ကျောက်ကျောပင်မှ ကျောက်ကျော ပြုလုပ်နည်း

ကျောက်ကျောမဲ(ပြုလုပ်နည်းနှင့်ဆေးဘက်ဝင်ပုံများ) – အအေးဖျော်ရည်တွေမှာသုံးတဲ့ ကျောက်ကျောမဲမဲတုန်းကြီးကိုစားသာစားနေကြတာ ဘယ်လိိုလုပ်မှန်း သိိတဲ့သူကနည်းပါတယ်။ လုုပ်နည်းကလည်းလျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။ဘယ်ကနေထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။ကျောက်ကျော – အင်္ဂလိပ်အမည် Grass jelly plant။ သိပ္ပံအမည် Platostoma palustre။ မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိိုတဲ့အပင်ကထုတ်ယူပါတယ်။အမဲရောင်ကျောက်ကျောပြုလုပ်နည်း(ပုံများတွင်လည်း ပြထားပါတယ်။)အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင်ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။အဲဒီအရည်ကိုစစ်ယူပြီးအပူပေးကြိုချက်ရပါတယ်။ အရည်အတော်လေးပျစ်လာပီဆိုရင် ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီးမီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။starch(ကော်မှုန့်)မပါဘဲသူ့ချည်းသက်သက်ကြိုရင် ကျောက်ကျောမဖြစ်ပါ။ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။ တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကြိုကြပါတယ်။ကြိုက်နှစ်သက်ရာပေါ့။ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုတ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။လတ်လတ် ဆက်ဆက် ကျောက်ကျောပင် (ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊ ရေဆေး ၊ ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊ ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊ မီးနဲ့ လက် မပြတ်တမ်း မွှေ ၊ ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊ နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး ဈေးမှာ ရောင်းတာပါ ။(ပုံများတွင်လည်း ပြထားပါတယ်။)

ကျောက်ကျော ပင်များကိို သတ်မှတ် ထားတဲ့ အချိန် ရောက်ရင် အမြစ်ပါ မကျန် နုတ်ပြီး အခြောက်လှန်း ကာ ၊ ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို ၊ မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့ ဒေသ ထုတ်ကုန်ပေါ့ ။ယနေ့ ကျွန်တော်တိို့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ၊ ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် ၊ သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျော လေးတွေဟာ အခု ပြထားတဲ့ အပင်က ရတာပေါ့ ။ ကျောက်ကျောမဲ၏ ဆေးဘက်ဝင်ပုံ – ၁။ အစာချေဖျက်နှုန်းကောင်းမွွန်စေပါတယ်။ အဓိက က Fiber (အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။၂။ လည်ပင်းနာတာကိို သက်သာစေပါတယ်။ သူ့မှာပါ၀င်တဲ့ Compound တမျိုးက လည်ပင်းနာတာကို သက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ တိုက်ကျွေးကြပါတယ်။၃။ သွေးတိုးကိို ထိန်းညိပေးနိုင်တယ်။ Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါ၀င်ပါတယ်။၅။ အားလုံးအတွက် ပိုပြီး စိတ်ဝင်စားစေတဲ့ နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ် ။သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။ ၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။၇။ ဝမ်းချူပ်ခြင်း။ ၈။ ရောင်ရမ်းခြင်း၊၉။ဆီးချိုရောဂါ ၊၁၀။၀မ်လျှောခြင်း ၊၁၁။ နှှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ၊၁၂။ ကိိုယ်ခံအားတိုးပွားစေခြင်း၊….စတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။ဒါကြောင့် အကျိုးများပြားလှတဲ့ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးပေးဖို့ မမေ့နဲ့နော်။

Credit – U Mya Khaing

[zawgyi]

ေက်ာက္ေက်ာမဲ(ျပဳလုပ္နည္းႏွင့္ေဆးဘက္ဝင္ပုံမ်ား) – အေအးေဖ်ာ္ရည္ေတြမွာသုံးတဲဲ့ ေက်ာက္ေက်ာမဲမဲတုန္းႀကီးကိုစားသာစားေနၾကတာ ဘယ္လိိုလုပ္မွန္း သိိတဲ့သူကနည္းပါတယ္။ လုုပ္နည္းကလည္းလ်ိဳ႕ဝွက္ထားလို႔ သိပ္မသိၾကပါဘူး။ဘယ္ကေနထုတ္မွန္းလည္း မသိတဲ့သူမ်ားပါတယ္။ေက်ာက္ေက်ာ – အဂၤလိပ္အမည္ Grass jelly plant။ သိပၸံအမည္Platostoma palustre။ ေမာ္လၿမိဳင္ေဒသအေခၚ. လိပ္သဲပင္၊ရွမ္းျပည္ဘက္အေခၚ. နမ့္ပင္တူး ဆိိုတဲ့အပင္ကထုတ္ယူပါတယ္။အမဲေရာင္ေက်ာက္ေက်ာျပဳလုပ္နည္း(ပုံမ်ားတြင္လည္း ျပထားပါတယ္။)အပင္ကိုေရေဆး ႀကိတ္ေျခၿပီးစစ္ရည္ရယူပါတယ္။ အရည္ကုန္ရေအာင္ေရေလးနည္းနည္းစီ ေလာင္းထည့္ေပးရပါတယ္။အဲဒီအရည္ကိုစစ္ယူၿပီးအပူေပးႀကိဳခ်က္ရပါတယ္။ အရည္အေတာ္ေလးပ်စ္လာပီဆိုရင္ ေကာ္မႈန႔္(သို႔)ဆန္မႈန႔္ကို ေလာင္းထည့္ၿပီးမီးျမႇင္းျမႇင္းနဲ႔ ႀကိဳရပါတယ္။starch(ေကာ္မႈန႔္)မပါဘဲသူ႔ခ်ည္းသက္သက္ႀကိဳရင္ ေက်ာက္ေက်ာမျဖစ္ပါ။ေကာ္မႈန႔္နည္းနည္းထည့္မွ ဓာတ္ျပဳၿပီး ေက်ာက္ေက်ာျဖစ္ပါမယ္။ တစ္ခ်ိဳ႕ကေတာ့ ေကာ္မႈန႔္ကိုတစ္ပါထဲ ထည့္ႀကိဳၾကပါတယ္။ႀကိဳက္ႏွစ္သက္ရာေပါ့။ရွမ္းျပည္နယ္နဲ႔ အထက္ခ်င္းတြင္း ဘက္ေတြမွာေတာ့ သုတ္စားၾကပါတယ္။ ေအာက္ျပည္ဘက္ကေတာ့ အေအးေဖ်ာ္ရည္ေတြနဲ႔ တြဲဖက္ေသာက္သုံးၾကပါတယ္။လတ္လတ္ ဆက္ဆက္ ေက်ာက္ေက်ာပင္ (ရွမ္းအေခၚ-နမ့္ပင္းတူး အပင္) ကေန ခူးၿပီး ၊ ေရေဆး ၊ ေျခၿပီး နယ္ ၊ ဇကာတိုက္ အႏွစ္ကို ယူ ၊ ဆန္မုန႔္ အနည္းငယ္ ထည့္ၿပီး ၊ မီးနဲ႔ လက္ မျပတ္တမ္း ေမႊ ၊ ပ်စ္လာၿပီ ဆိုရင္ အေအးခံ ထားၿပီး ၊ ေနာက္တစ္ရက္ အတုံးေလးေတြ တုံးၿပီး ေဈးမွာ ေရာင္းတာပါ ။(ပုံမ်ားတြင္လည္း ျပထားပါတယ္။)ေက်ာက္ေက်ာ ပင္မ်ားကိို သတ္မွတ္ ထားတဲ့ အခ်ိန္ ေရာက္ရင္ အျမစ္ပါ မက်န္ ႏုတ္ၿပီး အေျခာက္လွန္း ကာ ၊ ကိုယ္တိုင္ လာဝယ္ ၾကသူမ်ားလည္း ရွိသလို ၊ မႏၲေလး ကို တိုက္႐ိုက္ တင္ပို႔ ေရာင္းခ် ၾကတဲ့ ေဒသ ထုတ္ကုန္ေပါ့ ။ယေန႔ ကြၽန္ေတာ္တိို႔ ျမင္ေတြ႕ေန ရတဲ့ မန္းက်ည္း ေဖ်ာ္ရည္ထဲလည္း ထည့္ ၊ ဖာလူဒါ ၊ ေ႐ႊရင္ေအး ထဲလည္း ထည့္ ၊ သီးသန႔္ ေက်ာက္ေက်ာ ေဖ်ာ္ရည္ ဆိုၿပီးလည္း ေသာက္ၾကတဲ့ မည္းမည္း ေက်ာက္ေက်ာ ေလးေတြဟာ အခု ျပထားတဲ့ အပင္က ရတာေပါ့ ။ ေက်ာက္ေက်ာမဲ၏ ေဆးဘက္ဝင္ပုံ – ၁။ အစာေခ်ဖ်က္ႏႈန္းေကာင္းမြြန္ေစပါတယ္။ အဓိက က Fiber (အမွ်င္ဓာတ္ ပါ၀င္မႈ မ်ားျပားတာေၾကာင့္) ။၂။ လည္ပင္းနာတာကိို သက္သာေစပါတယ္။ သူ႔မွာပါ၀င္တဲ့ Compound တမ်ိဳးက လည္ပင္းနာတာကို သက္သာေစၿပီး ကေလးေတြအတြက္ အိမ္သုံးေဆး အေနနဲ႔လဲ တိုက္ေကြၽးၾကပါတယ္။၃။ ေသြးတိုးကိို ထိန္းညိေပးႏိုင္တယ္။ Black grass jelly ကေသြးတြင္း cholesterol ကိုလဲ ေလ်ာ့က်ေစႏိုင္ပါတယ္။၄။ ကင္ဆာေရာဂါကာကြယ္ေပးႏိုင္တဲ့ antioxidants ေတြ ပါ၀င္ပါတယ္။၅။ အားလုံးအတြက္ ပိုၿပီး စိတ္ဝင္စားေစတဲ့ ေနာက္တမ်ိဳးကေတာ့ ဝိတ္က်ေစပါတယ္ ။ေသြးတြင္း ကယ္လိုရီ ဓာတ္ကို ေလ်ာ့က်ေစၿပီး သူ႔မွာပါ၀င္တဲ့ သၾကားဓာတ္က လူ႔ခႏၶာကိုယ္အတြက္ Energy အေနနဲ႔ပဲအသုံးျပဳပါတယ္တဲ့ ။ ၆။ ငွက္ဖ်ားေဝဒနာေတြကို သက္သာေစတယ္။၇။ ဝမ္းခ်ဴပ္ျခင္း။ ၈။ ေရာင္ရမ္းျခင္း၊၉။ဆီးခ်ိဳေရာဂါ ၊၁၀။၀မ္ေလွ်ာျခင္း ၊၁၁။ ႏွွလုံးနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြ ၊၁၂။ ကိိုယ္ခံအားတိုးပြားေစျခင္း၊….စတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ားကို ရရွိေစပါတယ္။ဒါေၾကာင့္ အက်ိဳးမ်ားျပားလွတဲ့ေက်ာက္ေက်ာေဖ်ာ္ရည္ကို မၾကာခဏေသာက္သုံးေပးဖို႔ မေမ့နဲ႔ေနာ္။