စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

တစ်ခါတော့..မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ဆရာတော် တရားဟောကြွလေ၏ ။ထိုဒေသတွင် မိုးများသည့်အတွက်တောင်ယာသမား အ များစုသည်နွားအစား ကျွဲများဖြင့်သာထွန်ယက်စိုက်ပျိုးကြရလေ၏ ။ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများကားနေ၏ ။ဆရာတော်သည် ..ကျွဲကြီးများကို မြင်သောအခါထိုဒေသမှ ဒကာကြီးများကိုယခုကဲ့သို့ မေးကြည့်လေ၏ ။“ ဒကာကြီး..ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီးရန်မမူကြဘူးလား ”“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊တလောက ဟိုဘက်ရွာကတောင်သူတစ်ယောက်ကျွဲခတ်လိုက်တာ…

View More စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

မြန်မာအစ “တကောင်း”က လို့ဆိုတဲ့ တကောင်းမြို့အကြောင်း

တကောင်းမြို့သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ တကောင်းမြို့ဟောင်းဟူ၍လည်း ထင်ရှားသော မြို့ဟောင်းတစ်ခု ဖြစ်သည်။ တကောင်းသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကို ဆန်တက်သောအခါ ၁၂၇ မိုင်ဝေး၍ မြစ်အရှေ့ဘက်ကမ်း မြေပြန့်ဒေသတွင် တည်ရှိသည်။တကောင်းမြို့ဟောင်း၏ ထင်ရှားမှုမှာ စည်ပင်သာယာမှု၊ ရောင်းဝယ်ဖောက်ကားကောင်းမွန်မှုတို့ကြောင့်…

View More မြန်မာအစ “တကောင်း”က လို့ဆိုတဲ့ တကောင်းမြို့အကြောင်း

ဘုရင်ကြီး နှင့် ဖိနပ်

တခါတုန်းက ဘုရင်တစ်ပါးဟာ သူ့ရဲ့တိုင်းပြည်ကို မင်းကျင့်တရားနဲ့အညီအုပ်ချုပ်နေပါတယ်။ တခါမှာတော့ သူ့တိုင်းပြည်ကို လေ့လာကြည့် ရှုဖို့ရာ ခြေလျင်ဖြင့်ပဲ လှည်ပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့တိုင်းပြည်ရဲ့ဝေးလံခေါင်းဖျားတဲ့နေရာတွေနဲ့ သွားလာရခက်ခဲတဲ့နေရာတွေကို သူကိုယ်တိုင်လေ့လာချင်တဲ့အတွက် တခြားသောအချွေအရံတွေကို မခေါ်ဘဲ တစ်ယောက်တည်းနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်။ ရက်သတ္တပတ်ကြာပြီးတဲ့အခါမှာတော့ ဘုရင်ဟာ နန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့အခါမှာ သူ့ရဲ့ မှုးမတ်တွေကို ဆင့်ခေါပြီး သူကြုံခဲ့ရတာတွေကို…

View More ဘုရင်ကြီး နှင့် ဖိနပ်

ဝက်ဝံကြီးပြောတဲ့ မိတ်ဆွေဆိုတာ..

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ဝက်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။တစ်ယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကို တွယ်တက်သွားတယ်။ နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ဝက်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေလိုက်တယ်။ဝက်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း…

View More ဝက်ဝံကြီးပြောတဲ့ မိတ်ဆွေဆိုတာ..

လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…

တစ်ခါတုန်းကပေါ့..။ရွာတစ်ရွာမှာ လယ်သမားမိသားစုတစ်စုရှိတယ်။မနက်အချိန်ဆို အဖေဖြစ်သူနဲ့သားဖြစ်သူဟာ လယ်ထဲဆင်းတယ်။အမေဖြစ်သူကတော့ နေ့လယ်ထမင်းထုပ်ပို့ဖို့ချက်ပြုတ်ပြင်ဆင်တာနဲ့ အဝတ်တွေဖွတ်ရတာနဲ့ မနက်ပိုင်းတော့ တစ်မိသားစုလုံးအလုပ်ကိုယ်စီနဲ့ပေါ့။လယ်ထဲမဆင်းတဲ့ရက်တွေမှာတော့ အဖေဖြစ်သူနဲ့သားဖြစ်သူဟာ ရွာပြင်ဘက်က ထင်းရှူးတောကြီးမှာ ထင်းသွား ခုတ်ကြလေ့ရှိတယ်။ တစ်နေ့ သားအဖနှစ်ယောက် ထင်းခုတ်ဖို့တောတက်သွားကြတယ်။အမေဖြစ်သူကတော့ အိမ်မှာပဲထုံးစံအတိုင်း ချက်ပြုတ်လျှော်ဖွတ်ပေါ့..။သားအဖနှစ်ယောက်တောတက်လာလိုက်တာ ပင်ပန်းတာနဲ့ ကြာကန်တစ်ကန်နားမှာ နားကြတယ်။နေကလဲ စောင်းနေပြီပေါ့။ဒါနဲ့ ကြာကန်ကရေနဲ့ပဲ ခြေ၊လက်ဆေးပြီး ကိုယ်လက်သန့်ရှင်းလိုက်ပြီး…

View More လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…

မျက်မမြင် ကောင်လေး

တစ်ခါက မျက်မမြင်ကောင်လေးတစ်ယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေသတဲ့။ သူ့ရှေ့မှာလဲ ဆိုင်းဘုတ်တစ်ခုကို ချထားတယ် ” ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်ပါ ပေးကမ်းစွန့်ကြဲကြပါ”သူတောင်းခံနေပေမယ့်လဲ သူ့ရဲ့ အရှေ့ကခွက်ကလေးထဲမှာ ပိုက်ဆံအ နည်းငယ်သာရပါတယ်။ သိပ်မကြာဘူး လူတစ်ယောက်လမ်းလျှောက်လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ခွက်ထဲကို ပိုက်ဆံထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ဆိုင်းဘုတ်ကို…

View More မျက်မမြင် ကောင်လေး

နွားတွေနဲ့ ကျွဲတွေရဲ့ ကွားခြားချက်

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှု့ခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ် ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူတွေ့ရတာ…

View More နွားတွေနဲ့ ကျွဲတွေရဲ့ ကွားခြားချက်

ကြိုးမဲ့စွန်

တစ်ခါက သားအဖနှစ်ယောက် ကွင်းပြင်ထဲမှာ စွန်လွတ်ကြပါတယ်။ စွန်က လေထဲမှာ မြင်မြင့်ပျံသန်းနေတော့ သားဖြစ်သူက အရမ်းပျော်ရွှင်ပါတယ်။ ပြီးတော့ အဖေဖြစ်သူကို “ဖေဖေ။ စွန် အမြင့်ကြီးပြန်လို့ရအောင် ကြိုးဖြတ်ပေးလိုက်ပါလား။ ကြိုးက စွဲထားတော့ စွန်က အမြင့်ကြီး ပြန်လို့မရဘူးဖြစ်နေတယ်။” အဖေဖြစ်သူလည်း သားပြောသလို ကြိုးကို ဖြတ်ပေးလိုက်ပါတယ်။ ကြိုးလွတ်သွားတဲ့စွန်က…

View More ကြိုးမဲ့စွန်

ဖန်ခွက်တစ်လုံး မဖြစ်ပါစေနဲ့

တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံကြွယ်ဝတဲ့ပညာရှိကြီး တစ်ဦး ရှိပါတယ်..။သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီးပိုင်ဆိုင် သမျှ အရာရာကို ဆုံးရှုံးသွားလို့စိတ်ပျက်အားလျော့စွာနဲ့ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့လူငယ်တစ်ယောက် ဆီရောက်လာပါတယ် ။ပညာရှိ ကြီးက. ထိုလူငယ်ကိုရေတစ်ဖန်ခွက် သွားယူခိုင်ပြီးဆားတစ်ဆုပ်ကိုလည်း ယူလာခိုင်းပါတယ်။ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ်ထည့်လိုက်ပြီးရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့မေးတဲ့အခါ..ထိုလူငယ်ကခါးတူးနေအောင် ငံပါတယ်လို့ပြန်ဖြေပါတယ်။ဒီတော့ ပညာရှိကြီးက..အသာပြုံးလိုက်ရင်းထိုသူကို ဆားတစ်ဆုပ်…

View More ဖန်ခွက်တစ်လုံး မဖြစ်ပါစေနဲ့

ကိုယ်ပိုင်ဥာဏ်နဲ့ ပိုင်းခြားပါ

တစ်ခါကညအခါမှာ မျောက်တစ်ကောင်ဟာ ဆော့ကစားရင်း ရေကန်လးတစ်ခုအနားကို ရောက်ခဲ့တာပေါ့။ ရေကန်လေးထဲ ကြည့်မိလိုက်တော့ ရေကန်ထဲက လရိပ်ကို မြင်တာပေါ့။ အဲ့ဒီမှာတင် မျောက်လည်း အလန့်တကြား လ ရေနစ်နေတယ်ထင်သွားတာပေါ့။မျောက်လည်း ချက်ခြင်းပဲ တောထဲအမြန်သွားပြီး လရေနစ်နေတဲ့ အကြောင်း လိုက်ပြောတော့တာပေါ့။ အဲဒီမှာတင် အိပ်စက်အနားယူနေတဲ့ တိရစ္ဆာန်တွေလည်းအလန့်တကြား ဖြစ်ကြရင်း တဆင့်စကားတဆင့်နဲ့…

View More ကိုယ်ပိုင်ဥာဏ်နဲ့ ပိုင်းခြားပါ