ကိုယ့်အတွက် အပ်ဖျားတစ်ထောက်စာလေး ဆိုပေမယ့်

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အရင်းဆင်းရဲတဲ့ အဖွားအိုတစ်ယောက်ရှိသတဲ့..။ သူ့မှာပိုင်ဆိုင်တာဆိုလို့ လဲပြိုခါနီး တဲတစ်လံးရယ် ညစ်ပတ်ပြီး အရောင်မထွက်တော့တော့ ချူပ်ရာဗလပွ အဝတ်အစားတစ်စုံရယ် ကြက်မလေးတစ်ကောင်ရယ်ပဲရှိတယ်။ သူရဲ့ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥတစ်လုံး တစ်လုံးး ဥပေး တယ်။ အဲဒီကြက်ဥလေးနဲ့ အဖွားအိုက နေ့တိုင်းသူ့ရဲ့စားဝတ်နေရေးကို ဖြေရှင်းပြီးအသက်ရှင်နေခဲ့ရတယ်။ အဖွားအိုနေထိုင်တဲ့တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေတယ်။ တစ်နေ့မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့်တစ်ခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့်က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေအားလုံး သူစားတော်ပွဲတည်ဘို့ အတွက်အသားဟင်းတစ်ခွက်လာ ပို့ရမယ်လို့ကြေညာမောင်းခတ်ခဲ့တယ်။ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်းတစ်ခွက်ပို့ဘို့ ပြင်ဆင်ကြတယ်။

အဲဒီအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအဝင်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာမရှိဘူးဖြစ်နေတယ်။ သူ့မှာ အသားဟင်းတစ်ခွက်ပို့ဘို့ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။အသားဟင်းမပို့နိုင်လို့ မင်းပြစ် မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုကသူ့ကို နေ့တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ဘို့ သူဆုံးဖြတ်လိုက်တယ်။ ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။ အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလဲပါသွားခဲ့ပါတယ်။ အဲဒါကြောင့် ကိုယ်အတွက် အပ်ဖျားတစ်ထောက် စာဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေတယ်ဆိုတာ သတိချပ်စေချင်သော ဆန္ဒဖြင့်..။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက တိုင္းျပည္တစ္ျပည္မွာ အရင္းဆင္းရဲတဲ့ အဖြားအိုတစ္ေယာက္ရွိသတဲ့..။ သူ႔မွာပိုင္ဆိုင္တာဆိုလို႔ လဲၿပိဳခါနီး တဲတစ္လံးရယ္ ညစ္ပတ္ၿပီး အေရာင္မထြက္ေတာ့ေတာ့ ခ်ဴပ္ရာဗလပြ အဝတ္အစားတစ္စုံရယ္ ၾကက္မေလးတစ္ေကာင္ရယ္ပဲရွိတယ္။ သူရဲ႕ၾကက္မေလးက သူ႔အတြက္ ေန႔တိုင္း ၾကက္ဥတစ္လုံး တစ္လုံးး ဥေပး တယ္။ အဲဒီၾကက္ဥေလးနဲ႔ အဖြားအိုက ေန႔တိုင္းသူ႔ရဲ႕စားဝတ္ေနေရးကို ေျဖရွင္းၿပီးအသက္ရွင္ေနခဲ့ရတယ္။ အဖြားအိုေနထိုင္တဲ့တိုင္းျပည္မွာ အစားက်ဴးတဲ့ ဘုရင္တစ္ပါး အုပ္ခ်ဳပ္ေနတယ္။ တစ္ေန႔မွာ ဘုရင္က တိုင္းျပည္ ထဲမွာ ထူးဆန္းတဲ့ အမိန္႔တစ္ခုကို ေမာင္းထုၿပီး ေၾကညာခဲ့တယ္။ အဲဒါအမိန္႔က ဘာလဲဆိုေတာ့ လွည္းေန ေလွေအာင္း ျမင္းေဇာင္း မက်န္ တိုင္းျပည္မွာ ရွိတဲ့ တိုင္းသူျပည္သားေတြအားလုံး သူစားေတာ္ပြဲတည္ဘို႔ အတြက္အသားဟင္းတစ္ခြက္လာ ပို႔ရမယ္လို႔ေၾကညာေမာင္းခတ္ခဲ့တယ္။ဒီသတင္းကိုၾကားတဲ့ တိုင္းသူျပည္သားေတြက အသားဟင္းတစ္ခြက္ပို႔ဘို႔ ျပင္ဆင္ၾကတယ္။အဲဒီအထဲမွာ ၾကက္မေလးတစ္ေကာင္ကို ပိုင္ဆိုင္ထားတဲ့ အဖြားအိုလဲ အပါအဝင္ေပါ့။ အဖြားအိုမွာ ဘယ္လိုမွ အသားဟင္းကို ပို႔စရာမရွိဘူးျဖစ္ေနတယ္။ သူ႔မွာ အသားဟင္းတစ္ခြက္ပို႔ဘို႔ေငြေၾကးကလဲ လုံးဝမရွိဆိုေတာ့ အရမ္းကို ခက္ခဲေနခဲ့တယ္။အသားဟင္းမပို႔ႏိုင္လို႔ မင္းျပစ္ မင္းဒဏ္ခံရမယ္ဆို ပိုၿပီးႀကီးေလးတာေၾကာင့္ အဖြားအိုကသူ႔ကို ေန႔တိုင္း ၾကက္ဥတစ္လုံး တစ္လုံး ဥေပးေနတဲ့ ၾကက္မေလးကို သတ္ၿပီး ဘုရင္ဆီကို အသားဟင္းတစ္ခြက္ပို႔ဘို႔ သူဆုံးျဖတ္လိုက္တယ္။ ဘုရင္ကေတာ့ စားေတာ္ပြဲမွာ တစ္အိမ္တစ္ေယာက္ႏႈန္း အသားဟင္းခြက္ေပါင္း ေျမာက္မ်ားစြာနဲ႔ ပြဲေတာ္ တည္ေနခဲ့တယ္။ အသားဟင္းခြက္ေတြက သိပ္မ်ားျပားလြန္းတာ ေၾကာင့္ ဟင္းခြက္တိုင္းကို မစားျဖစ္ခဲ့ဘူး။ မစားျဖစ္တဲ့ ဟင္းခြက္ေတြထဲမွာ အဖြားအိုရဲ႕ ၾကက္သားဟင္းေလးလဲပါသြားခဲ့ပါတယ္။ အဲဒါေၾကာင့္ ကိုယ္အတြက္ အပ္ဖ်ားတစ္ေထာက္ စာဆိုေပမယ့္ ဆပ္ျပာပူေဖာင္းေလးေတြ အတြက္ေတာ့ ဘဝကို ပ်က္ေစတယ္ဆိုတာ သတိခ်ပ္ေစခ်င္ေသာ ဆႏၵျဖင့္..။