ကြက်တွန်သံကို မကြားချင်ကြသူများ

တခါတုန်းက ကြက်တွန်တိုင်း အိပ်ယာထလေ့ ရှိတဲ့ အဘွားအို တယောက် ရှိသတဲ့။ အဘွားအိုဟာ အလုပ်ကို အလွန်မြတ်နိုးတယ်။ သူ့လိုပဲ သူ့ရဲ့ အ လုပ်သမားတွေ အားလုံးကိုလည်း အလုပ်ကိုမြတ်နိုးစေချင်တဲ့ ဆန္ဒလည်း သူ့မှာရှိတယ်။ဒါကြောင့် အဘွားအိုဟာ လင်းကြက်တွန်သံ ကြားတယ် ဆိုရင် အိပ်ရာကနေ ဝုန်းကနဲထပြီး ပုခုံးတင်စောင်ကလေးကိုပတ်၊ ခြေညှပ်ဖိနပ်ကို စီးပြီး သူ့အလုပ်သမားတွေ အိပ်တဲ့အခန်းကိုသွားတော့တယ်။”ထကြဟေ့၊ ထကြတော့။ ကြက်တွန်သံကို မကြားကြ ဘူးလားငပျင်းတွေရဲ့။ အဝတ်အစား မြန်မြန်လဲ။ အလုပ် လုပ်ကြတော့” လို့ အဘွားအိုက ဆိုတယ်။ အိပ်ချင် မူးတူး ဖြစ်ပြီး ပျင်းရိနေကြတဲ့ အလုပ်သမားတွေဟာ အဘွားအိုကို မနက်စောစော လာနှိုးတာကို မကျေနပ်ကြဘူး။သူတို့က အလုပ်ကိုလည်း မခုံမင်ကြဘူး။ အိပ်ရာထဲ မှာဘဲ အကြာကြီး လှဲနေချင် ကြသေးတယ်။ ဒီလို ဖြစ်ရတာဟာ မုန်းစရာကောင်းတဲ့ ကြက်ဖရဲ့ အမှားကြောင့်ဘဲ၊ ကြက်ဖသာ မနက်စောစော မတွန်ဘူးဆိုရင် အဘွားကြီးလည်း အိပ်ယာကနိုးမှာ မဟုတ်ဘူး။အဘွားကြီး မနိုးရင် ငါတို့အခန်းကို လာပြီး နှိုးမှာလည်း မဟုတ်ဘူး။ ဒီကြက်ဖကို မုန်းလိုက်တာကွာ” လို့ အလုပ်သမား တယောက်က မကျေမနပ်နဲ့ ဆိုတယ်။”ကဲ ဒါဆို မုန်းစရာ ကောင်းတဲ့ ကြက်ဖကို သတ်ပစ်ကြစို့။ အဲဒီကြက်ဖကို သတ်ပြီး အဘွားကြီး မသိအောင် မြေမြှုပ် ပစ်လိုက်ရင်ရတယ်။ ကြက်ဖ အခိုးခံရတယ် လို့ဘဲ အဘွားကြီးက ထင်မှာကွ” လို့ နောက်တယောက်က ရက်ရက်စက်စက်ဆိုပါတယ်။ဒီလိုနဲ့ သူတို့တတွေဟာ ကြက်ဖကို သတ်ဖို့ အစီအစဉ်တွေ ဆွဲကြတယ်။ အဲဒီညမှာဘဲ အလုပ်သမားတွေထဲက တယောက်ဟာ ကြက်ဖကို ခိုးထုတ်ပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ ဥယျာဉ်ထဲက နံရံတခု နားမှာ မြှုပ်ပစ်လိုက်တယ်။

ကြက်ဖ ပျောက်သွားပြီ ဆိုတာလည်း သိရော အဘွားအိုက အလွန်ဝမ်းနည်းသွားတယ်။ သူ့ကြက်ဖကို သူခိုး ခိုးသွားပြီ လို့ ထင်နေတယ်။ “အခု ငါကို နှိုးမယ့် ကြက်ဖ မရှိတော့ မိုးလင်းချိန်ကို ဘယ်လိုများ သိရပါ့မလဲ” လို့ အဘွားအိုကတွေးနေမိတယ်။ကြက်ဖ အသတ်ခံလိုက်ရတာကို အဘွားအိုဟာ လုံးဝမသိခဲ့ ပေမယ့် အလုပ်သမားတွေ ကိုတော့ အပြစ်မပေးပါဘူး။ ဒါပေမယ့် အဘွားအိုဟာ အအိပ်လွန်သွားမှာ စိုးရိမ်တဲ့ အတွက် အရုဏ်မတက်ချိန် အစောကြီးကတည်းက နိုးနေတယ်။သူဟာနိုးတာနဲ့ ပုခုံးတင် စောင်အနီးလေး ကိုပတ်၊ ခြေညှပ်ဖိနပ်ကို စီးပြီး သူ့အလုပ်သမားတွေကို သွားနှိုးတော့တာဘဲ။ တခါတလေ သူသန်းခေါင်ကျော် အိပ်ရာ နိုးလာလည်း အလုပ်သမားတွေကို သွားနှိုးတော့တာ ပါဘဲ။အလုပ်သမားတွေဟာ မကျေမနပ် ဖြစ်ကြပေမယ့် အိပ်ရာကထ အဝတ်အစားလဲ၊ အောက်ထပ်ကို ဆင်းပြီး အလုပ်လုပ်ရတာပါဘဲ။ တညမှာတော့ အဘွားအိုဟာ ခါတိုင်းနိုးနေကျ အချိန်ထက် အစောကြီး နိုးလာပြီး သူတို့ကို လာနှိုးတာမို့ ကြက်ဖကြီးကို သတ်မိတဲ့ အတွက် သူတို့ဟာ အလွန်ဝမ်းနည်လာကြ မိတယ်။”ဒီလိုဖြစ်တာဟာ ငါတို့ရဲ့ ပျင်းရိမှုနဲ့ ရက်စက်မှုကြောင့် ဒဏ်ပေးခံရတာပဲ။ ကြက်ဖကို ဘာမှ အနာတရ ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုရင် ငါတို့ အများကြီး သက်သာမှာ၊ အခု အိပ်ချိန်တွေထက် ပိုပြီး ညမှာ အိပ်နိုင်ကြမှာ။ဟို စောစော ကာလကတည်း အလုပ်ကို ကြိုးစားလုပ်ပြီး ငါတို့ စိတ်ဓါတ်တွေကို ပြုပြင်သင့်တယ်” လို့ ဆိုပြီး အလုပ်သမားတွေဟာ နောင်တရနေပါတော့တယ်။

Credit – မူရင်း

[zawgyi]

တခါတုန္းက ၾကက္တြန္တိုင္း အိပ္ယာထေလ့ ရွိတဲ့ အဘြားအို တေယာက္ ရွိသတဲ့။ အဘြားအိုဟာ အလုပ္ကို အလြန္ျမတ္ႏိုးတယ္။ သူ႔လိုပဲ သူ႔ရဲ႕ အ လုပ္သမားေတြ အားလုံးကိုလည္း အလုပ္ကိုျမတ္ႏိုးေစခ်င္တဲ့ ဆႏၵလည္း သူ႔မွာရွိတယ္။ဒါေၾကာင့္ အဘြားအိုဟာ လင္းၾကက္တြန္သံ ၾကားတယ္ ဆိုရင္ အိပ္ရာကေန ဝုန္းကနဲထၿပီး ပုခုံးတင္ေစာင္ကေလးကိုပတ္၊ ေျခညႇပ္ဖိနပ္ကို စီးၿပီး သူ႔အလုပ္သမားေတြ အိပ္တဲ့အခန္းကိုသြားေတာ့တယ္။”ထၾကေဟ့၊ ထၾကေတာ့။ ၾကက္တြန္သံကို မၾကားၾက ဘူးလားငပ်င္းေတြရဲ႕။ အဝတ္အစား ျမန္ျမန္လဲ။ အလုပ္ လုပ္ၾကေတာ့” လို႔ အဘြားအိုက ဆိုတယ္။ အိပ္ခ်င္ မူးတူး ျဖစ္ၿပီး ပ်င္းရိေနၾကတဲ့ အလုပ္သမားေတြဟာ အဘြားအိုကို မနက္ေစာေစာ လာႏႈိးတာကို မေက်နပ္ၾကဘူး။သူတို႔က အလုပ္ကိုလည္း မခုံမင္ၾကဘူး။ အိပ္ရာထဲ မွာဘဲ အၾကာႀကီး လွဲေနခ်င္ ၾကေသးတယ္။ ဒီလို ျဖစ္ရတာဟာ မုန္းစရာေကာင္းတဲ့ ၾကက္ဖရဲ႕ အမွားေၾကာင့္ဘဲ၊ ၾကက္ဖသာ မနက္ေစာေစာ မတြန္ဘူးဆိုရင္ အဘြားႀကီးလည္း အိပ္ယာကႏိုးမွာ မဟုတ္ဘူး။အဘြားႀကီး မႏိုးရင္ ငါတို႔အခန္းကို လာၿပီး ႏႈိးမွာလည္း မဟုတ္ဘူး။ ဒီၾကက္ဖကို မုန္းလိုက္တာကြာ” လို႔ အလုပ္သမား တေယာက္က မေက်မနပ္နဲ႔ ဆိုတယ္။”ကဲ ဒါဆို မုန္းစရာ ေကာင္းတဲ့ ၾကက္ဖကို သတ္ပစ္ၾကစို႔။ အဲဒီၾကက္ဖကို သတ္ၿပီး အဘြားႀကီး မသိေအာင္ ေျမျမႇဳပ္ ပစ္လိုက္ရင္ရတယ္။ ၾကက္ဖ အခိုးခံရတယ္ လို႔ဘဲ အဘြားႀကီးက ထင္မွာကြ” လို႔ ေနာက္တေယာက္က ရက္ရက္စက္စက္ဆိုပါတယ္။ဒီလိုနဲ႔ သူတို႔တေတြဟာ ၾကက္ဖကို သတ္ဖို႔ အစီအစဥ္ေတြ ဆြဲၾကတယ္။ အဲဒီညမွာဘဲ အလုပ္သမားေတြထဲက တေယာက္ဟာ ၾကက္ဖကို ခိုးထုတ္ၿပီး သတ္ပစ္လိုက္တယ္။ ၿပီးေတာ့ ဥယ်ာဥ္ထဲက နံရံတခု နားမွာ ျမႇဳပ္ပစ္လိုက္တယ္။ၾကက္ဖ ေပ်ာက္သြားၿပီ ဆိုတာလည္း သိေရာ အဘြားအိုက အလြန္ဝမ္းနည္းသြားတယ္။ သူ႔ၾကက္ဖကို သူခိုး ခိုးသြားၿပီ လို႔ ထင္ေနတယ္။ “အခု ငါကို ႏႈိးမယ့္ ၾကက္ဖ မရွိေတာ့ မိုးလင္းခ်ိန္ကို ဘယ္လိုမ်ား သိရပါ့မလဲ” လို႔ အဘြားအိုကေတြးေနမိတယ္။ၾကက္ဖ အသတ္ခံလိုက္ရတာကို အဘြားအိုဟာ လုံးဝမသိခဲ့ ေပမယ့္ အလုပ္သမားေတြ ကိုေတာ့ အျပစ္မေပးပါဘူး။ ဒါေပမယ့္ အဘြားအိုဟာ အအိပ္လြန္သြားမွာ စိုးရိမ္တဲ့ အတြက္ အ႐ုဏ္မတက္ခ်ိန္ အေစာႀကီးကတည္းက ႏိုးေနတယ္။သူဟာႏိုးတာနဲ႔ ပုခုံးတင္ ေစာင္အနီးေလး ကိုပတ္၊ ေျခညႇပ္ဖိနပ္ကို စီးၿပီး သူ႔အလုပ္သမားေတြကို သြားႏႈိးေတာ့တာဘဲ။ တခါတေလ သူသန္းေခါင္ေက်ာ္ အိပ္ရာ ႏိုးလာလည္း အလုပ္သမားေတြကို သြားႏႈိးေတာ့တာ ပါဘဲ။အလုပ္သမားေတြဟာ မေက်မနပ္ ျဖစ္ၾကေပမယ့္ အိပ္ရာကထ အဝတ္အစားလဲ၊ ေအာက္ထပ္ကို ဆင္းၿပီး အလုပ္လုပ္ရတာပါဘဲ။ တညမွာေတာ့ အဘြားအိုဟာ ခါတိုင္းႏိုးေနက် အခ်ိန္ထက္ အေစာႀကီး ႏိုးလာၿပီး သူတို႔ကို လာႏႈိးတာမို႔ ၾကက္ဖႀကီးကို သတ္မိတဲ့ အတြက္ သူတို႔ဟာ အလြန္ဝမ္းနည္လာၾက မိတယ္။”ဒီလိုျဖစ္တာဟာ ငါတို႔ရဲ႕ ပ်င္းရိမႈနဲ႔ ရက္စက္မႈေၾကာင့္ ဒဏ္ေပးခံရတာပဲ။ ၾကက္ဖကို ဘာမွ အနာတရ ျဖစ္ေအာင္ မလုပ္ခဲ့ဘူးဆိုရင္ ငါတို႔ အမ်ားႀကီး သက္သာမွာ၊ အခု အိပ္ခ်ိန္ေတြထက္ ပိုၿပီး ညမွာ အိပ္ႏိုင္ၾကမွာ။ဟို ေစာေစာ ကာလကတည္း အလုပ္ကို ႀကိဳးစားလုပ္ၿပီး ငါတို႔ စိတ္ဓါတ္ေတြကို ျပဳျပင္သင့္တယ္” လို႔ ဆိုၿပီး အလုပ္သမားေတြဟာ ေနာင္တရေနပါေတာ့တယ္။