ကားမောင်းသူတွေ မဖြစ်မနေသိထားရမယ့် ပလတ် အကြောင်း

ကားတစ်စီးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကားမောင်း နှင်တဲ့သူအနေနဲ့ မဖြစ်မနေသိ ထားသင့်တဲ့ ကားအစိတ်အပိုင်း ကတော့ ပလတ်ဖြစ်ပါတယ်။ပလတ်ဆိုတာက ကားတစ် စီးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး လဲလှယ်ပေးသင့်ချိန် မှာ သင့်တော်သလို လဲလှယ်ပေး ရမှာ ဖြစ်ပါတယ်။ ပလတ်တစ်ခု လဲလှယ်ဖို့ လိုအပ်တဲ့အချိန်ဆို တာက အသုံးပြုတဲ့ လောင် စာဆီ သန့်စင်မှု အပေါ်မှာ မူတည်နေပြီး လောင်စာဆီမသန့်ရင် မကြာ ခဏဆီကြေးကပ်ပြီး ပလတ်ပျက် စီးစေပါတယ်။ပြည်ပနိုင်ငံတွေက အသုံးပြု တဲ့လောင်စာဆီတွေကတော့ သန့် စင်ထားတဲ့နှုန်း များတဲ့အတွက် ပလတ်တွေ တစ်နှစ်တစ်ခါသာ လဲ လှယ်ပေးရပေမယ့် ပြည်တွင်းမှာ တော့ လောင်စာဆီ မသန့်ရှင်းလို့ အနည်းဆုံး ခြောက်လ တစ်ခါ တော့ လဲလှယ်ပေးနေရပါတယ်။ ကားပလတ်တွေက ကားအစိတ် အပိုင်းတွေထဲမှာ ဈေးသက်သာ တဲ့ အစိတ်အပိုင်းဖြစ်ပြီး ကိုယ် တိုင်လည်းဖြုတ်တပ်လုပ်ပြီး လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ပလတ်တွေဟာ ကားအမျိုးအစား၊ အင်ဂျင်အမျိုးအစားအ လိုက် ကွဲပြားပါတယ်။ ပလတ်တွေကို ကိုယ်တိုင်ဖြုတ်တပ်လဲ လှယ် မယ်ဆိုရင် ပလတ်စပန်နာလို Tools တွေရှိနေဖို့တော့ လိုအပ်ပါတယ်။ လဲလှယ်တပ်ဆင်မယ့် ပလတ်တွေကိုလည်း အင်ဂျင်နဲ့ ကိုက်ညီတဲ့ ကားထုတ်လုပ်သူက လမ်းညွှန်ထားတဲ့ ပလတ်ကိုသာ ရွေးချယ် အသုံးပြုဖို့ လိုအပ်ပါ တယ်။ အဲဒါမှသာ အင်ဂျင်ရဲ့ စွမ်း ဆောင်ရည်အပြည့်အဝကို အသုံး ပြုနိုင်တဲ့အပြင် ကားအင်ဂျင် သက်တမ်းကိုလည်း ကြာရှည်ခံ စေပါတယ်။ပလတ်ဆိုတာ – ကားအင်ဂျင်အပေါ်ပိုင်းမှာ အများဆုံးတပ်ဆင်ထားတတ်တဲ့ ပလတ်တွေက အင်ဂျင်အတွင်း လောင်စာ ပေါက်ကွဲခန်းထဲမှာ ပုံမှန်အချက်ကျကျနဲ့ မီးပေါက် ပေးပါတယ်။ ပလတ်က မီးပွင့်တွေ ကြောင့် စလင်ဒါခန်းထဲမှာ အင် လက်ကဝင်လာတဲ့ ဆီငွေ့တွေက ပေါက်ကွဲပြီး တွန်း ကန်အားကို ဖြစ်စေပါတယ်။ ယင်းတွန်းကန် အားကြောင့် အင်ဂျင်ကို လည် ပတ်စေတာဖြစ်ပါတယ်။လုပ်ဆောင်ပုံ – ပလတ်တွေကို ကားရဲ့ Ifnit-ion Coil မှ လျှပ်စစ်ကိုရယူပြီး စလင်ဒါခန်းထဲမှာ မီးပွင့်တွေကို ဖြစ်စေပါတယ်။ စလင်ဒါခန်းထဲ မှာ အချိန်ကိုက်ဝင်ရောက်လာတဲ့ လောင်စာဆီအမှုန်လေးတွေကို ပလတ်ကထွက်လာတဲ့ မီးပွားတွေ က ထိတွေ့ပြီး ပေါက်ကွဲမှုကိုဖြစ် စေပါတယ်။ ပေါက်ကွဲမှုက အင် ဂျင်ပစ်စတင်ကို တွန်းထုတ်လိုက် ရာမှ အဆင့်ဆင့်တွန်းအားတွေ ကတစ်ဆင့် အင်ဂျင်ကိုလည်ပတ် စေတာဖြစ်ပါတယ်။

အဲဒီလို အချိန်ကိုက်လုပ် ဆောင်ချက်တွေထဲက မီးပေါက် တာ တစ်ချက်လျော့တာဖြစ်စေ၊ လောင်စာဆီဝင်ရောက်မှုတစ်ဆို ပိတ်သွားတာမျိုးတွေကြောင့် အင်ဂျင်လှည့်ပတ်မှု တိုင်မင်ကို အ နှောင့်အယှက် ဖြစ်စေပါတယ်။ အင်ဂျင်လှည့်ပတ်မှုတိုင်မင်ပျက် တာ ဆက်တိုက်ဖြစ်လာရင်တော့ ရုတ်တရက်အင်ဂျင်ရပ်တန့်တာ၊ ပုံမှန်မဟုတ်တဲ့ အင်ဂျင်ပေါက် ကွဲသံတွေ ထွက်လာတာ စတဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။ပလတ်တည်ဆောက်ထားပုံ – ပလတ်ဆိုတာ အင်ဂျင်ထဲမှာပါတယ်။ မီးပေါက်တဲ့အလုပ် ကို လုပ်တယ်လို့ အများစုက အကြမ်းဖျင်းသိထားပေမယ့် ဘယ်လို တည်ဆောက်ထားလဲဆိုတာ ကိုတော့ သိတဲ့သူနည်းပါတယ်။ ပလတ်ကို တည်ဆောက်ထုတ် လုပ်ပုံကလည်း တခြား အစိတ်အပိုင်းတွေကို တစ်စစီဖြုတ်ကြည့်လို့ရတဲ့ အနေအထားမဟုတ်ဘဲ ကြွေ သားလောင်းထားတဲ့အတွက် တည်ဆောက်ပုံသိနိုင်ဖို့ ခက်ပါ တယ်။အမှန်တ ကယ်တော့ သာမန် ရိုးရှင်းတဲ့ တည်ဆောက်ပုံတစ်ခုပဲ ဖြစ်ပါတယ်။ Electrodes တွေ၊ Resistor တွေ၊ လျှပ်ကူးသတ္တု တွေ၊ လျှပ်ကာကြွေသားတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ လျှပ် စစ်ရှော့ခ် အသေးစားဖန်တီးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ချို့ယွင်းပျက်စီးလာရင် – ပျက်စီးတတ်တဲ့အကြောင်း အများစုကတော့ မသန့်တဲ့လောင် စာဆီတွေမှာပါတဲ့ ဓာတုပစ္စည်း တွေကြောင့် မီးလောင်ခန်းထဲ ရောက်နေတဲ့ ပလတ်အစိတ်အ ပိုင်းတွေက ဓာတုကြေးကပ်လို့ မီး သေချာမပေါက်တာ၊ သက်တမ်းကြာလာလို့ လျှပ်ကူးအားလျော့ တာတွေကြောင့် ပလတ်တွေပျက် စီးရတာ များပါတယ်။ပလတ်တွေမကောင်းတော့ ဘူးဆိုရင် Dashboard အချက်ပြ မီးလင်းတာ၊ အင်ဂျင်စက်နှိုးရ ခက်လာတာ၊ အင်ဂျင်လှည့်ပတ် အားလျော့တာ၊ အင်ဂျင်စွမ်း ဆောင်ရည် ကျဆင်းတာ စတဲ့ ပြဿနာတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ပျက်စီးယိုယွင်းနေ တဲ့ ပလတ်တွေကို လက်ပူတိုက်ပြီး ဆက်သုံးနေမယ်ဆိုရင်တော့ အင် ဂျင်ဆီစားနှုန်းမြင့်လာတာ၊ ဆက် စပ် အစိတ်အပိုင်းတွေဖြစ်တဲ့ စလင်ဒါနဲ့ ပစ်စတင်တွေ ထိခိုက် ပျက်စီးတာ၊ အင်ဂျင်ရုတ်တရက် စက်ရပ်တာ စတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။အဲဒါကြောင့် ကားအင်ဂျင် ရဲ့ ပလတ်တွေကို အချက်ပြမီးလင်းတာပဲဖြစ်စေ၊ မလင်းတာပဲဖြစ်စေ ပလတ်တွေကို တစ်လတစ်ခါစစ်ဆေးပေးသင့်ပါတယ်။ သန့်ရှင်းတဲ့ လောင်စာဆီတွေကိုသာ သုံးစွဲသင့်ပြီး ပြည်တွင်းက လောင်စာဆီအသုံးပြုတဲ့အခြေအနေအရ ခြောက်လတစ်ခါလောက် ပလတ် အသစ်တွေ လဲ လှယ် အသုံးပြုသင့်ပါတယ်။နောက်ထပ် အရေးကြီးဆုံးအချက်ကတော့ အင်ဂျင်အမျိုး အစားအလိုက် သတ်မှတ်ပေး ထားတဲ့ ကားထုတ်လုပ်သူနဲ့ ကျွမ်း ကျင်သူတွေက လမ်းညွှန်ထားတဲ့ ပလတ်အမျိုးအစားတွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

Credit မူရင်း

[zawgyi]

ကားတစ္စီးမွာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ကားေမာင္း ႏွင္တဲ့သူအေနနဲ႔ မျဖစ္မေနသိ ထားသင့္တဲ့ ကားအစိတ္အပိုင္း ကေတာ့ ပလတ္ျဖစ္ပါတယ္။ပလတ္ဆိုတာက ကားတစ္ စီးအတြက္ အေရးႀကီးတဲ့ အစိတ္အပိုင္းျဖစ္ၿပီး လဲလွယ္ေပးသင့္ခ်ိန္ မွာ သင့္ေတာ္သလို လဲလွယ္ေပး ရမွာ ျဖစ္ပါတယ္။ ပလတ္တစ္ခု လဲလွယ္ဖို႔ လိုအပ္တဲ့အခ်ိန္ဆို တာက အသုံးျပဳတဲ့ ေလာင္စာဆီ သန္႔စင္မႈ အေပၚမွာ မူတည္ေနၿပီး ေလာင္စာဆီမသန္႔ရင္ မၾကာ ခဏဆီေၾကးကပ္ၿပီး ပလတ္ပ်က္ စီးေစပါတယ္။ျပည္ပႏိုင္ငံေတြက အသုံးျပဳ တဲ့ေလာင္စာဆီေတြကေတာ့ သန္႔ စင္ထားတဲ့ႏႈန္း မ်ားတဲ့အတြက္ ပလတ္ေတြ တစ္ႏွစ္တစ္ခါသာ လဲ လွယ္ေပးရေပမယ့္ ျပည္တြင္းမွာ ေတာ့ ေလာင္စာဆီ မသန္႔ရွင္းလို႔ အနည္းဆုံး ေျခာက္လ တစ္ခါ ေတာ့ လဲလွယ္ေပးေနရပါတယ္။ ကားပလတ္ေတြက ကားအစိတ္ အပိုင္းေတြထဲမွာ ေဈးသက္သာ တဲ့ အစိတ္အပိုင္းျဖစ္ၿပီး ကိုယ္ တိုင္လည္းျဖဳတ္တပ္လုပ္ၿပီး လဲလွယ္ႏိုင္မွာ ျဖစ္ပါတယ္။ပလတ္ေတြဟာ ကားအမ်ိဳးအစား၊ အင္ဂ်င္အမ်ိဳးအစားအ လိုက္ ကြဲျပားပါတယ္။ ပလတ္ေတြကို ကိုယ္တိုင္ျဖဳတ္တပ္လဲလွယ္ မယ္ဆိုရင္ ပလတ္စပန္နာလို Tools ေတြရွိေနဖို႔ေတာ့ လိုအပ္ပါတယ္။ လဲလွယ္တပ္ဆင္မယ့္ ပလတ္ေတြကိုလည္း အင္ဂ်င္နဲ႔ ကိုက္ညီတဲ့ ကားထုတ္လုပ္သူက လမ္းၫႊန္ထားတဲ့ ပလတ္ကိုသာ ေ႐ြးခ်ယ္ အသုံးျပဳဖို႔ လိုအပ္ပါ တယ္။ အဲဒါမွသာ အင္ဂ်င္ရဲ႕ စြမ္း ေဆာင္ရည္အျပည့္အဝကို အသုံး ျပဳႏိုင္တဲ့အျပင္ ကားအင္ဂ်င္ သက္တမ္းကိုလည္း ၾကာရွည္ခံ ေစပါတယ္။ပလတ္ဆိုတာ – ကားအင္ဂ်င္အေပၚပိုင္းမွာ အမ်ားဆုံးတပ္ဆင္ထားတတ္တဲ့ ပလတ္ေတြက အင္ဂ်င္အတြင္း ေလာင္စာ ေပါက္ကြဲခန္းထဲမွာ ပုံမွန္အခ်က္က်က်နဲ႔ မီးေပါက္ ေပးပါတယ္။ ပလတ္က မီးပြင့္ေတြ ေၾကာင့္ စလင္ဒါခန္းထဲမွာ အင္ လက္ကဝင္လာတဲ့ ဆီေငြ႕ေတြက ေပါက္ကြဲၿပီး တြန္းကန္အားကို ျဖစ္ေစပါတယ္။ ယင္းတြန္းကန္ အားေၾကာင့္ အင္ဂ်င္ကို လည္ ပတ္ေစတာျဖစ္ပါတယ္။လုပ္ေဆာင္ပုံ – ပလတ္ေတြကို ကားရဲ႕ Ifnit-ion Coil မွ လွ်ပ္စစ္ကိုရယူၿပီး စလင္ဒါခန္းထဲမွာ မီးပြင့္ေတြကို ျဖစ္ေစပါတယ္။ စလင္ဒါခန္းထဲ မွာ အခ်ိန္ကိုက္ဝင္ေရာက္လာတဲ့ ေလာင္စာဆီအမႈန္ေလးေတြကို ပလတ္ကထြက္လာတဲ့ မီးပြားေတြ က ထိေတြ႕ၿပီး ေပါက္ကြဲမႈကိုျဖစ္ ေစပါတယ္။ ေပါက္ကြဲမႈက အင္ ဂ်င္ပစ္စတင္ကို တြန္းထုတ္လိုက္ ရာမွ အဆင့္ဆင့္တြန္းအားေတြ ကတစ္ဆင့္ အင္ဂ်င္ကိုလည္ပတ္ ေစတာျဖစ္ပါတယ္။အဲဒီလို အခ်ိန္ကိုက္လုပ္ ေဆာင္ခ်က္ေတြထဲက မီးေပါက္ တာ တစ္ခ်က္ေလ်ာ့တာျဖစ္ေစ၊ ေလာင္စာဆီဝင္ေရာက္မႈတစ္ဆို ပိတ္သြားတာမ်ိဳးေတြေၾကာင့္ အင္ဂ်င္လွည့္ပတ္မႈ တိုင္မင္ကို အ ေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အင္ဂ်င္လွည့္ပတ္မႈတိုင္မင္ပ်က္ တာ ဆက္တိုက္ျဖစ္လာရင္ေတာ့ ႐ုတ္တရက္အင္ဂ်င္ရပ္တန္႔တာ၊ ပုံမွန္မဟုတ္တဲ့ အင္ဂ်င္ေပါက္ ကြဲသံေတြ ထြက္လာတာ စတဲ့ ျပႆနာေတြကို ျဖစ္ေစပါတယ္။ပလတ္တည္ေဆာက္ထားပုံ – ပလတ္ဆိုတာ အင္ဂ်င္ထဲမွာပါတယ္။ မီးေပါက္တဲ့အလုပ္ ကို လုပ္တယ္လို႔ အမ်ားစုက အၾကမ္းဖ်င္းသိထားေပမယ့္ ဘယ္လို တည္ေဆာက္ထားလဲဆိုတာ ကိုေတာ့ သိတဲ့သူနည္းပါတယ္။ ပလတ္ကို တည္ေဆာက္ထုတ္ လုပ္ပုံကလည္း တျခား အစိတ္အပိုင္းေတြကို တစ္စစီျဖဳတ္ၾကည့္လို႔ရတဲ့ အေနအထားမဟုတ္ဘဲ ေႂကြ သားေလာင္းထားတဲ့အတြက္ တည္ေဆာက္ပုံသိႏိုင္ဖို႔ ခက္ပါ တယ္။အမွန္တကယ္ေတာ့ သာမန္ ႐ိုးရွင္းတဲ့ တည္ေဆာက္ပုံတစ္ခုပဲ ျဖစ္ပါတယ္။ Electrodes ေတြ၊ Resistor ေတြ၊ လွ်ပ္ကူးသတၱဳ ေတြ၊ လွ်ပ္ကာေႂကြသားေတြနဲ႔ ေပါင္းစပ္ထုတ္လုပ္ထားတဲ့ လွ်ပ္ စစ္ေရွာ့ခ္ အေသးစားဖန္တီးတဲ့ ကိရိယာတစ္ခုျဖစ္ပါတယ္။ခ်ိဳ႕ယြင္းပ်က္စီးလာရင္ – ပ်က္စီးတတ္တဲ့အေၾကာင္း အမ်ားစုကေတာ့ မသန္႔တဲ့ေလာင္ စာဆီေတြမွာပါတဲ့ ဓာတုပစၥည္း ေတြေၾကာင့္ မီးေလာင္ခန္းထဲ ေရာက္ေနတဲ့ ပလတ္အစိတ္အ ပိုင္းေတြက ဓာတုေၾကးကပ္လို႔ မီး ေသခ်ာမေပါက္တာ၊ သက္တမ္းၾကာလာလို႔ လွ်ပ္ကူးအားေလ်ာ့ တာေတြေၾကာင့္ ပလတ္ေတြပ်က္ စီးရတာ မ်ားပါတယ္။ပလတ္ေတြမေကာင္းေတာ့ ဘူးဆိုရင္ Dashboard အခ်က္ျပ မီးလင္းတာ၊ အင္ဂ်င္စက္ႏႈိးရ ခက္လာတာ၊ အင္ဂ်င္လွည့္ပတ္ အားေလ်ာ့တာ၊ အင္ဂ်င္စြမ္း ေဆာင္ရည္ က်ဆင္းတာ စတဲ့ ျပႆနာေတြ ႀကဳံေတြ႕လာရမွာ ျဖစ္ပါတယ္။ ပ်က္စီးယိုယြင္းေန တဲ့ ပလတ္ေတြကို လက္ပူတိုက္ၿပီး ဆက္သုံးေနမယ္ဆိုရင္ေတာ့ အင္ ဂ်င္ဆီစားႏႈန္းျမင့္လာတာ၊ ဆက္ စပ္ အစိတ္အပိုင္းေတြျဖစ္တဲ့ စလင္ဒါနဲ႔ ပစ္စတင္ေတြ ထိခိုက္ ပ်က္စီးတာ၊ အင္ဂ်င္႐ုတ္တရက္ စက္ရပ္တာ စတဲ့ျပႆနာေတြကို ျဖစ္ေပၚေစပါတယ္။အဲဒါေၾကာင့္ ကားအင္ဂ်င္ ရဲ႕ ပလတ္ေတြကို အခ်က္ျပမီးလင္းတာပဲျဖစ္ေစ၊ မလင္းတာပဲျဖစ္ေစ ပလတ္ေတြကို တစ္လတစ္ခါစစ္ေဆးေပးသင့္ပါတယ္။ သန္႔ရွင္းတဲ့ ေလာင္စာဆီေတြကိုသာ သုံးစြဲသင့္ၿပီး ျပည္တြင္းက ေလာင္စာဆီအသုံးျပဳတဲ့အေျခအေနအရ ေျခာက္လတစ္ခါေလာက္ ပလတ္ အသစ္ေတြ လဲလွယ္အသုံးျပဳသင့္ပါတယ္။ေနာက္ထပ္ အေရးႀကီးဆုံးအခ်က္ကေတာ့ အင္ဂ်င္အမ်ိဳး အစားအလိုက္ သတ္မွတ္ေပး ထားတဲ့ ကားထုတ္လုပ္သူနဲ႔ ကြၽမ္း က်င္သူေတြက လမ္းၫႊန္ထားတဲ့ ပလတ္အမ်ိဳးအစားေတြကိုသာ ေ႐ြးခ်ယ္အသုံးျပဳသင့္ပါတယ္။