ပိတုန်းလို လူလား.? ဆင်လို လူလား.?

သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာလေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းကလုပ်လို့ရသွားတာပါ။နောက်ထပ် စိတ် ဝင် စားစရာ တိရိစ္ဆာန်က ဆင်ပါ။ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်ကဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီးအနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။ဘာလို့သူတို့အဲလိုထင်လဲဆိုတော့ ဆင်တွေကို ငယ်စဉ်ကတည်းက ခိုင်ခံတဲ့ကြိုးနဲ့ ချည် နှောင်ထားပါတယ်တဲ့။သူတို့ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။

အဲဒီလို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက်ဆင်တွေကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန်မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မ ဟုတ်ပါဘူးလို့ယုံကြည်ပြီး ရုန်းမကြည့်တော့တာပါတဲ့။ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲဆိုတော့ ပိတုန်းလို သဘာဝတရားကြီးကကန့်သတ်ထားတာတောင် ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတယ်။ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့အတွက် မလုပ်ကြည့်တော့ပါဘူးတဲ့။ တကယ်တော့ကျွန်တော်တို့တွေမှာ ပိတုန်းလိုလူတွေလဲရှိ ပါတယ်။ဒါကြောင့် ရိုက်ညီ နောင်တို့လို လေယာဉ်ပျံ တီထွင်တဲ့သူတွေ။ မီးလုံးတီထွင်တဲ့ အက်ဒီဆင်တို့လိုသူတွေ။ဂရေဟမ်ဘဲလ်လို တယ်လီဖုန်းထွင်တဲ့သူတွေလို မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့သူတွေဖြစ်လာတာပါ။ဆင်လိုမျိုး အရည်အချင်းတွေရှိ တယ်ဒါပေ့မယ်မလုပ်ကြည့်တဲ့အတွက် မလုပ်နိုင်ဘူး ထင်တဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့် ရည်မှန်းချက်အသစ်တွေချပါ ကြိုးစားအကောင်အထည်ဖော်ပါ။ ပိတုန်းတွေလို တိရိစ္ဆာန်ကတောင် သဘာဝတရား ကကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ရည် မှန်းချက်တွေ ဘာကြောင့် ကြိုးစားအကောင်အထည် မဖော်နိုင်ရမှာလဲဗျာ….။

Credit – မူရင်း

[zawgyi]

သိပၸံပညာရွင္ေတြ ရဲ႕ေလ့လာခ်က္အရ ပိတုန္းဟာေလေပၚပ်ံတက္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူးတဲ့။ပိတုန္းရဲ႕ အေတာင္ပံဟာ အရမ္းေသးငယ္ၿပီး ခႏၶာကိုယ္ကပိုႀကီးတဲ့ အတြက္ျဖစ္ပါတယ္တဲ့။သူ႔ေတာင္ပံက သူခႏၶာကိုယ္ကို သယ္ၿပီးပ်ံသန္းဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူးတဲ့။ဒါေပမယ့္ ပိတုန္းက ဘာလို႔ေလေပၚပ်ံႏိုင္လဲ။ စိတ္ဝင္စားစရာပါ။ပိတုန္းက သူ မပ်ံႏိုင္တာကို မသိပဲနဲ႔ ႀကိဳးစားပ်ံသန္းရင္းနဲ႔ ပ်ံလို႔ရသြားတာပါတဲ့။သေဘာက ကိုယ့္ကိုသဘာဝတရားအရ ကန႔္သတ္ထားတာကို မသိပဲ ႀကိဳးစားျပဳလုပ္ရင္းကလုပ္လို႔ရသြားတာပါ။ေနာက္ထပ္ စိတ္ ဝင္ စားစရာ တိရိစာၦန္က ဆင္ပါ။ဆင္ေတြကို သံႀကိဳးနဲ႔ ခ်ည္ၿပီး ခြၽန္းနဲ႔ထိုးကာ ခိုင္းၾကပါတယ္။ တကယ္ကဆင္ကိုခ်ည္ထားတဲ့ သံႀကိဳးကို ဆင္အားနဲ႔ တခ်က္႐ုန္းလိုက္ရင္ သံႀကိဳးျပတ္ၿပီးအေႏွာင္အဖြဲ႕က လြတ္ေျမာက္သြားႏိုင္ပါတယ္တဲ့။ဒါေပမယ့္ ဆင္ေတြအေနနဲ႔ မ႐ုန္းၾကည့္ၾကပါဘူတဲ့။ သူတို႔႐ုန္းလဲ လြတ္မယ္ မထင္လို႔ပါတဲ့။ဘာလို႔သူတို႔အဲလိုထင္လဲဆိုေတာ့ ဆင္ေတြကို ငယ္စဥ္ကတည္းက ခိုင္ခံတဲ့ႀကိဳးနဲ႔ ခ်ည္ ေႏွာင္ထားပါတယ္တဲ့။သူတို႔ႀကိဳးစား ႐ုန္းၾကည့္ေပမဲ့ မရပါဘူး။အဲဒီလို ငယ္စဥ္ကတည္းက ႐ိုက္သြင္းထားတဲ့ အတြက္ဆင္ေတြႀကီးလာလို႔ ခြန္အားနဲ႔ ျပည့္စုံခ်ိန္မွာလည္း ငါ့တို႔ ဒီသံႀကိဳးက လြတ္မွာ မ ဟုတ္ပါဘူးလို႔ယုံၾကည္ၿပီး ႐ုန္းမၾကည့္ေတာ့တာပါတဲ့။ဒီတိရိစာၦန္ ႏွစ္မ်ိဳးက ဘာေတြ သင္ယူႏိုင္မလဲဆိုေတာ့ ပိတုန္းလို သဘာဝတရားႀကီးကကန႔္သတ္ထားတာေတာင္ ႀကိဳးစားျပဳလုပ္ရင္းက လုပ္လို႔ရသြားတယ္။ဆင္ကေတာ့ ကိုယ့္မွာ လုပ္ႏိုင္စြမ္းရွိတာေတာင္ ကိုယ္လုပ္ႏိုင္တာ မယုံၾကည္တဲ့အတြက္ မလုပ္ၾကည့္ေတာ့ပါဘူးတဲ့။ တကယ္ေတာ့ကြၽန္ေတာ္တို႔ေတြမွာ ပိတုန္းလိုလူေတြလဲရွိ ပါတယ္။ဒါေၾကာင့္ ႐ိုက္ညီ ေနာင္တို႔လို ေလယာဥ္ပ်ံ တီထြင္တဲ့သူေတြ။ မီးလုံးတီထြင္တဲ့ အက္ဒီဆင္တို႔လိုသူေတြ။ဂေရဟမ္ဘဲလ္လို တယ္လီဖုန္းထြင္တဲ့သူေတြလို မျဖစ္ႏိုင္ဘူးထင္တဲ့ အရာေတြကို လုပ္ျပႏိုင္တဲ့သူေတြျဖစ္လာတာပါ။ဆင္လိုမ်ိဳး အရည္အခ်င္းေတြရွိ တယ္ဒါေပ့မယ္မလုပ္ၾကည့္တဲ့အတြက္ မလုပ္ႏိုင္ဘူး ထင္တဲ့သူေတြလည္းရွိပါတယ္။ ဒါေၾကာင့္ ရည္မွန္းခ်က္အသစ္ေတြခ်ပါ ႀကိဳးစားအေကာင္အထည္ေဖာ္ပါ။ ပိတုန္းေတြလို တိရိစာၦန္ကေတာင္ သဘာဝတရား ကကန႔္သတ္ခ်က္ကို လြန္ဆန္ႏိုင္ရင္ က်ေနာ္တို႔လို လူသားေတြက ကိုယ့္ဘဝမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ရည္ မွန္းခ်က္ေတြ ဘာေၾကာင့္ ႀကိဳးစားအေကာင္အထည္ မေဖာ္ႏိုင္ရမွာလဲဗ်ာ….။