ကျောက်စိမ်းနဲ့ နာမည်ကြီးသလို ဒဏ္ဍာရီဆန် ပဉ္စလက်ဆန်ဆန် နတ်ကြီးတဲ့ ဗျိူင်းစိမ်းတောင်

“ဗျိုင်းစိမ်းတောင်”- -ကျောက်စိမ်းနဲ့သက်မွေး လုပ်ကိုင်နေကြသူများနှင့် ကျောက်စိမ်းနဲ့ပတ်သက်တဲ့အလုပ်မလုပ်ပေမယ့် ဖားကန့်ရတနာနယ်မှာ လာရောက်ပြီးစီးပွါးရှာနေကြသူများကတော့ ဗျိုင်းစိမ်းတောင်ဆိုတာကို ကြားဖူးနားဝရှိသူနဲ့ နားယဉ်နေသူများ ဖြစ်ကြမှာပါ။ဒါပေမယ့် ချွင်းချက်အနေနဲ့ အချို့သော ၂၀/၂၅-နှစ်အောက် လူငယ်လူရွယ်များထဲမှာတော့ ကျောက်စိမ်းကို စိတ်ဝင်စားသူတွေနဲ့ ဗဟုသုတနှံ့စပ်သူတွေလောက်သာ ကြားဖူးကြမယ်လို့ ထင်မိပါတယ်။ဟိုး- -အရင်ချိန်တွေတုန်းကတော့ ဗျိုင်းစိမ်းတောင်ကို ကိုယ်တိုင်မရောက်ဖူးလို့ မမြင်ဖူးခဲ့ရင်တောင် ဖားကန့်ရတနာနယ်ကို လာရောက်ဖူးသူတိုင်းက ကြားဖူးခဲ့ကြသူတွေချည်းပါပဲ။အထူးသဖြင့် လွန်ခဲ့နှစ်ပေါင်း၅၀-ကျော်လောက်ကဆိုရင်ဖြင့် ဗျိုင်းစိမ်းတောင်ရဲ့ ထင်ရှားကျော်ကြားမှုတွေက ဒဏ္ဍာရီဆန်သလို ပဉ်စလက်မှော်ဆန်ဆန် ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ဗျိုင်းစိမ်းတောင်လို့ ဘာကြောင့်နာမည်တွင်ပြီး ဒီနေ့ထိ ခေါ်ဆိုနေကြတာလဲဆိုတော့ အမွေးအတောင်တွေဖြူဖွေးနေတဲ့ ဗျိုင်းအုပ်ကြီးတွေ အဲ့တောင်ပေါ်ဖြတ်ပျံကြတိုင်း တောင်ထိပ်ကနေ တောက်ပတဲ့အစိမ်းရောင်တစ်မျိုးရဲ့ ရောင်ပြန်ထင်ဟပ်မှုကြောင့် ပျံနေတဲ့ဗျိုင်းအုပ်ကြီးတွေက အဖြူရောင်ကနေ အစိမ်းရောင်ဖြစ်သွားကြတယ် ဆိုပဲဗျ။ဒီဖြစ်စဉ်ကို အနီးအနားက ဖြတ်သန်းသွားလာနေကြတဲ့သူတွေက မကြာခဏတွေ့မြင်လာရာက သတိထားမိသွားပြီး တစ်ယောက်ကစတစ်ရာဆိုသလို လူပြောများလာကြလို့ ဗျိုင်းအုပ်ဖြတ်ပျံတိုင်း အဖြူရောင်ကနေ အစိမ်းရောင်ကို ပြောင်းသွားစေတဲ့ တောင်ကြီးကိုလည်း “ဗျိုင်းစိမ်းတောင်”ဆိုပြီး ခေါ်ဝေါ်သမုဒ်ခဲ့ကြတာလို့ သိရပါတယ်။ဘယ်နှခုနှစ်ကစပြီး သတ်မှတ်ခေါ်ဆိုလာကြသလဲဆိုတာကတော့ စာအုပ်စာပေမှာ မှတ်တမ်းတင်ထားခြင်းလည်း မရှိတော့(ကျွန် တော်မဖတ်/သိမိတာလည်းဖြစ်နိုင်ပါတယ်) အတိအကျမသိနိုင်ဘူးလို့ ဆိုရမှာပါ။ကျွန်တော်ကတော့ လွန်ခဲ့သောနှစ်ပေါင်း၄၀-လောက် ကျွန်တော်၈/၉-နှစ်သား အရွယ်ကတည်းက ဖားကန့်နယ်ဘက် တက်လိုက်ဆင်းလိုက်နဲ့ ဈေးပိုးသွားရောင်းကြတဲ့ အနီးဝန်းကျင်က လူကြီး မိဘတွေမကြာခဏပြောပြလို့ ကြားသိဖူးခဲ့ပါတယ်။ဗျိုင်းစိမ်းတောင်လို့ အမည်တွင်သွားတဲ့တောင်ကြီးဟာ ကောင်းကင်မှာပျံနေတဲ့ ဗျိုင်းငှက်တွေကိုသာ စိမ်းစေတာမဟုတ်ပဲ တောင်ခြေရင်းမှာကပ်ပြီး စီးဆင်းနေတဲ့ ဝှေခါချောင်းရဲ့ တောင်အောက်နေရာတစ်ဝိုက်ကရေကိုလည်း အစိမ်းရောင်ထင်ဟပ်စေပါသတဲ့လေ။ကောင်းကင်မှာ ပျံနေတဲ့ဗျိုင်းငှက်ကိုသာမက တောင်အောက်ခြေရင်းတစ်ဝိုက်က စီးဆင်းနေတဲ့ ချောင်းရေကိုလည်း အစိမ်းရောင်ဖြစ်စေနိုင်တာဟာ ဘာကြောင့်လဲ- -တောင်ထိပ်မှာ အစိမ်းရောင်တောက်ပနေတဲ့ တန်ဖိုးကြီးကျောက်စိမ်းရတနာတွေ များစွာရှိနေနိုင်တယ်လို့ မှတ်ချက်ပေးကြတဲ့သူများရှိကြသလိုတောင်ထိပ်ရောက်ခါနီး ကမ်းပါးယံဘေးမှာ ပိသာချိန်နှစ်ရာကျော်သုံးရာလောက်ရှိတဲ့ အရည်အသွေးမြင့် တန်ဘိုးကြီးကျောက်တစ်လုံး ထွက်ပေါ်နေတာကြောင့်လို့ ပြောကြတဲ့သူတွေလည်း ရှိကြတယ်။လူပေါင်းများစွာပြောနေတဲ့ ဗျိုင်းစိမ်းတောင်ရဲ့ ရာဇဝင်ပြောပြချက်တွေအားလုံးကို ယုတ္တိဗေဒ(Logic)နည်းနဲ့ရော သဘာဝကျိုးကြောင်းဆင်ခြင်တဲ့(Dialectic)နည်းနဲ့ပါ စဉ်းစားသုံးသပ်လေ့လာကြည့်ရင်တော့တောင်ထိပ်နဲ့ ပေနှစ်ဆယ်ကျော်သုံးဆယ်လောက်အကွာ ကမ်းပါးယံဘေးမှာ အရည်အသွေးမြင့်တဲ့ကျောက်စိမ်းတုံးကြီးရဲ့ တစ်စိပ်တစ်ပိုင်း ထွက်ပေါ်နေတာ ဖြစ်မယ်လို့ပဲ ထင်မြင်ယူဆမိပါတယ်။နောက်ပိုင်းမှာတော့ ဗျိုင်းစိမ်းတောင်ရဲ့ ကမ်းပါးယံဘေးမှာပေါ်နေတဲ့ တန်ဘိုးမြင့်ကျောက်စိမ်းတုံးကြီးကို မြင်နေရတဲ့ လောဘလွန်ကဲတဲ့လူသားတွေက ရယူနိုင်ဖို့ စွန့်စားကြိုးပမ်းလာကြပါတော့တယ်။ဗျိုင်းစိမ်းတောင်ဟာ မြင့်မားမတ်စောက်ပြီး အုပ်မိုးနေတဲ့ပုံသဏ္ဍန်ရှိတာကြောင့် ကျောက် စိမ်း တုံးကြီးရှိတဲ့နေရာကိုရောက်ဖို့က စို့တွေရိုက် ကြိုးတွေချိတ်ဆွဲနဲ့ ခက်ခက်ခဲခဲကြိုးပမ်းကြရတယ်။တချို့လူတွေက ကျောက်ကြီးအနားကိုမရောက်ခင် အချို့လူများကတော့ ကျောက်ကြီးအနားရောက်ခါနီးမှာ ပြုတ်ကျပြီး သေဆုံးသူတွေကသေဆုံးနဲ့ပေါ့။ရှားရှားပါးပါးကျောက်ရှိတဲ့နေရာနားရောက်ပြီး လူတချို့က ကျောက်ကိုကိုင်မိ ထိမိသူတွေလည်းရှိပါသတဲ့။သို့သော် ကျောက်ကြီးအနားကို လူရောက်သွားနဲ့ ကိုယ်ဆွဲကိုင်ထားတဲ့ ကြိုးစသာမက သဘာဝအတိုင်းတွဲကျနေတဲ့ နွယ်ကြိုးမျှဉ်များဟာ ကြောက်မက်ဖွယ်ရာ မြွေဆိုးကြီးများဖြစ်သွားပြီး ရောက် လာတဲ့လူတွေကို ကိုက်/ပေါက်သတ်ပါရောတဲ့ဗျာ။ကျောက်အနားကိုရောက်ပြီး ပြုတ်ကျသေဆုံးခဲ့ရတဲ့လူတွေအားလုံးဟာ ပြုတ်ကျခါနီးလေးမှာ “မြွေကြီး- -အမလေး မြွေဆိုးကြီး- -အား- -ကြောက်စရာကြီး”လို့ တစ်မျိုးမဟုတ်တစ်မျိုး အော်တတ်ကြပြီး လူတိုင်းမှာလည်း မြွေကိုက်/ပေါက်ထားတဲ့ မြွေစွယ်ဒဏ်ရာ ပါလာကြတာချည်းပဲလို့လည်း ကြားသိခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သေဆုံးတဲ့လူတွေများလာပေမယ့် ဗျိုင်းစိမ်းတောင်ကမ်းပါးယံပေါ်ကိုတက်ပြီး ကျောက်စိမ်းတုံးကြီးကို ယူချင်ကြတဲ့ လောဘလွန်ကဲပြီး အမိုက်မှောင်ဖုံးနေတဲ့ လူသားတွေကလည်း မလျော့သွားတဲ့အပြင် ပိုပိုများလာလို့ တစ်ရက်မှာတော့ အဲ့ဒီအစိမ်းရောင်ဖြာထွက်နေတဲ့ ကျောက်စိမ်းတုံးကြီးကို လျှပ်စစ်မိုးကြိုးတွေ ဆက်တိုက်ပစ်ချပါသတဲ့ဗျာ။ကျောက်စိမ်းတုံးကြီးဟာလည်း ညို မဲသွားပြီး ဘာအရောင်အဆင်းမှ မထွက်တော့ပဲ အပေါ်ကဖြတ်ပျံတဲ့ ဗျိုင်းလည်းမစိမ်းတော့သလို တောင်အောက်ကရေလည်း မစိမ်းတော့တာ ယနေ့အချိန်ထိပဲဆိုပါတော့။လွန်ခဲ့တဲ့နှစ်၃၀-စွန်းစွန်းလောက်ကတော့ မိုးကြိုးပစ်ထားတဲ့ ကျောက်ညိုမဲကြီးကို သူများပြလို့ ကိုယ်တိုင်မော့ကြည့်မိခဲ့ပါသေးတယ်။ဗျိုင်းစိမ်းတောင်ရဲ့ တည်နေရာဟာ ဝှေခါမှော်နဲ့ မဂါးပြင်မှော်ရွာရဲ့ မှော်နှစ်မှော်ကြား မဂါးပြင်မှော်ရွာထိပ်ကနတ်စဉ်ကုန်းနဲ့ မျက်နှာစောင်းမှာရှိတာဖြစ်တယ်။ယခုလက်ရှိ ဗျိုင်းစိမ်းတောင်အနေအထားက တောင်ခြေရင်းကနေ တော်တော်မြင့်တဲ့အထိ တူးထားပြီးတဲ့ မြေဇာဟောင်းတွေပြန်ဖို့ထားလို့ ပြေလျောတဲ့ကုန်းမြေပုံသဏ္ဍန်ရှိနေပေမယ့် ဗျိုင်းစိမ်းတောင်နာမည်ကြီးစဉ်က တောင်အနေအထားက မြင့်မားမတ်စောက်ပြီးအုပ်မိုးထားတဲ့ ပုံသဏ္ဍန်မျိုးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀-ကျော်လောက်က တောင်ခြေရင်းကနေ ကပ်ပြီးစီးဆင်းနေတဲ့ ဝှေခါချောင်းကိုဖြတ်ကူးရင်းနဲ့ မော့်ကြည့်တာ တောင်ထိပ်ကို မမြင်ရလောက်အောင် အုပ်မိုးနေတာကို မှတ်မိပါသေးတယ်။ခုချိန်မြင်တွေ့နေရတဲ့ ဝှေခါချောင်းဟာ ရာသီချိန်မှာခြေမျက်စိကျော်ရုံလောက်သာ ရှိပေမယ့် ဗျိုင်းစိမ်းတောင်နာမည်ကြီးချိန်ကတော့ ရင်ညွှန့်/တစ်ရပ်လောက်ထိနက်လို့ လူစားပါတယ်ဆိုပြီး ဝှေခါချောင်းလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါသေးတယ်။ဝှေခါမှော်ဖက်ကနေစီးဆင်းလာပြီး ဗျိုင်းစိမ်းတောင်ခြေရင်းကိုကပ်လို့ စီးဆင်းသွားတဲ့ဝှေခါချောင်းဟာ ဟိုး- -အရင်လမ်းလျှောက်ပြီးမှော်တက်တဲ့ ခေတ်ချိန်ခါမှာတော့ ဖားကန့်ရောက်အောင် အကြိမ်ကြိမ်ဖြတ်ကူးကြရတဲ့ ခက်ခဲတဲ့လမ်းပိုင်းနေရာလို့ ပြောရင်လည်း ကိုယ်တိုင်လျှောက်ခဲ့ကြဖူးသူတွေက ငြင်းကြမယ်လို့ မထင်မိပါဘူး။လွန်ခဲ့တဲ့နှစ်၃၀-ကျော်က ဖားကန့်ကိုလမ်းလျှောက်ခရီးကြမ်းသွားရတဲ့အချိန်က မဂါးပြင်ရွာကနေစလို့ ဝှေခါချောင်းကိုကူးပြီး ကုန်းပေါ်လမ်းလျှောက်လိုက် ချောင်းပြန်ကူးလိုက် တောင်တက်လိုက် ချောင်းပြန်ကူးလိုက်နဲ့မှော်ဂလုံရွာရောက်လိုက် ချောင်းပြန်ကူးလိုက် တောင်တက်ပြီးပြန်ဆင်းလိုက် ချောင်းပြန်ကူးလိုက်နဲ့ ဆိမ့်မူရွာဟောင်းထိအောင် ချောင်းကူးကျော်ဖြတ်ရတာကအကြိမ်/ခေါက်ရေများလွန်းတော့ မမှတ်မိနိုင်လောက်အောင်ပါပဲ။

ကျွန်တော်ကိုယ်တိုင်ဖြတ်ကူးချိန်မှာ ငါးဆယ်ကျော်ခြောက်ဆယ်လောက်ထိပဲ ရေတွက်ထားနိုင်ပြီး ရေကူးချိန်မှာလဲကျပြီး မျောပါမသွားအောင် သတိထားနေရတာနဲ့ တောင်တက်တောင်ဆင်းလမ်းကြမ်းမှာ မောပမ်းလွန်းတာရယ်ကြောင့် သတိထားနေတဲ့ကြားက ဆက်ရေဖို့မေ့သွားခဲ့ရတယ်။တချို့လူတွေက ချောင်းတစ်ခေါက်ကူးတိုင်း ကျောက်ခဲသေးလေးတစ်လုံးကောက်ယူသိမ်းထားပြီး ဖားကန့်ရောက်ချိန်မှာ ပြန်ရေတွက်ကြည့်တော့ အလုံးပေါင်း၉၀-ကျော်ရှိပါသတဲ့။ကျောက်ခဲလေးတွေကောက်ယူပြီး ရေတွက်ကြရာမှာ တစ်ယောက်နဲ့တစ်ယောက်က အစွန်းထွက်လေးတွေသာ ကွဲလွဲမှုရှိကြတာကြောင့် ဝှေခါချောင်းကို ဖြတ်ကူးရတဲ့အခေါက်ရေပေါင်းက ၉၀-ကျော်ရှိတယ်ဆိုတာကို ကိုယ် တိုင်အကြိမ်ကြိမ်ဖြတ်ကူးခဲ့ဖူးသူတွေက လက်ခံထားကြပါတယ်။ဝှေခါချောင်းဟာ ပွင့်လင်းရာသီရေနည်းချိန်မှာ အန္တရာယ်သိပ်မများပေမယ့် တောင်ကျရေတွေ ရုတ်တရက်များလာတတ်တဲ့မိုးတွင်းလိုအချိန်မျိုးမှာတော့ ဖြတ်ကူးနေတဲ့လူတွေကို မျောပါ နစ်မြုတ်ပြီး သေဆုံးစေခဲ့တာကလည်း နှစ်တိုင်းလိုလိုပါပဲ။မိုးတွင်းချိန်မှာဆိုရင် ချောင်းကျဉ်းပြီးရေစီးသန်တဲ့ အချို့နေရာများမှာ ချောင်းဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ကြိုးတွေနဲ့သွယ်တန်းချည်နှောင်ထားပြီး ချောင်းကူးကြချိန်မှာ လက်တစ်ဖက်က ကြိုးစကိုကိုင်ရပြီး နောက်လက်တစ်ဖက်က ကိုယ့်အဖွဲ့သားလက်ကို တွဲကိုင်ထားပြီး ကူးကြရပါသတဲ့။အဲ့လို အဖွဲ့လိုက်တွဲပြီး ချောင်းကူးနေချိန်မှာ တစ်ယောက်ယောက်ကချောလဲရင်ဖြစ်စေ ရုတ်တရက် တောင်ကျရေတွေအရှိန်အဟုန်နဲ့ စီးဆင်းလာရင်ဖြစ်စေ အဖွဲ့တွဲအားလုံးနီးပါး(ရေကူးကျွမ်းကျင်သော ယောကျ်ားများမှလွဲပြီး)မျောပါ သေဆုံးသွားကြတာတွေလည်း ရှိခဲ့ကြတယ်။ဗျိုင်းစိမ်းတောင်ခြေရင်းကို ကပ်ပြီးစီးနေတဲ့ ဝှေခါချောင်းကို2003-04 ခုနှစ် (ခန့်မှန်း)လောက်ကစပြီး စက်ကျင်းတွေတူးကြရာက တူးရင်း တူးရင်း တဖြည်းဖြည်းနဲ့ မှော်ဂလုံရွာထိအောင်ပဲ ဆိုပါတော့။ကျောက်သက်ရင့်တဲ့ ရေခွံအမျိုးအစားကျောက်ကောင်းတွေလည်း ထွက်မှထွက်ပဲဆိုတာတော့ အားလုံးသိကြမှာပါ။အထူးသဖြင့် ဗျိုင်းစိမ်းတောင်ရဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ကျောက်စိမ်းကောင်းတွေ ပိုထွက်တယ်လို့လည်း သိရပါတယ်။ဗျိုင်းစိမ်းတောင်အောက်မှာ တူးကြတဲ့အဖွဲ့တွေက အိပ်မက်ပေးလို့ဆိုပြီး လူကြီးနှစ်ရပ်လောက်ရှိတဲ့ ကွမ်ရင်မယ်တော်နတ်ရုပ် ဘိုးဘိုးကြီးနတ်ရုပ်နဲ့ တခြားနတ်ရုပ်နှစ်ခုလောက်ကို အင်္ဂေတနဲ့သေချာထုလုပ်ပြီး(ဘိုးဘိုးကြီးနတ်ရုပ်က သစ်သားနှင့်ထုထားဟု သိရ)ဗျိုင်းစိမ်းတောင်အောက်မှာ သွပ်မိုး ဆေးရောင်စုံအဆောင်တွေနဲ့ လှလှပပလေးလုပ်ထားပြီး ဖယောင်းအမွှေးတိုင်တွေ ၂၄-နာရီမပြတ် ပူဇော်ထားတာကို တွေ့ရတယ်ဗျ။ဗျိုင်းစိမ်းတောင်ဟာ အောက်ခြေကျဉ်းလို့အပေါ်ကျယ်ပြီး အုပ်မိုးနေတဲ့ပုံသဏ္ဍန်ရှိတာကြောင့် တောင်အောက်ခြေမှာ ပူဇော်ထားတဲ့နတ်ရုပ်ကြီးတွေထားတဲ့နေရာကို တောင်ကမ်းပါးယံကနေ မိုးရွာနေသလိုထင်ရလောက်အောင် ရေတွေတစက်စက်စီးကျနေတာကို စက်ကျင်းတွေနဲ့ကပ်လျက် ကားလမ်းပေါ်ကနေ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတယ်။ဝှေခါချောင်းစက်ကျင်းတွေလုပ်လို့ ကုန်သွားတော့ 2008-ခုနှစ်ကနေစပြီး ဗျိုင်းစိမ်းတောင်အောက်က ချောင်းထဲမှာ စက်ကျင်းလုပ်တဲ့လောပန်းကပဲ ဗျိုင်းစိမ်းတောင်ကြီးကို စတူးတာ 2012-ခုနှစ်ထိဆိုပါတော့။အဲ့လောပန်းစမတူးခင်မှာ သူ့ကိုအိပ်မက်ပေးလို့ဆိုပြီး ချောင်းဘေးကုန်းကမူလေးပေါ်က ရေထဲပါဖို့နည်းနည်းသာလိုတော့တဲ့ ဘိုးဘိုးကြီးနတ်ရုပ်ကြီးကို မဂါးပြင်ရွာထိပ်က တောင်ကုန်းပေါ်ကို သူကိုယ်တိုင်နတ်ထုံးစံနဲ့အညီ ရွေ့ပေးထားတယ်လို့ ဆိုပါတယ်။(ယနေ့ချိန်ထိ နတ်နန်းရှိနေဆဲပါ)စက်ကျင်းတူးစဉ်က ကွမ်ရင်မယ်တော်အပါအဝင် ကျန်တဲ့နတ်ရုပ်တွေက ရေကြီးလို့ နစ်မြုပ်သွားပုံပါပဲ။ဗျိုင်းစိမ်းတောင်ကို စတူးလို့ခေါင်းပေါင်းမြေဇာတွေဖယ်ရှားပြီး ကျောက်ကြောရောက်တော့ ကြက် ဝက် ငါး အရက် သီးနှံ စားဖွယ်စုံတွေနဲ့ ဖွယ်ဖွယ်ရာရာပြုလုပ်ပြီး ကျင်းနတ်တင်ပါသတဲ့။အနီးအနားရပ်ကွက်ထဲက သက်ကြီးရွယ်အိုများကိုလည်း ခေါ်ပြီးကျွေးမွေးလို့ ကုသိုလ်ယူတယ်ပေါ့ဗျာ။အဲ့မှာ အတွေ့အကြုံများတဲ့ သက်ကြီးဘိုးတော်တစ်ယောက်ကဒီတောင်ကိုစောင့်တဲ့နတ်မင်းကနော်ဂျာဖြစ်ပြီး သူကအရက်မကြိုက်ပဲ ဘိန်း(ခပ်ပုံ)ကိုသာ နှစ်သက်တာကြောင့် နတ်တင်တဲ့အထဲမှာ ဘိန်း(ခပ်ပုံ)ကိုပါ ထည့်ပြီးပူဇော်ပသခိုင်းပါသတဲ့ဗျား။ရွာခံဘိုးတော်ကြီးက သူရှူချင်လို့ ပရိယာယ်သုံးလိုက်တာလား ဟာသလုပ်တာလား ဘာလားတော့ မပြောတတ်ဘူးပေါ့။နတ်တင်ပြီး သိပ်မကြာခင်မှာပဲ တိုက်ဆိုင်တာလား နတ်မင်းကြီးတွေကပဲ မ စ တာလား မပြောတတ်-ကျောက်စိမ်းတွေကတော့ ထွက်တာမှအများကြီးပဲလို့ ဆိုပါတယ်။ထူးဆန်းတာက ထွက်လာတဲ့ကျောက်စိမ်းတွေက လုံးစွတ်နည်းပြီး နတ်ဖဲ့ပုံစံနဲ့အပဲ့တွေက ပိုများပါသတဲ့။လျှပ်စစ်မိုးကြိုးတွေ ဆက်တိုက်ပစ်ထားတဲ့နေရာမို့ ကျောက် စိမ်း တွေကိုထိမှန်လို့ပဲ့ကုန်ပြီး အပဲ့တွေများနေသလားဆိုတာတော့ ပဟေဋိဆန်ပြီး အံ့ဩစရာတော့ ကောင်းလှပါတယ်။2012-ခုနှစ်မှာ လုက်ကွက်သက်တမ်းကုန်တော့ တခြားလောပန်းတစ်ယောက်က ဗျိုင်းစိမ်းတောင်လုပ်ကွက်နေရာကို ဖြတ်လုဆွဲသွားပြီး လူအား စက်အားများစွာနဲ့ ပြန်တူးပါတယ်။ထူးဆန်းတာက အရင်လောပန်းတူးစဉ်က ကျောက်စိမ်းတွေများစွာထွက်ခဲ့ပေမယ့် ခုလောပန်းပြောင်းတူးချိန်မှာတော့ ဘာကျောက်ကောင်းမှမထွက်ပဲ ကျောက်မျိုးတောင် ကျဲကျဲပဲထွက်ပါသတဲ့။တူးတဲ့လောပန်းက အရှုံးကြီးရှုံးလို့ တူးဖော်တာကို ရပ်လိုက်ပြီး သူ့နောက်မှာဆက်တူးတဲ့ အခြားတစ်ယောက်ကလည်း ဘာကျောက်မှမရပဲ ရှုံးပြီးရင်းရှုံးလို့ ရပ်နားထားတာ ခုချိန်ထိလို့ဆိုရမှာပါ။ကျွန်တော်တို့မိဘဘိုးဘွားများလက်ထက်တည်းက ထူးဆန်း အံ့ဩစရာတွေနဲ့ ပဟေဋိဆန်ဆန် နာမည်ကြီးခဲ့တဲ့ ဗျိုင်းစိမ်းတောင်ဟာ ယခုခေတ်ချိန်ထိအောင် ပဟေဋိဆန်နေတုန်းပါပဲ။တောင်အောက်ကရေနဲ့ အပေါ်ကဖြတ်ပျံတဲ့ဗျိုင်းကို စိမ်းစေတဲ့အရည်အသွေးမြင့်ကျောက်စိမ်းတုံးကြီးပေါ်လာတယ်။တက်ယူတဲ့လူတွေကို ရုတ်တရက်ပေါ်လာတဲ့မြွေဆိုးကြီးတွေက ကိုက်သတ်တယ်။လူတွေသေတာများလာတော့ ကျောက်စိမ်းတုံးကြီးကို မိုးကြိုးပစ်တယ်။တောင်အောက်ချောင်းထဲမှာ တူးကြတဲ့သူတိုင်း ရေခွံကျောက်စိမ်းကောင်းတွေ အများကြီးရကြပေမယ့် တောင်ဖြိုတူးတော့ ပထမလူကပဲရပြီး နောက်လူတွေက မရဘူးဖြစ်နေတယ်။ဘာကြောင့်လဲ- -နတ်မင်းကြီးတွေကပဲ ထူးထူးဆန်းဆန်းနဲ့ ကျောက်စိမ်းတုံးကြီးပေါ်ခိုင်းပြီး လူတွေကိုသေဆုံးစေအောင် ကျောက်စိမ်းတွေကိုလည်း ပေးချင်သူကိုသာ ရစေပြီး မပေးချင်သူတွေကို လုံးဝမရနိုင်အောင် နတ်တို့၏တန်ခိုး အရှိန်ဝါ အစွမ်းတွေနဲ့ ပြုလုပ်နေတာလားဆိုတာ သာမန်ပုထုဇဉ် လောကလူသားတွေတော့ သိနိုင်မယ်လို့ မထင်ပါဘူး။ဘာပဲဖြစ်ဖြစ် ဗျိုင်းစိမ်းတောင်ဟာ နာမည်ကြီးသလို နတ်လည်းကြီးပြီး ယနေ့ထိတိုင်အောင် အထူးအဆန်းတွေနဲ့ ပဟေဋိဆန်နေဆဲပါပဲ- -။ ။ဪ- -ကြုံရ ဆုံရ ကျောက်လောက

Credit – စိုင်းထွေး

[zawgyi]

“ဗ်ိဳင္းစိမ္းေတာင္”- -ေက်ာက္စိမ္းနဲ႔သက္ေမြး လုပ္ကိုင္ေနၾကသူမ်ားႏွင့္ ေက်ာက္စိမ္းနဲ႔ပတ္သက္တဲ့အလုပ္မလုပ္ေပမယ့္ ဖားကန႔္ရတနာနယ္မွာ လာေရာက္ၿပီးစီးပြါးရွာေနၾကသူမ်ားကေတာ့ ဗ်ိဳင္းစိမ္းေတာင္ဆိုတာကို ၾကားဖူးနားဝရွိသူနဲ႔ နားယဥ္ေနသူမ်ား ျဖစ္ၾကမွာပါ။ဒါေပမယ့္ ခြၽင္းခ်က္အေနနဲ႔ အခ်ိဳ႕ေသာ ၂၀/၂၅-ႏွစ္ေအာက္ လူငယ္လူ႐ြယ္မ်ားထဲမွာေတာ့ ေက်ာက္စိမ္းကို စိတ္ဝင္စားသူေတြနဲ႔ ဗဟုသုတႏွံ႔စပ္သူေတြေလာက္သာ ၾကားဖူးၾကမယ္လို႔ ထင္မိပါတယ္။ဟိုး- -အရင္ခ်ိန္ေတြတုန္းကေတာ့ ဗ်ိဳင္းစိမ္းေတာင္ကို ကိုယ္တိုင္မေရာက္ဖူးလို႔ မျမင္ဖူးခဲ့ရင္ေတာင္ ဖားကန႔္ရတနာနယ္ကို လာေရာက္ဖူးသူတိုင္းက ၾကားဖူးခဲ့ၾကသူေတြခ်ည္းပါပဲ။အထူးသျဖင့္ လြန္ခဲ့ႏွစ္ေပါင္း၅၀-ေက်ာ္ေလာက္ကဆိုရင္ျဖင့္ ဗ်ိဳင္းစိမ္းေတာင္ရဲ႕ ထင္ရွားေက်ာ္ၾကားမႈေတြက ဒ႑ာရီဆန္သလို ပဥ္စလက္ေမွာ္ဆန္ဆန္ ထူးျခားဆန္းၾကယ္မႈေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။ဗ်ိဳင္းစိမ္းေတာင္လို႔ ဘာေၾကာင့္နာမည္တြင္ၿပီး ဒီေန႔ထိ ေခၚဆိုေနၾကတာလဲဆိုေတာ့ အေမြးအေတာင္ေတြျဖဴေဖြးေနတဲ့ ဗ်ိဳင္းအုပ္ႀကီးေတြ အဲ့ေတာင္ေပၚျဖတ္ပ်ံၾကတိုင္း ေတာင္ထိပ္ကေန ေတာက္ပတဲ့အစိမ္းေရာင္တစ္မ်ိဳးရဲ႕ ေရာင္ျပန္ထင္ဟပ္မႈေၾကာင့္ ပ်ံေနတဲ့ဗ်ိဳင္းအုပ္ႀကီးေတြက အျဖဴေရာင္ကေန အစိမ္းေရာင္ျဖစ္သြားၾကတယ္ ဆိုပဲဗ်။ဒီျဖစ္စဥ္ကို အနီးအနားက ျဖတ္သန္းသြားလာေနၾကတဲ့သူေတြက မၾကာခဏေတြ႕ျမင္လာရာက သတိထားမိသြားၿပီး တစ္ေယာက္ကစတစ္ရာဆိုသလို လူေျပာမ်ားလာၾကလို႔ ဗ်ိဳင္းအုပ္ျဖတ္ပ်ံတိုင္း အျဖဴေရာင္ကေန အစိမ္းေရာင္ကို ေျပာင္းသြားေစတဲ့ ေတာင္ႀကီးကိုလည္း “ဗ်ိဳင္းစိမ္းေတာင္”ဆိုၿပီး ေခၚေဝၚသမုဒ္ခဲ့ၾကတာလို႔ သိရပါတယ္။ဘယ္ႏွခုႏွစ္ကစၿပီး သတ္မွတ္ေခၚဆိုလာၾကသလဲဆိုတာကေတာ့ စာအုပ္စာေပမွာ မွတ္တမ္းတင္ထားျခင္းလည္း မရွိေတာ့(ကြၽန္ေတာ္မဖတ္/သိမိတာလည္းျဖစ္ႏိုင္ပါတယ္) အတိအက်မသိႏိုင္ဘူးလို႔ ဆိုရမွာပါ။ကြၽန္ေတာ္ကေတာ့ လြန္ခဲ့ေသာႏွစ္ေပါင္း၄၀-ေလာက္ ကြၽန္ေတာ္၈/၉-ႏွစ္သား အ႐ြယ္ကတည္းက ဖားကန႔္နယ္ဘက္ တက္လိုက္ဆင္းလိုက္နဲ႔ ေဈးပိုးသြားေရာင္းၾကတဲ့ အနီးဝန္းက်င္က လူႀကီးမိဘေတြမၾကာခဏေျပာျပလို႔ ၾကားသိဖူးခဲ့ပါတယ္။ဗ်ိဳင္းစိမ္းေတာင္လို႔ အမည္တြင္သြားတဲ့ေတာင္ႀကီးဟာ ေကာင္းကင္မွာပ်ံေနတဲ့ ဗ်ိဳင္းငွက္ေတြကိုသာ စိမ္းေစတာမဟုတ္ပဲ ေတာင္ေျခရင္းမွာကပ္ၿပီး စီးဆင္းေနတဲ့ ေဝွခါေခ်ာင္းရဲ႕ ေတာင္ေအာက္ေနရာတစ္ဝိုက္ကေရကိုလည္း အစိမ္းေရာင္ထင္ဟပ္ေစပါသတဲ့ေလ။ေကာင္းကင္မွာ ပ်ံေနတဲ့ဗ်ိဳင္းငွက္ကိုသာမက ေတာင္ေအာက္ေျခရင္းတစ္ဝိုက္က စီးဆင္းေနတဲ့ ေခ်ာင္းေရကိုလည္း အစိမ္းေရာင္ျဖစ္ေစႏိုင္တာဟာ ဘာေၾကာင့္လဲ- -ေတာင္ထိပ္မွာ အစိမ္းေရာင္ေတာက္ပေနတဲ့ တန္ဖိုးႀကီးေက်ာက္စိမ္းရတနာေတြ မ်ားစြာရွိေနႏိုင္တယ္လို႔ မွတ္ခ်က္ေပးၾကတဲ့သူမ်ားရွိၾကသလိုေတာင္ထိပ္ေရာက္ခါနီး ကမ္းပါးယံေဘးမွာ ပိသာခ်ိန္ႏွစ္ရာေက်ာ္သုံးရာေလာက္ရွိတဲ့ အရည္အေသြးျမင့္ တန္ဘိုးႀကီးေက်ာက္တစ္လုံး ထြက္ေပၚေနတာေၾကာင့္လို႔ ေျပာၾကတဲ့သူေတြလည္း ရွိၾကတယ္။လူေပါင္းမ်ားစြာေျပာေနတဲ့ ဗ်ိဳင္းစိမ္းေတာင္ရဲ႕ ရာဇဝင္ေျပာျပခ်က္ေတြအားလုံးကို ယုတၱိေဗဒ(Logic)နည္းနဲ႔ေရာ သဘာဝက်ိဳးေၾကာင္းဆင္ျခင္တဲ့(Dialectic)နည္းနဲ႔ပါ စဥ္းစားသုံးသပ္ေလ့လာၾကည့္ရင္ေတာ့ေတာင္ထိပ္နဲ႔ ေပႏွစ္ဆယ္ေက်ာ္သုံးဆယ္ေလာက္အကြာ ကမ္းပါးယံေဘးမွာ အရည္အေသြးျမင့္တဲ့ေက်ာက္စိမ္းတုံးႀကီးရဲ႕ တစ္စိပ္တစ္ပိုင္း ထြက္ေပၚေနတာ ျဖစ္မယ္လို႔ပဲ ထင္ျမင္ယူဆမိပါတယ္။ေနာက္ပိုင္းမွာေတာ့ ဗ်ိဳင္းစိမ္းေတာင္ရဲ႕ ကမ္းပါးယံေဘးမွာေပၚေနတဲ့ တန္ဘိုးျမင့္ေက်ာက္စိမ္းတုံးႀကီးကို ျမင္ေနရတဲ့ ေလာဘလြန္ကဲတဲ့လူသားေတြက ရယူႏိုင္ဖို႔ စြန႔္စားႀကိဳးပမ္းလာၾကပါေတာ့တယ္။ဗ်ိဳင္းစိမ္းေတာင္ဟာ ျမင့္မားမတ္ေစာက္ၿပီး အုပ္မိုးေနတဲ့ပုံသ႑န္ရွိတာေၾကာင့္ ေက်ာက္စိမ္းတုံးႀကီးရွိတဲ့ေနရာကိုေရာက္ဖို႔က စို႔ေတြ႐ိုက္ ႀကိဳးေတြခ်ိတ္ဆြဲနဲ႔ ခက္ခက္ခဲခဲႀကိဳးပမ္းၾကရတယ္။တခ်ိဳ႕လူေတြက ေက်ာက္ႀကီးအနားကိုမေရာက္ခင္ အခ်ိဳ႕လူမ်ားကေတာ့ ေက်ာက္ႀကီးအနားေရာက္ခါနီးမွာ ျပဳတ္က်ၿပီး ေသဆုံးသူေတြကေသဆုံးနဲ႔ေပါ့။ရွားရွားပါးပါးေက်ာက္ရွိတဲ့ေနရာနားေရာက္ၿပီး လူတခ်ိဳ႕က ေက်ာက္ကိုကိုင္မိ ထိမိသူေတြလည္းရွိပါသတဲ့။သို႔ေသာ္ ေက်ာက္ႀကီးအနားကို လူေရာက္သြားနဲ႔ ကိုယ္ဆြဲကိုင္ထားတဲ့ ႀကိဳးစသာမက သဘာဝအတိုင္းတြဲက်ေနတဲ့ ႏြယ္ႀကိဳးမွ်ဥ္မ်ားဟာ ေၾကာက္မက္ဖြယ္ရာ ေႁမြဆိုးႀကီးမ်ားျဖစ္သြားၿပီး ေရာက္လာတဲ့လူေတြကို ကိုက္/ေပါက္သတ္ပါေရာတဲ့ဗ်ာ။ေက်ာက္အနားကိုေရာက္ၿပီး ျပဳတ္က်ေသဆုံးခဲ့ရတဲ့လူေတြအားလုံးဟာ ျပဳတ္က်ခါနီးေလးမွာ “ေႁမြႀကီး- -အမေလး ေႁမြဆိုးႀကီး- -အား- -ေၾကာက္စရာႀကီး”လို႔ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ေအာ္တတ္ၾကၿပီး လူတိုင္းမွာလည္း ေႁမြကိုက္/ေပါက္ထားတဲ့ ေႁမြစြယ္ဒဏ္ရာ ပါလာၾကတာခ်ည္းပဲလို႔လည္း ၾကားသိခဲ့ရပါတယ္။တျဖည္းျဖည္းနဲ႔ ေသဆုံးတဲ့လူေတြမ်ားလာေပမယ့္ ဗ်ိဳင္းစိမ္းေတာင္ကမ္းပါးယံေပၚကိုတက္ၿပီး ေက်ာက္စိမ္းတုံးႀကီးကို ယူခ်င္ၾကတဲ့ ေလာဘလြန္ကဲၿပီး အမိုက္ေမွာင္ဖုံးေနတဲ့ လူသားေတြကလည္း မေလ်ာ့သြားတဲ့အျပင္ ပိုပိုမ်ားလာလို႔ တစ္ရက္မွာေတာ့ အဲ့ဒီအစိမ္းေရာင္ျဖာထြက္ေနတဲ့ ေက်ာက္စိမ္းတုံးႀကီးကို လွ်ပ္စစ္မိုးႀကိဳးေတြ ဆက္တိုက္ပစ္ခ်ပါသတဲ့ဗ်ာ။ေက်ာက္စိမ္းတုံးႀကီးဟာလည္း ညိဳ မဲသြားၿပီး ဘာအေရာင္အဆင္းမွ မထြက္ေတာ့ပဲ အေပၚကျဖတ္ပ်ံတဲ့ ဗ်ိဳင္းလည္းမစိမ္းေတာ့သလို ေတာင္ေအာက္ကေရလည္း မစိမ္းေတာ့တာ ယေန႔အခ်ိန္ထိပဲဆိုပါေတာ့။လြန္ခဲ့တဲ့ႏွစ္၃၀-စြန္းစြန္းေလာက္ကေတာ့ မိုးႀကိဳးပစ္ထားတဲ့ ေက်ာက္ညိဳမဲႀကီးကို သူမ်ားျပလို႔ ကိုယ္တိုင္ေမာ့ၾကည့္မိခဲ့ပါေသးတယ္။ဗ်ိဳင္းစိမ္းေတာင္ရဲ႕ တည္ေနရာဟာ ေဝွခါေမွာ္နဲ႔ မဂါးျပင္ေမွာ္႐ြာရဲ႕ ေမွာ္ႏွစ္ေမွာ္ၾကား မဂါးျပင္ေမွာ္႐ြာထိပ္ကနတ္စဥ္ကုန္းနဲ႔ မ်က္ႏွာေစာင္းမွာရွိတာျဖစ္တယ္။ယခုလက္ရွိ ဗ်ိဳင္းစိမ္းေတာင္အေနအထားက ေတာင္ေျခရင္းကေန ေတာ္ေတာ္ျမင့္တဲ့အထိ တူးထားၿပီးတဲ့ ေျမဇာေဟာင္းေတြျပန္ဖို႔ထားလို႔ ေျပေလ်ာတဲ့ကုန္းေျမပုံသ႑န္ရွိေနေပမယ့္ ဗ်ိဳင္းစိမ္းေတာင္နာမည္ႀကီးစဥ္က ေတာင္အေနအထားက ျမင့္မားမတ္ေစာက္ၿပီးအုပ္မိုးထားတဲ့ ပုံသ႑န္မ်ိဳးရွိတယ္။လြန္ခဲ့တဲ့ ႏွစ္ေပါင္း၃၀-ေက်ာ္ေလာက္က ေတာင္ေျခရင္းကေန ကပ္ၿပီးစီးဆင္းေနတဲ့ ေဝွခါေခ်ာင္းကိုျဖတ္ကူးရင္းနဲ႔ ေမာ့္ၾကည့္တာ ေတာင္ထိပ္ကို မျမင္ရေလာက္ေအာင္ အုပ္မိုးေနတာကို မွတ္မိပါေသးတယ္။ခုခ်ိန္ျမင္ေတြ႕ေနရတဲ့ ေဝွခါေခ်ာင္းဟာ ရာသီခ်ိန္မွာေျခမ်က္စိေက်ာ္႐ုံေလာက္သာ ရွိေပမယ့္ ဗ်ိဳင္းစိမ္းေတာင္နာမည္ႀကီးခ်ိန္ကေတာ့ ရင္ၫႊန႔္/တစ္ရပ္ေလာက္ထိနက္လို႔ လူစားပါတယ္ဆိုၿပီး ေဝွခါေခ်ာင္းလည္း နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့ပါေသးတယ္။ေဝွခါေမွာ္ဖက္ကေနစီးဆင္းလာၿပီး ဗ်ိဳင္းစိမ္းေတာင္ေျခရင္းကိုကပ္လို႔ စီးဆင္းသြားတဲ့ေဝွခါေခ်ာင္းဟာ ဟိုး- -အရင္လမ္းေလွ်ာက္ၿပီးေမွာ္တက္တဲ့ ေခတ္ခ်ိန္ခါမွာေတာ့ ဖားကန႔္ေရာက္ေအာင္ အႀကိမ္ႀကိမ္ျဖတ္ကူးၾကရတဲ့ ခက္ခဲတဲ့လမ္းပိုင္းေနရာလို႔ ေျပာရင္လည္း ကိုယ္တိုင္ေလွ်ာက္ခဲ့ၾကဖူးသူေတြက ျငင္းၾကမယ္လို႔ မထင္မိပါဘူး။လြန္ခဲ့တဲ့ႏွစ္၃၀-ေက်ာ္က ဖားကန႔္ကိုလမ္းေလွ်ာက္ခရီးၾကမ္းသြားရတဲ့အခ်ိန္က မဂါးျပင္႐ြာကေနစလို႔ ေဝွခါေခ်ာင္းကိုကူးၿပီး ကုန္းေပၚလမ္းေလွ်ာက္လိုက္ ေခ်ာင္းျပန္ကူးလိုက္ ေတာင္တက္လိုက္ ေခ်ာင္းျပန္ကူးလိုက္နဲ႔ေမွာ္ဂလုံ႐ြာေရာက္လိုက္ ေခ်ာင္းျပန္ကူးလိုက္ ေတာင္တက္ၿပီးျပန္ဆင္းလိုက္ ေခ်ာင္းျပန္ကူးလိုက္နဲ႔ ဆိမ့္မူ႐ြာေဟာင္းထိေအာင္ ေခ်ာင္းကူးေက်ာ္ျဖတ္ရတာကအႀကိမ္/ေခါက္ေရမ်ားလြန္းေတာ့ မမွတ္မိႏိုင္ေလာက္ေအာင္ပါပဲ။ကြၽန္ေတာ္ကိုယ္တိုင္ျဖတ္ကူးခ်ိန္မွာ ငါးဆယ္ေက်ာ္ေျခာက္ဆယ္ေလာက္ထိပဲ ေရတြက္ထားႏိုင္ၿပီး ေရကူးခ်ိန္မွာလဲက်ၿပီး ေမ်ာပါမသြားေအာင္ သတိထားေနရတာနဲ႔ ေတာင္တက္ေတာင္ဆင္းလမ္းၾကမ္းမွာ ေမာပမ္းလြန္းတာရယ္ေၾကာင့္ သတိထားေနတဲ့ၾကားက ဆက္ေရဖို႔ေမ့သြားခဲ့ရတယ္။တခ်ိဳ႕လူေတြက ေခ်ာင္းတစ္ေခါက္ကူးတိုင္း ေက်ာက္ခဲေသးေလးတစ္လုံးေကာက္ယူသိမ္းထားၿပီး ဖားကန႔္ေရာက္ခ်ိန္မွာ ျပန္ေရတြက္ၾကည့္ေတာ့ အလုံးေပါင္း၉၀-ေက်ာ္ရွိပါသတဲ့။ေက်ာက္ခဲေလးေတြေကာက္ယူၿပီး ေရတြက္ၾကရာမွာ တစ္ေယာက္နဲ႔တစ္ေယာက္က အစြန္းထြက္ေလးေတြသာ ကြဲလြဲမႈရွိၾကတာေၾကာင့္ ေဝွခါေခ်ာင္းကို ျဖတ္ကူးရတဲ့အေခါက္ေရေပါင္းက ၉၀-ေက်ာ္ရွိတယ္ဆိုတာကို ကိုယ္တိုင္အႀကိမ္ႀကိမ္ျဖတ္ကူးခဲ့ဖူးသူေတြက လက္ခံထားၾကပါတယ္။ေဝွခါေခ်ာင္းဟာ ပြင့္လင္းရာသီေရနည္းခ်ိန္မွာ အႏၲရာယ္သိပ္မမ်ားေပမယ့္ ေတာင္က်ေရေတြ ႐ုတ္တရက္မ်ားလာတတ္တဲ့မိုးတြင္းလိုအခ်ိန္မ်ိဳးမွာေတာ့ ျဖတ္ကူးေနတဲ့လူေတြကို ေမ်ာပါ နစ္ျမဳတ္ၿပီး ေသဆုံးေစခဲ့တာကလည္း ႏွစ္တိုင္းလိုလိုပါပဲ။မိုးတြင္းခ်ိန္မွာဆိုရင္ ေခ်ာင္းက်ဥ္းၿပီးေရစီးသန္တဲ့ အခ်ိဳ႕ေနရာမ်ားမွာ ေခ်ာင္းဟိုဘက္ကမ္းကေန ဒီဘက္ကမ္းကို ႀကိဳးေတြနဲ႔သြယ္တန္းခ်ည္ေႏွာင္ထားၿပီး ေခ်ာင္းကူးၾကခ်ိန္မွာ လက္တစ္ဖက္က ႀကိဳးစကိုကိုင္ရၿပီး ေနာက္လက္တစ္ဖက္က ကိုယ့္အဖြဲ႕သားလက္ကို တြဲကိုင္ထားၿပီး ကူးၾကရပါသတဲ့။အဲ့လို အဖြဲ႕လိုက္တြဲၿပီး ေခ်ာင္းကူးေနခ်ိန္မွာ တစ္ေယာက္ေယာက္ကေခ်ာလဲရင္ျဖစ္ေစ ႐ုတ္တရက္ ေတာင္က်ေရေတြအရွိန္အဟုန္နဲ႔ စီးဆင္းလာရင္ျဖစ္ေစ အဖြဲ႕တြဲအားလုံးနီးပါး(ေရကူးကြၽမ္းက်င္ေသာ ေယာက်္ားမ်ားမွလြဲၿပီး)ေမ်ာပါ ေသဆုံးသြားၾကတာေတြလည္း ရွိခဲ့ၾကတယ္။ဗ်ိဳင္းစိမ္းေတာင္ေျခရင္းကို ကပ္ၿပီးစီးေနတဲ့ ေဝွခါေခ်ာင္းကို2003-04 ခုႏွစ္(ခန႔္မွန္း)ေလာက္ကစၿပီး စက္က်င္းေတြတူးၾကရာက တူးရင္း တူးရင္း တျဖည္းျဖည္းနဲ႔ ေမွာ္ဂလုံ႐ြာထိေအာင္ပဲ ဆိုပါေတာ့။ေက်ာက္သက္ရင့္တဲ့ ေရခြံအမ်ိဳးအစားေက်ာက္ေကာင္းေတြလည္း ထြက္မွထြက္ပဲဆိုတာေတာ့ အားလုံးသိၾကမွာပါ။အထူးသျဖင့္ ဗ်ိဳင္းစိမ္းေတာင္ရဲ႕ အနီးပတ္ဝန္းက်င္တစ္ဝိုက္မွာ ေက်ာက္စိမ္းေကာင္းေတြ ပိုထြက္တယ္လို႔လည္း သိရပါတယ္။ဗ်ိဳင္းစိမ္းေတာင္ေအာက္မွာ တူးၾကတဲ့အဖြဲ႕ေတြက အိပ္မက္ေပးလို႔ဆိုၿပီး လူႀကီးႏွစ္ရပ္ေလာက္ရွိတဲ့ ကြမ္ရင္မယ္ေတာ္နတ္႐ုပ္ ဘိုးဘိုးႀကီးနတ္႐ုပ္နဲ႔ တျခားနတ္႐ုပ္ႏွစ္ခုေလာက္ကို အေဂၤတနဲ႔ေသခ်ာထုလုပ္ၿပီး(ဘိုးဘိုးႀကီးနတ္႐ုပ္က သစ္သားႏွင့္ထုထားဟု သိရ)ဗ်ိဳင္းစိမ္းေတာင္ေအာက္မွာ သြပ္မိုး ေဆးေရာင္စုံအေဆာင္ေတြနဲ႔ လွလွပပေလးလုပ္ထားၿပီး ဖေယာင္းအေမႊးတိုင္ေတြ ၂၄-နာရီမျပတ္ ပူေဇာ္ထားတာကို ေတြ႕ရတယ္ဗ်။ဗ်ိဳင္းစိမ္းေတာင္ဟာ ေအာက္ေျခက်ဥ္းလို႔အေပၚက်ယ္ၿပီး အုပ္မိုးေနတဲ့ပုံသ႑န္ရွိတာေၾကာင့္ ေတာင္ေအာက္ေျခမွာ ပူေဇာ္ထားတဲ့နတ္႐ုပ္ႀကီးေတြထားတဲ့ေနရာကို ေတာင္ကမ္းပါးယံကေန မိုး႐ြာေနသလိုထင္ရေလာက္ေအာင္ ေရေတြတစက္စက္စီးက်ေနတာကို စက္က်င္းေတြနဲ႔ကပ္လ်က္ ကားလမ္းေပၚကေန ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရတယ္။ေဝွခါေခ်ာင္းစက္က်င္းေတြလုပ္လို႔ ကုန္သြားေတာ့ 2008-ခုႏွစ္ကေနစၿပီး ဗ်ိဳင္းစိမ္းေတာင္ေအာက္က ေခ်ာင္းထဲမွာ စက္က်င္းလုပ္တဲ့ေလာပန္းကပဲ ဗ်ိဳင္းစိမ္းေတာင္ႀကီးကို စတူးတာ 2012-ခုႏွစ္ထိဆိုပါေတာ့။အဲ့ေလာပန္းစမတူးခင္မွာ သူ႔ကိုအိပ္မက္ေပးလို႔ဆိုၿပီး ေခ်ာင္းေဘးကုန္းကမူေလးေပၚက ေရထဲပါဖို႔နည္းနည္းသာလိုေတာ့တဲ့ ဘိုးဘိုးႀကီးနတ္႐ုပ္ႀကီးကို မဂါးျပင္႐ြာထိပ္က ေတာင္ကုန္းေပၚကို သူကိုယ္တိုင္နတ္ထုံးစံနဲ႔အညီ ေ႐ြ႕ေပးထားတယ္လို႔ ဆိုပါတယ္။(ယေန႔ခ်ိန္ထိ နတ္နန္းရွိေနဆဲပါ)စက္က်င္းတူးစဥ္က ကြမ္ရင္မယ္ေတာ္အပါအဝင္ က်န္တဲ့နတ္႐ုပ္ေတြက ေရႀကီးလို႔ နစ္ျမဳပ္သြားပုံပါပဲ။ဗ်ိဳင္းစိမ္းေတာင္ကို စတူးလို႔ေခါင္းေပါင္းေျမဇာေတြဖယ္ရွားၿပီး ေက်ာက္ေၾကာေရာက္ေတာ့ ၾကက္ ဝက္ ငါး အရက္ သီးႏွံ စားဖြယ္စုံေတြနဲ႔ ဖြယ္ဖြယ္ရာရာျပဳလုပ္ၿပီး က်င္းနတ္တင္ပါသတဲ့။အနီးအနားရပ္ကြက္ထဲက သက္ႀကီး႐ြယ္အိုမ်ားကိုလည္း ေခၚၿပီးေကြၽးေမြးလို႔ ကုသိုလ္ယူတယ္ေပါ့ဗ်ာ။အဲ့မွာ အေတြ႕အႀကဳံမ်ားတဲ့ သက္ႀကီးဘိုးေတာ္တစ္ေယာက္ကဒီေတာင္ကိုေစာင့္တဲ့နတ္မင္းကေနာ္ဂ်ာျဖစ္ၿပီး သူကအရက္မႀကိဳက္ပဲ ဘိန္း(ခပ္ပုံ)ကိုသာ ႏွစ္သက္တာေၾကာင့္ နတ္တင္တဲ့အထဲမွာ ဘိန္း(ခပ္ပုံ)ကိုပါ ထည့္ၿပီးပူေဇာ္ပသခိုင္းပါသတဲ့ဗ်ား။႐ြာခံဘိုးေတာ္ႀကီးက သူရႉခ်င္လို႔ ပရိယာယ္သုံးလိုက္တာလား ဟာသလုပ္တာလား ဘာလားေတာ့ မေျပာတတ္ဘူးေပါ့။နတ္တင္ၿပီး သိပ္မၾကာခင္မွာပဲ တိုက္ဆိုင္တာလား နတ္မင္းႀကီးေတြကပဲ မ စ တာလား မေျပာတတ္-ေက်ာက္စိမ္းေတြကေတာ့ ထြက္တာမွအမ်ားႀကီးပဲလို႔ ဆိုပါတယ္။ထူးဆန္းတာက ထြက္လာတဲ့ေက်ာက္စိမ္းေတြက လုံးစြတ္နည္းၿပီး နတ္ဖဲ့ပုံစံနဲ႔အပဲ့ေတြက ပိုမ်ားပါသတဲ့။လွ်ပ္စစ္မိုးႀကိဳးေတြ ဆက္တိုက္ပစ္ထားတဲ့ေနရာမို႔ ေက်ာက္စိမ္းေတြကိုထိမွန္လို႔ပဲ့ကုန္ၿပီး အပဲ့ေတြမ်ားေနသလားဆိုတာေတာ့ ပေဟဋိဆန္ၿပီး အံ့ဩစရာေတာ့ ေကာင္းလွပါတယ္။2012-ခုႏွစ္မွာ လုက္ကြက္သက္တမ္းကုန္ေတာ့ တျခားေလာပန္းတစ္ေယာက္က ဗ်ိဳင္းစိမ္းေတာင္လုပ္ကြက္ေနရာကို ျဖတ္လုဆြဲသြားၿပီး လူအား စက္အားမ်ားစြာနဲ႔ ျပန္တူးပါတယ္။ထူးဆန္းတာက အရင္ေလာပန္းတူးစဥ္က ေက်ာက္စိမ္းေတြမ်ားစြာထြက္ခဲ့ေပမယ့္ ခုေလာပန္းေျပာင္းတူးခ်ိန္မွာေတာ့ ဘာေက်ာက္ေကာင္းမွမထြက္ပဲ ေက်ာက္မ်ိဳးေတာင္ က်ဲက်ဲပဲထြက္ပါသတဲ့။တူးတဲ့ေလာပန္းက အရႈံးႀကီးရႈံးလို႔ တူးေဖာ္တာကို ရပ္လိုက္ၿပီး သူ႔ေနာက္မွာဆက္တူးတဲ့ အျခားတစ္ေယာက္ကလည္း ဘာေက်ာက္မွမရပဲ ရႈံးၿပီးရင္းရႈံးလို႔ ရပ္နားထားတာ ခုခ်ိန္ထိလို႔ဆိုရမွာပါ။ကြၽန္ေတာ္တို႔မိဘဘိုးဘြားမ်ားလက္ထက္တည္းက ထူးဆန္း အံ့ဩစရာေတြနဲ႔ ပေဟဋိဆန္ဆန္ နာမည္ႀကီးခဲ့တဲ့ ဗ်ိဳင္းစိမ္းေတာင္ဟာ ယခုေခတ္ခ်ိန္ထိေအာင္ ပေဟဋိဆန္ေနတုန္းပါပဲ။ေတာင္ေအာက္ကေရနဲ႔ အေပၚကျဖတ္ပ်ံတဲ့ဗ်ိဳင္းကို စိမ္းေစတဲ့အရည္အေသြးျမင့္ေက်ာက္စိမ္းတုံးႀကီးေပၚလာတယ္။တက္ယူတဲ့လူေတြကို ႐ုတ္တရက္ေပၚလာတဲ့ေႁမြဆိုးႀကီးေတြက ကိုက္သတ္တယ္။လူေတြေသတာမ်ားလာေတာ့ ေက်ာက္စိမ္းတုံးႀကီးကို မိုးႀကိဳးပစ္တယ္။ေတာင္ေအာက္ေခ်ာင္းထဲမွာ တူးၾကတဲ့သူတိုင္း ေရခြံေက်ာက္စိမ္းေကာင္းေတြ အမ်ားႀကီးရၾကေပမယ့္ ေတာင္ၿဖိဳတူးေတာ့ ပထမလူကပဲရၿပီး ေနာက္လူေတြက မရဘူးျဖစ္ေနတယ္။ဘာေၾကာင့္လဲ- -နတ္မင္းႀကီးေတြကပဲ ထူးထူးဆန္းဆန္းနဲ႔ ေက်ာက္စိမ္းတုံးႀကီးေပၚခိုင္းၿပီး လူေတြကိုေသဆုံးေစေအာင္ ေက်ာက္စိမ္းေတြကိုလည္း ေပးခ်င္သူကိုသာ ရေစၿပီး မေပးခ်င္သူေတြကို လုံးဝမရႏိုင္ေအာင္ နတ္တို႔၏တန္ခိုး အရွိန္ဝါ အစြမ္းေတြနဲ႔ ျပဳလုပ္ေနတာလားဆိုတာ သာမန္ပုထုဇဥ္ ေလာကလူသားေတြေတာ့ သိႏိုင္မယ္လို႔ မထင္ပါဘူး။ဘာပဲျဖစ္ျဖစ္ ဗ်ိဳင္းစိမ္းေတာင္ဟာ နာမည္ႀကီးသလို နတ္လည္းႀကီးၿပီး ယေန႔ထိတိုင္ေအာင္ အထူးအဆန္းေတြနဲ႔ ပေဟဋိဆန္ေနဆဲပါပဲ- -။ ။ဪ- -ႀကဳံရ ဆုံရ ေက်ာက္ေလာက