မျက်နှာဖုံးကို ခွာကြည့်ပါ

“စာ” – တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။ ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်..။”စကား” – များသည် နည်းသည် အဓိကမဟုတ်ပါ။မှန်သည် မှားသည်သာ အဓိကဖြစ်သည်..။ “လူ” – ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။ စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်..။”ဘွဲ့စာရွက်ရ သူတယောက်ကလည်းစာတတ်ဆိုတဲ့…

View More မျက်နှာဖုံးကို ခွာကြည့်ပါ

အရူးကြားထဲမှာ အရူးမဖြစ်စေဖို့

ရှေးပညာရှိများက အများမိုးခါးရေသောက်တိုင်း ကိုယ်ပါလိုက်မသောက်နဲ့လို့..ဆိုဆုံးမခဲ့ကြတာဖူးတယ်..ရှေးအခါတုန်က တိုင်းပြည်တစ်ပြည်မှာမိုးခေါင်ရေရှားဖြစ်ကာ ရေအလွန်ရှားပါးသော အချိန်ဖြစ်လေ၏။ ထိုအခါ ပညာရှိသုခမိန်အမတ်ကြီးမှ..မှန်လှပါ အရှင်မင်းကြီးဘု ရား..တိုင်းပြည်မှာ မိုးခေါင်ရေရှားဖြစ်နေပါသည်။သို့ပါသော်လည်း မနက်ဖြန်နေမွန်းတည့်ချိန်မှစ၍ မိုးကြီးလေကြီးရွာသွန်းပါလိမ့်မယ်ဘုရား..””အင်း ကြားရတာဝမ်းသာအားရ ရှိတော်မူလိုက်တာကွယ်..” “ဒါပေမယ့်လည်း..ထိုမိုးရေဟာ အချိန်အခါ မဟုတ်ရွာသွန်းသော မိုး ရေဖြစ်ပါသဖြင့် သောက်သုံးသောသူကိုအဆိပ်သင့်နိုင်ကြောင်းပါဘုရား..”ဟေ.. ဒါဆိုဘယ်လိုလုပ်ကြမတုန်း အမတ်ကြီးရဲ့””မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့…

View More အရူးကြားထဲမှာ အရူးမဖြစ်စေဖို့

လယ်သမားနဲ့ ရေတွင်း

တခါက..လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်းတူးလို့ရမယ့်နေရာတစ်နေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့စိုက်ခင်းဖြစ်တာမို့ အိမ်နီးနားချင်းက မနာလိုဖြစ်နေပါတယ်။ လယ်သမားက သူ့စိုက်ခင်းအတွက်ရေလိုတာကြောင့် သူ့ရဲ့အိမ်နီးနားချင်းဆီက သူ့စိုက်ခင်းတွေအတွက် ရေတွင်းကို ဝယ်ယူလိုက်ပါတယ်။ ရေတွင်းကိုဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ် “ငါကမင်းကို ရေတွင်းကိုရောင်းမယ်၊ ဒါပေမယ့် ရေတွေတော့မပါဘူး” လို့ပြောပြီး…

View More လယ်သမားနဲ့ ရေတွင်း

ကင်းဝန်မင်းကြီး သစ္စာဖောက်ခဲ့တာလား..ကယ်တင်ခဲ့တာလား..?

ကင်းဝန်မင်းကြီး ဦးကောင်းကို ပါတော်မူကိစ္စနဲ့ တွဲပြီး သိကြပါတယ်။သူ့ကို ၁၈၂၂ က မွေးခဲ့တာမို့ အသက် ၂ဝဝ ပြည့်ခါနီးပေမယ့် သူ သစ္စာ ဖောက်သလား မြန်မာပြည်ကို သွေးထွက်သံယိုဘေးက ကယ်ခဲ့တာလား ဆိုတာ ခုထိ ငြင်းနေကြဆဲ ဖြစ်ပါတယ်။ဇွန်လ ၃ဝ မှာ သူဆုံးတာလည်း နှစ်…

View More ကင်းဝန်မင်းကြီး သစ္စာဖောက်ခဲ့တာလား..ကယ်တင်ခဲ့တာလား..?

သူဌေးကြီး နှင့် မယားလေးယောက်

တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။ ၄ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။ သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို…

View More သူဌေးကြီး နှင့် မယားလေးယောက်

စေတနာပါတဲ့အလုပ်က အကျိူးပေးကောင်းတယ်

တခါတုန်းက လှေပိုင်ရှင်တစ်ဦးဟာ လှေကို ဆေးသုတ်ပေးဖို့ ဆေးသုတ်ဆရာတစ်ဦးကို အလုပ်အပ်ခဲ့တယ်။ ဆေးသုတ်သမားလည်း စုတ် တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့အတိုင်း အနီရောင်တောက်တောက်လေး သုတ်ပေးလိုက်တယ်။ ဆေးသုတ်နေရင်းနဲ့ လှေဝမ်း ဗိုက်မှာ အပေါက်လေးတစ်ပေါက် ပေါက်နေတာကို သတိထားမိတာနဲ့ အပေါက်လေးကိုပါ ဖာပေးလိုက်တယ်။ လှေတစ်စီးလုံး ဆေးသုတ်ပြီးသွားတော့…

View More စေတနာပါတဲ့အလုပ်က အကျိူးပေးကောင်းတယ်

ဝိသာခါကို သူ့အဖေဆုံးမတဲ့ စကား (၁၀) ခွန်း

အလွန်အဖိုးတန်ပြီးလူတိုင်းသိထားသင့်တဲ့ ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား (၁၀)မျိုး – ( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ။ ( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ။ ( ၃ ) ပြန်ပေးမည့်သူကိုသာပေး။ ( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။…

View More ဝိသာခါကို သူ့အဖေဆုံးမတဲ့ စကား (၁၀) ခွန်း

အပေါင်းကြောင့် ဂုဏ်တက် အပေါင်းကြောင့် ဂုဏ်ပျက်

လူတစ်ယောက်ဟာ မြင်းတစ်ကောင်ဝယ်ဖို့ ဈေးကိုရောက်လာသတဲ့။ ပြီးတော့ သူအကြိုက်ဆုံး မြင်းတစ်ကောင်ကို ရွေးပြီး မြင်းရောင်းသူကို” မိတ်ဆွေ ဒီမြင်းကို အိမ်ယူသွားပြီးမြင်း ကောင်း မကောင်း စမ်းသပ်ကြည့်ပါအုံးမယ် မြင်းကောင်းဆိုရင် ဝယ်ပါ့မယ်။မြင်းမကောင်းဘူးဆိုရင်တော့ ပြန်ပို့ပါမယ် ” လို့ ပြောသတဲ့ ။မြင်းရောင်းသူကလဲ သဘောတူပြီး ခွင့်ပြုလိုက်တာပေါ့။မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီးမြင်ဇောင်းထဲမှာ…

View More အပေါင်းကြောင့် ဂုဏ်တက် အပေါင်းကြောင့် ဂုဏ်ပျက်

မိမိတန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာမခံပါနဲ့

လူတစ်ယောက်ဟာ ရောဂါတစ်ခုရပြီး သေခါနီးဖြစ်နေတယ်။ သူက လူပျိုအရွယ် သူ့သားကို အနားခေါ်ပြီး ခုလို ပြောလိုက်တယ်။”မင်းအဖိုး မသေခင်က ငါ့ကို အိတ်ဆောင်ရွှေနာရီတစ်လုံး ပေးခဲ့တယ်။ အဲဒီနာရီဟာ အနှစ် ၂၀၀ လောက်ကြာနေပြီ။ မင်းကို အဲဒီနာရီပေးမယ်။ ဒါပေမဲ့ မင်းကို ငါ မပေးခင်မှာ လက်ဝတ်ရတနာရောင်းတဲ့ဆိုင်ကို သွားပြီး…

View More မိမိတန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာမခံပါနဲ့

အလိုက်အထိုက်လေးပဲ ကောင်းပါတယ်…

အရမ်းကြီးလည်းအားမနာပါနဲ့ အရမ်းကြီး အားနာမိရင် တစ်ချို့လူတွေက ကိုယ့်ကို အသုံးချသွားတတ်တယ်။ အရမ်းကြီးလည်း ဂရုမစိုက်ပါနဲ့အရမ်းကြီး ဂရုစိုက် မိရင် ကိုယ့်ရဲ့တန်ဖိုးကို နားမလည်ကြတော့ဘူး။ အရမ်းကြီးလည်း မလိုက်လျောပါနဲ့ အရမ်းကြီးလိုက်လျောမိရင် ကိုယ့်အပေါ် အပိုင်စီးနင်းအနိုင်ယူလာတတ်တယ် ။ အရမ်းကြီးလည်းချစ်မပြပါနဲ့ အရမ်းကြီးချစ်မိရင် ကိုယ့်ရဲ့တန်ဖိုးမဲ့သွားတတ်တယ်။ အရမ်းကြီးလည်းမမုန်းပါနဲ့အရမ်းမုန်းမိရင် ကိုယ်ပဲပူလောင်နေရတယ်။ အရမ်းကြီးလည်းစကားမများပါနဲ့ အရမ်းစကားများရင်…

View More အလိုက်အထိုက်လေးပဲ ကောင်းပါတယ်…