ကြက်မကြီးက ကြက်ကလေးကို ပေးတဲ့ သင်ခန်းစာ

ကြက်ကလေးက ကြက်မကြီးကိုမေးတယ်၊မေမေ ဒီနေ့ ဥမဥလို့ရလား သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ ကြက်မကြီးက မရဘူးသား မေမေ့အ လုပ်ရှိသေးတယ်။ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေလို့ကြက်က လေးက ပြန်ပြောတယ်။ ကြက်မကြီးကလေးလေး နက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်။အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ အသက်ရှင်ရပ်တည်မှုဆိုတာဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုးပဲသား..။

သေဆုံးမှုဆိုတာ အဲ ဒီတန်ဖိုးမဲ့သွားလို့ အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။ တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့ ဘယ်သူမှ လက်ခုပ်မတီးလည်းမင်းအမြင့်ပေါ်မှာပျံသန်းနေရမယ်။ တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင်ဘယ်သူမှတန်ဖိုးလာမထားလည်းမင်းရှင်သန်ရမယ်။

Credit – မူရင်း

[zawgyi]

