မတူညီတဲ့မိန်းမ

အချို့ မိန်းမတွေဟာ ရုပ်လှဖို့ကိုသာ ဦးစားပေးကြလေ့ရှိပြီး အချို့ မိန်းမတွေကတော့ ဘဝမှာ အသုံးကျအောင်မြင်ဖို့အတွက် ကြိုးစားနေကြတယ်။ အချို့ မိန်းမတွေဟာ ဆိုရှယ်မီဒီယာ ပေါ်မှာ အရည်မရ အဖတ်မရ တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေအကြားမှာ ပျော်မွေ့နေပေမယ့် အချို့ မိန်းမတွေကတော့ ဗဟုသုတနဲ့ အကျိုးပြုစာတွေကို ဖတ်ရှု့ပြီးပြုပြင်နေကြတယ်။ အချို့ မိန်းမတွေဟာ တစိမ်းယောက်ျားတစ်ယောက် ယောက် သူ့အပေါ် စိတ်ဝင် စားစေဖို့အတွက် မူယာမာယာတွေနဲ့ အားနွဲ့ပြနေချိန်မှာ အချို့ မိန်းမတွေက ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင် တန်းနိုင်ဖို့သတ္တိရှိရှိ ခြေလှမ်းမှန်မှန်တက်နေကြတယ်။ အချို့ မိန်းမတွေက ငွေကို ကိုယ်ပိုင်အရည်အချင်းနဲ့ မရှာဖွေနိုင်ပေမယ့် ရှိနေတဲ့ ငွေကြေး မိဘ လက်ငုပ်လက်ရင်းတွေ နဲ့ ကြွားဝါ သုံးစွဲနေတတ်ကြချိန်မှာ

အချို့ မိန်းမတွေက ကိုယ်တိုင် သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်ပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့ဖို့ မိသားစုအတွက် တစ်ဖက်တစ်လမ်းကအလုပ်ကြိုးစားပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတယ်။ အချို့မိန်းမတွေက ဘဝကို ပေါ့ပျက်ပျက်နဲ့ ထူထောင်နေပြီး ကိုယ့်ထူထောင်ပြီးသား ဘဝမှာပျော်ရွှင်မှုမရှိတော့ပဲ အခြားမှာ ဖောက်ပြန်သာယာဖို့ ကြိုးစားနေချိန်မှာ အချို့မိန်းမတွေက ဘဝရှေ့ရေးအတွက် ရည်ရွယ်ချက်တွေနဲ့ အချိန် ကုန်နေကြတယ်။ ဒီလိုနဲ့..အချို့ မိန်းမတွေက တန်ဖိုးမဲ့တဲ့ မိန်းမတွေအဖြစ် ရပ်တည်နေကြပြီး အချို့ မိန်းမတွေက တန်ဖိုးရှိတဲ့ မိန်းမတွေအဖြစ် ပိုမိုတောက်ပြောင်အောင် ရပ်တည်ပြီး အောင်မြင်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြတယ်။

Credit – မေခ

[zawgyi]

အခ်ိဳ႕ မိန္းမေတြဟာ ႐ုပ္လွဖို႔ကိုသာ ဦးစားေပးၾကေလ့ရွိၿပီး အခ်ိဳ႕ မိန္းမေတြကေတာ့ ဘဝမွာ အသုံးက်ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားေနၾကတယ္။ အခ်ိဳ႕ မိန္းမေတြဟာ ဆိုရွယ္မီဒီယာ ေပၚမွာ အရည္မရ အဖတ္မရ တန္ဖိုးမရွိတဲ့ လုပ္ရပ္ေတြအၾကားမွာ ေပ်ာ္ေမြ႕ေနေပမယ့္ အခ်ိဳ႕ မိန္းမေတြကေတာ့ ဗဟုသုတနဲ႔ အက်ိဳးျပဳစာေတြကို ဖတ္ရႈ႕ၿပီးျပဳျပင္ေနၾကတယ္။ အခ်ိဳ႕ မိန္းမေတြဟာ တစိမ္းေယာက္်ားတစ္ေယာက္ ေယာက္ သူ႔အေပၚ စိတ္ဝင္ စားေစဖို႔အတြက္ မူယာမာယာေတြနဲ႔ အားႏြဲ႕ျပေနခ်ိန္မွာ အခ်ိဳ႕ မိန္းမေတြက ေယာက္်ားေတြနဲ႔ တန္းတူ ရင္ေဘာင္ တန္းႏိုင္ဖို႔သတၱိရွိရွိ ေျခလွမ္းမွန္မွန္တက္ေနၾကတယ္။ အခ်ိဳ႕ မိန္းမေတြက ေငြကို ကိုယ္ပိုင္အရည္အခ်င္းနဲ႔ မရွာေဖြႏိုင္ေပမယ့္ ရွိေနတဲ့ ေငြေၾကး မိဘ လက္ငုပ္လက္ရင္းေတြ နဲ႔ ႂကြားဝါ သုံးစြဲေနတတ္ၾကခ်ိန္မွာအခ်ိဳ႕ မိန္းမေတြက ကိုယ္တိုင္ သမာအာဇီဝအလုပ္နဲ႔ လုပ္ကိုင္ၿပီး ကိုယ္ပိုင္ဝင္ေငြနဲ႔ မိဘကို ေထာက္ပံ့ဖို႔ မိသားစုအတြက္ တစ္ဖက္တစ္လမ္းကအလုပ္ႀကိဳးစားၿပီး ကိုယ္ပိုင္ဝင္ေငြ ရွာေနၾကတယ္။ အခ်ိဳ႕မိန္းမေတြက ဘဝကို ေပါ့ပ်က္ပ်က္နဲ႔ ထူေထာင္ေနၿပီး ကိုယ့္ထူေထာင္ၿပီးသား ဘဝမွာေပ်ာ္႐ႊင္မႈမရွိေတာ့ပဲ အျခားမွာ ေဖာက္ျပန္သာယာဖို႔ ႀကိဳးစားေနခ်ိန္မွာ အခ်ိဳ႕မိန္းမေတြက ဘဝေရွ႕ေရးအတြက္ ရည္႐ြယ္ခ်က္ေတြနဲ႔ အခ်ိန္ ကုန္ေနၾကတယ္။ ဒီလိုနဲ႔..အခ်ိဳ႕ မိန္းမေတြက တန္ဖိုးမဲ့တဲ့ မိန္းမေတြအျဖစ္ ရပ္တည္ေနၾကၿပီး အခ်ိဳ႕ မိန္းမေတြက တန္ဖိုးရွိတဲ့ မိန္းမေတြအျဖစ္ ပိုမိုေတာက္ေျပာင္ေအာင္ ရပ္တည္ၿပီး ေအာင္ျမင္ႏိုင္တဲ့ မိန္းမတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနၾကတယ္။