သင့်ကားရဲ့ တာယာ လဲသင့်တဲ့အချိန်ကို ညွှန်ပြနေတဲ့ အချက်

မော်တော်ကားတာယာဆိုတာ ကားတစ်စီးအတွက် အရမ်းအရေးကြီးတဲ့ပစ္စည်းဖြစ်ပါတယ်။ ကားတာယာရဲ့ အမျိုးအစား၊ ထုတ်လုပ်ထားတဲ့ ခုနှစ်၊ တာယာအရွယ်အစား၊ လေပေါင်ချိန်၊ တာယာပန်း စသည်တို့ကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တာယာပန်းနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ကားတာယာပန်း (Tire Tread) မှာ Pattern လို့ခေါ်တဲ့ ပုစံဒီဇိုင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တာယာရဲ့ပန်းမှာ Direction လို့ခေါ်တဲ့ လားရာသတ်မှတ်ထားတဲ့ တာယာတွေလည်းရှိပါတယ်။ အဲ့ဒီလိုတာယာတွေမှာဆိုရင် တာယာကို ဂွေမှာတပ်တဲ့အတွက် အတည့် ပြောင်းပြန် မှားတပ်ဆင်လို့မရပါဘူး။ တာယာအသစ်တစ်လုံးရဲ့ တာယာပန်းအနက်က 8 ~ 9 mm (မီလီမီတာ) လောက်ရှိပြီး တာယာပန်းရဲ့ အနက်ကိုလည်း သတ်မှတ်ချက်အရ 1.6 mm မှာ တာယာလဲပေးရမှာဖြစ်ပါတယ်။

တာယာပန်းသတ်မှတ်ချက် (Tread Wear Indicator) ကို တာယာရဲ့ ဘေးမျက်နှာပြင်မှာ ကြည့်ရှုနိူင်ပြီး အဲ့ဒီသင်္ကေတနှင့်တည့်တည့်မှာ တာယာပန်းအတွင်းမှာ အဖုလေးတွရှိပါတယ်။ တာယာပန်းပွန်းစားပြီး အဲ့ဒီအဖုလေးတွေပေါ်နေပြီဆိုရင် တာယာလဲသင့်တာဖြစ်ပါတယ်။ အဲ့ဒီအဖုလေးတွေက 1.6 mm ရှိတာဖြစ်ပါတယ်။တာယာပန်းပွန်းစား (ကုန်) နိူင်တဲ့အချက်တွေကတော့ ကားအောက်ပိုင်းပြစ်ချက်ရှိခြင်း၊ ကားအလိုင်းမင့်မညီခြင်း၊ အသုံးပြုထားတဲ့တာယာပန်း မှားယွင်းစွာအသုံးပြုခြင်းနှင့် တာယာသက်တမ်းကုန်နေတာတွေကြောင့် ဖြစ်ပါတယ်။ တာယာပန်းမရှိမရှိတဲ့အခါ ကားဘရိတ်အုပ်လိုက်ပေမယ့် ကားရပ်တန့်ဖို့ ခက်ခဲမှာဖြစ်သလို မိုးရွာထားတဲ့လမ်း (သို့) ရေရှိနေသောလမ်းတွေမှာ ကားစလစ်ဖြစ်ခြင်း၊ လမ်းချော်ခြင်းတွေလည်း ဖြစ်နိူင်ပါတယ်။

မူရင်း – Credit

[zawgyi]

ေမာ္ေတာ္ကားတာယာဆိုတာ ကားတစ္စီးအတြက္ အရမ္းအေရးႀကီးတဲ့ပစၥည္းျဖစ္ပါတယ္။ ကားတာယာရဲ႕ အမ်ိဳးအစား၊ ထုတ္လုပ္ထားတဲ့ ခုႏွစ္၊ တာယာအ႐ြယ္အစား၊ ေလေပါင္ခ်ိန္၊ တာယာပန္း စသည္တို႔ကိုလည္း အထူးဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ တာယာပန္းနဲ႔ပါတ္သက္ၿပီး ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။ကားတာယာပန္း (Tire Tread) မွာ Pattern လို႔ေခၚတဲ့ ပုစံဒီဇိုင္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ တာယာရဲ႕ပန္းမွာ Direction လို႔ေခၚတဲ့ လားရာသတ္မွတ္ထားတဲ့ တာယာေတြလည္းရွိပါတယ္။ အဲ့ဒီလိုတာယာေတြမွာဆိုရင္ တာယာကို ေဂြမွာတပ္တဲ့အတြက္ အတည့္ ေျပာင္းျပန္ မွားတပ္ဆင္လို႔မရပါဘူး။ တာယာအသစ္တစ္လုံးရဲ႕ တာယာပန္းအနက္က 8 ~ 9 mm (မီလီမီတာ) ေလာက္ရွိၿပီး တာယာပန္းရဲ႕ အနက္ကိုလည္း သတ္မွတ္ခ်က္အရ 1.6 mm မွာ တာယာလဲေပးရမွာျဖစ္ပါတယ္။

တာယာပန္းသတ္မွတ္ခ်က္ (Tread Wear Indicator) ကို တာယာရဲ႕ ေဘးမ်က္ႏွာျပင္မွာ ၾကည့္ရႈႏိူင္ၿပီး အဲ့ဒီသေကၤတႏွင့္တည့္တည့္မွာ တာယာပန္းအတြင္းမွာ အဖုေလးတြရွိပါတယ္။ တာယာပန္းပြန္းစားၿပီး အဲ့ဒီအဖုေလးေတြေပၚေနၿပီဆိုရင္ တာယာလဲသင့္တာျဖစ္ပါတယ္။ အဲ့ဒီအဖုေလးေတြက 1.6 mm ရွိတာျဖစ္ပါတယ္။တာယာပန္းပြန္းစား (ကုန္) ႏိူင္တဲ့အခ်က္ေတြကေတာ့ ကားေအာက္ပိုင္းျပစ္ခ်က္ရွိျခင္း၊ ကားအလိုင္းမင့္မညီျခင္း၊ အသုံးျပဳထားတဲ့တာယာပန္း မွားယြင္းစြာအသုံးျပဳျခင္းႏွင့္ တာယာသက္တမ္းကုန္ေနတာေတြေၾကာင့္ ျဖစ္ပါတယ္။ တာယာပန္းမရွိမရွိတဲ့အခါ ကားဘရိတ္အုပ္လိုက္ေပမယ့္ ကားရပ္တန႔္ဖို႔ ခက္ခဲမွာျဖစ္သလို မိုး႐ြာထားတဲ့လမ္း (သို႔) ေရရွိေနေသာလမ္းေတြမွာ ကားစလစ္ျဖစ္ျခင္း၊ လမ္းေခ်ာ္ျခင္းေတြလည္း ျဖစ္ႏိူင္ပါတယ္။