ခုန်ထွက်လိုက်ပါ

ဖားအရှင်တစ်ကောင်ကို ရေထည့်ထားတဲ့ အိုးထဲထည့်လို့ မီးအပူပေးပါ။ ရေရဲ့အပူချိန် မြင့်တက်လာလေလေ၊ ဖားရဲ့ကိုယ်ခန္ဓာအပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့လိုက်လို့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန်မြင့်လာလေလေ၊ ဖားရဲ့ခန္ဓာကိုယ်အပူချိန်လည်း မြင့်လာလေလေပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရေဟာ ရေဆူမှတ်ကိုရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့အပူချိန်အတိုင်း သူ့ခန္ဓာကိုယ်အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။ ထိုအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့…

View More ခုန်ထွက်လိုက်ပါ

အားနာရင် ခါးပါတတ်တယ်

တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့..အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။တစ်ရက်နှစ်ရက်မဟုတ် လနဲ့ချီပြီး နေ့တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။ဒါနဲ့ ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင် မလေး၊နင်ငါ့ကို နေ့တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့ မေးတယ်။ဒီတော့…

View More အားနာရင် ခါးပါတတ်တယ်

ဖားဥစွဲနေတဲ့ အင်္ကျီတွေကို အရောင်မပါးအောင် ချွတ်တဲ့ နည်းလမ်း (၂) မျိူး

မိုးရာသီမှာ အင်္ကျီဖားဥစွဲတဲ့ ပြဿနာကြောင့် အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။ ဖားဥကို ချွတ်ချင်ဇောနဲ့ လျှော်ပေမယ့် မပြောင် ၊ ချွတ်ဆေးတွေသုံးတော့လဲ အရောင်တွေကွက် ၊အင်္ကျီတွေပါးနဲ့ အင်မတန်မှ စိတ်ရှုပ်ရပါတယ်။အင်္ကျီ လဲမမွဲ ၊ လူလဲမထိတဲ့ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ဖားဥစွဲတာကို ဖယ်ရှားလို့ရပါတယ်။ ဖားဥစွဲတာအပြင် အင်္ကျီ အဖြူရဲ့…

View More ဖားဥစွဲနေတဲ့ အင်္ကျီတွေကို အရောင်မပါးအောင် ချွတ်တဲ့ နည်းလမ်း (၂) မျိူး

လျှာမရှည်စေနဲ့…

တခါတုန်းက မုဆိုးတစ်ယောက်ဟာ တောထဲကို အမဲလိုက်သွားရင်း ရသေ့တစ်ပါးတည်းသီတင်းသုံးနေထိုင်တဲ့တဲအိမ်လေးစီကို ရောက်သွား ခဲ့တယ်။ရသေ့ကြီးမှာက ထူးခြားစွာပဲနှာခေါင်း ရှည်နေတယ်။ဒါကို မုဆိုးကြီး မြင်တော့”အရှင်ရသေ့ကြီးရဲ့နှာခေါင်းကြီးကရှည်နေတာ ပါလား” လို့ ပြောတော့..ရသေ့ကြီးက..”အေးးငါ နှာခေါင်းရှည်တာကအရေးမကြီးဘူး..မင်း လျှာမရှည်စေနဲ့”လို့ပြန်ပြော လိုက်တယ်။မုဆိုးကြီးလည်း အိမ်ပြန်ရောက်တော့သူ့မိန်းမကို ပြန် ပြောပြတာပေါ့..”မိန်းမရေ ငါဒီနေ့ တောထဲမှာထူးထူးဆန်းဆန်း နှာခေါင်းရှည်နေတဲ့ရသေ့ကြီးတစ်ပါးကို တွေ့ခဲ့ တယ်”…

View More လျှာမရှည်စေနဲ့…

ဘုရင့်နောင်မင်းတရားကြီးလက်မှာ အရှုံးပေးခဲ့ရတဲ့ သမိန်ထောရာမအကြောင်း

သမိန်ထောရာမ (၁၅၅၁-၁၅၅၃)သည် မွန်မင်းဒုတိယဗညားရံ အိမ်နှိမ့်တွင် ဖွားမြင်သည့် သားဖြစ်သည်ဟုဆိုသည်။ တပင်ရွှေထီး ဟံသာဝတီကိုသိမ်းပိုက်ပြီး ရာမညမွန်သုံးရပ်ကို အုပ်ချုပ်ရာတွင် မကျေနပ်ကြသည့် မွန်များက ရဟန်းဝတ်ဖြင့်နေသည့် သမိန်ထောရာမအား လူဝတ် လဲစေပြီး အကြီးအမှူးတင်ကာ ပုန်ကန်ကြသည်။ သို့ဖြင့် ရဟန်းလူထွက် သမိန်ထောရာမမှာ တပင်ရွှေထီးအား ပုန်ကန်သူဖြစ်လာသည်။ အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။…

View More ဘုရင့်နောင်မင်းတရားကြီးလက်မှာ အရှုံးပေးခဲ့ရတဲ့ သမိန်ထောရာမအကြောင်း

အက်နေသော “အိုး”

တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ်…

View More အက်နေသော “အိုး”

မှန်ထဲက “ခွေး”

တခါတုန်းက ခွေးတကောင်ဟာ မှန်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ ပြခန်းတခုဆီကို ပြေးဝင်သွား ပါတယ်။ ပြခန်းရဲ့ နံရံတွေကော၊ ကြမ်း ခင်းတွေကော၊ မျက်နှာကြက်တွေကော အားလုံးကို မှန်တွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။အဲဒါကြောင့် ခွေးဟာ မှန်ထဲက သူ့ရဲ့ပုံရိပ် ရောင်ပြန်တွေကို ကြည့်မိပါတယ်။ ခွေးက သူ့ရဲ့ ဘေးပတ်လည်ကို ကြည့်ပြီး…

View More မှန်ထဲက “ခွေး”

ဖြည့်ကြည့်လိုက်ပါ…

တခါတုန်းက..မျက်လုံးတစ်ဖက်ကန်းပြီး ခြေတစ်ချောင်း မရှိတဲ့ သူဌေးကြီးတစ်ယောက် ရှိသတဲ့။တစ်နေ့မှာ သူဌေးကြီးဟာ အတော်ဆုံး ပန်း ချီဆရာတွေကို ခေါ်ပြီး သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့။ ပန်းချီဆရာတွေလည်း မျက်စိတစ်ဖက်လပ်၊ ခြေတစ်ချောင်းမရှိတဲ့ ပုံတူကို အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့်…

View More ဖြည့်ကြည့်လိုက်ပါ…

ဖြူးကောင်လေးတွေကပေးတဲ့ ဘဝသင်ခန်းစာ

ဆောင်းရာသီဟာ အလွန်အေးလွန်းလှတာကြောင့် တိရစ္ဆာန်တွေဟာ ဒီအအေးဒဏ်ကြောင့်ပဲ သေကြေ ပျက်စီး ကြရပါတယ်..။ဖြူးကောင်လေးတွေဟာ ဒီအခြေအနေကြောင့် သူတို့အချင်းအချင်း နီးကပ်စွာနေလိုက်ပြီး အဲ့ဒီကနေ သူတို့ဟာ အနွေးဓါတ်ကို ရရှိကြပါတယ်.. ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်က ဆူးတွေကြောင့် တစ်ကောင်နဲ့ တစ်ကောင် ထိုးမိကြပြီး ထိခိုက်ဒဏ်ရာ ရကြပြန်ပါတယ်..။ဒီလိုနဲ့ပဲ..၊ တစ်ကောင်နှင့် တစ်ကောင်…

View More ဖြူးကောင်လေးတွေကပေးတဲ့ ဘဝသင်ခန်းစာ

ကိုယ့်အတွက်လည်း စိတ်ပူပါ

သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ ရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ။ သင်မရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ။မရှိခဏ တမ်းတကြတုန်း သင်ထက်ပို ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့တွေ့ရင် သင်ဆိုတာ သတင်းစာ တစ်စောင်ရဲ့ နာရေး ကြော် ငြာ တစ်ပိုဒ်စာပဲ ။ပြီးနောက်နောက် အပတ်စဉ်မှာတော့ ဘယ်သူမှ သင်ကို အမှတ်ရ…

View More ကိုယ့်အတွက်လည်း စိတ်ပူပါ