သူခိုး နဲ့ ရသေ့

တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။ ရွာသားတွေ ပြန်လည်ထွက်ခွါသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့သူနှင့်မလှမ်းမကန်းမှာ ရသေ့တစ်ပါးတရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။ ဒီတော့ သူခိုးက တွေးလိုက်တာက..သြော်..လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတစ်ယောက်တည်းမှ မဟုတ်ပဲ။ဟိုဖက်မှာလည်း သူခိုးတစ်ယောက် ပုန်းနေပါပကောလို့ တွေးမိပါသတဲ့။ရသေ့ကြီးကလည်းပဲ လူသံသူသံကြားရတာနှင့် ဘာတွေများပါလိမ့်လို့ခေါင်းကလေး မော့ပြီးကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ရသေ့ကြီးက တွေးပါသတဲ့။

သြော်.. ဒီသင်္ချိုင်းထဲမှာငါတစ်ယောက်တည်း တရားအားထုတ်နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက် တ ရားအားထုတ်နေပါပကောလို့တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါသတဲ့။ လူတွေဟာ မိမိစိတ်အတိုင်းသူများကို မြင်တတ်ကြတယ်လို့ ဆို လိုတာပါပဲ။ စိတ်ထားမကောင်းသူက သူများကိုလည်း မကောင်းမြင်တတ်ကြတယ်။မကောင်းပြောတတ်ကြတယ်။မကောင်းကြံတတ်ကြတယ်။ စိတ်ထားကောင်းသူများကတော့မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး အကောင်းပြောတတ်ကြတယ်။ဥပမာ..မကောင်းလို့ အပေါင်း အသင်းမလုပ်ရင်ပိုဆိုးသွာမှာပေါ့လို့ ပြောတတ်ကြတယ်။ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည် အကောင်းကြီးမဟုတ်ပေမယ့်အဆိုးမြင်ထက်ကောင်းသေးတယ်လို့ လက်ခံနိုင်ဖို့ လိုပါတယ်။

မူရင်း Credit

[zawgyi]

တစ္ခါက ႐ြာတစ္႐ြာမွာ သူခိုးဝင္ခိုးေတာ့႐ြာသားေတြ ဝိုင္းၿပီး ဖမ္းၾကသတဲ့။သူခိုးကလည္း ႀကံရာမရျဖစ္ၿပီးေတာ့၊ မနီးမေဝးမွာ ရွိေနတဲ့ သခ်ႋဳင္းထဲကို ကမန္းကတမ္းႏွင့္ ဝင္ေျပးၿပီး ပုန္းေနရပါသတဲ့။ ႐ြာသားေတြ ျပန္လည္ထြက္ခြါသြားေတာ့မွ ပုန္းေနရာကေန ေခါင္းကေလးျပဴၿပီး ဟိုဟိုဒီဒီ ၾကည့္လိုက္ေတာ့သူႏွင့္မလွမ္းမကန္းမွာ ရေသ့တစ္ပါးတရားထိုင္ေနတာကို သြားၿပီး ျမင္ပါသတဲ့။ ဒီေတာ့ သူခိုးက ေတြးလိုက္တာက..ေၾသာ္..လက္စသတ္ေတာ့ ဒီသခ်ႋဳင္းထဲမွာ ငါတစ္ေယာက္တည္းမွ မဟုတ္ပဲ။ဟိုဖက္မွာလည္း သူခိုးတစ္ေယာက္ ပုန္းေနပါပေကာလို႔ ေတြးမိပါသတဲ့။ရေသ့ႀကီးကလည္းပဲ လူသံသူသံၾကားရတာႏွင့္ ဘာေတြမ်ားပါလိမ့္လို႔ေခါင္းကေလး ေမာ့ၿပီးၾကည့္လိုက္ေတာ့၊ မလွမ္းမကန္းမွာ ရွိေနတဲ့ သူခိုးကို ျမင္လိုက္ရေတာ့ရေသ့ႀကီးက ေတြးပါသတဲ့။ေၾသာ္.. ဒီသခ်ႋဳင္းထဲမွာငါတစ္ေယာက္တည္း တရားအားထုတ္ေနတယ္လို႔ ထင္ေနတာ။ ဟိုဖက္မွာလည္း သူေတာ္ေကာင္းတစ္ေယာက္ တ ရားအားထုတ္ေနပါပေကာလို႔ေတြးၿပီး သာဓု အႀကိမ္ႀကိမ္ေခၚမိပါသတဲ့။ လူေတြဟာ မိမိစိတ္အတိုင္းသူမ်ားကို ျမင္တတ္ၾကတယ္လို႔ ဆို လိုတာပါပဲ။ စိတ္ထားမေကာင္းသူက သူမ်ားကိုလည္း မေကာင္းျမင္တတ္ၾကတယ္။မေကာင္းေျပာတတ္ၾကတယ္။မေကာင္းႀကံတတ္ၾကတယ္။ စိတ္ထားေကာင္းသူမ်ားကေတာ့မေကာင္းတဲ့သူကိုေတာင္မွ ျဖည့္ၿပီး အေကာင္းေျပာတတ္ၾကတယ္။ဥပမာ..မေကာင္းလို႔ အေပါင္း အသင္းမလုပ္ရင္ပိုဆိုးသြာမွာေပါ့လို႔ ေျပာတတ္ၾကတယ္။ဒါ့ေၾကာင့္ အရာရာတြင္ အေကာင္းျမင္ျခင္းသည္ အေကာင္းႀကီးမဟုတ္ေပမယ့္အဆိုးျမင္ထက္ေကာင္းေသးတယ္လို႔ လက္ခံႏိုင္ဖို႔ လိုပါတယ္။