လွဲမှားသော မာန

တခါတုန်းက လူတစ်ယောက်ဟာ သူရဲ့ နွားတွေကို မြက်ကျွေးဖို့အတွက် မြက်ရိတ်ရန်ထွက်လာခဲ့ပါတယ်..အင်း..ငါ့ ရွာဖက်မှာတော့ မြက်ကရှားသွားပြီ ဟိုဖက်ရွာသွားရိတ်မှပဲ..။ဤသို့တွေးကာတဖက်ရွာသို့မြက်သွားရိတ်လေသည်။ တမနက်ရိတ်လိုက်ပြီးလုံလောက်သောမြက်များရရှိသဖြင့်မြက်ထုံးကြီးထုံးလေရာ မြက်ထုံးမှာ ကြီးလွန်းသဖြင့်ပုခုံးထမ်းမနိုင်အောင်ဖြစ်နေတော့သည်။ထိုအခါထမ်းပိုးဖြင့်လျှိူထမ်းရန်ဝါးလုံးပိုင်းရှာရပြန်သည်။ဝါးလုံးရသောခါရှေ့နောက်လျှိူ ၍ထမ်းရန်လည်းမြက်က တစ်ထုံးတည်းဖြစ်နေသဖြင့်ရှေ့တွင်မြက်ထုံးနှင့်အလေး ချိန်တူညီသည့်ကျောက်တုံးတစ်တုံးကိုအစားထိုးထမ်းခဲ့ရလေသည်။လမ်းခုလတ်ရောက်သောအခါလူတစ်ဦးနှင့်တွေ့လေရာထိုလူကဤသို့အကြံပေးပါသည်။ “ကိုယ့်ဆရာကတော်တော်အပင်ပမ်းရှာတာကိုး..မြက်ထုံးကိုတစ်ဝက်စီခွဲပြီးရှေ့နဲ့နောက်ထမ်းပိုးလျှိူ ထမ်းလည်းရတာဘဲဗျာ..””အဲ..ဟုတ်သားဘဲ..မတွေးမိလိုက်တာဗျာ”ဒါနဲ့ဘဲထိုလူအကြံပေးသည့်အတိုင်းမြက်ထုံးကို တစ်ဝက်စီခွဲပြီး ရှေ့နောက်ထမ်းပိုးလျှိူ ၍ထမ်းလိုက်ပါတော့သည်။ ထိုသို့လာခဲ့ပြီးခရီးအတန်ငယ်ပေါက်ခါမှ ဤသို့ တွေးမိပြန်လေသည်။ ” ထမ်းရတာတော့အဆင်ပြေပါရဲ့..ဒါနဲ့ငါ့ကိုဒီအကြံပေးသွားတဲ့လူကဘယ်သူပါလိမ့်…

View More လွဲမှားသော မာန

ပန်းဘဲဆရာကြီးရဲ့ ဆုံးမစကား

တစ်နေ့မှာ ကောင်လေးတယောက်ဟာ ဓားကျိုးလေးနှစ်စကိုင်ပြီး အဖိုးဖြစ်သူ ပန်းဘဲဆရာထံ ရောက်ခဲ့တယ်..” အဖိုးရေ အဖိုး အဖိုးရေ..” ဟေ.. ဘာလဲကွ မင်းမှာလည်း အလန့်တကြားနဲ့ ဘာကိစ္စရှိလို့လည်းကွ..”ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်စလေးဝဲပြီး တခုခုကိုကြောက်ရွံ့သော အနေထားဖြင့် ..”ဟိုလေ..အဖိုး မနေ့ကသား ကျောက်တုံးကို ခုတ်ကစားနေရင်း ဓားမကြီးက ကျိုးသွားလို့ပါအဖိုး။အဖေပြောတယ် ဓားအသစ်မရရင်…

View More ပန်းဘဲဆရာကြီးရဲ့ ဆုံးမစကား

“ဈေးမဆစ်ပါနဲ့”

မေမေတစ်ခါပြောဖူးတယ်”ဇရစ်ချိုး မျှစ်ချိုးရောင်းသူတွေကိုစျေးမဆစ်ပါနဲ့သမီးရယ် ရတာလေးနဲ့မကာအောင်သိပ်ပင်ပန်းကြတာကိုယ်ချင်းစာတတ်ရမယ်နော်သမီး”တဲ့..။ “မဆစ်နဲ့” မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက”မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။ဟုတ်တယ် သူပြောဖူးတယ်……” မဆစ်နဲ့”လို့။ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ဒါမှမဟုတ် မတ္တရာဘက်လား၊ဖေဖေကောင်း ကောင်း မမှတ်မိတော့ဘူး။အဝေးပြေးကားကြီးနဲ့သွားကြရာကတစ်နေရာကားခဏထိုးရပ်လိုက်တဲ့အခါရေသန့်ဘူးရောင်းတဲ့ကလေးမ ကလေးတစ်ယောက်ကားအနားကိုကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊သူ့လက်ထဲကရေသန့််ဘူး သုံးလေးဘူးဟာရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့အညာနေရဲ့ အောက်မှာ”ရေသန့်ဘူး၊ ရေသန့်ဘူး”ဆိုတဲ့အသံလေးဟာ…

View More “ဈေးမဆစ်ပါနဲ့”

တချိန်သမီးလေးကို ပြောပြရမယ်..

တချိန် သမီးလေး သိဖို့ – “ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား..၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး..သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေထမင်း စားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့..ခုခေတ် ယောက်ျားတွေ (အများစု)ကအတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ..ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ..အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ..သူတို့ကိုအစစအရာရာ…

View More တချိန်သမီးလေးကို ပြောပြရမယ်..

လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…

တစ်ခါတုန်းကပေါ့..။ရွာတစ်ရွာမှာ လယ်သမားမိသားစုတစ်စုရှိတယ်။မနက်အချိန်ဆို အဖေဖြစ်သူနဲ့သားဖြစ်သူဟာ လယ်ထဲဆင်းတယ်။အမေဖြစ်သူကတော့ နေ့လယ်ထမင်းထုပ်ပို့ဖို့ချက်ပြုတ်ပြင်ဆင်တာနဲ့ အဝတ်တွေဖွတ်ရတာနဲ့ မနက်ပိုင်းတော့ တစ်မိသားစုလုံးအလုပ်ကိုယ်စီနဲ့ပေါ့။လယ်ထဲမဆင်းတဲ့ရက်တွေမှာတော့ အဖေဖြစ်သူနဲ့သားဖြစ်သူဟာ ရွာပြင်ဘက်က ထင်းရှူးတောကြီးမှာ ထင်းသွား ခုတ်ကြလေ့ရှိတယ်။ တစ်နေ့ သားအဖနှစ်ယောက် ထင်းခုတ်ဖို့တောတက်သွားကြတယ်။အမေဖြစ်သူကတော့ အိမ်မှာပဲထုံးစံအတိုင်း ချက်ပြုတ်လျှော်ဖွတ်ပေါ့..။သားအဖနှစ်ယောက်တောတက်လာလိုက်တာ ပင်ပန်းတာနဲ့ ကြာကန်တစ်ကန်နားမှာ နားကြတယ်။နေကလဲ စောင်းနေပြီပေါ့။ဒါနဲ့ ကြာကန်ကရေနဲ့ပဲ ခြေ၊လက်ဆေးပြီး ကိုယ်လက်သန့်ရှင်းလိုက်ပြီး…

View More လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…

ယနေ့အချိန်အထိ အငြင်းပွားမှုတွေရှိနေဆဲဖြစ်တဲ့ ဆုပန်ကလျာ ရဲ့ ဇာတ်သိမ်း

ယိုးဒယားမင်းသမီး ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင်အဖြစ် ခန့်အပ်ပေးခဲ့သော ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီးတော်ဖြစ်ပါသည်။ ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအချက်ကို အစွဲပြုကာ ဗြသဝန် ဟု သုံးနှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။ ၁၅၆၉…

View More ယနေ့အချိန်အထိ အငြင်းပွားမှုတွေရှိနေဆဲဖြစ်တဲ့ ဆုပန်ကလျာ ရဲ့ ဇာတ်သိမ်း

ကိုယ့်အလှည့်ကျ သဘောထားကြီးနိုင်မှာလား..?

တစ်ခါတုန်းက ခြူမင်းဆက်လက်ထက် တရုတ်ပြည်မှာ ဘုရင်ကိုးကွယ်ခံပညာရှိကြီး လောင်ဇူးက သူ့တပည့်တပန်များနဲ့အတူ လူစည်ကားရာ လမ်းဆုံလမ်းခွမှာ မေတ္တာတရားအကြောင်း ဟောပြောနေသတဲ့။အဲ့အချိန်မှာ တရုတ်ပြည်ဟာ အနောက်ဘက်အရပ်က လူရိုင်းတွေရဲ့ ထိုးနှက်လုယက်မှုကို အပြင်းထန် ခံနေရချိန်ဖြစ်လို့ တွန်းလှန်ဖို့ ကြိုးစားနေရချိန်ဖြစ်တယ်။ လောင်ဇူးက လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး…

View More ကိုယ့်အလှည့်ကျ သဘောထားကြီးနိုင်မှာလား..?

ထာဝရဆိုတာမရှိဘူး ခဏလေးပါပဲ

အောက်ပါပုံသည် ဟော်တယ်တစ်ခုရှေ့တွင်ရှိသော သူ့ရုပ်ထုအောက်တွင် အိပ်နေသော ကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး အားနိုးလ်၏ ပုံဖြစ်သည်။သူဒီပုံကို တင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘယ်အရာမှ မမြဲခြင်းသဘောရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ သူအောင် မြင်စဉ်အခါက ယခု ဟော် တယ်မှ တာဝန်ရှိသူများသည် သူ၏ကြေးသွန်းရုပ်ကို ဟော်တယ်ရှေ့မှာ ထားခွင့်တောင်းပြီး သူတို့ဟော် တယ်သို့ မင်းသားကြီးအာနိုးအား တခါးမရှိ ဓါးမရှိ…

View More ထာဝရဆိုတာမရှိဘူး ခဏလေးပါပဲ

တစ်ဖက်က အရှုံးပေးတိုင်း အဟုတ်ကြီးမမှတ်နှင့်..

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။တစ်နေ့ မှာ စစ် သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့အတူ စစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေး တစ်လုံးမှာ “တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်…။စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ…

View More တစ်ဖက်က အရှုံးပေးတိုင်း အဟုတ်ကြီးမမှတ်နှင့်..

လိပ်တစ်ကောင် နှင့် ငှက်တစ်ကောင်

လိပ်တစ်ကောင်နဲ့ ငှက်တစ်ကောင် လိပ်တစ်ကောင်က သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တစ်ကောင်က အ သိုက်လုပ်ပြီးနေထိုင်ပါတယ်။ လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။ “သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ်ပဲ့လွယ်တဲ့အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။ ကိုယ့်အတွက်ဆောက်တဲ့အိမ်တောင်မှ ဘာလို့စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံဆိုရင် မင်းရဲ့အသိုက်ထက်တောင် ပိုကောင်းသေး” လို့…

View More လိပ်တစ်ကောင် နှင့် ငှက်တစ်ကောင်