ကိုယ်တိုင်လုပ်စားလို့လဲရသလို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ရောင်းချချင်လို့လဲ ရနိုင်တဲ့ ကျောက်ဖယုံရို ပြုလုပ်နည်းလေး

ဒီတစ်ခါမှတော့ မိတ်ဆွေတို့အတွက် ကိုယ်တိုင် လုပ်စားလို့လည်းရ၊ တပိုင်တနိုင် စီးပွားဖြစ်လုပ်လို့လည်းရ၊ ဖရုံယိုပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ပါ၀င်အစ္စည်းများ – အတော်လေးရင့်သော ကျောက်ဖရုံသီး ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်)။ ထုချေထားသော ကျောက်ချဉ် (alum) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်။ ကွမ်းစားထုံး (lime stone or Chuna or Choona) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်။ ရေ ၁၀ ခွက် (2500 ml )။ သကြား ၂ ခွက် (500 ml)။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ။ ပြင်ဆင် ပြုလုပ်နည်း – ရေ 5 cups (1250 ml) ထဲ ထုံး နှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲ ထည့်ကာ အဖုံးဖုံးပြီး ၆ နာရီခန့် ထားပါ။(ထိုအတော အတွင်း ရေပေါ် ပေါ်နေသည့် ကျောက်ဖရုံသီးဖတ်များအတွက် ၃၊၄ ခါ အပေါ်အောက်လှန်ပြီး မွှေပေးပါ။)၆ နာရီခန့်စိမ်ထားပြီးနောက် ထုံးများ ပြောင်စင်သွားအောင် ရေဆေး၊ ရေ စစ်ထားပါ။ရေစစ်ပြီးနောက် ပွက်ပွက်ဆူနေသော ရေ 5 cups (1250 ml)ထဲ ထည့်ပြီး အိုးအဖုံး မဖုံးပဲ high heat ဖြင့် ၃ မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။)ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝ အေးသွားသည်အထိ ဆေးကာ၊ ရေကုန်အောင် စစ်ပြီးနောက် အနည်းငယ်ခြောက်သွားအောင် paper towel (သို့) စက္ကူပေါ် ၁ နာရီခန့် ဖြန့်ထားပေးပါ။

၁ နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီး နှင့် သကြားကို ဇလုံထဲထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံးဖုံးပြီး သကြားရည်များ ဖရုံသီးထဲ စိမ့်ဝင်အောင် တစ္ညအိပ္ထားပါ။ (ရေလုံးဝ မထည့်ရပါ။)နောက်တစ်နေ့မနက်တွင် ပျော်နေသော သကြားရည်နှင့် သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများကို တွေ့ရမှာဖြစ်ပါတယ်။ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ medium high heat ဖြင့် မိနစ် ၂၀ ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။မိနစ် ၂၀ ခန့် (သို့) သကြားရည်များ ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် medium low heat သို့လျှော့ကာ တတ်နိူင်သမျှ တစ်အိုးလုံး န့ှံအောင် ခြစ်ပြီး အဆက်မပြတ်မွှေပေးပါ။(သကြား နှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ တူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်။)၃ မိနစ်ခန့်ကြာလျှင် (သို့) သကြားအတုံးအခဲများ စဖြစ်လာလျှင် (သကြားက ခပ်ထန့်ထန့်အနေအထားပါ) low heat သို့လျှော့ကာ ၂ မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန် spatula ကိုပြောင်းသုံးထားပါတယ်။)သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီး မပူနေစေရန် ဒယ်အိုးမှ ဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အေအးခံထားပါ။ အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံ ယိုလေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

မူရင်း – Credit

[zawgyi]

ဒီတစ္ခါမွေတာ့ မိတ္ေဆြတို႔အတြက္ ကိုယ္တိုင္ လုပ္စားလို႔လည္းရ၊ တပိုင္တႏိုင္ စီးပြားျဖစ္လုပ္လို႔လည္းရ၊ ဖ႐ုံယိုျပဳလုပ္နည္းေလး မွ်ေဝေပးလိုက္ပါတယ္။ပါ၀င္အစၥည္းမ်ား – အေတာ္ေလးရင့္ေသာ ေက်ာက္ဖ႐ုံသီး ကီလိုဝက္ (၃၂ က်ပ္သားခြဲခန႔္)။ ထုေခ်ထားေသာ ေက်ာက္ခ်ဥ္ (alum) လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန္႔။ ကြမ္းစားထုံး (lime stone or Chuna or Choona) လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန္႔။ ေရ ၁၀ ခြက္ (2500 ml )။ သၾကား ၂ ခြက္ (500 ml)။ သံပုရာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ။ ျပင္ဆင္ ျပဳလုပ္နည္း – ေရ 5 cups (1250 ml) ထဲ ထုံး ႏွင့္ ေက်ာက္ခ်ဥ္ ထည့္ကာ ထုံးမ်ားေပ်ာ္ေအာင္ ေဖ်ာ္ထားပါ။လွီးၿပီးသည့္ ေက်ာက္ဖ႐ုံသီးမ်ားကို ေဖ်ာ္ထားသည့္ ထုံး၊ ေက်ာက္ခ်ဥ္ရည္ထဲ ထည့္ကာ အဖုံးဖုံးၿပီး ၆ နာရီခန႔္ ထားပါ။(ထိုအေတာ အတြင္း ေရေပၚ ေပၚေနသည့္ ေက်ာက္ဖ႐ုံသီးဖတ္မ်ားအတြက္ ၃၊၄ ခါ အေပၚေအာက္လွန္ၿပီး ေမႊေပးပါ။)၆ နာရီခန႔္စိမ္ထားၿပီးေနာက္ ထုံးမ်ား ေျပာင္စင္သြားေအာင္ ေရေဆး၊ ေရ စစ္ထားပါ။ေရစစ္ၿပီးေနာက္ ပြက္ပြက္ဆူေနေသာ ေရ 5 cups (1250 ml)ထဲ ထည့္ၿပီး အိုးအဖုံး မဖုံးပဲ high heat ျဖင့္ ၃ မိနစ္ တည္ထားပါ။ (ေရျပန္ဆူလာလွ်င္ အနည္းငယ္ေမႊေပးပါ။)ၿပီးလွ်င္ ခ်က္ခ်င္း ေရေအးျဖင့္ လုံးဝ ေအးသြားသည္အထိ ေဆးကာ၊ ေရကုန္ေအာင္ စစ္ၿပီးေနာက္ အနည္းငယ္ေျခာက္သြားေအာင္ paper towel (သို႔) စကၠဴေပၚ ၁ နာရီခန႔္ ျဖန႔္ထားေပးပါ။၁ နာရီခန႔္ ျဖန႔္ထားၿပီးေနာက္ ေက်ာက္ဖ႐ုံသီး ႏွင့္ သၾကားကို ဇလုံထဲထည့္ၿပီး ႏွံ႔သြားေအာင္ ခပ္ဖြဖြေမႊကာ အဖုံးဖုံးၿပီး သၾကားရည္မ်ား ဖ႐ုံသီးထဲ စိမ့္ဝင္ေအာင္ တစ္ညအိပၳားပါ။ (ေရလုံးဝ မထည့္ရပါ။)ေနာက္တစ္ေန႔မနက္တြင္ ေပ်ာ္ေနေသာ သၾကားရည္ႏွင့္ သၾကားရည္မ်ားစိမ့္ဝင္ေနေသာ ေက်ာက္ဖ႐ုံသီး ၾကည္ၾကည္ေလးမ်ားကို ေတြ႕ရမွာျဖစ္ပါတယ္။ဖ႐ုံသီးဖတ္မ်ားကို မကပ္သည့္အိုးထဲထည့္ကာ medium high heat ျဖင့္ မိနစ္ ၂၀ ခန႔္ တည္ထားပါ။ သံပုရာရည္ကို ျဖန႔္ၿပီးထည့္ေပးပါ။သၾကားရည္မ်ားပူၿပီး အနည္းငယ္ စပြက္လာလွ်င္ အိုးကပ္ၿပီး မတူးေအာင္ မၾကာခဏေမႊေပးဖို႔ လိုပါတယ္။မိနစ္ ၂၀ ခန႔္ (သို႔) သၾကားရည္မ်ား ေကာ္ရည္ကဲ့သို႔ ပ်စ္လာသည္ႏွင့္ medium low heat သို႔ေလွ်ာ့ကာ တတ္ႏိူင္သမွ် တစ္အိုးလုံး န႔ွံေအာင္ ျခစ္ၿပီး အဆက္မျပတ္ေမႊေပးပါ။(သၾကား ႏွင့္ ေက်ာက္ဖ႐ုံသီးမ်ား အိုးျဖင့္ကပ္ကာ တူးၿပီး ေ႐ႊဝါေရာင္ေျပာင္းသြားတတ္၍ အိုးကို ျခစ္ၿပီးေမႊေပးဖို႔လိုပါတယ္။)၃ မိနစ္ခန႔္ၾကာလွ်င္ (သို႔) သၾကားအတုံးအခဲမ်ား စျဖစ္လာလွ်င္ (သၾကားက ခပ္ထန႔္ထန႔္အေနအထားပါ) low heat သို႔ေလွ်ာ့ကာ ၂ မိနစ္ခန႔္ အဆက္မျပတ္ေမႊေပးပါ။ (ေမႊရတာ လြယ္ကူျမန္ဆန္ေစရန္ spatula ကိုေျပာင္းသုံးထားပါတယ္။)သၾကားမ်ား ခပ္ထန႔္ထန႔္ျဖစ္မေနေတာ့ပဲ လုံးဝေျခာက္သြားလွ်င္ ဆက္ၿပီး မပူေနေစရန္ ဒယ္အိုးမွ ဖယ္ၿပီး လင္ဗန္းတစ္ခ်ပ္ထဲ ျဖန႔္ထည့္၍ ေအအးခံထားပါ။ ေအးသြားၿပီးေနာက္ ႂကြပ္ႂကြပ္ေလးႏွင့္ သၾကားရည္ဝေနေသာ ေက်ာက္ဖ႐ုံ ယိုေလး အရသာရွိစြာ သုံးေဆာင္ႏိူင္ပါၿပီ။