ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ရေခဲမုန့်ကို အိမ်မှာပဲ အလွယ်တစ်ကူပြုလုပ်နည်းလေး

ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ရေခဲမုန့်ကို အိမ်မှာပဲ အကုန်အကျ သက်သက်သာသာနဲ့ များများ စားသုံးနိုင်မယ့် ရေခဲမုန့် အလွယ်လုပ်နည်းလေးကို ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..။ရေခဲမုန့်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ Whipping cream 500ml (စူပါမားကတ်တွေမှာ အလွယ်တကူဝယ်လို့ရ)၊ နို့ဆီတဘူးနဲ့ မိမိကြိုက်နှစ်သက်ရာ အနံ့၊အရသာတို့ပဲ ဖြစ်ပါတယ်။ပထမဦးစွာ Whipping cream ကို ဇလုံခပ်ကြီးကြီး တခုထဲ ထည့်ပြီး မွှေပေးရမှာ ဖြစ်တယ်။ မွှေစက်ရှိတဲ့ သူတွေအနေနဲ့ စက်နဲ့လည်း မွှေနိုင်သလို လက်နဲ့လည်း မွှေနိုင်ပါတယ်။ မွှေရင်းနဲ့ ရေမြှပ်လေးလို ခရင်မ်ပုံစံဖြစ်လာပြီ ဆိုရင်တော့ နို့ဆီကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။ခရင်မ်အနေအထား ပျက်သွားမှာ စိုးတာကြောင့် မွှေတဲ့အခါ စက်ဝိုင်း ပုံသဏ္ဍာန် မွှေတာမျိုး မဟုတ်ဘဲ အပေါ်အောက် သမအောင် မွှေတဲ့ပုံစံမျိုးနဲ့ မွှေပေးရပါမယ်။ နို့ဆီထည့်ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အနံ့၊ အရသာ တမျိုးမျိုးကို ထည့်ပြီး သမရုံလောက် မွှေပေးရပါမယ်။

ပြီးရင်တော့ ရေခဲမုန့်လုပ်မယ့် အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့်ပြီး ရေခဲသေတ္တာ အခဲကန့်ထဲ ၈ နာရီလောက် ထည့်ထားပေးရုံနဲ့ အရသာရှိတဲ့ Homemade ice-cream ကို စားသုံးနိုင်ပါပြီ။ ရေခဲမုန့်ကို အသီးအနှံတွေနဲ့ ပြုလုပ် စားသောက်ချင်သူတွေအနေနဲ့တော့ မိမိထည့်လိုတဲ့ အသီးအနှံကို ရေသေချာစွာ ဆေးကြောပြီး ဖျော်စက်ထဲကို နို့ဆီနဲ့အတူတကွထည့်ကာ ကြေညက်သွားတဲ့အထိ ကြိတ်ချေပေးရပါမယ်။ပြီးရင်တော့ မွှေထားပြီးသား Whipping cream ထဲကို နို့ဆီနဲ့ရောကာ ကြိတ်ချေထားပြီးသား အသီးအနံအနှစ်တွေကို ဖြည့်းဖြည်းချင်းလောင်းထည့်ကာ အပေါ်အောက် သမအောင် မွှေပေးရပါမယ်။ဒီနေရာမှာ အရောင် အနည်းငယ် ထည့်ချင်သူတွေအနေနဲ့ Food colour အနည်းငယ် ထည့်နိုင်သလို မိမိကြိုက်နှစ်သက်တဲ့ အနံ့ကိုလည်း ထည့်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေခဲမုန့်လုပ်မယ့် အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့်ပြီး အခဲကန့်ထဲ ၈နာရီလောက် ထည့်ပေးရုံနဲ့ အသီးအနှံရေခဲမုန့်ကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။

Credit _ Burma Irrawaddy

[zawgyi]

ကေလး၊ လူႀကီးမေ႐ြး ႀကိဳက္ႏွစ္သက္ၾကတဲ့ ေရခဲမုန႔္ကို အိမ္မွာပဲ အကုန္အက် သက္သက္သာသာနဲ႔ မ်ားမ်ား စားသုံးႏိုင္မယ့္ ေရခဲမုန႔္ အလြယ္လုပ္နည္းေလးကို ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္ေနာ္..။ေရခဲမုန႔္ျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ Whipping cream 500ml (စူပါမားကတ္ေတြမွာ အလြယ္တကူဝယ္လို႔ရ)၊ ႏို႔ဆီတဘူးနဲ႔ မိမိႀကိဳက္ႏွစ္သက္ရာ အနံ႔၊အရသာတို႔ပဲ ျဖစ္ပါတယ္။ပထမဦးစြာ Whipping cream ကို ဇလုံခပ္ႀကီးႀကီး တခုထဲ ထည့္ၿပီး ေမႊေပးရမွာ ျဖစ္တယ္။ ေမႊစက္ရွိတဲ့ သူေတြအေနနဲ႔ စက္နဲ႔လည္း ေမႊႏိုင္သလို လက္နဲ႔လည္း ေမႊႏိုင္ပါတယ္။ ေမႊရင္းနဲ႔ ေရျမႇပ္ေလးလို ခရင္မ္ပုံစံျဖစ္လာၿပီ ဆိုရင္ေတာ့ ႏို႔ဆီကို ျဖည္းျဖည္းခ်င္း ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။ခရင္မ္အေနအထား ပ်က္သြားမွာ စိုးတာေၾကာင့္ ေမႊတဲ့အခါ စက္ဝိုင္း ပုံသ႑ာန္ ေမႊတာမ်ိဳး မဟုတ္ဘဲ အေပၚေအာက္ သမေအာင္ ေမႊတဲ့ပုံစံမ်ိဳးနဲ႔ ေမႊေပးရပါမယ္။ ႏို႔ဆီထည့္ၿပီးရင္ေတာ့ မိမိႀကိဳက္ႏွစ္သက္တဲ့ အနံ႔၊ အရသာ တမ်ိဳးမ်ိဳးကို ထည့္ၿပီး သမ႐ုံေလာက္ ေမႊေပးရပါမယ္။ၿပီးရင္ေတာ့ ေရခဲမုန႔္လုပ္မယ့္ အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့္ၿပီး ေရခဲေသတၱာ အခဲကန႔္ထဲ ၈ နာရီေလာက္ ထည့္ထားေပး႐ုံနဲ႔ အရသာရွိတဲ့ Homemade ice-cream ကို စားသုံးႏိုင္ပါၿပီ။ ေရခဲမုန႔္ကို အသီးအႏွံေတြနဲ႔ ျပဳလုပ္ စားေသာက္ခ်င္သူေတြအေနနဲ႔ေတာ့ မိမိထည့္လိုတဲ့ အသီးအႏွံကို ေရေသခ်ာစြာ ေဆးေၾကာၿပီး ေဖ်ာ္စက္ထဲကို ႏို႔ဆီနဲ႔အတူတကြထည့္ကာ ေၾကညက္သြားတဲ့အထိ ႀကိတ္ေခ်ေပးရပါမယ္။ၿပီးရင္ေတာ့ ေမႊထားၿပီးသား Whipping cream ထဲကို ႏို႔ဆီနဲ႔ေရာကာ ႀကိတ္ေခ်ထားၿပီးသား အသီးအနံအႏွစ္ေတြကို ျဖည့္းျဖည္းခ်င္းေလာင္းထည့္ကာ အေပၚေအာက္ သမေအာင္ ေမႊေပးရပါမယ္။ဒီေနရာမွာ အေရာင္ အနည္းငယ္ ထည့္ခ်င္သူေတြအေနနဲ႔ Food colour အနည္းငယ္ ထည့္ႏိုင္သလို မိမိႀကိဳက္ႏွစ္သက္တဲ့ အနံ႔ကိုလည္း ထည့္ေပးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ေရခဲမုန႔္လုပ္မယ့္ အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့္ၿပီး အခဲကန႔္ထဲ ၈နာရီေလာက္ ထည့္ေပး႐ုံနဲ႔ အသီးအႏွံေရခဲမုန႔္ကို အရသာရွိရွိ စားသုံးႏိုင္ပါတယ္။