းပြီး အစာရှာဖွေလေ့ရှိတယ်။ တစ်နေ့မှာ သူတို့ဟာ အစာရှာရင်း အဝေးကြီးထိ ပျံသန်းခဲ့ရလို့ အရမ်းပင်ပန်းခဲ့တယ်။ ဒါပေမယ့် အစာရှာမရသေးတာကြောင့် ချိုးငှက်ဘုရင်က သူတို့ကိုနည်းနည်းထပ်ရှာကြဖို့ တွန်းအားပေးခဲ့တယ်။ မြေပြင်နားကပ်ပျံတဲ့…
View More စည်းလုံးခြင်းသည် အင်အား
ပြတ်သားသင့်ရင် ပြတ်သားလိုက်ပါ
ကိုယ်အကောင်းဆုံး ဆက်ဆံနေပါလျှက်နဲ့ တစ်ဖက်ကပိုပိုနင်းလာသလား ပြတ်သားလိုက်ပါ။ ကိုယ်အကောင်းဆုံး သစ္စာစောင့်သိနေပါလျက် နဲ့ တစ်ဖက်က အခွင့်ကောင်းယူပီးနားလည်ပေးမှုကို ပြုတ်စားနေသလား ပြတ်သားလိုက်ပါ။ ကိုယ့်အခက်ခဲတစ်ချို့ကြောင့် အ ကောင်းဆုံးရှင်းပြနေပါလျက်နဲ့ တစ်ဖက်က တစ်ဆုံးနိုက်ဖို့ ကြံစည်နေတယ်ဆိုရင်ပြတ်သားလိုက်ပါ။ ကိုယ်ဘယ်လိုပဲ စေတနာဖြူ စင်စွာပေးပေး ကိုယ့်စေတနာတွေကို အသိအမှတ်မပြုတဲ့အပြင်ပြက်ရယ်ပြုနေခဲ့ရင် ပြတ်သားလိုက်ပါ။ ကိုယ့်အားနည်းချက်တွေကြောင့် သည်းခံနေတာကို…
View More ပြတ်သားသင့်ရင် ပြတ်သားလိုက်ပါ