ကျွန် နှင့် ခြင်္သေ့

တခါတုန်းက အလွန်ရက်စက်ကြမ်းကြုတ်သော သခင်ထံမှ ကျွန်တစ်ယောက်သည် ထွက်ပြေးလေ၏။ သူ့ကို ပြန်လည်မဖမ်းမိအောင် သဲက န္တာရထဲတွင် ပုန်းအောင်းနေလေသည်။သူသည် နေထိုင်ရန်နေရာနှင့် စားရန် အစားအစာတို့ကို ရှာဖွေရန် လှည့်လည်သွားလာစဉ် ဂူတစ်ခုသို့ ရောက်ရှိသွား၏။ ထိုဂူတွင် မည်သူတစ်စုံ တစ်ယောက်မျှ နေထိုင်သည်ကို မတွေ့ရပေ။ စင်စစ်သော်ကား ထိုနေရာမှာ ခြင်္သေ့တစ်ကောင်၏ နေရာပင် ဖြစ်တော့သည်။ သူရောက်သည့်ခဏ၌ပင် ခြင်္သေ့လည်း ဂူဝ၌ ပေါ်လာလေတော့၏။ စိတ်ပျက်အားငယ်နေသဖြင့် သူသည် ခြင်္သေ့ကို ရင်ဆိုင်တွေ့နေရသော်လည်း လွတ်မြောက်ရန်လမ်းစကို ရှာဖွေရန် မကြိုးစားတော့ပေ။ ဖြစ်လိုရာ ဖြစ်စေတော့ဟုသာ စိတ်ကိုလျှော့၍ ထားလိုက်လေတော့၏။ သို့သော် သူသည် ရုတ်တရက်အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် ခြင်္သေ့သည် သူ့ကိုမြင်လျှင် ခုတ်အုပ်ကိုက် ဝါးစားမျိုပစ်လိုက်မည့်အစား မိတ်ဖွဲ့လိုဟန် လက္ခဏာကို ပြသောကြောင့်ပေတည်း။ ခြင်္သေ့လည်း ရွှင်မြူးသောအသံဖြင့် ဟိန်း ဟောက် ကာ ၎င်း၏ခြေတစ်ဖက်ကို မြှောက်၍ပြလေသည်။ ထိုခြေတွင် ဖူးဖူးရောင်၍ ရင်းနေသော အနာကြီးကို မြင်ရသဖြင့် သေချာစွာ စူးစမ်းကြည့်ရှုရာ ခြေချောင်းကလေးများအကြား ကြီးမားသော ဆူးကြီးတစ်ချောင်း စူးဝင်နေသည်ကို တွေ့ရ၏။ ဂူအတွင်းသို့ ဝင်လာသူလည်း သနားလှသဖြင့် ထိုးဆူးကိုနုတ်ကာ အနာကို တတ်နိုင်သမျှ ကောင်းစွာစည်းနှောင်၍ ပေးလိုက်လေသည်။

သို့ဖြင့် ရက်များမကြာမီ အနာသည် ကောင်းစွာ ပျောက်ကင်းသွာလေတော့၏။ ခြင်္သေ့ကြီးသာ် သူ့ကို အတိုင်းမသိ ကျေးဇူးတင်တော့၏။ ထို့ကြောင့် သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် အသိအမှတ်ပြုကာ ကာလအတန်ကြာမျှ ဂူထဲတွင် အတူတကွ နေထိုင်ကြလေ၏။တစ်နေ့သ၌ ထိုသူသည် သူ၏ အပေါင်းအသင်းဖြစ်သည့် လူသားများကို လွမ်းဆွတ်လာပြီဖြစ်သောကြောင့် ခြင်္သေ့အား နှုတ်ဆက်၍ သူ့ရပ်ရွာသို့ ပြန်သွားလေ၏။ ရောက်လျှင် သူ့ကို မှတ်မိကြသော ရွာသားတို့သည် ဖမ်းဆီး၍ သံကြိုးဖြင့် တုပ်နှောင်ကာ သူ၏သခင်ဟောင်းရှေ့မှောက်သို့ ပို့အပ်လေ၏။ သခင်မှာ ထိုသူအား ဥပမာပြ၍ အခြားသောအစေခံများ ရွံ့ကြောက်စေအံ့ဟု စိတ်ပိုင်းဖြတ်ထားသူဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ပရိတ်သတ်ထူထပ်လှသည့် ပြကွင်းကြီးတစ်ခုတွင်းရှိ သားရဲတိရစ္ဆာန်တို့ထံ ပစ်ချရန် အမိန့်ပေးလေ၏။ထိုသတ္တဝါများထဲတွင် အလွန်ကြီး မား၍ ရိုင်းစိုင်းသော ခြင်္သေ့ကြီးတစ်ကောင်လည်း ပါဝင်လေသည်။ ထို့နောက် ထိုကျွန်အား တိရစ္ဆာန်များအကြားသို့ ပစ်ချလိုက်လေ၏။သို့ ရာတွင် ပရိတ်သတ်တို့မှာ ရုတ်တရက်အံ့အားသင့်လျက် မတွေးတတ်နိုင် ဖြစ်သွားရလေသည်။ အကြောင်းကား အဆိုပါခြင်္သေ့ကြီးသာ် ထိုလူသားကို တစ်ချက်မျှ လှမ်းကြည့်ပြီးလျှင် အလွန်ဝမ်းမြောက်ခင်မင်လှသော အမူအရာဖြင့် ခြေရင်း၌ အသာအယာဝပ်၍ နေလိုက်သော ကြောင့်ပင်တည်း။ စင်စစ်မှာ ထိုခြင်္သေ့ကြီးသည် ကန္တာရဂူကြီးအတွင်းမှ မိတ်ဆွေဟောင်းကြီးပင် ဖြစ်လေတော့သည်။ပရိသတ်တို့သည်လည်း ထိုကျွန််၏အသက်ကို လွှတ်သင့်ကြောင်းဖြင့် အဆက်မပြတ် အော်ဟစ်တောင်းဆိုကြကုန်၏။ ထိုမြို့ကိုအုပ်ချုပ်ရသော ဘုရင်ခံကလည်း အကြောင်းစုံသိရသော် သို့ကျေးဇူးသိတတ်၍ သစ္စာရှိလှသည့် တိရစ္ဆာန်ရိုင်းကြီးအား အံ့ဩချီးကျူးမိဩ၏။ ထို့ ကြောင့် ခြင်္သေ့ရော ကျွန်ပါနှစ်ဦးစလုံး၏အသက်ကို ချမ်းသာပေး၍ လွတ်လပ်စွာ နေထိုင်ကြစေဟု စီရင်ချက်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း အရာလေးက တိရစ္ဆာန်တွေတောင်မှ ကျေးဇူးတရားကို သိတက်နားလည်တယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးထားတာဖြစ်ပါတယ်။

Credit – Stories

[zawgyi]

တခါတုန္းက အလြန္ရက္စက္ၾကမ္းၾကဳတ္ေသာ သခင္ထံမွ ကြၽန္တစ္ေယာက္သည္ ထြက္ေျပးေလ၏။ သူ႔ကို ျပန္လည္မဖမ္းမိေအာင္ သဲက ႏၲာရထဲတြင္ ပုန္းေအာင္းေနေလသည္။သူသည္ ေနထိုင္ရန္ေနရာႏွင့္ စားရန္ အစားအစာတို႔ကို ရွာေဖြရန္ လွည့္လည္သြားလာစဥ္ ဂူတစ္ခုသို႔ ေရာက္ရွိသြား၏။ ထိုဂူတြင္ မည္သူတစ္စုံ တစ္ေယာက္မွ် ေနထိုင္သည္ကို မေတြ႕ရေပ။ စင္စစ္ေသာ္ကား ထိုေနရာမွာ ျခေသၤ့တစ္ေကာင္၏ ေနရာပင္ ျဖစ္ေတာ့သည္။ သူေရာက္သည့္ခဏ၌ပင္ ျခေသၤ့လည္း ဂူဝ၌ ေပၚလာေလေတာ့၏။ စိတ္ပ်က္အားငယ္ေနသျဖင့္ သူသည္ ျခေသၤ့ကို ရင္ဆိုင္ေတြ႕ေနရေသာ္လည္း လြတ္ေျမာက္ရန္လမ္းစကို ရွာေဖြရန္ မႀကိဳးစားေတာ့ေပ။ ျဖစ္လိုရာ ျဖစ္ေစေတာ့ဟုသာ စိတ္ကိုေလွ်ာ့၍ ထားလိုက္ေလေတာ့၏။ သို႔ေသာ္ သူသည္ ႐ုတ္တရက္အံ့ဩသြားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ျခေသၤ့သည္ သူ႔ကိုျမင္လွ်င္ ခုတ္အုပ္ကိုက္ ဝါးစားမ်ိဳပစ္လိုက္မည့္အစား မိတ္ဖြဲ႕လိုဟန္ လကၡဏာကို ျပေသာေၾကာင့္ေပတည္း။ ျခေသၤ့လည္း ႐ႊင္ျမဴးေသာအသံျဖင့္ ဟိန္း ေဟာက္ ကာ ၎၏ေျခတစ္ဖက္ကို ေျမႇာက္၍ျပေလသည္။ ထိုေျခတြင္ ဖူးဖူးေရာင္၍ ရင္းေနေသာ အနာႀကီးကို ျမင္ရသျဖင့္ ေသခ်ာစြာ စူးစမ္းၾကည့္ရႈရာ ေျခေခ်ာင္းကေလးမ်ားအၾကား ႀကီးမားေသာ ဆူးႀကီးတစ္ေခ်ာင္း စူးဝင္ေနသည္ကို ေတြ႕ရ၏။ ဂူအတြင္းသို႔ ဝင္လာသူလည္း သနားလွသျဖင့္ ထိုးဆူးကိုႏုတ္ကာ အနာကို တတ္ႏိုင္သမွ် ေကာင္းစြာစည္းေႏွာင္၍ ေပးလိုက္ေလသည္။သို႔ျဖင့္ ရက္မ်ားမၾကာမီ အနာသည္ ေကာင္းစြာ ေပ်ာက္ကင္းသြာေလေတာ့၏။ ျခေသၤ့ႀကီးသာ္ သူ႔ကို အတိုင္းမသိ ေက်းဇူးတင္ေတာ့၏။ ထို႔ေၾကာင့္ သူ႔ကို မိတ္ေဆြတစ္ဦးအျဖစ္ အသိအမွတ္ျပဳကာ ကာလအတန္ၾကာမွ် ဂူထဲတြင္ အတူတကြ ေနထိုင္ၾကေလ၏။တစ္ေန႔သ၌ ထိုသူသည္ သူ၏ အေပါင္းအသင္းျဖစ္သည့္ လူသားမ်ားကို လြမ္းဆြတ္လာၿပီျဖစ္ေသာေၾကာင့္ ျခေသၤ့အား ႏႈတ္ဆက္၍ သူ႔ရပ္႐ြာသို႔ ျပန္သြားေလ၏။ ေရာက္လွ်င္ သူ႔ကို မွတ္မိၾကေသာ ႐ြာသားတို႔သည္ ဖမ္းဆီး၍ သံႀကိဳးျဖင့္ တုပ္ေႏွာင္ကာ သူ၏သခင္ေဟာင္းေရွ႕ေမွာက္သို႔ ပို႔အပ္ေလ၏။ သခင္မွာ ထိုသူအား ဥပမာျပ၍ အျခားေသာအေစခံမ်ား ႐ြံ႕ေၾကာက္ေစအံ့ဟု စိတ္ပိုင္းျဖတ္ထားသူျဖစ္ေလသည္။ ထို႔ေၾကာင့္ သူ႔ကို ပရိတ္သတ္ထူထပ္လွသည့္ ျပကြင္းႀကီးတစ္ခုတြင္းရွိ သားရဲတိရစာၦန္တို႔ထံ ပစ္ခ်ရန္ အမိန႔္ေပးေလ၏။ထိုသတၱဝါမ်ားထဲတြင္ အလြန္ႀကီး မား၍ ႐ိုင္းစိုင္းေသာ ျခေသၤ့ႀကီးတစ္ေကာင္လည္း ပါဝင္ေလသည္။ ထို႔ေနာက္ ထိုကြၽန္အား တိရစာၦန္မ်ားအၾကားသို႔ ပစ္ခ်လိုက္ေလ၏။သို႔ ရာတြင္ ပရိတ္သတ္တို႔မွာ ႐ုတ္တရက္အံ့အားသင့္လ်က္ မေတြးတတ္ႏိုင္ ျဖစ္သြားရေလသည္။ အေၾကာင္းကား အဆိုပါျခေသၤ့ႀကီးသာ္ ထိုလူသားကို တစ္ခ်က္မွ် လွမ္းၾကည့္ၿပီးလွ်င္ အလြန္ဝမ္းေျမာက္ခင္မင္လွေသာ အမူအရာျဖင့္ ေျခရင္း၌ အသာအယာဝပ္၍ ေနလိုက္ေသာ ေၾကာင့္ပင္တည္း။ စင္စစ္မွာ ထိုျခေသၤ့ႀကီးသည္ ကႏၲာရဂူႀကီးအတြင္းမွ မိတ္ေဆြေဟာင္းႀကီးပင္ ျဖစ္ေလေတာ့သည္။ပရိသတ္တို႔သည္လည္း ထိုကြၽန္္၏အသက္ကို လႊတ္သင့္ေၾကာင္းျဖင့္ အဆက္မျပတ္ ေအာ္ဟစ္ေတာင္းဆိုၾကကုန္၏။ ထိုၿမိဳ႕ကိုအုပ္ခ်ဳပ္ရေသာ ဘုရင္ခံကလည္း အေၾကာင္းစုံသိရေသာ္ သို႔ေက်းဇူးသိတတ္၍ သစၥာရွိလွသည့္ တိရစာၦန္႐ိုင္းႀကီးအား အံ့ဩခ်ီးက်ဴးမိဩ၏။ ထို႔ ေၾကာင့္ ျခေသၤ့ေရာ ကြၽန္ပါႏွစ္ဦးစလုံး၏အသက္ကို ခ်မ္းသာေပး၍ လြတ္လပ္စြာ ေနထိုင္ၾကေစဟု စီရင္ခ်က္ခ်မွတ္လိုက္ပါတယ္။ ဒီအေၾကာင္း အရာေလးက တိရစာၦန္ေတြေတာင္မွ ေက်းဇူးတရားကို သိတက္နားလည္တယ္ဆိုတဲ့အေၾကာင္းကို ေဖာ္ျပေပးထားတာျဖစ္ပါတယ္။