ကိုယ်ဝယ်လိုတဲ့ ကား ပြစ်မှုရှိမရှိ ယာဉ်တိုက်ခိုက်မှုဖြစ်ထားခြင်းရှိမရှိ မေးမြန်းနိုင်တဲ့ သက်ဆိုင်ဖုန်းနံပါတ်များ
ငါဝယ်မည့်ကားမှာ အမှုတွေများရှိနေမလား ယာဉ်တိုက်ခိုက်မှုတွေများရှိနေမလား ယာဉ်/လမ်းစည်းကမ်းချိုးဖေါက်ထားလို့ ချလန်ဖြတ်အရေးယူထားတာများရှိနေမလားစသည်ဖြင့် မိမိကား/မိမိဝယ်မည့်ကားအပေါ်စိုးရိမ်မှု clear ဖြစ်လိုမှုတွေဖြတ်ပေါ်ပါလိမ့်မယ်။အခုတော့ အဲ့ဒီလိုစိုး ရိမ်စိတ်ဖြစ်ပေါ်လာတာနဲ့ သိလိုသည်များကိုအတည်ပြုမေးမြန်းနိုင်ပါပြီ။သင်၏ကားနှင့်အတူ မြန်မာတစ်နိုင်လုံးရှိ မည်သူ၏ကားကိုမဆို မည်သည့်တိုင်းမည်သည့်ပြည်နယ် မည်သည့်မြို့ မည်သည့်နေရာတွင် ချလန်ဖြတ်ခံရခြင်းရှိမရှိ ရဲမှုရှိမရှိ Clear ဖြစ်မဖြစ် မည်သူမေးမေး ဖြေဆိုနိုင်ပါပြီ။ယာဉ်ထိန်းရဲတပ်ဖွဲ့၊တပ်ဖွဲ့မှုး ရဲမှုးကြီးအောင်ကိုဦးမှ ယာဉ်ပိုင်ရှင်များ၊ယာဉ်အသုံးပြုပြည်သူများ၏ ထိုသို့ဖြစ်ပေါ်နေမှုကို ကူညီဖြေရှင်ပေးနိုင်ရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ပိုင် ကိုယ်ပိုင် server တစ်ခုထောင်ခဲ့ပါတယ်။အဲ့ဒီ server ထဲမှာ မြန်မာတစ်နိုင်ငံလုံးကယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်မိလို့ ချလန်ဖြတ်အရေးယူခံထားရတဲ့ယာဉ်တွေရဲ့ဒေတာအချက် အ လက် တွေ၊ ယာဉ်မတော်တဆဖြစ်လို့ မှတ်တမ်းတင်ပြုစုထားတဲ့အချက်အလက်တွေအားလုံးကို နေ့စဉ်နှင့်အမျှရေးသွင်းပြုစုထားပါတယ် အဆိုပါအချက်အလက်တွေကိုmobile application, pc application တို့မှာနေ့စဉ် store လုပ်ထားပါတယ်။ဘယ်နေရာမှာ/ဘယ်မှာတိုက်ခဲ့သလဲဘယ်နှစ်ခါတိုက်ထားထားသလဲဘယ်မှာတိုက်ခဲ့ဖူးတယ်။ ဘယ်မှာတော့အဖမ်းခံရဖူးတယ် ဘယ်မှာအမှုရှိခဲ့တယ် စသည်ဖြင့်ယာဉ်အရောင်းအဝယ်မှားတွေမဖြစ်အောင်သံသယ ကင်း ကင်းနဲ့ရောင်းနိုင်အောင်သံသယကင်းကင်းကင်းနဲ့ဝယ်နိုင်အောင် အဲ့ဒီလိုစေတနာနဲ့ ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးမှကူညီဆောင်ရွက်ပေးထားပါတယ် ။မိမိသိလိုသည်များကို နီးစပ်ရာမည်သည့်ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှာမဆို မေးမြန်းနိုင်ပါတယ်။အမှုစစ်လို့ရတဲ့ application ဟာ တစ် နိုင်ငံလုံးသည်တစ်ခုတည်ရှိပါတယ်။တစ်နိုင်ငံလုံးက အချက်အလက်တွေအားလုံး ဒီတစ်ခုတည်းမှာပဲ ရေးသွင်းထားတာမို့ ရန်ကုန်မှာပဲမေးမေး မန္တလေး၊ မြစ်ကြီးနားမှာပဲမေးမေး အဖြေကအတူတူပါ။ ကျွန်တော်တို့စတင်အသုံးပြုနေတာလပိုင်းလောက်ရှိနေပါပြီ ကျွန်တော်တို့အတွက်အဆင်ပြေသလိုပြည်သူတွေအတွက်လည်းပိုကောင်းပါတယ်။
နီးစပ်ရာယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးများကိုမေးမြန်းနိုင်ဖို့ ဒုတပ်ဖွဲ့ခွဲမှူးရုံးများရဲ့ ဖုန်းနံပါတ်များကို‌ ဖော်ပြပေးလိုက်ပါတယ်။ နောက်ဆုံး ဘယ်မေးရမှန်မသိဘူးကွာဆိုရင်တော့ထုံးစံအတိုင်း ဒီ‌ ကောင်မောင်နေမျိုးသူရကိုပဲ Messenger လေးကနေလှမ်းမေးထားလိုက်ပါယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးကို ပြေးလို့ကြည့်ပြီးအဖြေပြန်ပြောပေးပါ့မယ်ဗျာ။အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (နေပြည်တော်) ၀၆၇-၅၅၀၁၂၆။ အမှတ်(၂)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ကယာ)၀၈၃-၂၃၀၉၅။ အမှတ်(၃) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ပဲခူး)၀၅၂-၂၀၁၁၀၀။ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)၀၆၃-၂၈၀၉၅ /၂၈၀၉ /၂၅၅၆၈။ အမှတ်(၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရခိုင်) ၀၄၃-၂၂၈၄၂။ အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန် – အရှေ့ )၀၁-၂၉၂၂၈၈။ အမှတ်(ရ) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန် – အနောက်)၀၁-၂၆၀၄၈၁၂။ အမှတ်(၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန် – တောင်)၀၁-၂၉၂၂၇၂။ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်-မြောက်) ၀၁-၆၄၅၈၂၅။ အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ကရင်)၀၅၂-၂၃၂၈၀။ အမှတ်(၁၁) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(တနသာင်္ရီ)၀၅၃-၂၃၉၉၇။ အမှတ်(၁၂)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်) ၀၅၇-၂၅၇၉၀။ အမှတ်(၁၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ဧရာဝတီ) ၀၄၂-၂၃၈၄၃။ အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)၀၂-၆၇၄၂၉။ အမှတ်(၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ကချင်)၀၇၄-၂၂၃၁၈။ အမှတ် (၁၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ချင်း)၀၇၀-၂၂၅၃၇။ အမှတ်(၁၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(စစ်ကိုင်း)၀၇၁-၂၆၁၄၈။ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း-တောင်)၀၈၁-၂၁၅၂၄၉၉။ အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း-ရှေ့)၀၈၄-၂၄၀၁၅။ အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း-မြောက်)၀၈၂-၃၀၄၉၆။ ( မိမိဖုန်းများသို့ကူးယူအသုံးပြု၍တော့မရပါဗျ)
Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
[zawgyi]