ကြင်နာသူနှင့် ရက်စက်သူ

တခါက မြင်းပိုင်ရှင် လူနှစ်ယောက်ရှိပြီး ပထမမြင်းပိုင်ရှင်ဟာ အပြောအဆိုကြမ်းတမ်းပြီး ရက်စက်ပြီးမညှာတာတတ်သူဖြစ်ပါတယ်။ ဒုတိ ယမြင်းပိုင်ရှင်ကတော့ သူ့ရဲ့မြင်းအပေါ်ကြင်နာဂရုစိုက်ပြီး ကြင်နာတတ်သူဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ မြင်းပိုင်ရှင်နှစ်ဘောက်ရဲ့တိုင်း ပြည်ကို အခြားတစ်နိုင်ငံက လာရောက်တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။ သူတို့နှစ်ဦးလည်း ဘုရင့်အမိန့်အရ အခြားသော ယောကျ်ားများနဲ့အတူ စစ်တိုင်ဖို့ရာ ထွက်ကြရပါတော့တယ်။ သူတို့ကိုယ်စီပိုင် မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အခါ ရန်သူများဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ဦးလုံးပင် အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာရကြပါတယ်။ စစ်ပွဲအလယ်မှာ မြင်းပေါ်က ကိုယ်စီကိုယ်ငှ ပြုတ်ကျခဲ့ကြပါတော့တယ်။

အဲဒီ့အခါမှာ ကြင်နာတတ်သူမြင်းပိုင်ရှင်ရဲ့မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှခါးပတ်ကိုကိုက်ချီလျက် စခန်းရှိရာဆီ အပြေးနှင်လာခဲ့ပါတော့တယ်။ ရက်စက်ကြမ်းတမ်းသူရဲ့မြင်းကတော့ သူ့ရဲ့မြင်းပိုင်ရှင် မြင်းပေါ်က ပြုတ်ကျသွားတဲ့အခါမှ ပြန်လည်ပြီး မြင်းဆီအရောက်သွားကာ စခန်းသို့ပြန်ရန်ကြိုးစားသော်လည်း မြင်းမှာ မိမိပိုင်ရှင်ဖြစ်သူမှာမိမိကို ရိုက်နှက်ကန်ကြောက်တော့မယ်ဟု အထင်ရောက်လျက် ပိုင်ရှင်ကို အကပ်မခံဘဲ ထွက်ပြေးပါတော့တယ်။ နောက်ဆုံးမှာတော့ ရန်သူလက်ချက်ဖြင့် ရက်စက်သူမြင်းပိုင်ရှင်မှာ အသက်သေဆုံးသွားရပါတော့တယ်။ ဒီပုံပြင်လေးမှာလည်း လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်းမတူဘူးဆိုတာကို ပြသသွားတာဖြစ်ပါတယ်။ အကြင်နာတရားထားရင် ကိုယ့်ရဲ့အကြင်နာတရားကိုတိရိစ္ဆာန်တောင်မှ နားလည်တယ်ဆိုတဲ့သဘောပါပဲ။

Credit – BAWA

[zawgyi]

တခါက ျမင္းပိုင္ရွင္ လူႏွစ္ေယာက္ရွိၿပီး ပထမျမင္းပိုင္ရွင္ဟာ အေျပာအဆိုၾကမ္းတမ္းၿပီး ရက္စက္ၿပီးမညႇာတာတတ္သူျဖစ္ပါတယ္။ ဒုတိ ယျမင္းပိုင္ရွင္ကေတာ့ သူ႔ရဲ႕ျမင္းအေပၚၾကင္နာဂ႐ုစိုက္ၿပီး ၾကင္နာတတ္သူျဖစ္ပါတယ္။ တစ္ေန႔ေသာအခါမွာ ျမင္းပိုင္ရွင္ႏွစ္ေဘာက္ရဲ႕တိုင္း ျပည္ကို အျခားတစ္ႏိုင္ငံက လာေရာက္တိုက္ခိုက္ျခင္းကို ခံၾကရပါတယ္။ သူတို႔ႏွစ္ဦးလည္း ဘုရင့္အမိန႔္အရ အျခားေသာ ေယာက်္ားမ်ားနဲ႔အတူ စစ္တိုင္ဖို႔ရာ ထြက္ၾကရပါေတာ့တယ္။ သူတို႔ကိုယ္စီပိုင္ ျမင္းမ်ားကို စီးနင္းလ်က္ စစ္ေျမျပင္ကို ထြက္ခဲ့ၾကပါတယ္။ ရန္သူမ်ားနဲ႔ ရင္ဆိုင္တိုက္ခိုက္တဲ့အခါ ရန္သူမ်ားဘက္က အားသာသျဖင့္ ျမင္းပိုင္ရွင္၂ဦးလုံးပင္ အေရးနိမ့္ကာ ထိခိုက္ဒဏ္ရာရၾကပါတယ္။ စစ္ပြဲအလယ္မွာ ျမင္းေပၚက ကိုယ္စီကိုယ္ငွ ျပဳတ္က်ခဲ့ၾကပါေတာ့တယ္။အဲဒီ့အခါမွာ ၾကင္နာတတ္သူျမင္းပိုင္ရွင္ရဲ႕ျမင္းဟာ သခင္ျဖစ္သူကို ခါးလည္မွခါးပတ္ကိုကိုက္ခ်ီလ်က္ စခန္းရွိရာဆီ အေျပးႏွင္လာခဲ့ပါေတာ့တယ္။ ရက္စက္ၾကမ္းတမ္းသူရဲ႕ျမင္းကေတာ့ သူ႔ရဲ႕ျမင္းပိုင္ရွင္ ျမင္းေပၚက ျပဳတ္က်သြားတဲ့အခါမွ ျပန္လည္ၿပီး ျမင္းဆီအေရာက္သြားကာ စခန္းသို႔ျပန္ရန္ႀကိဳးစားေသာ္လည္း ျမင္းမွာ မိမိပိုင္ရွင္ျဖစ္သူမွာမိမိကို ႐ိုက္ႏွက္ကန္ေၾကာက္ေတာ့မယ္ဟု အထင္ေရာက္လ်က္ ပိုင္ရွင္ကို အကပ္မခံဘဲ ထြက္ေျပးပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ ရန္သူလက္ခ်က္ျဖင့္ ရက္စက္သူျမင္းပိုင္ရွင္မွာ အသက္ေသဆုံးသြားရပါေတာ့တယ္။ ဒီပုံျပင္ေလးမွာလည္း လူမေျပာနဲ႔ တိရိစာၦန္ေတာင္မွ ရက္စက္သူနဲ႔ ၾကင္နာသူအေပၚ တုံ႔ျပန္ပုံျခင္းမတူဘူးဆိုတာကို ျပသသြားတာျဖစ္ပါတယ္။ အၾကင္နာတရားထားရင္ ကိုယ့္ရဲ႕အၾကင္နာတရားကိုတိရိစာၦန္ေတာင္မွ နားလည္တယ္ဆိုတဲ့သေဘာပါပဲ။