ယုံကြည်ချက် မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့..

၁၉၅၀ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ ကာ့တ်ရစ်ခ်ျတာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ပြု လုပ်ခဲ့တယ်။ သူက ကြွယ်ဆယ့်နှစ်ကောင် ကို ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေထဲကိုထည့်လိုက်တယ်။ အဲဒီဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့မရအောင် ရှည်လျားသလို ခုန်ထွက်လို့လည်းမရနိုင်‌အောင် စီမံထားတယ်။ဆယ့်ငါးမိနစ်ဝန်းကျင် ကြာတဲ့အခါမှာ ကြွက်တွေဟာ ခြေကုန် လက် ပန်းကျပြီး ရေနစ်သေဆုံးကုန်ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ်ကြာတယ် ပြောရမှာပေါ့။ နောက်တစ်သုတ် စမ်းသပ်ရာမှာတော့ ရစ်ခ်ျတာက ဗျူဟာတစ်ခုကိုထပ်လုပ်ကြည့်လိုက်တယ်။ ဒီတစ်ခေါက်တော့သူဟာ ကြွက်တွေ လက်ပန်းမကျခင်အချိန်လောက်မှာ သူတို့အားလုံးကို ဖန်ခွက်ထဲကနေ ဆယ်ထုတ်လိုက်တယ်။ ခြောက်သွေ့စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေးလိုက်တယ်။ အဲဒီနောက်တော့ စောစောကအတိုင်း ရေတစ် ဝက်ဖြည့်ထားတဲ့ဖန်ခွက်ထဲကို တစ်ဖန်ပြန်ပြီးထည့်လိုက်တယ်။ အဲဒီဒုတိယအခေါက်မှာ ကြွက်တွေ ဘယ် လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ခင်ဗျားထင်လဲနောက်ထပ်ဆယ့်ငါးမိနစ်လား.? ဆယ်မိနစ်လား.? ငါးမိနစ်လား.?အဲလိုထင်ရင်တော့ ခင်ဗျားမှားပြီလို့ပဲပြောချင်တယ်။

ကြွက်တွေဟာ နာရီ ခြောက်ဆယ်ကြာအောင် ဆက်ပြီး ရုန်းကန်ကူးခတ်နေကြတယ်။ (နာရီခြောက်ဆယ်)နော်အဲဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကြွယ်တွေဟာ တစ်ချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ်လိမ့်မယ်။သူတို့ဟာ တစ်ချိန်မှာ အသက်ရှင်ကျန်နေမယ်ဆိုပြီးယုံ ကြည်သွားကြတယ်။ အဲဒီယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီးခံနိုင်ရည်ရှိသွားစေတယ်။ အဲဒီအထဲက ကြွက်တစ်ကောင်ဆိုရင် ၈၁ နာရီအထိ ရုန်းကန်ရှင်သန်သွားတယ်လို့တောင်ဆိုတယ်။ ဆိုလိုတာက ကိစ္စတစ်ခုမှာ ကျွန်တော်တို့ ရုန်းကန်နေရချိန်တိုင်းမှာ ကျွန်တော်တို့အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။ ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက်တစ်ခုရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံနိုင်သေးရင်၊ အသိဉာဏ်ရှိတဲ့ ကျွန်တော်တို့မှာသာ တစ်ကယ်တမ်းယုံကြည်ချက်ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တစ်ချိန်မှာ မုချ လွန်မြောက်လာမယ်။ မုချ အောင် မြင်မယ်၊ မုချလွန်မြောက်မယ် ဆိုတဲ့ “Hope and optimism” ဟာ အောင်မြင်မှုတစ်ခုအတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာပြောချင်တာပါ။ ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ်ကြစတမ်းပေါ့လေ။”တစ်ခုပဲ ကြွက်တွေရေကူးနေသလို ကျွန်တော်တို့ ရုန်းကန်နေဖို့တော့လိုတာပေါ့ဗျာ။ “

မူရင်း- Credit

[zawgyi]

၁၉၅၀ ခုႏွစ္မွာ တကၠသိုလ္ပါေမာကၡ ကာ့တ္ရစ္ခ္်တာ Curt Richter ဆိုတဲ့ ပုဂၢိဳလ္တစ္ဦးဟာ စက္ဆုပ္ဖြယ္ေကာင္းတဲ့ စမ္းသပ္မႈတစ္ခု ျပဳ လုပ္ခဲ့တယ္။ သူက ႂကြယ္ဆယ့္ႏွစ္ေကာင္ ကို ေရတစ္ဝက္ထည့္ထားတဲ့ ဖန္ခြက္ရွည္ေတြထဲကိုထည့္လိုက္တယ္။ အဲဒီဖန္ခြက္ရွည္ေတြက ႂကြက္ေတြ ကုတ္ကပ္တက္လို႔မရေအာင္ ရွည္လ်ားသလို ခုန္ထြက္လို႔လည္းမရႏိုင္‌ေအာင္ စီမံထားတယ္။ဆယ့္ငါးမိနစ္ဝန္းက်င္ ၾကာတဲ့အခါမွာ ႂကြက္ေတြဟာ ေျခကုန္ လက္ ပန္းက်ၿပီး ေရနစ္ေသဆုံးကုန္ၾကတယ္။ သာမာန္အားျဖင့္ ႂကြက္ေတြဟာ ေသေဘးကေန လြတ္လိုေဇာနဲ႔ ႐ုန္းကန္ႏိုင္စြမ္းက ဆယ့္ငါးမိနစ္ၾကာတယ္ ေျပာရမွာေပါ့။ ေနာက္တစ္သုတ္ စမ္းသပ္ရာမွာေတာ့ ရစ္ခ္်တာက ဗ်ဴဟာတစ္ခုကိုထပ္လုပ္ၾကည့္လိုက္တယ္။ ဒီတစ္ေခါက္ေတာ့သူဟာ ႂကြက္ေတြ လက္ပန္းမက်ခင္အခ်ိန္ေလာက္မွာ သူတို႔အားလုံးကို ဖန္ခြက္ထဲကေန ဆယ္ထုတ္လိုက္တယ္။ ေျခာက္ေသြ႕ေစတယ္။ မိနစ္အနည္းငယ္ေလာက္ အနားေပးလိုက္တယ္။ အဲဒီေနာက္ေတာ့ ေစာေစာကအတိုင္း ေရတစ္ ဝက္ျဖည့္ထားတဲ့ဖန္ခြက္ထဲကို တစ္ဖန္ျပန္ၿပီးထည့္လိုက္တယ္။ အဲဒီဒုတိယအေခါက္မွာ ႂကြက္ေတြ ဘယ္ ေလာက္ၾကာၾကာ ေတာင့္ခံႏိုင္မယ္လို႔ ခင္ဗ်ားထင္လဲေနာက္ထပ္ဆယ့္ငါးမိနစ္လား.? ဆယ္မိနစ္လား.? ငါးမိနစ္လား.?အဲလိုထင္ရင္ေတာ့ ခင္ဗ်ားမွားၿပီလို႔ပဲေျပာခ်င္တယ္။ႂကြက္ေတြဟာ နာရီ ေျခာက္ဆယ္ၾကာေအာင္ ဆက္ၿပီး ႐ုန္းကန္ကူးခတ္ေနၾကတယ္။ (နာရီေျခာက္ဆယ္)ေနာ္အဲဒီအျဖစ္အပ်က္ကို ၾကည့္မယ္ဆိုရင္ ႂကြယ္ေတြဟာ တစ္ခ်ိန္ခ်ိန္မွာ သူတို႔ကို လာၿပီး ကယ္ဆယ္လိမ့္မယ္။သူတို႔ဟာ တစ္ခ်ိန္မွာ အသက္ရွင္က်န္ေနမယ္ဆိုၿပီးယုံ ၾကည္သြားၾကတယ္။ အဲဒီယုံၾကည္ခ်က္ဟာ ၁၅ မိနစ္သာ ေရကူးႏိုင္တဲ့ႂကြက္ေတြကို အဆေပါင္း ၂၄၀ အထိ ပိုၿပီးခံႏိုင္ရည္ရွိသြားေစတယ္။ အဲဒီအထဲက ႂကြက္တစ္ေကာင္ဆိုရင္ ၈၁ နာရီအထိ ႐ုန္းကန္ရွင္သန္သြားတယ္လို႔ေတာင္ဆိုတယ္။ ဆိုလိုတာက ကိစၥတစ္ခုမွာ ကြၽန္ေတာ္တို႔ ႐ုန္းကန္ေနရခ်ိန္တိုင္းမွာ ကြၽန္ေတာ္တို႔အတြက္ ယုံၾကည္ခ်က္ဟာ သိပ္ကို အေရးပါတယ္။ ႂကြက္ဆိုတဲ့ တိရစာၦန္ေတာင္ ယုံၾကည္ခ်က္တစ္ခုရွိလာရင္ အဆေပါင္း ၂၄၀ ထိ ေတာင့္ခံႏိုင္ေသးရင္၊ အသိဉာဏ္ရွိတဲ့ ကြၽန္ေတာ္တို႔မွာသာ တစ္ကယ္တမ္းယုံၾကည္ခ်က္ရွိေနခဲ့ရင္ ႀကဳံေတြ႕လာသမွ် အခက္အခဲေတြဟာ တစ္ခ်ိန္မွာ မုခ် လြန္ေျမာက္လာမယ္။ မုခ် ေအာင္ ျမင္မယ္၊ မုခ်လြန္ေျမာက္မယ္ ဆိုတဲ့ “Hope and optimism” ဟာ ေအာင္ျမင္မႈတစ္ခုအတြက္ အင္မတန္မွ အေရးႀကီးတယ္ဆိုတာေျပာခ်င္တာပါ။ ဒါေၾကာင့္ အားမေလွ်ာ့ပါနဲ႔။ ေတာင့္ထားၾကပါ။ ယုံၾကည္ခ်က္ကို မစြန႔္လႊတ္ၾကစတမ္းေပါ့ေလ။”တစ္ခုပဲ ႂကြက္ေတြေရကူးေနသလို ကြၽန္ေတာ္တို႔ ႐ုန္းကန္ေနဖို႔ေတာ့လိုတာေပါ့ဗ်ာ။ “